1وملك يهوشافاط ابنه عوضا عنه وتشدد على اسرائيل.
1အာသသားယောရှဖတ်သည် ခမည်းတော် အရာ၌ နန်းထိုင်၍၊ ဣသရေလနိုင်ငံတဘက် မိမိကို ခိုင်ခံ့စေ၏။
2وجعل جيشا في جميع مدن يهوذا الحصينة وجعل وكلاء في ارض يهوذا وفي مدن افرايم التي اخذها آسا ابوه.
2ယုဒပြည်တွင်၊ ခိုင်ခံ့သောမြို့ရှိသမျှတို့၌၊ တပ် သားများကိုထား၏။ ယုဒပြည်အရပ်ရပ်တို့၌၎င်း၊ ဧဖရိမ် ပြည်မှာ ခမည်းတော် အာသတိုက်ယူ သော မြို့တို့၌၎င်း၊ မြို့စောင့်တပ်ကို အသီးအသီးခန့်ထား၏။
3وكان الرب مع يهوشافاط لانه سار في طرق داود ابيه الاولى ولم يطلب البعليم
3ခမည်းတော်သည် အရင်လိုက်သောလမ်းသို့၊ ယောရှဖတ်လိုက်လျက်၊
4ولكنه طلب اله ابيه وسار في وصاياه لا حسب اعمال اسرائيل.
4ဗာလဘုရားတို့ကို မဆည်းကပ်၊ ခမည်းတော်၏ ဘုရားသခင်ကိုသာ ဆည်းကပ်သဖြင့်၊ ဣသရေလအမျိုး ၏ ထုံးစံကိုရှောင်၍၊ ပညတ်တရားတော်ကို ကျင့်သော ကြောင့်၊ ထာဝရဘုရားသည် စောင့်မ၍၊
5فثبّت الرب المملكة في يده وقدم كل يهوذا هدايا ليهوشافاط وكان له غنى وكرامة بكثرة.
5နိုင်ငံတော်ကိုယောရှဖတ်လက်၌ တည်စေတော် မူသဖြင့်၊ ယုဒပြည်သားအပေါင်းတို့သည် လက်ဆောင် များကို ဆောင်ခဲ့ကြ၏။
6وتقوى قلبه في طرق الرب ونزع ايضا المرتفعات والسواري من يهوذا
6ဂုဏ်အသရေနှင့် စည်းစိမ်ဥစ္စာများသော်လည်း၊ ထာဝရဘုရား၏ တရားလမ်းတို့၌ စိတ်စွဲလမ်း၍၊ မြင့် သောအရပ်နှင့် အာရှရပင်တို့ကို ယုဒပြည်မှ ပယ်ရှား တော်မူ၏။
7وفي السنة الثالثة لملكه ارسل الى رؤسائه الى بنحائل وعوبديا وزكريا ونثنيئل وميخايا ان يعلّموا في مدن يهوذا
7နန်းစံသုံးနှစ်တွင်၊ ယုဒမြို့ အရပ်ရပ်၌ သွန်သင် စေခြင်းငှါ၊ မှူးမတ် ဗင်ဟဲလ၊ ဩဗဒိ၊ ဇာခရိ၊ နာသနေလ၊ မိက္ခာယတို့ကို၎င်း၊
8ومعهم اللاويون شمعيا ونثنيا وزبديا وعسائيل وشميراموث ويهوناثان وادونيا وطوبيا وطوب ادونيا اللاويون ومعهم اليشمع ويهورام الكاهنان.
8လေဝိသားရှေမာယ၊ နေသနိ၊ ဇေဗဒိ၊ အာသ ဟေလ၊ ရှေမိရမုတ်၊ ယောနသန်၊ အဒေါနိယ၊ တောဘိယ၊ တောဘ၊ ဒေါနိယတို့ကို၎င်း၊ ယဇ်ပုရောဟိတ်ဧလိ ရှမာနှင့် ယောရံကို၎င်း၊ စေလွှတ်တော်မူ၏။
9فعلّموا في يهوذا ومعهم سفر شريعة الرب وجالوا في جميع مدن يهوذا وعلّموا الشعب.
9ထိုသူတို့သည် ယုဒပြည်၌ဩဝါဒပေး၍၊ ထာဝရ ဘုရား၏ ပညတ္တိကျမ်းပါလျက်၊ ယုဒမြို့အရပ်ရပ်တို့တွင်၊ လှည့်လည်သဖြင့်၊ ပြည်သားတို့ကို သွန်သင်ကြ၏။
10وكانت هيبة الرب على جميع ممالك الاراضي التي حول يهوذا فلم يحاربوا يهوشافاط.
10ယုဒပြည် ပတ်ဝန်းကျင်တိုင်းနိုင်ငံရှိသမျှတို့ သည်၊ ထာဝရဘုရားကို ကြောက်ရွံ့၍၊ ယောရှဖတ်ကို စစ်မတိုက်ဝံ့ဘဲ နေကြ၏။
11وبعض الفلسطينيين اتوا يهوشافاط بهدايا وحمل فضة والعربان ايضا أتوه بغنم من الكباش سبعة آلاف وسبع مئة ومن التيوس سبعة آلاف وسبع مئة
11ဖိလိတ္တိလူတို့သည် လက်ဆောင်နှင့် အခွန်ငွေကို၎င်း၊ အာရပ်လူတို့သည် သိုးခုနစ်ထောင်ခုနစ်ရာနှင့် ဆိတ်ခုနစ်ထောင်ခုနစ်ရာကို၎င်း ဆောင်ခဲ့ကြ၏။
12وكان يهوشافاط يتعظم جدا وبنى في يهوذا حصونا ومدن مخازن.
12ယောရှဖတ်သည် အလွန်ခွန်အားတိုးပွား၍၊ ယုဒပြည်၌ရဲတိုက်နှင့် ဘဏ္ဍာတော်မြို့တို့ကို တည်တော် မူ၏။
13وكان له شغل كثير في مدن يهوذا ورجال حرب جبابرة بأس في اورشليم.
13ယုဒမြို့တို့၌ အမှုအရေးတော်များ၏။ ခွန်အား ကြီးသော စစ်သူရဲတို့သည် ယေရုရှလင်မြို့၌ ရှိကြ၏။
14وهذا عددهم حسب بيوت آبائهم من يهوذا رؤساء الوف. عدنة الرئيس ومعه جبابرة بأس ثلاث مئة الف.
14စစ်သူရဲအဆွေအမျိုး အလိုက်ယူသော စာရင်း ဟူမူကား၊ ယုဒအမျိုး ဗိုလ်ချုပ်မင်းအာဒနနှင့် ခွန်အား ကြီးသော စစ်သူရဲသုံးသိန်း၊
15وبجانبه يهوناثان الرئيس ومعه مئتان وثمانون الفا.
15စစ်ကဲယောဟနန်နှင့်ခွန်အားကြီးသော စစ်သူရဲ နှစ်သိန်းရှစ်သောင်း၊
16وبجانبه عمسيا بن زكري المنتدب للرب ومعه مئتا الف جبار باس.
16စေတနာစိတ်နှင့်ကိုယ်ကို ထာဝရဘုရားအား ပူဇော်သော ဇိခရိသားအာမသိနှင့် ခွန်အားကြီးသော စစ်သူရဲနှစ်သိန်း၊
17ومن بنيامين الياداع جبار بأس ومعه من المتسلحين بالقسي والاتراس مئتا الف.
17ဗင်္ယာမိန်အမျိုး ခွန်အားကြီးသော ဧလျာဒနှင့် လေး၊ ဒိုင်းလွှားကို ကိုင်သောသူနှစ်သိန်း၊
18وبجانبه يهوزاباد ومعه مئة وثمانون الفا متجردون للحرب.
18သူ့နောက်ယောဇဗဒ်နှင့် စစ်တိုက်ခြင်းငှါ၊ အသင့် ရှိသောသူ တသိန်းရှစ်သောင်းတည်း။
19هؤلاء خدام الملك فضلا عن الذين جعلهم الملك في المدن الحصينة في كل يهوذا
19ယုဒပြည်အရပ်ရပ်၊ ခိုင်ခံ့သောမြို့တို့၌ ရှင်ဘုရင် ထားသောသူရဲမှတပါး၊ အထက်ဆိုခဲ့ပြီးသော သူတို့သည် အမှုတော်ကို ထမ်းလျက်နေကြ၏။