King James Version

Myanmar

Deuteronomy

16

1Observe the month of Abib, and keep the passover unto the LORD thy God: for in the month of Abib the LORD thy God brought thee forth out of Egypt by night.
1သင်၏ဘုရားသခင် ထာဝရဘုရားသည် အဗိ ဗလ၊ ညဉ့်အခါ၌ သင့်ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင် တော်မူသောကြောင့်၊ အဗိဗလကို မှတ်၍၊ သင်၏ဘုရား သခင် ထာဝရဘုရားအား ပသခါပွဲကို ခံလော့။
2Thou shalt therefore sacrifice the passover unto the LORD thy God, of the flock and the herd, in the place which the LORD shall choose to place his name there.
2ထာဝရဘုရားသည် နာမတော်ကို တည်စေဘို့ ရာ ရွေးကောက်တော်မူသောအရပ်၌ သိုးနွားတို့ကို ယဇ်ပူဇော်၍၊ သင်၏ဘုရားသခင် ထာဝရဘုရားအား ပသခါပွဲကို ခံရမည်။
3Thou shalt eat no leavened bread with it; seven days shalt thou eat unleavened bread therewith, even the bread of affliction; for thou camest forth out of the land of Egypt in haste: that thou mayest remember the day when thou camest forth out of the land of Egypt all the days of thy life.
3သင်သည် အဲဂုတ္တုပြည်မှထွက်လာသော နေ့ရက်ကို တသက်လုံး အောက်မေ့ဘို့ရာ ပသခါပွဲခံစဉ်၊ တဆေးပါ သော မုန့်ကို မစားရဘဲ၊ တဆေးမပါသော မုန့်တည်းဟူ သော ဒုက္ခမုန့်ကို ခုနှစ်ရက်ပတ်လုံးစားရမည်။ အကြောင်း မူကား၊ သင်သည် အဲဂုတ္တုပြည်မှ အလျင်တဆောထွက် လာသတည်း။
4And there shall be no leavened bread seen with thee in all thy coast seven days; neither shall there any thing of the flesh, which thou sacrificedst the first day at even, remain all night until the morning.
4ခုနှစ်ရက်ပတ်လုံး၊ သင့်နေရာပြည်၌ တဆေးပါ သောမုန့်မရှိရ။ ပဌမနေ့ညဦးယံ၌ ပူဇော်သောယဇ်၏အ သားကို တညဉ့်လုံး နံနက်တိုင်အောင် မကျန်ကြွင်းစေရ။
5Thou mayest not sacrifice the passover within any of thy gates, which the LORD thy God giveth thee:
5သင်၏ဘုရားသခင် ထာဝရဘုရားပေးတော်မူ သော မြို့အရပ်ရပ်တို့တွင် ပသခါ ယဇ်ကို ပူဇော်ရသော အခွင့် ရှိသည်မဟုတ်။
6But at the place which the LORD thy God shall choose to place his name in, there thou shalt sacrifice the passover at even, at the going down of the sun, at the season that thou camest forth out of Egypt.
6သင်၏ဘုရားသခင် ထာဝရဘုရားသည်၊ နာမ တော်ကို တည်စေဘို့ရာ ရွေးကောက်တော်မူသော အရပ် တွင်၊ သင်သည် အဲဂုတ္တုပြည်မှ ထွက်လာသောအချိန်၊ နေဝင်ရာညဦးယံအချိန်၌ ပသခါယဇ်ကို ပူဇော်ရမည်။
7And thou shalt roast and eat it in the place which the LORD thy God shall choose: and thou shalt turn in the morning, and go unto thy tents.
7သင်၏ဘုရားသခင် ထာဝရဘုရား ရွေးကောက် တော်မူသောအရပ်မှာ မီးနှင့်ကင်၍စားပြီးမှ၊ နံနက်အချိန် ၌ အိမ်သို့ ပြန်သွားရမည်။
8Six days thou shalt eat unleavened bread: and on the seventh day shall be a solemn assembly to the LORD thy God: thou shalt do no work therein.
8ခြောက်ရက်ပတ်လုံး တဆေးမဲ့မုန့်ကို စားရမည်။ သတ္တမနေ့၌ သင်၏ဘုရားသခင် ထာဝရဘုရားအဘို့ ဓမ္မ စည်းဝေးခြင်းကို ပြုရမည်။ ထိုနေ့ရက်၌ အလုပ်မလုပ်ရ။
9Seven weeks shalt thou number unto thee: begin to number the seven weeks from such time as thou beginnest to put the sickle to the corn.
9စပါးကို ရိတ်စကာလနောက်၊ အရေအတွက် အားဖြင့် ခုနှစ်သိတင်းလွန်မှ၊
10And thou shalt keep the feast of weeks unto the LORD thy God with a tribute of a freewill offering of thine hand, which thou shalt give unto the LORD thy God, according as the LORD thy God hath blessed thee:
10သင်၏ ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ကိုယ်တိုင်မှစ၍ သင်၏ဘုရားသခင် ထာဝရဘုရား ကောင်းကြီးပေးတော်မူသည်အတိုင်း၊ အလိုလိုပြုသော ပူဇော်သက္ကာကို ဆောင်ခဲ့ရမည်။
11And thou shalt rejoice before the LORD thy God, thou, and thy son, and thy daughter, and thy manservant, and thy maidservant, and the Levite that is within thy gates, and the stranger, and the fatherless, and the widow, that are among you, in the place which the LORD thy God hath chosen to place his name there.
11သင်၏ဘုရားသခင် ထာဝရဘုရားသည် နာမ တော်တည်စေဘို့ရာ ရွေးကောက်တော်မူသော အရပ် တွင်၊ သင်၏ဘုရားသခင် ထာဝရဘုရားအဘို့ ခုနှစ် သိတင်းပွဲကိုခံ၍ သားသမီး၊ ကျွန်ယောက်ျား မိန်းမ၊ သင့်နေရာ၌ တည်းခိုသော လေဝိသား၊ ဧည့်သည်အာဂန္တု၊ မိဘမရှိသောသူ၊ မုတ်ဆိုးမတို့သည် ရွှင်လန်းခြင်းကို ပြုရကြမည်။
12And thou shalt remember that thou wast a bondman in Egypt: and thou shalt observe and do these statutes.
12သင်သည် အဲဂုတ္တုပြည်၌ ကျွန်ခံခဲ့ဘူးကြောင်းကို အောက်မေ့၍၊ ဤပညတ်တရားတို့ကို ကျင့်စောင့်ရမည်။
13Thou shalt observe the feast of tabernacles seven days, after that thou hast gathered in thy corn and thy wine:
13စပါးနှင့် စပျစ်ရည်ကို သိမ်းယူပြီးမှ၊ ခုနှစ်ရက် ပတ်လုံး သကေနေပွဲကို ခံရကြမည်။
14And thou shalt rejoice in thy feast, thou, and thy son, and thy daughter, and thy manservant, and thy maidservant, and the Levite, the stranger, and the fatherless, and the widow, that are within thy gates.
14ထိုပွဲခံစဉ်၊ ကိုယ်တိုင်မှစ၍၊ သား သမီး၊ ကျွန် ယောက်ျား မိန်းမ၊ သင့်နေရာ၌ တည်းခိုသော လေဝိသား၊ ဧည့်သည် အာဂန္တု၊ မိဘမရှိသောသူ၊ မုတ်ဆိုးမတို့သည် ရွှင်လန်းခြင်းကို ပြုရကြမည်။
15Seven days shalt thou keep a solemn feast unto the LORD thy God in the place which the LORD shall choose: because the LORD thy God shall bless thee in all thine increase, and in all the works of thine hands, therefore thou shalt surely rejoice.
15ထာဝရဘုရား ရွေးကောက်တော်မူသော အရပ်၌၊ ခုနှစ်ရက်ပတ်လုံး သင်၏ဘုရားသခင် ထာဝရ ဘုရားအဘို့၊ ဓမ္မပွဲကို ခံရမည်။ သင်၏ ဘုရားသခင် ထာဝရဘုရားသည်၊ တိုးပွားလေရာရာ၊ သင်လုပ်ဆောင် လေရာရာ၌ ကောင်းကြီးပေးတော်မူသောကြောင့်၊ အမှတ်ရွှင်လန်းခြင်းကို ပြုရမည်။
16Three times in a year shall all thy males appear before the LORD thy God in the place which he shall choose; in the feast of unleavened bread, and in the feast of weeks, and in the feast of tabernacles: and they shall not appear before the LORD empty:
16အဇုမပွဲခံချိန်၊ ခုနှစ်သိတင်းပွဲခံချိန်၊ သကေနေ ပွဲခံချိန်တည်းဟူသော တနှစ်တွင် သုံးကြိမ်မြောက်အောင် သင်တို့ယောက်ျားအပေါင်းတို့သည်၊ သင်၏ဘုရားသခင် ထာဝရဘုရား ရွေးကောက်တော်မူသော အရပ်၌ ရှေ့တော်မှာ မျက်နှာပြရကြမည်။ ထိုအခါ ထာဝရဘုရား ထံတော်သို့ အဘယ်သူမျှလက်ချည်း မပေါ်မလာရ။
17Every man shall give as he is able, according to the blessing of the LORD thy God which he hath given thee.
17သင်၏ဘုရားသခင် ထာဝရဘုရား ကောင်းကြီး ပေးတော်မူသဖြင့်၊ လူအသီးသီးတို့သည် တတ်နိုင်သည် အတိုင်း ဆက်ရကြမည်။
18Judges and officers shalt thou make thee in all thy gates, which the LORD thy God giveth thee, throughout thy tribes: and they shall judge the people with just judgment.
18သင်၏ဘုရားသခင် ထာဝရဘုရားပေးတော်မူ သောမြို့ ရှိသမျှတို့တွင်၊ တရားသူကြီး၊ အရာရှိတို့ကို သင့်နေရာခရိုင်များ၌ အနှံ့အပြား ခန့်ထားရမည်။ သူတို့ သည်၊ လူမျိုးတို့တွင် တရားမှုကို တရားသဖြင့် စီရင်ရကြ မည်။
19Thou shalt not wrest judgment; thou shalt not respect persons, neither take a gift: for a gift doth blind the eyes of the wise, and pervert the words of the righteous.
19သင်သည် တရားလမ်းမှ မလွှဲရ။ လူမျက်နှာကို မထောက်ရ။ တံစိုးကို မစားရ။ တံစိုးသည် ပညာရှိ မျက်စိကို ကွယ်စေတတ်၏။ ဖြောင့်မတ်သောသူ၏ စကားကို ကောက်စေတတ်၏။
20That which is altogether just shalt thou follow, that thou mayest live, and inherit the land which the LORD thy God giveth thee.
20သင်၏ဘုရားသခင် ထာဝရဘုရားပေးတော်မူ သောပြည်ကို သင်သည် အသက်ရှင်၍ အမွေခံမည်အ ကြောင်း၊ ဖြောင့်သောတရားလမ်းသို့သာ လိုက်ရမည်။
21Thou shalt not plant thee a grove of any trees near unto the altar of the LORD thy God, which thou shalt make thee.
21သင်၏ဘုရားသခင် ထာဝရဘုရားအဘို့ သင် တည်သော ယဇ်ပလ္လင်အနားမှာ အဘယ်သို့ သော အာရှရပင်ကိုမျှ မစိုက်ရ။
22Neither shalt thou set thee up any image; which the LORD thy God hateth.
22သင်၏ဘုရားသခင် ထာဝရဘုရား မုန်းတော်မူ သော ရုပ်တုဆင်းတုကို မတည်မထားရ။