1IT IS A GOOD THING TO GIVE THANKS UNTO THE LORD, AND TO SING PRAISES UNTO THY NAME, O MOST HIGH:
1ထာဝရဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်း၍၊
2To shew forth thy lovingkindness in the morning, and thy faithfulness every night,
2အမြင့်ဆုံးသောဘုရား၏ နာမတော်ကို ထောမနာသီချင်းဆိုခြင်းငှါ၎င်း၊
3Upon an instrument of ten strings, and upon the psaltery; upon the harp with a solemn sound.
3စောင်းနှင့်တကွ ကြိုးဆယ်ပင်ရှိသော တူရိယာ၊ တယော၊ မိကျောင်းတို့ကို တီးခတ်၍၊ ကရုဏာတော်နှင့် သစ္စာတော်ကို နံနက်အချိန်၊ ညအချိန်အစဉ်အတိုင်း ပြခြင်းငှါ၎င်း လျောက်ပတ်ပေ၏။
4For thou, LORD, hast made me glad through thy work: I will triumph in the works of thy hands.
4အို ထာဝရဘုရား၊ အမှုတော်များအားဖြင့် အကျွန်ုပ်ကို ဝမ်းမြောက်စေတော်မူသည်ဖြစ်၍၊ လက် တော်နှင့် ပြုပြင်တော်မူသမျှတို့ကြောင့် ရွှင်လန်းစွာ သီချင်းဆိုပါမည်။
5O LORD, how great are thy works! and thy thoughts are very deep.
5အို ထာဝရဘုရား၊ စီရင်တော်မူသော အမှုတို့ သည် ကြီးမား၍၊ အကြံအစည်တော်လည်း အလွန် နက်လှပါ၏။
6A brutish man knoweth not; neither doth a fool understand this.
6တိရစ္ဆာန် သဘောရှိသော သူမသိ၊ မိုက်သောသူ နားမလည်သော အမှုအရာဟူမူကား၊
7When the wicked spring as the grass, and when all the workers of iniquity do flourish; it is that they shall be destroyed for ever:
7မတရားသော သူတို့သည် မြက်ပင်ကဲ့သို့ ပေါက် ၍၊ အဓမ္မအမှုကို ပြုသော သူတို့သည် ပွင့်လန်းကြသော အခါ၊ ထာဝရပျက်စီးခြင်းသို့ ရောက်ရသော အကြောင်း ပေတည်း။
8But thou, LORD, art most high for evermore.
8ကိုယ်တော်မူကား၊ အစဉ်အမြဲ ကြီးမြင့်တော်မူ သော ထာဝရဘုရား ဖြစ်တော်မူ၏။
9For, lo, thine enemies, O LORD, for, lo, thine enemies shall perish; all the workers of iniquity shall be scattered.
9အိုထာဝရဘုရား၊ ကိုယ်တော်၏ ရန်သူတို့သည် ပျက်စီးခြင်းသို့ ရောက်၍၊ အဓမ္မအမှုကိုပြုသောသူ အပေါင်းတို့သည် အရပ်ရပ်ကွဲပြားကြလိမ့်မည်။
10But my horn shalt thou exalt like the horn of an unicorn: I shall be anointed with fresh oil.
10အကျွန်ုပ်၏ ချိုကိုကား၊ ကြံ့ချိုကဲ့သို့ ချီးမြှောက်၍၊ အကျွန်ုပ်ကို အသစ်သောဆီနှင့် လိမ်းတော်မူလိမ့်မည်။
11Mine eye also shall see my desire on mine enemies, and mine ears shall hear my desire of the wicked that rise up against me.
11အကျွန်ုပ်၏ ရန်သူတို့ကို အကျွန်ုပ်မျက်စိ မြင်လျက်၊ ရန်ဘက်ပြုသော လူဆိုးတို့အကြောင်းကို နားကြားလျက်၊ အကျွန်ုပ်သည် အားရပါလိမ့်မည်။
12The righteous shall flourish like the palm tree: he shall grow like a cedar in Lebanon.
12ဖြောင့်မတ်သောသူသည် စွန်ပလွံပင်ကဲ့သို့ ပွင့်လန်း၍ လေဗနုန်တောင်ပေါ်မှာ အာရဇ်ပင်ကဲ့သို့ ကြီးပွားလိမ့်မည်။
13Those that be planted in the house of the LORD shall flourish in the courts of our God.
13ထာဝရဘုရား၏ အိမ်တော်၌ စိုက်ပျိုးသော သူတို့သည် ငါတို့ဘုရားသခင်၏ တန်တိုင်းတော်တွင် ပွင့်လန်းကြလိမ့်မည်။
14They shall still bring forth fruit in old age; they shall be fat and flourishing;
14အသက်ကြီးသောကာလတွင်ပင်၊ အသီးကိုသီး၍ ကြွယ်ဝစိမ်းလန်းကြလိမ့်မည်။
15To shew that the LORD is upright: he is my rock, and there is no unrighteousness in him.
15ထိုသို့သောအားဖြင့် ငါ၏ကျောက်၊ ထာဝရ ဘုရားသည် ဖြောင့်မတ်တော်မူ၍၊ မတရားသော အမှုနှင့် ကင်းလွတ်တော်မူသည်ဟု ထင်ရှားလိမ့်သတည်း။ ဥပုသ်နေ့အဘို့ဆာလံသီချင်း။