1A Song of the Ascents. Those trusting in Jehovah [are] as Mount Zion, It is not moved — to the age it abideth.
1ထာဝရဘုရားကို ခိုလှုံသော သူတို့သည် မတုန် မလှုပ်၊ အစဉ်အမြဲတည်သော ဇိအုန်တောင်ကဲ့သို့ ဖြစ်ကြ ၏။
2Jerusalem! mountains [are] round about her, And Jehovah [is] round about His people, From henceforth even unto the age.
2တောင်ရိုးတို့သည် ယေရုရှလင်မြို့ကို ဝန်းရံ သကဲ့သို့၊ ထာဝရဘုရားသည် မိမိလူတို့ကို ယခုမှစ၍၊ ကာလအစဉ်မပြတ်ဝန်းရံတော်မူ၏။
3For the rod of wickedness resteth not On the lot of the righteous, That the righteous put not forth on iniquity their hands.
3ဖြောင့်မတ်သော သူတို့သည် ဒုစရိုက်ကို ပြုသော အခွင့်မရှိစေခြင်းငှါ၊ မတရားသောသူတို့၏ လှံတံသည် ဖြောင့်မတ်သော သူတို့၏ အမွေခံရာအဘို့အပေါ်မှာ မတည်မနေရ။
4Do good, O Jehovah, to the good, And to the upright in their hearts.
4အိုထာဝရဘုရား၊ ကောင်းသောသူ၊ သဘော ဖြောင့်သော သူတို့အား ကျေးဇူးပြုတော်မူပါ။
5As to those turning [to] their crooked ways, Jehovah causeth them to go with workers of iniquity. Peace on Israel!
5ကောက်သောလမ်းများသို့ လွှဲသွားသော သူတို့ ကိုကား၊ ထာဝရဘုရားသည် မတရားသဖြင့်ပြုသော သူတို့နှင့်အတူ ထုတ်သွားတော်မူမည်။ ဣသရေလအမျိုး ၌ ငြိမ်ဝပ်ခြင်း ရှိပါစေသော။