Young`s Literal Translation

Myanmar

1 Chronicles

7

1And sons of Issachar; Tola, and Puah, Jashub, and Shimron, four.
1ဣသခါသားကား တောလ၊ ဖုဝါ၊ ယာရှုပ်၊ ရှိမရုန်၊ ပေါင်းလေးယောက်တည်း။
2And sons of Tola: Uzzi, and Rephaiah, and Jeriel, and Jahmai, and Jibsam, and Shemuel, heads of the house of their fathers, [even] of Tola, mighty of valour in their generations: their number in the days of David [is] twenty and two thousand and six hundred.
2တောလသားကား တောလအဆွေအမျိုးသူကြီး ဩဇိ၊ ရေဖာယ၊ ယေရေလ၊ ယာမဲ၊ ယိဗသံ၊ ရှမွေလတည်း။ ထိုအဆွေအမျိုးအစဉ်အဆက်တို့သည် ခွန်အားကြီးသော သူရဲဖြစ်၍၊ ဒါဝိဒ်မင်းလက်ထက်နှစ်သောင်း နှစ်ထောင် ခြောက်ရာရှိသတည်း။
3And sons of Uzzi: Izrahiah; and sons of Izrahiah: Michael, and Obadiah, and Joel, Ishiah, Hamishah — all of them heads.
3ဩဇိသားကား ဣဇရဟိ၊ ဣဇရဟိသား မက္ခေလ၊ ဩဗဒိ၊ ယောလ၊ ဣရှယ၊ ပေါင်းငါးယောက် တည်း။ ဤသူတို့သည် အကြီးအကဲ ဖြစ်ကြ၏။
4And beside them, by their generations, of the house of their fathers, [are] troops of the host of battle, thirty and six thousand, for they multiplied wives and sons;
4သူတို့၌ သားမယားများသောကြောင့်၊ အဆွေ အမျိုး အသီးအသီးအလိုက်၊ စစ်သူရဲတပ်သား သုံးသောင်း ခြောက်ထောင် ရှိကြ၏။
5and their brethren of all the families of Issachar [are] mighty of valour, eighty and seven thousand, all have their genealogy.
5သူတို့ညီအစ်ကို ဣသခါအဆွေအမျိုးအပေါင်း တို့သည် ခွန်အားကြီးသောသူရဲဖြစ်၍၊ သားစဉ်မြေးဆက် စာရင်းဝင်သည်အတိုင်း၊ ရှစ်သောင်းခုနစ်ထောင် ရှိကြ၏။
6Of Benjamin: Bela, and Becher, and Jediael, three.
6ဗင်္ယာမိန်သားကား ဗေလ၊ ဗေခါ၊ ယေဒယေလ၊ ပေါင်းသုံးယောက်တည်း။
7And sons of Bela: Ezbon, and Uzzi, and Uzziel, and Jerimoth, and Iri, five; heads of a house of fathers, mighty of valour, with their genealogy, twenty and two thousand, and thirty and four.
7ဗေလသားကား အဆွေအမျိုးသူကြီးဧဇဗုန်၊ ဩဇိ၊ ဩဇေလ၊ ယေရိမုတ်၊ ဣရိ၊ ပေါင်းငါးယောက်တည်း။ ဤသူတို့သည် ခွန်အားကြီးသော သူရဲဖြစ်၍၊ သားစဉ် မြေးဆက် စာရင်းဝင်သည်အတိုင်း၊ နှစ်သောင်း နှစ်ထောင်သုံးဆယ် လေးယောက်ရှိကြ၏။
8And sons of Becher: Zemirah, and Joash, and Eliezar, and Elioenai, and Omri, and Jerimoth, and Abijah, and Anathoth, and Alameth. All these [are] sons of Becher,
8ဗေခါသားကား ဇေမိရ၊ ယောရှ၊ ဧလျေဇာ၊ ဧလိဩနဲ၊ ဩမရိ၊ ယေရိမုတ်၊ အဘိယ၊ အာနသုတ်၊ အာလမက်တည်း။
9with their genealogy, after their generations, heads of a house of their fathers, mighty of valour, twenty thousand and two hundred.
9သားစဉ်မြေးဆက် စာရင်းဝင်၍၊ အဆွေအမျိုး သူကြီးအသီး အသီးအလိုက်၊ ခွန်အားကြီးသော သူရဲ နှစ်သောင်းနှစ်ထောင်နှစ်ရာရှိကြ၏။
10And sons of Jediael: Bilhan; and sons of Bilhan: Jeush, and Benjamin, and Ehud, and Chenaanah, and Zethan, and Tarshish, and Ahishahar.
10ယေဒယေလသားကား ဗိလဟန်၊ ဗိလဟန်သား ယုရှ၊ ဗင်္ယာမိန်၊ ဧဟုဒ်၊ ခေနာန၊ ဇေသန်၊ သာရှိရှ၊ အဟိရှဟာတည်း။
11All these [are] sons of Jediael, even heads of the fathers, mighty in valour, seventeen thousand and two hundred going out to the host for battle.
11အဆွေအမျိုးသူကြီး အသီးအသီးအလိုက်၊ ခွန်အားကြီး၍ စစ်တိုက်ခြင်းငှါ၊ တတ်စွမ်းနိုင်သော သူရဲ တသောင်း ခုနစ်ထောင်နှစ်ရာ ရှိကြ၏။
12And Shuppim and Huppim [are] sons of Ir; Hushim son of Aher.
12ထိုမှတပါး၊ ရှုပိမိ၊ ဟုပိမ်နှင့်တကွ ဣရဟုရှိမ်သား၊ အာဟေရသား ရှိသတည်း။
13Sons of Naphtali: Jahziel, and Guni, and Jezer, and Shallum, sons of Bilhah.
13နဿလိသည် ဗိလဟာတွင် မြင်သောသားကား၊ ဟာဇေလ၊ ဂုနိ၊ ယေဇ၊ ရှလ္လုံတည်း။
14Sons of Manasseh: Ashriel, whom Jaladah his Aramaean concubine bare, with Machir father of Gilead.
14မနာရှေသားဦးကား အာသရေလ၊ ထိုနောက်၊ ရှုရိအမျိုးဖြစ်သော မယားငယ်တွင် မြင်သောသား၊ ဂိလဒ်၏အဘမာခိရတည်း။
15And Machir took wives for Huppim and for Shuppim, and the name of the one [is] Maachah, and the name of the second Zelophehad, and Zelophehad hath daughters.
15မာခိရသည်မာခါ အမည်ရှိသောဟုပိမ်နှင့် ရှုမ်ပိ၏နှမနှင့်စုံဘက်၍၊ နှစ်ဆက်မြောက်သောသားကား ဇလောဖတ်အမည်ရှိ၏။ ဇလောဖတ်၌ သမီးသက်သက် ရှိ၏။
16And Maachah wife of Machir beareth a son and calleth his name Peresh, and the name of his brother [is] Sheresh, and his sons [are] Ulam and Rakem.
16မာခိရမယားမာခါသည် သားကို ဘွားမြင်၍၊ ပေရက်အမည်ဖြင့် မှည့်၏။ သူ၏ညီကား ရှေရက်အမည် ရှိ၏။ သူ၏သားကား ဥလံနှင့် ရေကင်တည်း။
17And son of Ulam: Bedan. These [are] sons of Gilead son of Machir, son of Manasseh.
17ဥလံသားကားဗေဒန်တည်း။ ဤရွေ့ကား မနာရှေသား မာခိရ၏ သားဂိလဒ်အမျိုးအနွယ်တည်း။
18And his sister Hammolecheth bare Ishhod, and Abiezer, and Mahalah.
18သူ၏နှမ ဟမ္မောလေကက်သည် ဣရှောဒ၊ အဗျေဇာ၊ မဟာလကို ဘွားမြင်၏။
19And the sons of Shemida are Ahian, and Shechem, and Likhi, and Aniam.
19ရှမိဒသးကား အဟိအန်၊ ရှေခင်၊ လိကဟိ၊ အနိအံတည်း။
20And sons of Ephraim: Shuthelah, and Bered his son, and Tahath his son, and Eladah his son, and Tahath his son,
20ဧဖရိမ်သားကား ရှုသေလ၊ ရှုသေလသား ဗေရက်၊ ဗေရက်သား တာဟတ်၊ တာဟတ်သား ဧလာဒ၊ ဧလာဒသား တာဟတ်၊
21and Zabad his son, and Shuthelah his son, and Ezer, and Elead; and slain them have men of Gath who are born in the land, because they came down to take their cattle.
21တာဟတ်သား ဇာဗဒ်၊ ဇာဗဒ်သား ရှုသေလ တည်း။ ထိုမှတပါး၊ ဧဖရိမ်သားဇောနှင့်ဧလဒ်တို့သည် ထိုပြည်၌မွေးဘွားသော၊ ဂါသမြို့သားတို့ တိရစ္ဆာန်များကို လုယူသောကြောင့် အသက်ဆုံးကြ၏။
22And Ephraim their father mourneth many days, and his brethren come in to comfort him,
22အဘဧဖရိမ်သည် အင်တန်ကာလပတ်လုံး စိတ် မသာညည်းတွားလျက် နေ၏။ ညီအစ်ကိုတို့သည် နှစ်သိမ့် စေခြင်းငှါ လာကြ၏။
23and he goeth in unto his wife, and she conceiveth and beareth a son, and he calleth his name Beriah, because in evil had been his house, —
23နောက်တဖန်မယားဆီသို့ဝင်သဖြင့် သူသည် ပဋိသန္ဓေယူ၍ သားကိုဘွားမြင်၏။ ထိုသားကို ဗေရိယ အမည်ဖြင့်မှည့်၏။ အကြောင်းမူကား၊ ကိုယ်အိမ်ထောင်၌ အမင်္ဂလာရောက်သတည်း။
24and his daughter [is] Sherah, and she buildeth Beth-Horon, the lower and the upper, and Uzzen-Sherah —
24သမီးရှေရကား အထက် ဗေသောရုန်မြို့၊ အောက်ဗေသောရုန်မြို့၊ ဩဇင်ရှေရမြို့တို့ကို ပြုစုသော သူဖြစ်၏။
25and Rephah [is] his son, and Resheph, and Telah his son, and Tahan his son,
25သူ၏သားကားရေဖ၊ သူ၏သားရေရှပ်၊ သူ၏သားတေလ၊ သူ၏သားတာဟန်၊
26Laadan his son, Ammihud his son, Elishama his son,
26သူ၏သား လာဒန်၊ သူ၏သား အမိဟုဒ်၊ သူ၏ သား ဧလိရှမာ၊
27Non his son, Jehoshua his son.
27သူ၏သားနုန်၊ သူ၏သားယောရှုတည်း။
28And their possession and their dwellings [are] Beth-El and its small towns, and to the east Naaran, and to the west Gezer and its small towns, and Shechem and its small towns, unto Gaza and its small towns;
28သူတို့ပိုင်ထိုက်သော နေရာဟူမူကား၊ ဗေသလ မြို့နှင့် ကျေးလက်၊ အရှေ့ဘက်၌ နာရန်မြို့၊ အနောက် ဘက်၌ ဂေဇာမြို့နှင့်ကျေးလက်၊ ရှေခင်မြို့နှင့်ကျေးလက်၊ ဂါဇမြို့နှင့် ကျေးလက်၊
29and by the parts of the sons of Manasseh, Beth-Shean and its small towns, Taanach and its small towns, Megiddo and its small towns, Dor and its small towns; in these dwelt the sons of Joseph son of Israel.
29မနာရှေအမျိုးသားနေရာအနားမှာ ဗက်ရှန်မြို့ နှင့်ကျေးလက်၊ တာနက်မြို့နှင့်ကျေးလက်၊ မေဂိဒ္ဒေါမြို့ နှင့်ကျေးလက်၊ ဒေါရမြို့နှင့် ကျေးလက်တည်း။ ဤမြို့ရွာ တို့၌ ဣသရေလ၏သားဖြစ်သော ယောသပ်၏ သားတို့ သည် နေရာကျကြ၏။
30Son of Asher: Imnah, and Ishve, and Ishvi, and Beriah, and Serah their sister.
30အာရှာသားကား ယိမန၊ ဣရွာ၊ ဣရွှိ၊ ဗေရိယ၊ နှမ စေရတည်း။
31And sons of Beriah: Heber, and Malchiel — he [is] father of Birzavith.
31ဗေရိယသားကား ဟေဗာနှင့် မာလကျေလ တည်း။ မာလကျေလသားကား ဗိရဇာဝိတ်၊
32And Heber begat Japhlet, and Shomer, and Hotham, and Shua their sister.
32ဟေဗာသားကား ယာဖလက်၊ ရှောမာ၊ ဟောသံ၊ နှမ ရှုအာတည်း။
33And sons of Japhlet: Pasach, and Bimhal, and Ashvath; these [are] sons of Japhlet.
33ယာဖလက်သားကား ပါသက်၊ ဗိမဟာလ၊ အာရှဝတ်တည်း။
34and sons of Shamer: Ahi, and Rohgah, Jehubbah, and Aram.
34ရှောမေရသားကား အာဟိ၊ ရောဂ၊ ယေဟုဗ္ဗ၊ အာရံတည်း။
35And son of Helem his brother: Zophah, and Imna, and Shelesh, and Amal.
35သူ၏ညီဟေလင်သားကား ဇောဖ၊ ဣမန၊ ရှေလက်၊ အာမလတည်း။
36Sons of Zophah: Suah, and Harnepher, and Shual, and Beri, and Imrah,
36ဇောဖသားကား သုအာ၊ ဟာနေဖာ၊ ရွှလ၊ ဗေရိ၊ ဣမရ၊
37Bezer, and Hod, and Shamma, and Shilshah, and Ithran, and Beera.
37ဗေဇာ၊ ဟောဒ၊ ရှမ္မ၊ ရှိလရှ၊ ဣသရန်၊ ဗေရ တည်း။
38And sons of Jether: Jephunneh, and Pispah, and Ara.
38ယေသာသားကား ယေဖုန္န ပိသပ၊ အာရတည်း။
39And sons of Ulla: Arah, and Hanniel, and Rezia.
39ဥလ္လသားကား အာရ၊ ဟံယေလ၊ ရေဇိယတည်း။
40All these [are] sons of Asher, heads of the house of the fathers, chosen ones, mighty in valour, heads of the princes, with their genealogy, for the host, for battle, their number [is] twenty and six thousand men.
40ဤသူအပေါင်းတို့သည် အာရှာအမျိုး၌ အဆွေ အမျိုးသူကြီး၊ ရွေးသောသူ၊ ခွန်အားကြီးသော သူရဲမင်း ဖြစ်ကြ၏။ သားစဉ်မြေးဆက်စာရင်းဝင်၍ စစ်တိုက်ခြင်း ငှါ တတ်စွမ်းနိုင်သောသူ နှစ်သောင်းခြောက်ထောင်ရှိကြ ၏။