1And again he entered into Capernaum, after [some] days, and it was heard that he is in the house,
1နောက်တနေ့သ၌ ကိုယ်တော်သည်က ပေရနောင်မြို့သို့ဝင်ပြန်၍ အိမ်၌ရှိတော်မူသည်ကို ကြားကြ လျှင်၊
2and immediately many were gathered together, so that there was no more room, not even at the door, and he was speaking to them the word.
2တံခါးပြင်နားမှာ နေစရာမရှိနိုင်အောင် လူများတို့သည် အလျင်အမြန်စုဝေးကြသည်ဖြစ်၍ သူတို့အား တရားဟောတော်မူ၏။
3And they come unto him, bringing a paralytic, borne by four,
3ထိုအခါ လက်ခြေသေသောသူတယောက်ကို လူလေးယောက်တို့သည်ထမ်း၍ အထံတော်သို့ဆောင်ခဲ့ ကြ၏။
4and not being able to come near to him because of the multitude, they uncovered the roof where he was, and, having broken [it] up, they let down the couch on which the paralytic was lying,
4လူစုဝေးလျက်ရှိသောကြောင့် ကိုယ်တော်ရင်းသို့မချဉ်းကပ်နိုင်သဖြင့်၊ ကိုယ်တော်ရှိရာအပေါ်မှာ အမိုး ကို ဖောက်ထွင်းပြီးမှ လူနာနှင့်တကွ အိမ်ရာခုတင်ကို လျှော့ချကြ၏။
5and Jesus having seen their faith, saith to the paralytic, `Child, thy sins have been forgiven thee.`
5ယေရှုသည် ထိုသူတို့၏ ယုံကြည်ခြင်းကိုမြင်လျှင်၊ လက်ခြေသေသောသူအား၊ ငါ့သား၊ သင်၏ အပြစ်ကို လွတ်စေပြီဟုမိန့်တော်မူ၏။
6And there were certain of the scribes there sitting, and reasoning in their hearts,
6ထိုအရပ်၌ထိုင်သော ကျမ်းပြုဆရာအချို့တို့က၊
7`Why doth this one thus speak evil words? who is able to forgive sins except one — God?`
7ဤသူသည် ဘုရားကိုလွန်ကျူး၍ အဘယ်ကြောင့် ဤသို့ပြောရသနည်း။ ဘုရားသခင်မှတပါး အဘယ် သူသည် အပြစ်ကိုလွှတ်နိုင်သနည်းဟု စိတ်ထဲမှာ ထင်မှတ်ကြ၏။
8And immediately Jesus, having known in his spirit that they thus reason in themselves, said to them, `Why these things reason ye in your hearts?
8သူတို့စိတ်ထဲမှာ ထိုသို့ ထင်မှတ်ခြင်းရှိသည်ကို ယေရှုသည် မိမိဉာဏ်အားဖြင့် ချက်ခြင်းသိတော်မူလျှင်၊ သင်တို့ စိတ်ထဲမှာ အဘယ်ကြောင့် ဤသို့ထင်မှတ်ကြသနည်း။
9which is easier, to say to the paralytic, The sins have been forgiven to thee? or to say, Rise, and take up thy couch, and walk?
9လက်ခြေသေသောသူအား အဘယ်စကားကိုသာ၍ပြောလွယ်သနည်း။ သင်၏အပြစ်ကိုလွတ်စေပြီဟု ပြောလွယ်သလော။ သင်ထလော့။ ကိုယ်အိပ်ရာကိုဆောင်၍ လှမ်းသွားလော့ဟု ပြောလွယ်သလော။
10`And, that ye may know that the Son of Man hath authority on the earth to forgive sins — (he saith to the paralytic) —
10လူသားသည် မြေကြီးပေါ်မှာ အပြစ်လွှတ်ပိုင်သည်ကို သင်တို့သိစေခြင်းငှါ ထလော့။
11I say to thee, Rise, and take up thy couch, and go away to thy house;`
11ကိုယ်အိပ်ရာကို ဆောင်၍ ကိုယ်အိမ်သို့သွားလော့ဟု သင့်အား၊ ငါဆိုသည်ဟု လက်ခြေသေသောသူ အား မိန့်တော်မူ၏။
12and he rose immediately, and having taken up the couch, he went forth before all, so that all were astonished, and do glorify God, saying — `Never thus did we see.`
12ထိုသူသည်လည်း ချက်ခြင်းထ၍ အိပ်ရာကိုဆောင်လျက် လူအပေါင်းတို့ရှေ့မှာထွက်သွား၏။ ထိုလူ အပေါင်းတို့သည် မိန်းမောတွေဝေခြင်းရှိ၍၊ ဤကဲ့သို့ တခါမျှမမြင်စဖူးဟု ပြောဆို၍ ဘုရားသခင်၏ဂုဏ်တော် ကို ချီးမွမ်းကြ၏။
13And he went forth again by the sea, and all the multitude was coming unto him, and he was teaching them,
13နောက်တဖန် အိုင်နားသို့ ကြွတော်မူ၍၊ လူအစုအဝေးအပေါင်းတို့သည် အထံတော်သို့လာကြလျှင်၊ သူတို့အား ဆုံးမဩဝါဒပေးတော်မူ၏။
14and passing by, he saw Levi of Alpheus sitting at the tax-office, and saith to him, `Be following me,` and he, having risen, did follow him.
14လမ်း၌ကြွတော်မူစဉ်၊ အာလဖဲ၏သား လေဝိသည် အခွန်ခံရာတဲ၌ထိုင်နေသည်ကိုမြင်သော်၊ ငါ့နောက် သို့ လိုက်လော့ဟု မိန့်တော်မူ၏။
15And it came to pass, in his reclining (at meat) in his house, that many tax-gatherers and sinners were reclining (at meat) with Jesus and his disciples, for there were many, and they followed him.
15ထိုသူသည်လည်း ထ၍ နောက်တော်သို့လိုက်လေ၏။ ထိုနောက်မှ သူ၏အိမ်တွင် စားပွဲ၌ လျောင်း တော်မူစဉ်၊ အခွန်ခံသောသူများနှင့် ဆိုးသောသူများတို့သည် ကိုယ်တော်မှစသော တပည့်တော်တို့နှင့်တကွ စားပွဲ၌ လျောင်းကြ၏။ ထိုသူအများတို့သည် နောက်တော်သို့လိုက်ကြ၏။
16And the scribes and the Pharisees, having seen him eating with the tax-gatherers and sinners, said to his disciples, `Why — that with the tax-gatherers and sinners he doth eat and drink?`
16ထိုသို့ အခွန်ခံသောသူ၊ ဆိုးသောသူတိုနှင့်အတူ စားတော်မှုသည်ကို ကျမ်းပြုဆရာဖာရိရှဲတို့သည် မြင် လျှင်၊ ဤသူသည် အခွန်ခံသောသူ၊ ဆိုးသောသူတို့နှင့်အတူ အဘယ်ကြောင့် စားသောက်သနည်းဟု တပည့် တော်တို့အား ဆိုကြ၏။
17And Jesus, having heard, saith to them, `They who are strong have no need of a physician, but they who are ill; I came not to call righteous men, but sinners to reformation.`
17ယေရှုသည် ကြားတော်မူလျှင်၊ ကျန်းမာသောသူတို့သည် ဆေးသမားကိုအလိုမရှိကြ။ နာသောသူတို့ သာလျှင် အလိုရှိကြ၏။ ဖြောင့်မတ်သောသူတို့ကို နောင်တသို့ခေါ်ခြင်းငှါ ငါလာသည်မဟုတ်၊ ဆိုးသောသူတို့ကို ခေါ်ခြင်းငှါ ငါလာသတည်းဟု မိန့်တော်မူ၏။
18And the disciples of John and those of the Pharisees were fasting, and they come and say to him, `Wherefore do the disciples of John and those of the Pharisees fast, and thy disciples do not fast?`
18အစာရှောင်တတ်သော ယောဟန်၏တပည့်တို့နှင့် ဖာရိရှဲတို့သည်လာ၍၊ ယောဟန်၏တပည့်တို့နှင့် ဖာရိရှဲတို့သည် အစာရှောင်ကြသည်ဖြစ်၍၊ အဘယ်ကြောင့် ကိုယ်တော်၏တပည့်တို့သည် အစာမရှောင်ဘဲ နေ ကြပါသနည်းဟု လျှောက်ကြ၏။
19And Jesus said to them, `Are the sons of the bride-chamber able, while the bridegroom is with them, to fast? so long time as they have the bridegroom with them they are not able to fast;
19ယေရှုကလည်း၊ မင်္ဂလာဆောင်လုလင်သည် မိမိအပေါင်းအဘော်တို့နှင့် အတူရှိစဉ်အခါ သူတို့သည် အစာရှောင်တတ်ကြသလော။ ရှိစဉ်ကာလပတ်လုံး အစာမရှောင်တတ်ကြ။
20but days shall come when the bridegroom may be taken from them, and then they shall fast — in those days.
20မင်္ဂလာဆောင်လုလင်ကို သူ၏အပေါင်းအဘော်တို့နှင့်ခွာ၍ ယူသွားသောအချိန်ကာလ ရောက်လိမ့် မည်။ ထိုကာလအခါ သူတို့သည်အစာရှောင်ကြလိမ့်မည်။
21`And no one a patch of undressed cloth doth sew on an old garment, and if not — the new filling it up doth take from the old and the rent doth become worse;
21အဝတ်ဟောင်းကို အထည်သစ်နှင့် ဖာလေ့မရှိ။ ထိုသို့ဖာလျှင် ဖာသောအထည်သစ်သည် အဝတ် ဟောင်းကို စား၍အပေါက်ကျယ်တတ်၏။
22and no one doth put new wine into old skins, and if not — the new wine doth burst the skins, and the wine is poured out, and the skins will be destroyed; but new wine into new skins is to be put.`
22၎င်းနည်းဟောင်းသော သားရေဘူး၌ အသစ်သောစပျစ်ရည်ကို ထည့်လေ့မရှိ။ ထိုသို့ထည့်လျှင် အသစ်သောစပျစ်ရည်သည် သားရေဘူးကို ဆုတ်ခွဲသဖြင့် စပျစ်ရည်သည်ယို၍ သားရေဘူးလည်း ပျက်စီး တတ်၏။ အသစ်သောစပျစ်ရည်ကို အသစ်သောသားရေဘူး၌ ထည့်ရသည်ဟု မိန့်တော်မူ၏။
23And it came to pass — he is going along on the sabbaths through the corn-fields — and his disciples began to make a way, plucking the ears,
23ဥပုသ်နေ့၌ ကိုယ်တော်သည် ဂျုံစပါးလယ်ကွက်တို့ကို ရှောက်ကြွတော်မူလျှင်၊ တပည့်တော်တို့သည် စပါးအသီးအနှံကို ဆွတ်လျက် ခရီးသွားကြ၏။
24and the Pharisees said to him, `Lo, why do they on the sabbaths that which is not lawful?`
24ဖာရိရှဲတို့ကလည်း၊ ဥပုသ်နေ့၌ မပြုအပ်သောအမှုကို သူတို့သည် ပြုကြပါသည်တကားဟု လျှောက်ကြ သော်၊
25And he said to them, `Did ye never read what David did, when he had need and was hungry, he and those with him?
25ကိုယ်တော်က၊ ယဇ်ပုရောဟိတ်မင်း အဗျာသာ လက်ထက်၌ ဒါဝိဒ်သည် မိမိအဘော်တို့နှင့်တကွ ဆာ မွတ်၍ မတတ်နိုင်သောအခါ၊
26how he went into the house of God, (at `Abiathar the chief priest,`) and the loaves of the presentation did eat, which it is not lawful to eat, except to the priests, and he gave also to those who were with him?`
26ဘုရားသခင်၏အိမ်တော်သို့ဝင်၍ ယဇ်ပုရောဟိတ်တို့မှတပါး အဘယ်သူမျှ မစားအပ်သော ရှေ့တော် မုန့်ကိုစား၍ မိမိအဘော်တို့အား ပေးသည်အကြောင်းကို သင်တို့သည် တရံတခါမျှ မဘတ်ဘူးသလော။
27And he said to them, `The sabbath for man was made, not man for the sabbath,
27ထိုမှတပါး ဥပုသ်နေ့သည် လူအဘို့ဖြစ်၏။ လူသည် ဥပုသ်နေ့အဘို့ ဖြစ်သည်မဟုတ်။
28so that the son of man is lord also of the sabbath.`
28သို့ဖြစ်၍ လူသားသည်ဥပုသ်နေ့ကိုပင် အစိုးရသည်ဟု မိန့်တော်မူ၏။