1وبنو راوبين بكر اسرائيل. لانه هو البكر ولاجل تدنيسه فراش ابيه أعطيت بكوريته لبني يوسف بن اسرائيل فلم ينسب بكرا.
1ရုဗင်သည် ဣသရေလ၏ သားဦးဖြစ်သော် လည်း၊ အဘအိပ်ရာကို ညစ်ညူးစေသောကြောင့်၊ သားဦး အရာကိုနှုတ်ပြီးလျှင်၊ ဣသရေလ၏သားဖြစ်သော ယောသပ်၏ သားတို့အား ပေးသည်ဖြစ်၍၊ သားစဉ် မြေးဆက်တို့ကို မှတ်သောအခါ၊ သားဦးအရာကို လိုက်၍ မမှတ်ရ။
2لان يهوذا اعتزّ على اخوته ومنه الرئيس واما البكورية فليوسف
2ယုဒသည်လည်း ညီအစ်ကိုတို့တွင် လွန်ကဲ၍ သူ၏အမျိုးထဲက မင်းဖြစ်တတ်သော်လည်း၊ သားဦးအရာ ကိုမရ၊ ယောသပ်ရ၏။
3بنو رأوبين بكر اسرائيل حنوك وفلّو وحصرون وكرمي.
3ဣသရေလ၏ သားဦးရုဗင်သားကား ဟာနုတ်၊ ဖာလု၊ ဟေဇရုံ၊ ကာမိတည်း။
4بنو يوئيل ابنه شمعيا وابنه جوج وابنه شمعي.
4ယောလသားကား ရှေမာယ၊ ရှေမာယသား ဂေါဂ၊ ဂေါဂသား ရှေမိ၊
5وابنه ميخا وابنه رآيا وابنه بعل
5ရှေမိသားမိက္ခ၊ မိက္ခသားရာယ၊ ရာယသား ဗာလတည်း။
6وابنه بئيرة الذي سباه تغلث فلناسر ملك اشور. هو رئيس الرأوبينيين.
6ဗာလသားကား၊ အာရှုရိရှင်ဘုရင် တိဂလတ် ပိလေသာ သိမ်းသွားသော ရုဗင်အမျိုး မင်းဗေရာတည်း။
7واخوته حسب عشائرهم في الانتساب حسب مواليدهم الرئيس يعيئيل وزكريا
7သူ၏ညီ ယေယေလနှင့် ဇာခရိတို့သည်လည်း၊ သားစဉ်မြေးဆက် စာရင်းယူသောအခါ အဆွေအမျိုး သူကြီးဖြစ်သတည်း။
8وبالع بن عزاز بن شامع بن يوئيل الذي سكن في عروعير حتى الى نبو وبعل معون.
8ထိုအတူ ယောလ၊ ရှေမ၊ အာဇတ်တို့မှ ဆင်း သက်သော ဗေလသည်လည်းမင်းဖြစ်လျက်၊ အာရော်မြို့ မှစ၍ နေဗောမြို့၊ ဗာလမောင်မြို့တိုင်အောင် နေရာ ကျယ်၏။
9وسكن شرقا الى مدخل البرية من نهر الفرات لان ماشيتهم كثرت في ارض جلعاد.
9ဂိလဒ်ပြည်၌ သိုးနွားများပြားသောကြောင့်၊ အရှေ့မျက်နှာ၌ ဥဖရတ်မြစ်နှင့်ဆိုင်သော တောဝင်ဝ တိုင်အောင် နေရာကျယ်၏။
10وفي ايام شاول عملوا حربا مع الهاجريين فسقطوا بايديهم وسكنوا في خيامهم في جميع جهات شرق جلعاد.
10ရှောလုမင်းလက်ထက် ဟာဂရအမျိုးသားတို့ကို စစ်တိုက်၍ လုပ်ကြံသဖြင့်၊ ဂိလဒ်ပြည်အရှေ့ပိုင်း တရှောက်လုံးတွင် ဟာဂရ၏နေရာကို ယူရနေရာကျကြ ၏။
11وبنو جاد سكنوا مقابلهم في ارض باشان حتى الى سلخة.
11သူတို့တဘက်တချက်၊ ဗာရှန်ပြည်တွင် သလကာမြို့တိုင်အောင် ဂဒ်အမျိုးသားတို့သည် နေရာ ကျကြ၏။
12يوئيل الراس وشافاط ثانيه ويعناي وشافاط في باشان.
12ဗာရှန်ပြည်၌ အကြီးအကဲကား ယောလ၊ ထိုနောက် ရှာဖံ၊ ယာနဲ၊ ရှာဖတ်တည်း။
13واخوتهم حسب بيوت آبائهم ميخائيل ومشلام وشبع ويوراي ويعكان وزيع وعابر. سبعة.
13သူတို့အဆွေအမျိုးချင်း ပေါက်ဘော်တော်သော သူကားမိက္ခေလ၊ မေရှုလံ၊ ရှေဘ၊ ယောရဲ၊ ယာခန်၊ ဇယာ၊ ယေဗာ၊ ပေါင်းခုနစ်ယောက်တည်း။
14هؤلاء بنو ابيحايل بن حوري بن ياروح بن جلعاد بن ميخائيل بن يشيشاي بن يحدو بن بوز
14ထိုသူတို့သည် ဂုနိ၊ အာဗဒျေလ၊ ဗုဇာတိ၊ ယာဒေါ၊ ယေရှိရှဲ၊ မိက္ခေလ၊ ဂိလဒ်၊ ယာရော်၊ ဟုရိ၊ အဘိဟဲလအမျိုးအနွယ်ဖြစ်သတည်း။ ဂုနိကား ထိုအဆွေ အမျိုး၏ သူကြီဖြစ်၏။
15واخي بن عبديئيل بن جوني رئيس بيت آبائهم.
16သူတို့သည် ဂိလဒ်ပြည်၊ ဗာရှန်ပြည်မြို့ရွာ၊ ရှာရုန်မြို့ပတ်လည်ပြည်စွန်းတိုင်အောင် နေရာကျကြ၏။
16وسكنوا في جلعاد في باشان وقراها وفي جميع مسارح شارون عند مخارجها.
17ဤသူအပေါင်းတို့သည် ယုဒရှင်ဘုရင် ယောသံ နှင့် ဣသရေလရှင်ဘုရင် ယေရောဗောင်လက်ထက် သားစဉ်မြေးဆက် စာရင်းဝင်ကြ၏။
17جميعهم انتسبوا في ايام يوثام ملك يهوذا وفي ايام يربعام ملك اسرائيل
18ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတဝက်တွင် ဒိုင်းနှင့် ထားကို ကိုင်၍ လေးနှင့် ပစ်တတ်သဖြင့်၊ စစ်မှု စစ်ရေးကို လေ့ကျက်၍ စစ်ချီတတ်သော စစ်သူရဲပေါင်း ကား၊ လေးသောင်းလေးထောင်ခုနစ်ရာခြောက်ဆယ် တည်း။
18بنو رأوبين والجاديون ونصف سبط منسّى من بني البأس رجال يحملون الترس والسيف ويشدّون القوس ومتعلمون القتال اربعة واربعون الفا وسبع مئة وستون من الخارجين في الجيش.
19ထိုသူတို့သည် ဟာဂရအမျိုးသားတို့နှင့် စစ်တိုက် ကြ၏။
19وعملوا حربا مع الهاجريين ويطور ونافيش ونوداب.
20စစ်တိုက်သောအခါ ဘုရားသခင်ကို ကိုးစား၍ ဆုတောင်းသောကြောင့်၊ ဘုရားသခင် မစတော် မူခြင်းကျေးဇူးအားဖြင့်၊ ဟာဂရလူတို့နှင့် သူတို့ဥစ္စာ ရှိသမျှကိုရကြ၏။
20فانتصروا عليهم فدفع ليدهم الهاجريون وكل من معهم لانهم صرخوا الى الله في القتال فاستجاب لهم لانهم اتكلوا عليه.
21ကုလားအုပ်ငါးထောင်၊ သိုးနှစ်သိန်းငါးသောင်း၊ မြည်းနှစ်ထောင်၊ လူတသိန်းတို့ကိုသိမ်းယူကြ၏။
21ونهبوا ماشيتهم جمالهم خمسين الفا وغنما مئتين وخمسين الفا وحميرا الفين وسبوا اناسا مئة الف.
22ဘုရားသခင့်အခွင့်နှင့် စစ်တိုက်သောကြောင့်၊ ရန်သူအများတို့သည် လဲသေကြ၏။ ဣသရေလလူတို့ သည် သိမ်းသွားခြင်းအမှုမရောက်မှီတိုင်အောင်၊ ဟာဂရ လူတို့နေရာ၌ နေရာကျကြ၏။
22لانه سقط قتلى كثيرون لان القتال انما كان من الله. وسكنوا مكانهم الى السبي
23မနာရှေအမျိုးတဝက်သည်၊ ထိုပြည်တွင် ဗာရှန် မြို့မှစ၍ ဗာလဟေရမုန်မြို့၊ စနိရမြို့၊ ဟေရမုန်တောင် တိုင်အောင် ပွားများလျက်နေ၏။
23وبنو نصف سبط منسّى سكنوا في الارض وامتدّوا من باشان الى بعل حرمون وسنير وجبل حرمون.
24အဆွေအမျိုးသူကြီးများဟူမူကား၊ ခွန်အား ကြီး၍ ကျော်စောသော စစ်သူရဲဧဖာ၊ ဣရှိ၊ ဧလျေလ၊ အာဇရေလ၊ ယေရမိ၊ ဟောဒဝိ၊ ယာဒျေလတည်း။
24وهؤلاء رؤوس بيوت آبائهم. عافر ويشعي واليئيل وعزريئيل ويرميا وهودوبا ويحديئيل رجال جبابرة بأس وذوو اسم ورؤوس لبيوت آبائهم.
25သို့ရာတွင် ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုး တဝက်သည် ဘိုးဘေးတို့၏ ဘုရားသခင်ကို ပြစ်မှား၍၊ မိမိတို့ရှေ့မှာ ဘုရားသခင်ဖျက်ဆီးတော်မူသောပြည်သား တို့ ဘုရားများနှင့် မှားယွင်းကြ၏။
25وخانوا اله آبائهم وزنوا وراء آلهة شعوب الارض الذين طردهم الرب من امامهم.
26သို့ဖြစ်၍ ဣသရေလအမျိုး၏ ဘုရားသခင်သည် အာရှုရိရှင်ဘုရင် ပုလနှင့်ရှင်ဘုရင် တိဂလတ်ပိလေသာ စိတ်ကို နှိုးဆော်တော်မူသဖြင့်၊ နောက်ရှင်ဘုရင်သည် ထိုဣသရေလအမျိုးသားတို့ကို ဂေါဇန်မြစ်နား၊ ဟေလမြို့၊ ဟာဗော်မြို့၊ ဟာရမြို့သို့ သိမ်းသွား၍ ယနေ့တိုင်အောင် နေရာချထား၏။
26فنبّه اله اسرائيل روح فول ملك اشور وروح تلغث فلناسر ملك اشور فسباهم الرأوبينيين والجاديين ونصف سبط منسّى واتى بهم الى حلح وخابور وهارا ونهر جوزان الى هذا اليوم