King James Version

Myanmar

Psalms

41

1Blessed is he that considereth the poor: the LORD will deliver him in time of trouble.
1ဆင်းရဲသောသူကို အောက်မေ့သောသူသည် မင်္ဂလာရှိ၏။ ခဲယဉ်းသောကာလ၌ ထိုသူကို ထာဝရ ဘုရား ကယ်နှုတ်တော်မူမည်။
2The LORD will preserve him, and keep him alive; and he shall be blessed upon the earth: and thou wilt not deliver him unto the will of his enemies.
2ထာဝရဘုရားသည် စောင့်မ၍ အသက်ချမ်း သာပေးတော်မူသဖြင့်၊ ထိုသူသည် ပြည်တော်၌ ကောင်းကြီးမင်္ဂလာကို ခံရလိမ့်မည်။ ထိုသူကို ရန်သူတို့ အလိုသို့ ကိုယ်တော်သည် အပ်တော်မမူပါ။
3The LORD will strengthen him upon the bed of languishing: thou wilt make all his bed in his sickness.
3သူသည်နာဖျား၍ တုံးလုံးနေသောအခါ၊ ထာဝရ ဘုရားသည် ထောက်ပင့်တော်မူမည်။ နာ၍နေစဉ်ကာလ ကိုယ်တော်သည် သူ၏အိပ်ရာရှိသမျှကို လှန်ပြန်တော် မူမည်။
4I said, LORD, be merciful unto me: heal my soul; for I have sinned against thee.
4ငါလျှောက်ဆိုရသည်ကား၊ အိုထာဝရဘုရား၊ အကျွန်ုပ်ကို သနားတော်ပါ။ အကျွန်ုပ်သည် ကိုယ်တော် ကို ပြစ်မှားမိသည်ဖြစ်၍၊ အကျွန်ုပ်၌ စိတ်ဝိညာဉ်၏ အနာကိုပျောက်စေတော်မူပါဟု လျှောက်ဆို၏။
5Mine enemies speak evil of me, When shall he die, and his name perish?
5ငါ့ရန်သူတို့က၊ သူသည်သေ၍ သူ၏နာမသည် အဘယ်ကာလမှ တိမ်မြှပ်လိမ့်မည်နည်းဟု ငါ့ကိုမနာလို၍ ဆိုတတ်ကြ၏။
6And if he come to see me, he speaketh vanity: his heart gathereth iniquity to itself; when he goeth abroad, he telleth it.
6ငါ့ကို ကြည့်လာသောသူသည် မုသာစကားကို ပြောတတ်၏။ သူ၏နှလုံးသည်လည်း မကောင်းသော အကြံကို ဆည်းဖူးသည်နှင့်၊ ထွက်သွားသောအခါ ထုတ်ဘော်ပြောတတ်၏။
7All that hate me whisper together against me: against me do they devise my hurt.
7ငါ့ကိုမုန်းသော သူအပေါင်းတို့သည် ငါ့ကို ရန်ဘက်ပြု၍၊ တယောက်နှင့်တယောက် တိုးတိုးပြော လျက်၊ ငါ၌မကောင်းသောအကြံကို ကြံစည်တတ်ကြ၏။
8An evil disease, say they, cleaveth fast unto him: and now that he lieth he shall rise up no more.
8သူ၌ အဓမ္မအမှုအရာစွဲကပ်သည်ဖြစ်၍၊ တခါလဲလျှင် နောက်တဖန်မထရဟု ဆိုကြ၏။
9Yea, mine own familiar friend, in whom I trusted, which did eat of my bread, hath lifted up his heel against me.
9အကယ်စင်စစ်ငါယုံ၍၊ ငါ့မုန့်ကိုစားသော အဆွေခင်ပွန်းသည် ငါ့ကို ခြေနှင့်ကျောက်သတည်း။
10But thou, O LORD, be merciful unto me, and raise me up, that I may requite them.
10အိုထာဝရဘုရား၊ သူတို့အပြစ်ကို အကျွန်ုပ် ဆပ်ပေးနိုင်မည်အကြောင်း၊ အကျွန်ုပ်ကို သနား၍ ထမြောက်စေတော်မူပါ။
11By this I know that thou favourest me, because mine enemy doth not triumph over me.
11အကျွန်ုပ်၏ ရန်သူသည် အကျွန်ုပ်အား မနိုင် ကြောင်းကို ထောက်၍၊ ကိုယ်တော်သည် အကျွန်ုပ် မြတ်နိုးတော်မူသည်ဟု သိရပါ၏။
12And as for me, thou upholdest me in mine integrity, and settest me before thy face for ever.
12ကိုယ်တော်သည် အကျွန်ုပ်ကို အကျွန်ုပ်စုံလင် ခြင်းအရာ၌မစ၍၊ ကာလအစဉ်အဆက် ရှေ့တော်ထံမှာ နေရာပေးတော်မူလတံ့။
13Blessed be the LORD God of Israel from everlasting, and to everlasting. Amen, and Amen.
13ဣသရေလအမျိုး၏ဘုရားသခင်တည်းဟူ သော ထာဝရဘုရားသည် ကမ္ဘာအဆက်ဆက်မင်္ဂလာ ရှိတော်မူစေသတည်း။ အာမင်နှင့် အာမင်။