Young`s Literal Translation

Myanmar

Psalms

105

1Give ye thanks to Jehovah — call ye in His name, Make known among the peoples His acts.
1ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း ကြလော့။ နာမတော်ကို ပဌနာပြုကြလော့။ အမှုတော် တို့ကို လူများတို့အား ပြသကြလော့။
2Sing ye to Him — sing praise to Him, Meditate ye on all His wonders.
2ထာဝရဘုရားကို သီချင်းဆိုကြလော့။ ဆာလံ သီချင်းကို ဆိုကြလော့။ အံ့ဘွယ်သော အမှုတော်အပေါင်း တို့ကို ဟောပြောကြလော့။
3Boast yourselves in His Holy Name, The heart of those seeking Jehovah rejoiceth.
3သန့်ရှင်းသောနာမတော်၌ ဝါကြွား ဝမ်းမြောက် ကြလော့။ ထာဝရဘုရားကို ရှာသောသူတို့သည် စိတ်နှလုံး ရွှင်လန်းကြစေ။
4Seek ye Jehovah and His strength, Seek ye His face continually.
4ထာဝရဘုရားနှင့် တန်ခိုးတော်ကို ရှာကြလော့။ မျက်နှာတော်ကို အစဉ်မပြတ် ရှာကြလော့။
5Remember His wonders that He did, His signs and the judgments of His mouth.
5စီရင်တော်မူသော အံ့ဩဘွယ်တို့ကို၎င်း၊ ထူးဆန်းသော အမှုတော်တို့နှင့် နှုတ်ထွက်ပညတ်တို့ကို၎င်း အောက်မေ့ကြလော့။
6O seed of Abraham, His servant, O sons of Jacob, His chosen ones.
6ထာဝရဘုရား၏ကျွန်အာဗြဟံအမျိုး၊ ရွေး ကောက်တော်မူသော ယာကုပ်အနွှယ်တို့၊
7He [is] Jehovah our God, In all the earth [are] His judgments.
7ကိုယ်တော်မြတ် ထာဝရဘုရားသည် ငါတို့ ဘုရားသခင်ဖြစ်တော်မူ၏။ မြေကြီးတပြင်လုံး၌ တရား စီရင်ပိုင်တော်မူ၏။
8He hath remembered to the age His covenant, The word He commanded to a thousand generations,
8ငါသည်သင်တို့ အမွေခံရာဘို့ခါ နာန်ပြည်ကို သင်၌ပေးမည်ဟု ငါတို့အမျိုးသည် အရေအတွက် အားဖြင့် မများ၊
9That He hath made with Abraham, And His oath to Isaac,
9အလွန်နည်း၍ ထိုပြည်၌ ဧည့်သည် ဖြစ်လျက်နေသောအခါ၊
10And doth establish it to Jacob for a statute, To Israel — a covenant age-during,
10အာဗြဟံ၌ဂတိထား၍၊ ဣဇာက် ၌ ကျိန်ဆိုတော်မူလျက်၊
11Saying, `To thee I give the land of Canaan, The portion of your inheritance,`
11ယာကုပ်၌ မြဲမြံသောတရား၊ ဣသရေလ၌ နိစ္စထာဝရပဋိညာဉ်ဖြစ်စေခြင်းငှါ၊
12In their being few in number, But a few, and sojourners in it.
12လူမျိုး အဆက် တထောင်တိုင်အောင် မိန့်မြွက်တော်မူသော နှုတ်ကပတ်တည်းဟူသော ဝန်ခံခြင်းတရားတော်ကို အစဉ်အမြဲ အောက်မေ့တော်မူ၏။
13And they go up and down, from nation unto nation, From a kingdom unto another people.
13သူတို့သည် တမြို့မှတမြို့သို့၎င်း၊တနိုင်ငံမှ တနိုင်ငံသို့၎င်း၊ လှည့်လည်၍ သွားကြသောအခါ၊
14He hath not suffered any to oppress them And He reproveth for their sakes kings.
14သူတို့ကို ညှဉ်းဆဲစေခြင်းငှါ အဘယ်သူအားမျှ အခွင့်ပေးတော်မမူ။ သူတို့အတွက်လည်းရှင်ဘုရင်တို့ကို ဆုံးမလျက်၊
15`Strike not against Mine anointed, And to My prophets do not evil.`
15ငါ့ထံ၌ ဘိသိတ်ခံသောသူတို့ကို မထိမခိုက်နှင့်။ ငါ၏ ပရောဖက်တို့ကို အပြစ်မပြုနှင့်ဟု မိန့်တော်မူ၏။
16And He calleth a famine on the land, The whole staff of bread He hath broken.
16တဖန်တုံ၊ ထိုပြည်၌ မွတ်သိပ်ခြင်းဘေးကို ခေါ်၍၊ အစာအာဟာရတည်းဟူသော အထောက်အပင့် ရှိသမျှကို ချိုးဖျက်တော်မူသောအခါ၊
17He hath sent before them a man, For a servant hath Joseph been sold.
17ကျွန်ဖြစ်စေဘို့ အရောင်းခံရသော ယောသပ် ကို သူတို့ရှေ့မှာ စေလွှတ်တော်မူ၏။
18They have afflicted with fetters his feet, Iron hath entered his soul,
18သူ့ကိုခြေချင်းခတ်၍ သံနှင့်ညှဉ်းဆဲကြ၏။
19Till the time of the coming of His word The saying of Jehovah hath tried him.
19သူ၏စကား မပြည့်စုံမှီတိုင်အောင်၊ ထာဝရ ဘုရား၏ အမိန့်တော်အတိုင်း စုံစမ်းခြင်းကို ခံရ၏။
20The king hath sent, and looseth him, The ruler of the peoples, and draweth him out.
20လူတို့ကို အစိုးရသော အရှင်တည်းဟူသော ရှင်ဘုရင်သည် စေလွှတ်၍ သူ့ကိုနှုတ်ပြီးမှ ချမ်းသာ ပေးတော်မူ၏။
21He hath made him lord of his house, And ruler over all his possessions.
21သူသည် မိမိအလိုရှိသည်အတိုင်း မင်းအရာရှိ တို့ကို ချည်နှောင်၍၊
22To bind his chiefs at his pleasure, And his elders he maketh wise.
22မှူးတော်မတ်တော်တို့ကို ဆုံးမပိုင် သော အခွင့်နှင့် နန်းတော်အုပ်၊ နိုင်ငံတော်အုပ်အရာ၌ ထိုသူကို ခန့်ထားတော်မူ၏။
23And Israel cometh in to Egypt, And Jacob hath sojourned in the land of Ham.
23ဣသရေလသည်လည်း အဲဂုတ္တုပြည်သို့ ရောက် လာ၍၊ ယာကုပ်သည် ဟာမအမျိုးနေရာပြည်၌ တည်းခို၏။
24And He maketh His people very fruitful, And maketh it mightier than its adversaries.
24ဘုရားသခင်သည် မိမိလူတို့ကို အလွန်များပြား စေ၍၊ ရန်သူတို့ထက် အားကြီးစေတော်မူ၏။
25He turned their heart to hate His people, To conspire against His servants.
25မိမိလူတို့ကို ရန်သူတို့သည်မုန်း၍၊ မိမိကျွန်တို့ကို ပရိယာယ်ပြုမည် အကြောင်း၊ ထိုသူတို့ စိတ်နှလုံးကို ပြောင်းလဲစေတော် မူ၏။
26He hath sent Moses His servant, Aaron whom He had fixed on.
26တဖန်မိမိကျွန် မောရှေနှင့်ရွေးကောက်တော်မူသော အာရုန်ကို စေလွှတ်တော်မူ၏။
27They have set among them the matters of His signs, And wonders in the land of Ham.
27အဲဂုတ္တုပြည်သားတို့တွင်၊ လက္ခဏာသက်သေ တော်တို့ကိုပြ၍၊ ဟာမအမျိုးနေရာပြည်၌ အံ့ဘွယ်သော အမှုတို့ကို ပြုကြ၏။
28He hath sent darkness, and it is dark, And they have not provoked His word.
28မှောင်မိုက်ကိုစေလွှတ်၍၊ မိုက်မဲစေတော်မူ၏။ သူတို့သည် နှုတ်ကပတ်တော်ကို ဆန့်ကျင်ဘက်မပြုရကြ။
29He hath turned their waters to blood, And putteth to death their fish.
29သူတို့ရေများကို အသွေးဖြစ်စေ၍၊ ငါးများကို သေစေတော်မူ၏။
30Teemed hath their land [with] frogs, In the inner chambers of their kings.
30သူတို့မြေသည် များစွာသော ဘားတို့ကို မင်းအိပ်ရာအခန်းတို့ ၌ပင်ဘွားလေ၏။
31He hath said, and the beetle cometh, Lice into all their border.
31အမိန့်တော်ရှိ၍ ယင်ရဲနှင့်ခြင်တို့သည် တပြည် လုံးကို နှံ့ပြား ကြ၏။
32He hath made their showers hail, A flaming fire [is] in their land.
32မိုဃ်းရေအစား မိုဃ်းသီးကို၎င်း၊ သူတို့မြေပေါ် မှာ မီးလျှံကို၎င်း ပေးတော်မူ၏။
33And He smiteth their vine and their fig, And shivereth the trees of their border.
33သူတို့စပျစ်နွယ်ပင်နှင့် သင်္ဘောသဖန်းပင်တို့ကို ထိခိုက်၍၊ တပြည်လုံး၌ရှိသော သစ်ပင်များကို ချိုးတော် မူ၏။
34He hath said, and the locust cometh, And the cankerworm — innumerable,
34အမိန့်တော်ရှိ၍ မရေတွက်နိုင်အောင်၊ အရာ ဘကျိုင်းနှင့် ယာလက်ကျိုင်းတို့သည် လာ၍၊
35And it consumeth every herb in their land, And it consumeth the fruit of their ground.
35သူတို့ပြည်မှာ ဟင်းသီးဟင်းရွက်ရှိသမျှတို့ကို၎င်း၊ မြေဩဇာ အသီးအနှံတို့ကို၎င်းကိုက်စားကြ၏။
36And He smiteth every first-born in their land, The first-fruit of all their strength,
36သူတို့အစွမ်းသတ္တိ အထွဋ်အမြတ်တည်းဟူသော သူတို့ပြည်မှာ သားဦးအပေါင်းတို့ကို ဒဏ်ခတ်တော်မူ၏။
37And bringeth them out with silver and gold, And there is not in its tribes a feeble one.
37မိမိလူတို့ကို ရွှေငွေပါလျက် ထုတ်ဆောင်တော် မူ၍၊ သူတို့အစုစု၌ အားနည်းသော သူတယောက်မျှမရှိ။
38Rejoiced hath Egypt in their going forth, For their fear had fallen upon them.
38အဲဂုတ္တုပြည်သည် သူတို့ကို ကြောက်သော ကြောင့်၊ သူတို့သည် ထွက်သွားသောအခါ တပြည်လုံး ဝမ်းမြောက်၏။
39He hath spread a cloud for a covering, And fire to enlighten the night.
39သူတို့အပေါ်မှာ မိုဃ်းတိမ်ကိုဖြန့်မိုး၍၊ ညဉ့်အခါ လင်းစရာဘို့ မီးကိုပေးတော်မူ၏။
40They have asked, and He bringeth quails, And [with] bread of heaven satisfieth them.
40သူတို့သည် တောင်းသောအခါ ငုံးများကို ဆောင်ခဲ့တော်မူ၍၊ သူတို့ကို ကောင်းကင်မုန့်နှင့် ရောင့်ရဲ စေတော်မူ၏။
41He hath opened a rock, and waters issue, They have gone on in dry places — a river.
41ကျောက်ကိုလည်း ဖွင့်လှစ်တော်မူသဖြင့်၊ ရေ သည် ထွက်၍ သွေ့ခြောက်သောအရပ်၌ မြစ်ကဲ့သို့စီးသွား လေ၏။
42For He hath remembered His holy word, With Abraham His servant,
42အကြောင်းမူကား၊ မိမိကျွန် အာဗြဟံ၌ ထားခဲ့ ဘူးသော သန့်ရှင်းသော ဂတိတော်ကို အောက်မေ့တော် မူ၏။
43And He bringeth forth His people with joy, With singing His chosen ones.
43ရွေးကောက်တော်မူသော မိမိလူတို့ကို ဝမ်း မြောက်ရွှင်လန်းခြင်းနှင့်တကွ ထုတ်ဆောင်တော်မူ၏။
44And He giveth to them the lands of nations, And the labour of peoples they possess,
44သူတို့သည် အထုံးအဖွဲ့တော်တို့အတိုင်း ကျင့်၍၊ ပညတ်တရားတော်ကို စောင့်ရှောက်မည်အကြောင်း၊ တပါးအမျိုးသားတို့၏မြေကို ပေးတော်မူသဖြင့်၊ သူတို့ သည် အခြားသောလူတို့၏ အလုပ်ထဲသို့ ဝင်စားရကြ၏။ ဟာလေလုယ။
45That they may observe His statutes, And His laws may keep. Praise ye Jehovah!