King James Version

Myanmar

Job

29

1Moreover Job continued his parable, and said,
1ယောဘသည် လင်္ကာစကားကို ဆက်၍မြွက်ဆို သည်ကား၊
2Oh that I were as in months past, as in the days when God preserved me;
2ငါသည် လွန်လေပြီသောနှစ်၊လ၊ ဘုရားသခင် စောင့်မတော်မူသော နေ့ရက်၌ဖြစ်သကဲ့သို့ တဖန်ဖြစ် ပါစေ။
3When his candle shined upon my head, and when by his light I walked through darkness;
3ထိုအခါ ဘုရားသခင်၏မီးခွက်သည် ငါ့ခေါင်းပေါ်မှာ ထွန်းလင်းသည်ဖြစ်၍၊ ထိုအလင်းကို ငါအမှီပြု လျက်၊ မိုက်သောအရပ်၌ ရှောက်သွားနိုင်၏။
4As I was in the days of my youth, when the secret of God was upon my tabernacle;
4ငါ့အသက်ပျိုသောကာလ၊ ငါ့အိမ်၌ဘုရားသခင် နှင့် မိဿဟာယဖွဲ့ရသောအခွင့်ရှိသောကာလ၌၊ ငါဖြစ် သကဲ့သို့ တဖန်ဖြစ်ပါစေ။
5When the Almighty was yet with me, when my children were about me;
5ထိုအခါ အနန္တတန်ခိုးရှင်သည် ငါ့ဘက်၌ရှိတော်မူ၏။ ငါ့သားသမီးတို့သည်လည်း ငါ့ကိုဝိုင်းလျက် နေကြ၏။
6When I washed my steps with butter, and the rock poured me out rivers of oil;
6ထိုအခါငါသွားသောလမ်း၌ နို့ရည်စီးလေ၏။ ကျောက်ခဲသည်လည်း ငါ့အဘို့ဆီကိုသွန်းလောင်းလေ၏။
7When I went out to the gate through the city, when I prepared my seat in the street!
7ငါသည်မြို့အလယ်၌ ရှောက်၍၊ မြို့တံခါးသို့ သွားလျက်၊ လမ်း၌ ထိုင်ရာကို ပြင်ဆင်လျက်နေစဉ်တွင်၊
8The young men saw me, and hid themselves: and the aged arose, and stood up.
8လူပျိုတို့သည် ငါ့ကိုမြင်သဖြင့် ပုန်းရှောင်၍ နေကြ၏။ အသက်ကြီးသူတို့သည်လည်းထ၍ မတ်တတ် နေကြ၏။
9The princes refrained talking, and laid their hand on their mouth.
9မင်းသားတို့သည် စကားမပြောဘဲနေ၍၊ မိမိတို့ နှုတ်ကို လက်နှင့် ပိတ်ကြ၏။
10The nobles held their peace, and their tongue cleaved to the roof of their mouth.
10မှူးမတ်တို့သည်လည်း တိတ်ဆိတ်စွာနေ၍၊ သူတို့လျှာသည် အာခေါင်၌ကပ်လေ၏။
11When the ear heard me, then it blessed me; and when the eye saw me, it gave witness to me:
11လူတို့သည် ငါ့စကားသံကိုကြားသောအခါ ကောင်းကြီးပေးကြ၏။ ငါ့ကိုမြင်သောအခါ ချီးမွမ်းကြ၏။
12Because I delivered the poor that cried, and the fatherless, and him that had none to help him.
12အကြောင်းမူကား၊ ငါသည်ဆင်းရဲသောသူ၊ မိဘမရှိသောသူ၊ ကိုးကွယ်ရာမရသော သူအော်ဟစ်သော အခါ ကယ်တင်တတ်၏။
13The blessing of him that was ready to perish came upon me: and I caused the widow's heart to sing for joy.
13ပျက်လုသောသူကောင်းကြီးပေးခြင်းကို ငါခံရ၏။ မုတ်ဆိုးမစိတ်နှလုံးကို ရွှင်လန်းစေ၏။
14I put on righteousness, and it clothed me: my judgment was as a robe and a diadem.
14ဖြောင့်မတ်ခြင်းပါရမီကို အဝတ်လုပ်၍ ငါဝတ် ဆင်၏။ တရားသည် ငါ့ဝတ်လုံငါ့ပေါင်းဖြစ်၏။
15I was eyes to the blind, and feet was I to the lame.
15မျက်စိကန်းသော သူတို့အားငါသည် မျက်စိ ဖြစ်၏။ ခြေဆွံ့သော သူတို့အားခြေဖြစ်၏။
16I was a father to the poor: and the cause which I knew not I searched out.
16ဆင်းရဲသောသူတို့၏ အဘဖြစ်၏။ အသိ အကျွမ်းမရှိသော သူတို့၏အမှုကို ငါနားထောင်၏။
17And I brake the jaws of the wicked, and plucked the spoil out of his teeth.
17မတရားသောသူ၏အစွယ်တို့ကို ငါချိုး၍၊ သူ လုယူကိုက်စားသော အရာကိုနှုတ်၏။
18Then I said, I shall die in my nest, and I shall multiply my days as the sand.
18ငါသည် ကိုယ်အသိုက်၌ သေရသောအခွင့် ရှိလိမ့်မည်။ ငါ့အသက်ရှင်သော နေ့ရက်တို့သည် သဲလုံး နှင့်အမျှ များပြားလိမ့်မည်ဟု အောက်မေ့၏။
19My root was spread out by the waters, and the dew lay all night upon my branch.
19ငါ့အမြစ်သည် ရေနားမှာ ပြန့်ပွါး၏။ ဆီးနှင်း သည် တညဉ့်လုံး ငါ့အခက်အလက်၌ကျ၏။
20My glory was fresh in me, and my bow was renewed in my hand.
20ငါ့ဘုန်းသည် အစဉ်ပွင့်လန်းလျက်၊ ငါလေးသည် လည်း ငါ့လက်၌ အားဖြည့်လျက်ရှိ၏။
21Unto me men gave ear, and waited, and kept silence at my counsel.
21သူတပါးတို့သည် ငါ့စကားကို နားထောင်၍၊ ငါပေးသောအကြံကို ငံ့လင့်လျက် တိတ်ဆိတ်စွာနေကြ၏။
22After my words they spake not again; and my speech dropped upon them.
22ငါပြောပြီးသည် နောက်သူတို့သည် ပြန်၍ မပြော။ ငါ့စကားသည် သူတို့အပေါ်မှာ ရေစက်ကဲ့သို့ ကျ၏။
23And they waited for me as for the rain; and they opened their mouth wide as for the latter rain.
23မိုဃ်းရေကိုငံ့လင့်သကဲ့သို့ငါ့ကိုငံ့လင့်လျက်၊ ဗနာက်ကျသော မိုဃ်းရေကို ခံချင်သကဲ့သို့၊ သူတို့သည် ပစပ်ကို ကျယ်ကျယ်ဖွင့်လျက်နေကြ၏။
24If I laughed on them, they believed it not; and the light of my countenance they cast not down.
24ငါသည် ပြုံးလျက်သူတို့ကို ကြည့်ရှုသောအခါ၊ သူတို့သည် မယုံနိုင်ကြ။ ငါ့မျက်နှာ၏အလင်းကိုလည်း မပျောက်စေကြ။
25I chose out their way, and sat chief, and dwelt as a king in the army, as one that comforteth the mourners.
25ငါသည် သူတို့လမ်းကိုပဲ့ပြင်၍ အမြတ်ဆုံးသော နေရာ၌ ထိုင်၏။ ဗိုလ်မြေအလုံးအရင်းနှင့်တကွ ရှင်ဘုရင် ကဲ့သို့၎င်း၊ ညှိုးငယ်သော သူတို့ကို နှစ်သိမ့်စေသော သူကဲ့သို့၎င်း ငါဖြစ်၏။