الكتاب المقدس (Van Dyke)

Myanmar

1 Samuel

24

1ولما رجع شاول من وراء الفلسطينيين اخبروه قائلين هوذا داود في برية عين جدي.
1ရှောလုသည်လည်း ဖိလိတ္တိလူတို့ကို လိုက်ရာမှ ပြန်လာသောအခါ၊ ဒါဝိဒ်သည် အင်္ဂေဒိတော၌ ရှိပါ၏ဟု ကြားလျှောက်ကြလျှင်၊
2فاخذ شاول ثلاثة آلاف رجل منتخبين من جميع اسرائيل وذهب يطلب داود ورجاله على صخور الوعول.
2ဣသရေလအမျိုးသားအပေါင်းတို့တွင် ရွေးကောက်သော လူသုံးထောင်တို့ကို ခေါ်၍၊ တောဆိတ်နေရာ ကျောက်တောင်တို့အပေါ်မှာ ဒါဝိဒ်နှင့် သူ၏လူတို့ကို ရှာအံ့သောငှါ သွားလေ၏။
3وجاء الى صير الغنم التي في الطريق وكان هناك كهف فدخل شاول لكي يغطي رجليه وداود ورجاله كانوا جلوسا في مغابن الكهف.
3လမ်းနားမှာ သိုးခြံရှိရာသို့ရောက်၍ ဥမင်ကို တွေ့သဖြင့်၊ ရှောလုသည် အိပ်မည်ဟု ဝင်လေ၏။ ဒါဝိဒ်နှင့်သူ၏လူတို့သည် ထိုဥမင်နံဖေး တဘက်တချက်၌ နေကြ၏။
4فقال رجال داود له هوذا اليوم الذي قال لك عنه الرب هانذا ادفع عدوك ليدك فتفعل به ما يحسن في عينيك. فقام داود وقطع طرف جبّة شاول سرّا.
4ဒါဝိဒ်၏လူတို့ကလည်း၊ ထာဝရဘုရားက၊ သင်၏ရန်သူကို သင့်လက်၌ ငါအပ်မည်။ သူ၌ သင်ပြုချင်တိုင်းပြုရသော အခွင့်ရှိလိမ့်မည်ဟု ကိုယ်တော်အား အမိန့်ပေးတော်မူသော နေ့ရက် ရောက်ပါပြီဟု ဆိုကြလျှင်၊ ဒါဝိဒ်သည် ထ၍ ရှောလု ဝတ်လျက်ရှိသော အင်္ကျီအောက်ပိုင်းကို တိတ်ဆိတ်စွာ လှီးဖြတ်လေ၏။
5وكان بعد ذلك ان قلب داود ضربه على قطعه طرف جبة شاول.
5ထိုသို့ ရှောလု၏ အင်္ကျီကို လှီးဖြတ် မိသောကြောင့်၊ ဒါဝိဒ်သည် နောက်တဖန် နောင်တရ၍၊
6فقال لرجاله حاشا لي من قبل الرب ان اعمل هذا الامر بسيدي بمسيح الرب فامدّ يدي اليه لانه مسيح الرب هو.
6ထာဝရဘုရားပေးတော်မူသော ဘိသိက်ကိုခံရသော ငါအရှင်သည်၊ ထာဝရဘုရားအခွင့်နှင့် ဘိသိက်ခံသူဖြစ်သောကြောင့်၊ ထိုအရှင်ကို ထိခိုက်ခြင်းငှါ ငါလက်ဆန့်သော အမှုကို ထာဝရဘုရား ဆီးတားတော်မူပါစေသောဟု မိမိလူတို့အားဆိုသဖြင့်၊
7فوبّخ داود رجاله بالكلام ولم يدعهم يقومون على شاول. واما شاول فقام من الكهف وذهب في طريقه.
7ရှောလုကို ထိခိုက်စေခြင်းငှါ အခွင့်မပေး မြစ်တားလေ၏။ ရှောလုသည်လည်း ထ၍ ဥမင်ထဲက ထွက်သွားလေ၏။
8ثم قام داود بعد ذلك وخرج من الكهف ونادى وراء شاول قائلا يا سيدي الملك. ولما التفت شاول الى ورائه خرّ داود على وجهه الى الارض وسجد.
8ထိုနောက် ဒါဝိဒ်သည် ထ၍ ဥမင်ထဲက ထွက်လျက်၊ ကျွန်တော်၏ သခင်အရှင်းမင်းကြီးဟု ရှောလု နောက်၌ ဟစ်သဖြင့်၊ ရှောလုသည် နောက်သို့ကြည့်သောအခါ၊ ဒါဝိဒ်သည် မြေပေါ်၌ ဦးချ၍ ပြပ်ဝပ်လျက်၊
9وقال داود لشاول لماذا تسمع كلام الناس القائلين هوذا داود يطلب اذيتك.
9ဒါဝိဒ်သည် ကိုယ်တော်၏အကျိုးကို ဖျက်ခြင်းငှါ ရှာကြံသည်ဟု လူအချို့ပြောသောစကားကို အဘယ်ကြောင့် နားထောင်တော်မူသနည်း။
10هوذا قد رأت عيناك اليوم هذا كيف دفعك الرب اليوم ليدي في الكهف وقيل لي ان اقتلك ولكنني اشفقت عليك وقلت لا امد يدي الى سيدي لانه مسيح الرب هو.
10ယနေ့ ထာဝရဘုရားသည် ဥမင်ထဲမှာ ကိုယ်တော်ကို ကျွန်တော်လက်၌ အပ်တော်မူကြောင်းကို ကြည့်ရှုတော်မူပါ။ အသက်တော်ကို သတ်စေခြင်းငှါ အချို့တို့သည် တိုက်တွန်းသော်လည်း၊ ကျွန်တော်သည် နှမြောသော စိတ်ရှိ၍၊ ငါ့အရှင်သည် ထာဝရဘုရား၏ ဘိသိက်ခံသူ ဖြစ်တော်မူ သောကြောင့်၊ ထိုအရှင်ကို ထိခိုက်ခြင်းငှါ ငါသည် လက်ကို မဆန့်ဟု အကြံရှိပါ၏။
11فانظر يا ابي انظر ايضا طرف جبّتك بيدي. فمن قطعي طرف جبّتك وعدم قتلي اياك اعلم وانظر انه ليس في يدي شر ولا جرم ولم اخطئ اليك وانت تصيد نفسي لتاخذها.
11ထိုမှတပါး ကျွန်တော်အဘကြည့်ရှုတော်မူပါ။ ကျွန်တော်လက်၌ အင်္ကျီတော်အောက်ပိုင်းကို ကြည့်ရှုတော်မူပါ။ အသက်တော်ကို မသတ်၊ အင်္ကျီတော်အောက်ပိုင်းကို လှီးဖြတ်ရုံမျှသာပြုသောကြောင့်၊ ကျွန်တော်၌ ဒုစရိုက်အပြစ်မရှိ၊ လွန်ကျူးခြင်းအပြစ်မရှိကြောင်းကို သိမြင်တော်မူပါ။ ကိုယ်တော်ကို မပြစ်မှားပါ။ သို့သော်လည်း ကျွန်တော်အသက်ကို သတ်အံ့သောငှါ လိုက်၍ ရှာတော်မူပါသည်တကား။
12يقضي الرب بيني وبينك وينتقم لي الرب منك ولكن يدي لا تكون عليك.
12ထာဝရဘုရားသည် ကျွန်တော်နှင့် ကိုယ်တော်စပ်ကြားမှာ စီရင်တော်မူပါစေသော။ ကျွန်တော်အား ပြစ်မှားသောအပြစ်ကို ထာဝရဘုရား ဆပ်ပေးတော်မူပါစေသော။ သို့ရာတွင် ကျွန်တော်လက်သည် ကိုယ်တော်အပေါ်သို့ မရောက်ပါစေနှင့်။
13كما يقول مثل القدماء من الاشرار يخرج شر ولكن يدي لا تكون عليك.
13ရှေးပုံစကားလာသည်အတိုင်း၊ ဆိုးသောသူလက်မှ ဆိုးသောအမှုထွက်တတ်၏။ သို့ရာတွင် ကျွန်တော်လက်သည် ကိုယ်တော်အပေါ်သို့ မရောက်ပါစေနှင့်။
14وراء من خرج ملك اسرائيل. وراء من انت مطارد. وراء كلب ميت. وراء برغوث واحد.
14ဣသရေလရှင်ဘုရင်သည် အဘယ်သူ၏အတွက်ကြောင့် ကြွလာတော်မူသနည်း။ ကိုယ်တော်သည် အဘယ်သူကို လိုက်၍ ရှာတော်မူသနည်း။ ခွေးသေကောင်ကို လိုက်၍ ရှာတော်မူသလော။ ခွေးလှေးကို လိုက်၍ရှာတော်မူသလော။
15فيكون الرب الديان ويقضي بيني وبينك ويرى ويحاكم محاكمتي وينقذني من يدك
15သို့ဖြစ်၍ ထာဝရဘုရားသည် တရားသူကြီးလုပ်တော်မူပါစေသော။ ကျွန်တော်နှင့် ကိုယ်တော် စပ်ကြားမှာ စီရင်တော်မူပါစေသော။ ကြည့်ရှု၍ ကျွန်တော်အမှုကို စောင့်သဖြင့်၊ ကျွန်တော်ကို ကိုယ်တော်လက်မှ ကယ်လွှတ်တော်မူပါစေသောဟု ရှောလုအား လျှောက်ဆို၏။
16فلما فرغ داود من التكلم بهذا الكلام الى شاول قال شاول أهذا صوتك يا ابني داود. ورفع شاول صوته وبكى.
16ထိုသို့ဒါဝိဒ်သည် ရှောလုအား အကုန်အစင် လျှောက်ဆိုပြီးမှ၊ ရှောလုက ငါ့သားဒါဝိဒ်၊ ငါကြားသော စကားသံသည် သင့်စကားသံလောဟုမေးလျှင် အသံကို လွှင့်၍ ငိုကြွေးလေ၏။
17ثم قال لداود انت ابرّ مني لانك جازيتني خيرا وانا جازيتك شرا.
17တဖန်လည်း၊ သင်သည် ငါ့ထက်သာ၍ တရားစောင့်၏။ သင့်အကျိုးကို ငါဖျက်သော်လည်း၊ သင်သည် ငါ၌ အကျိုးကျေးဇူးပြုပြီ။
18وقد اظهرت اليوم انك عملت بي خيرا لان الرب قد دفعني بيدك ولم تقتلني.
18ငါ၌ အဘယ်သို့ကျေးဇူးပြုသည်ကို သင်သည် ယနေ့ပြပြီ။ အကြောင်းမူကား၊ ထာဝရဘုရားသည် ငါ့ကို သင့်လက်၌ အပ်တော်မူသော်လည်း၊ သင်သည် မသတ်ဘဲနေပါသည်တကား။
19فاذا وجد رجل عدّوه فهل يطلقه في طريق خير. فالرب يجازيك خيرا عما فعلته لي اليوم هذا.
19လူသည် ရန်သူကို တွေ့လျှင် ချမ်းသာစွာ လွှတ်လိမ့်မည်လော။ သို့ဖြစ်၍ သင်သည် ငါ၌ယနေ့ပြုသော ကျေးဇူးကို ထာဝရဘုရား ဆပ်တော်မူပါစေသော။
20والآن فاني علمت انك تكون ملكا وتثبت بيدك مملكة اسرائيل.
20ယခုမှာ သင်သည် စင်စစ်ရှင်ဘုရင်ဖြစ်လိမ့်မည်ဟူ၍၎င်း၊ ဣသရေလ နိုင်ငံသည် သင့်လက်၌ တည်လိမ့်မည်ဟူ၍၎င်း၊ ငါအမှန်သိ၏။
21فاحلف لي الآن بالرب انك لا تقطع نسلي من بعدي ولا تبيد اسمي من بيت ابي.
21သို့ဖြစ်၍ သင်သည် ငါ၏သားစဉ်မြေးဆက်တို့ကို မသုတ်သင်၊ ငါ့အဆွေအမျိုးထဲက ငါ၏နာမကို မပယ်ရှင်းမည်အကြောင်း ထာဝရဘုရားကို တိုင်တည်၍ ငါ့အားကျိန်ဆိုခြင်းကို ပြုလော့ဟု ဒါဝိဒ်အားဆိုပြီးမှ၊
22فحلف داود لشاول. ثم ذهب شاول الى بيته واما داود ورجاله فصعدوا الى الحصن
22ဒါဝိဒ်သည် ရှောလုအား ကျိန်ဆိုခြင်းကိုပြု၍ ရှောလုသည် မိမိနေရာသို့ သွား၏။ ဒါဝိဒ်နှင့် သူ၏လူတို့သည်လည်း ခိုင်ခံ့သောအရပ်သို့ သွားကြ၏။