1And Jehovah speaketh unto Moses, saying,
1တဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရ မည်မှာ၊ ငါ၏ပူဇော်သက္ကာကို၎င်း၊
2`Command the sons of Israel, and thou hast said unto them, My offering, My bread for My fire-offerings, My sweet fragrance, ye take heed to bring near to Me in its appointed season.
2ငါ့အဘို့ မွှေးကြိုင် သောအနံ့ရှိစေခြင်းငှာ မီးဖြင့်ပြုသော ငါ၏အစာ အာဟာရကို၎င်း၊ အချိန်တန်မှ ငါ့အားပူဇော်ခြင်းငှာ သတိပြုရကြမည်။
3`And thou hast said to them, This [is] the fire-offering which ye bring near to Jehovah: two lambs, sons of a year, perfect ones, daily, a continual burnt-offering;
3တဖန်ဆင့်ဆိုရမည်မှာ၊ နေ့တိုင်းအစဉ်အမြဲ မီးရှို့ရာယဇ်ဘို့၊ အခါမလည် အပြစ်မပါသော သိုးသငယ် နှစ်ကောင်ကို ထာဝရဘုရားအား မီးဖြင့်ပူဇော်ရမည်။
4the one lamb thou preparest in the morning, and the second lamb thou preparest between the evenings;
4နံနက်ယံ၌ သိုးသငယ်တကောင်၊ ညဦးယံ၌ တကောင်ကို ပူဇော်ရမည်။
5and a tenth of the ephah of flour for a present, mixed with beaten oil, a fourth of the hin;
5သံလွင်သီးကို ထောင်း၍ရသော သံလွင်ဆီ သုံးလောဃနှင့် ရောသော မုန့်ညက်တဩမဲကိုလည်း ပူဇော်ရမည်။
6a continual burnt-offering, which was made in mount Sinai, for sweet fragrance, a fire-offering to Jehovah;
6ဤရွေ့ကား၊ သိနာတောင်ပေါ်မှာ စီရင်တော် မူသည်အတိုင်း၊ ထာဝရဘုရားအဘို့ မွှေးကြိုင်သော အနံ့နှင့် မီးဖြင့်ပြုသော ပူဇော်သက္ကာ၊ အစဉ်အမြဲပြု ရသော မီးရှို့ရာယဇ်ဖြစ်သတည်း။
7and its libation, a fourth of the hin for the one lamb; in the sanctuary cause thou a libation of strong drink to be poured out to Jehovah.
7သိုးသငယ်တကောင်နှင့်အတူ သွန်းလောင်းရာ ပူဇော်သက္ကာဘို့၊ စပျစ်ရည်သုံးလောဃကို ပူဇော်၍၊ သန့်ရှင်းရာဌာန၌ သွန်းလောင်းရာ ပူဇော်သက္ကာဘို့၊ ထာဝရဘုရားအား သွန်းလောင်းရမည်။
8`And the second lamb thou dost prepare between the evenings; as the present of the morning, and as its libation thou preparest — a fire-offering, a sweet fragrance to Jehovah.
8အခြားသော သိုးသငယ်ကို ညဦးယံ၌ ပူဇော် သောအခါ၊ နံနက်ယံ၌ ဘောဇဉ် ပူဇော်သက္ကာ၊ သွန်း လောင်းရာ ပူဇော်သက္ကာပါသည်နည်းတူ ပါလျက်၊ ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့နှင့် ပြည့်စုံ၍ မီးဖြင့်ပူဇော်သော ယဇ်ကို ပြုရမည်။
9`And on the sabbath-day, two lambs, sons of a year, perfect ones, and two-tenth deals of flour, a present, mixed with oil, and its libation;
9နေ့တိုင်း အစဉ်ပူဇော်သော မီးရှို့ရာယဇ်၊ သွန်းလောင်းရာ ပူဇော်သက္ကာမှတပါး၊ ဥပုပ်နေ့ရက်၌ အခါမလည် အပြစ်မပါသော သိုးသငယ်နှစ်ကောင်ကို၎င်း၊ သွန်းလောင်းရာ ပူဇော်သက္ကာပါလျက်၊ ဘောဇဉ် ပူဇော်သက္ကာဘို့၊ ဆီရောသောမုန့်ညက်နှစ်ဩမဲကို၎င်း ပူဇော်ရမည်။
10the burnt-offering of the sabbath in its sabbath, besides the continual burnt-offering and its libation.
11လဆန်းတရက်နေ့၌၊ အသက်ပျိုသော နွားထီး နှစ်ကောင်၊ သိုးထီးတကောင်၊ အခါမလည်၊ အပြစ် မပါသော သိုးသငယ်ခုနစ်ကောင်တို့ကို၊ ထာဝရဘုရား အား မီးရှို့ရာယဇ်ပြု၍ ပူဇော်ရမည်။
11`And in the beginnings of your months ye bring near a burnt-offering to Jehovah: two bullocks, sons of the herd, and one ram, seven lambs, sons of a year, perfect ones;
12နွားတကောင်အဘို့၊ ဆီရောသော မုန့်ညက် သုံးဩမဲ၊ သိုးတကောင်အဘို့၊ ဆီရောသော မုန့်ညက် နှစ်ဩမဲ၊
12and three-tenth deals of flour, a present, mixed with oil, for the one bullock, and two-tenth deals of flour, a present, mixed with oil, for the one ram;
13သိုးသငယ်တကောင်အဘို့၊ ဆီရောသော မုန့်ညက်တဩ မဲစီတည်း ဟူသော ဘောဇဉ်ပူဇော်သက္ကာ နှင့်တကွ၊ ထာဝရဘုရားအား မီးဖြင့်ပူဇော်၍ မီးရှို့ရာ ယဇ်ကို ပြုရမည်။
13and a several tenth deal of flour, a present, mixed with oil, for the one lamb; a burnt-offering, a sweet fragrance, a fire-offering to Jehovah;
14သွန်းလောင်းရာ ပူဇော်သက္ကာဘို့ကား၊ နွား တကောင်နှင့် စပျစ်ရည် ခြောက်လောဃ၊ သိုးတကောင် နှင့် လေးလောဃ၊ သိုးသငယ်တကောင်နှင့် သုံးလောဃ ကို ပူဇော်ရမည်။ ထိုသို့ လတိုင်း အစဉ်မပြတ် မီးရှို့ရာ ယဇ်ကို ပူဇော်ရမည်။
14and their libations are a half of the hin to a bullock, and a third of the hin to a ram, and a fourth of the hin to a lamb, of wine; this [is] the burnt-offering of every month for the months of the year;
15နေ့တိုင်း အစဉ်ပူဇော်သော မီးရှို့ရာယဇ်၊ သွန်းလောင်းရာ ပူဇော်သက္ကာမှတပါး၊ အပြစ်ဖြေရာ ယဇ်ဘို့ ထာဝရဘုရားအား ဆိတ်သငယ်တကောင်ကို လည်း ပူဇော်ရမည်။
15and one kid of the goats for a sin-offering to Jehovah; besides the continual burnt-offering it is prepared, and its libation.
16ပဌမလတဆယ်လေးရက်နေ့၌၊ ထာဝရဘုရား၏ ပသခါပွဲဖြစ်၏။
16`And in the first month, in the fourteenth day of the month, [is] the passover to Jehovah;
17၎င်းလ တဆယ်ငါးရက်နေ့၌ ပွဲကိုခံရမည်။ ခုနစ်ရက်ပတ်လုံး တဆေးမဲ့မုန့်ကို စားရကြမည်။
17and in the fifteenth day of this month [is] a festival, seven days unleavened food is eaten;
18ပဌမနေ့၌ ဓမ္မစည်းဝေးခြင်းကို ပြုရမည်။ လောကီအလုပ်ကို မလုပ်ရ။
18in the first day [is] an holy convocation, ye do no servile work,
19ထာဝရဘုရားအား မီးဖြင့်ပြုသော ယဇ်တည်းဟူ သော အသက်ပျိုသော နွားထီးနှစ်ကောင်၊ သိုးထီး တကောင်၊ အခါမလည် အပြစ်မပါသော သိုးသငယ် ခုနစ်ကောင်တို့ကို မီးရှို့ရာယဇ်ပြု၍ ပူဇော်ရမည်။
19and ye have brought near a fire-offering, a burnt-offering to Jehovah: two bullocks, sons of the herd, and one ram, and seven lambs, sons of a year, perfect ones they are for you;
20နွားတကောင်လျှင် ဆီရောသော မုန့်ညက် သုံးဩမဲ၊ သိုးတကောင်လျှင် နှစ်ဩမဲ၊
20and their present, flour mixed with oil, three-tenth deals for a bullock, and two-tenth deals for a ram ye do prepare;
21သိုးသငယ်ခုနစ်ကောင်စေ့အောင်၊ တကောင် လျှင် တဩမဲစီနှင့် ဘောဇဉ်ပူဇော်သက္ကာပြုရမည်။
21a several tenth deal thou preparest for the one lamb, for the seven lambs,
22အပြစ်ဖြေခြင်းကို ပြုအံ့သောငှာ၊ အပြစ်ဖြေရာ ယဇ်ဘို့ ဆိတ်တကောင်ကိုလည်း ပူဇော်ရမည်။
22and one goat, a sin-offering, to make atonement for you.
23နေ့ရက်အစဉ် နံနက်တိုင်းပူဇော်သော မီးရှို့ရာ ယဇ်မှတပါး၊ ထိုယဇ်များကို ထပ်၍ ပူဇော်ရမည်။
23`Apart from the burnt-offering of the morning, which [is] for the continual burnt-offering, ye prepare these;
24ထိုသို့ အစဉ်အမြဲ ပူဇော်သောမီးရှို့ရာယဇ်၊ သွန်း လောင်းရာ ပူဇော်သက္ကာမှတပါး ခုနစ်ရက်ပတ်လုံး တနေ့တနေ့လျှင် ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့ နှင့် မီးဖြင့်ပြုသော ပူဇော်သက္ကာ အစာအာဟာရကို ပူဇော်ရမည်။
24according to these ye prepare daily, seven days, bread of a fire-offering, a sweet fragrance, to Jehovah; besides the continual burnt-offering it is prepared, and its libation;
25သတ္တမနေ့၌လည်း၊ ဓမ္မစည်းဝေးခြင်းကို ပြုရ မည်။ လောကီအလုပ်ကို မလုပ်ရ။
25and on the seventh day a holy convocation ye have, ye do no servile work.
26ထိုမှတပါး၊ သိတင်းခုနစ်သိတင်းစေ့ပြီးမှ၊ ဘောဇဉ် ပူဇော်သက္ကာအသစ်ကို ထာဝရဘုရားထံတော် သို့ ဆောင်ခဲ့သောနေ့၊ အဦးသီးသောအသီး နေ့ရက်၌ ဓမ္မစည်းဝေးခြင်းကို ပြုရမည်။ လောကီအလုပ်ကို မလုပ်ရ။
26`And in the day of the first-fruits, in your bringing near a new present to Jehovah, in your weeks, a holy convocation ye have; ye do no servile work;
27ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့နှင့် မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီးနှစ်ကောင်၊ သိုးထီးတကောင်၊ အခါမလည်သော သိုးသငယ်ခုနစ် ကောင်တို့ကို ပူဇော်ရမည်။
27and ye have brought near a burnt-offering for sweet fragrance to Jehovah: two bullocks, sons of the herd, one ram, seven lambs, sons of a year,
28နွားတကောင်လျှင် ဆီရောသောမုန့်ညက် သုံးဩမဲ၊ သိုးတကောင်လျှင် နှစ်ဩမဲ၊
28and their present, flour mixed with oil, three-tenth deals to the one bullock, two-tenth deals to the one ram,
29သိုးသငယ်ခုနစ်ကောင်စေ့အောင်၊ တကောင် လျှင် တဩမဲစီနှင့် ဘောဇဉ်ပူဇော်သက္ကာပြုရမည်။
29a several tenth deal to the one lamb, for the seven lambs;
30အပြစ်ဖြေခြင်းကို ပြုအံ့သောငှါ၊ ဆိတ်သငယ် တကောင်ကိုလည်း ပူဇော်ရမည်။
30one kid of the goats to make atonement for you;
31ထိုသို့ အစဉ်အမြဲပူဇော်သော မီးရှို့ရာယဇ်၊ ဘောဇဉ် ပူဇော်သက္ကာမှတပါး၊ သွန်းလောင်းရာ ပူဇော် သက္ကာနှင့်တကွ၊ အပြစ်မပါသော ယဇ်ကောင်များတို့ကို ထပ်၍ ပူဇော်ရမည်။
31apart from the continual burnt-offering and its present ye prepare [them] (perfect ones they are for you) and their libations.