1ولما جاء رحبعام الى اورشليم جمع من بيت يهوذا وبنيامين مئة وثمانين الف مختار محارب ليحارب اسرائيل ليرد الملك الى رحبعام.
1ရောဗောင်သည် ယေရုရှလင်မြို့သို့ ရောက် သောအခါ၊ ဣသရေလအမျိုးကို စစ်တိုက်၍၊ နိုင်ငံတော် ကို ရောဗောင်လက်သို့ ရောက်ပြန်စေခြင်းငှါ၊ ယုဒအမျိုး နှင့် ဗင်္ယာမိန်အမျိုးထဲက ရွေးချယ်သော စစ်သူရဲတသိန်း ရှစ်သောင်းတို့ကို စုဝေးစေ၏။
2وكان كلام الرب الى شمعيا رجل الله قائلا
2သို့ရာတွင် ဘုရားသခင်၏ နှုတ်ကပတ်တော် သည် ဘုရားသခင်၏လူရှေမာယသို့ရောက်၍၊
3كلم رحبعام بن سليمان ملك يهوذا وكل اسرائيل في يهوذا وبنيامين قائلا
3သင်သည် ရှောလမုန်သား ယုဒရှင်ဘုရင် ရော ဗောင်နှင့်ယုဒခရိုင်၊ ဗင်္ယာမိန်ခရိုင်၌ရှိသော ဣသရေလ လူအပေါင်းတို့အား ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊
4هكذا قال الرب لا تصعدوا ولا تحاربوا اخوتكم. ارجعوا كل واحد الى بيته لانه من قبلي صار هذا الامر. فسمعوا لكلام الرب ورجعوا عن الذهاب ضد يربعام
4သင်တို့ညီအစ်ကိုတို့ကို စစ်တိုက်ခြင်းငှါ ချီ၍ မသွားကြနှင့်။ လူအပေါင်းတို့၊ ကိုယ်နေရာသို့ ပြန်သွား ကြလော့။ ဤအမှုကိုငါစီရင်ပြီဟု မိန့်တော်မူသော ထာဝရဘုရား၏ စကားတော်ကိုနားထောင်၍၊ ယေရော ဗောင်ကို စစ်မချီ၊ ပြန်သွားကြ၏။
5واقام رحبعام في اورشليم وبنى مدنا للحصار في يهوذا.
5ရောဗောင်သည် ယေရုရှလင်မြို့၌နေ၍၊ ယုဒပြည် ၌ ခိုင်ခံ့သောမြို့ တို့ကိုပြုစုရာတွင်၊
6فبنى بيت لحم وعيطام وتقوع
6ဗက်လင်မြို့၊ ဧတံမြို့၊ တေကောမြို့၊
7وبيت صور وسوكو وعدلام
7ဗက်ဇုရမြို့၊ ရှောကောမြို့၊ အဒုလံမြို့၊
8وجتّ ومريشة وزيف
8ဂါသမြို့၊ မရေရှမြို့၊ ဇိဖမြို့၊
9وادورايم ولخيش وعزيقة
9အဒေါရိမ်မြို့၊ လာခိရှမြို့၊ အဇေကာမြို့၊
10وصرعة وايلون وحبرون التي في يهوذا وبنيامين مدنا حصينة
10ဇောရာမြို့၊ အာဇလုန်မြို့၊ ဟေဗြုန်မြို့တည်း ဟူသော ယုဒခရိုင် နှင့်ဗင်္ယာမိန်ခရိုင်တွင် ခိုင်ခံ့သော မြို့တို့ကို ပြုစုလေ၏။
11وشدد الحصون وجعل فيها قوادا وخزائن مأكل وزيت وخمر
11ရဲတိုက်များကိုလည်း ခိုင်ခံ့စေ၍၊ အကြီးအကဲ နှင့်တကွ ဆီ၊ စပျစ်ရည်များ၊ ရိက္ခာများကို သိုထားလေ၏။
12واتراسا في كل مدينة ورماحا وشددها كثيرا جدا وكان له يهوذا وبنيامين
12ယုဒအမျိုးနှင့် ဗင်္ယာမိန်အမျိုးသည် အမှုတော် ကို ထမ်းရွက်သောကြောင့်၊ မြို့အသီးအသီးတို့၌ ဒိုင်းလွှား လှံလက်နက်များကို ထား၍ အလွန်ခိုင်ခံ့စေ၏။
13والكهنة واللاويون الذين في كل اسرائيل مثلوا بين يديه من جميع تخومهم.
13ဣသရေလပြည် အရပ်ရပ်၌ရှိသော ယဇ် ပုရောဟိတ်လေဝိသားတို့သည်၊ မိမိတို့နေရာမှ အထံတော် သို့လာကြ၏။
14لان اللاويين تركوا مسارحهم واملاكهم وانطلقوا الى يهوذا واورشليم لان يربعام وبنيه رفضوهم من ان يكهنوا للرب.
14လေဝိသားတို့သည်၊ မိမိတို့နေရာဖြစ်သော ပိုင်ထိုက်ရာအရပ်ကို စွန့်၍၊ ယုဒပြည်ယေရုရှင်မြို့သို့ ရောက်လာသောအကြောင်းဟူမူကား၊ ယေရောဗောင်နှင့် သူ၏သားတို့သည်၊ လေဝိသားတို့ကို ထာဝရဘုရား ရှေ့တော်၌ ယဇ်ပုရောဟိတ်အမှုကို စောင့်ရသောအရာမှ ချ၍၊
15واقام لنفسه كهنة للمرتفعات وللتيوس وللعجول التي عمل.
15မြင့်သောအရပ်၊ နတ်ဆိုး၊ မိမိလုပ်သော နွား သငယ်တို့အဘို့၊ ယဇ်ပုရောဟိတ်တို့ကို ခန့်ထားသတည်း။
16وبعدهم جاء الى اورشليم من جميع اسباط اسرائيل الذين وجهوا قلوبهم الى طلب الرب اله اسرائيل ليذبحوا للرب اله آبائهم.
16ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား ကို ရှာလိုသောငှါ၊ သဘောချသော သူတို့သည်လည်း၊ ဣသရေလခရိုင်များထဲက ထွက်၍၊ ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားအား ယဇ်ပူဇော်အံ့သောငှါ၊ လေဝိသားတို့နောက်သို့လိုက်၍၊ ယေရုရှလင်မြို့သို့ ရောက်လာကြ၏။
17وشددوا مملكة يهوذا وقووا رحبعام بن سليمان ثلاث سنين لانهم ساروا في طريق داود وسليمان ثلاث سنين
17ထိုသူတို့သည် ယုဒနိုင်ငံကို အားပေး၍ ရှော လမုန်သား ရောဗောင်ကို သုံးနှစ်ပတ်လုံးခိုင်ခံ့စေကြ၏။ သုံးနှစ်ပတ်လုံး ဒါဝိဒ်လမ်း၊ ရှောလမုန်လမ်းသို့ လိုက်ကြ ၏။
18واتخذ رحبعام لنفسه امرأة محلة بنت يريموث بن داود وابيجايل بنت الياب بن يسّى
18ရောဗောင်သည်လည်း ဒါဝိဒ်သား ယေရိမုတ် သမီး မဟာလတ်၊ ယေရှဲသား ဧလျာဘသမီး အဘိဟဲလ နှင့်စုံဘက်၍၊
19فولدت له بنين يعوش وشمريا وزاهم
19ယုရှ၊ ရှမာရိ၊ ဇာဟံ၊ သားသုံးယောက်တို့ကို မြင်ရ၏။
20ثم بعدها اخذ معكة بنت ابشالوم فولدت له ابيا وعتّاي وزيزا وشلوميث.
20ထိုနောက်၊ အဗရှလုံသမီးမာခါနှင့်စုံဘက်၍ အဘိယ၊ အတ္တဲ၊ ဇိဇ၊ ရှေလောမိတ်တို့ကို မြင်ရ၏။
21واحب رحبعام معكة بنت ابشالوم اكثر من جميع نسائه وسراريه لانه اتخذ ثمانية عشر امرأة وستين سرية وولد ثمانية وعشرين ابنا وستين ابنة.
21ရောဗောင်သည် ခင်ပွန်းတဆယ်ရှစ်ယောက်၊ ဗမာင်းမမိဿံ ခြောက်ဆယ်တို့ကို သိမ်းယူ၍၊ သားနှစ် ဆယ်ရှစ်ယောက်၊ သမီးခြောက်ဆယ်တို့ကို ရသည်တွင်၊ အဗရှလုံသမီးမာခါကို အခြားသောခင်ပွန်း မောင်းမ မိဿံအပေါင်းတို့ထက်သာ၍ ချစ်သောကြောင့်၊
22واقام رحبعام ابيا ابن معكة راسا وقائدا بين اخوته لكي يملّكه.
22မာခါ၏ သားအဘိယကို ရှင်ဘုရင်အရာ၌ ခန့် ထားမည်အကြံရှိ၍၊ ညီအစ်ကိုတို့တွင်၊ အကြီးဆုံးဖြစ်စေ ခြင်းငှါ ချီးမြှောက်လေ၏။
23وكان فهيما وفرّق من كل بنيه في جميع اراضي يهوذا وبنيامين في كل المدن الحصينة واعطاهم زادا بكثرة. وطلب نساء كثيرة
23ပညာသတိနှင့်စီရင်၍၊ ယုဒခရိုင်ဗင်္ယာမိန်ခရိုင် အရပ်ရပ်တို့တွင်၊ ခိုင်ခံ့သောမြို့ရှိသမျှတို့၌၊ မိမိသားတို့ကို အနှံ့အပြားနေရာချ၍၊ များစွာသောရိက္ခာကို သိုထား၏။ မယားများတို့ကို အလိုရှိ၏။