الكتاب المقدس (Van Dyke)

Myanmar

2 Chronicles

30

1وارسل حزقيا الى جميع اسرائيل ويهوذا وكتب ايضا رسائل الى افرايم ومنسّى ان يأتوا الى بيت الرب في اورشليم ليعملوا فصحا للرب اله اسرائيل.
1တဖန်ဧဖရိမ်အမျိုး၊ မနာရှေအမျိုးနှင့်တကွ ဣသရေလအမျိုး၊ ယုဒအမျိုးသားအပေါင်းတို့သည် ယေရု ရှလင်မြို့၊ ဗိမာန်တော်သို့လာ၍၊ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားအား၊ ပသခါပွဲကို ခံစေခြင်းငှါ၊ ဟေဇကိသည် စာရေး၍ပေးလိုက်လေ၏။
2فتشاور الملك ورؤساؤه وكل الجماعة في اورشليم ان يعملوا الفصح في الشهر الثاني
2ဒုတိယလတွင်၊ ပသခါပွဲကိုခံခြင်းငှါ ရှင်ဘုရင် သည် တိုင်ပင်၍၊ မှူးတော်မတ်တော်တို့နှင့် ယေရုရှလင် မြို့၌ စည်းဝေးသော သူအပေါင်းတို့သည် စီရင်ကြပြီ။
3لانهم لم يقدروا ان يعملوه في ذلك الوقت لان الكهنة لم يتقدسوا بالكفاية والشعب لم يجتمعوا الى اورشليم.
3ယဇ်ပုရောဟိတ်တို့သည် အမှုတော်ကို ဆောင် ရွက်နိုင်မည်အကြောင်း၊ ကိုယ်ကိုသန့်ရှင်းစွာမပြုကြသေး။ ပြည်သူပြည်သားတို့သည် ယေရုရှလင်မြို့၌ မစည်းဝေး သောကြောင့် လွန်ခဲ့သောလတွင် ထိုပွဲကို မခံနိုင်ကြ။
4فحسن الأمر في عيني الملك وعيون كل الجماعة.
4ရှင်ဘုရင်နှင့်စည်းဝေးသော သူအပေါင်းတို့ သည် ထိုအမှုကို နှစ်သက်သောကြောင့်၎င်း၊ ကျမ်းစာ၌ လာသည်အတိုင်း၊ ကြာမြင့်စွာသော ကာလပတ်လုံး၊ ပသခါပွဲကို မခံသောကြောင့်၎င်း၊
5فاعتمدوا على اطلاق النداء في جميع اسرائيل من بئر سبع الى دان ان يأتوا لعمل الفصح للرب اله اسرائيل في اورشليم لانهم لم يعملوه كما هو مكتوب منذ زمان كثير.
5အရပ်ရပ်တို့ကလာ၍၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားအား၊ ယေရုရှလင်မြို့၌ ပသခါ ပွဲကိုခံစေခြင်းငှါ၊ ဣသရေ လပြည်တရှောက်လုံး၊ ဗေရ ရှေဘမြို့မှစ၍ ဒန်မြို့တိုင်အောင်၊ ကြော်ငြာစေမည် အကြောင်း အမိန့်တော်နှင့်စီရင်ကြ၏။
6فذهب السعاة بالرسائل من يد الملك ورؤسائه في جميع اسرائيل ويهوذا وحسب وصية الملك كانوا يقولون يا بني اسرائيل ارجعوا الى الرب اله ابراهيم واسحق واسرائيل فيرجع الى الناجين الباقين لكم من يد ملوك اشور.
6ရှင်ဘုရင်နှင့်မှူးမတ်တို့ပေးလိုက်သောစာကို စာပို့လုလင်တို့သည် ယူ၍၊ အမိန့်တော်အတိုင်း ဣသ ရေလပြည်နှင့် ယုဒပြည်တရှောက်လုံးသို့ ပြေးကြ၏။ စာ၌ ပါသောစကားဟူမူကား၊ အိုဣသရေလအမျိုးသားတို့၊ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့၏ဘုရားသခင် ထာဝရ ဘုရားထံသို့ပြန်လာကြလော့။ အာရှုရိရှင်ဘုရင်တို့လက်မှ လွတ်၍၊ ကျန်ကြွင်းသေးသောသူတို့ ရှိရာသို့ ပြန်လာ တော်မူမည်။
7ولا تكونوا كآبائكم وكاخوتكم الذين خانوا الرب اله آبائهم فجعلهم دهشة كما انتم ترون.
7ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားကို ပြစ်မှားသော သင်တို့၏အဘများ၊ ညီအစ်ကိုများကဲ့သို့ မပြုကြနှင့်။ ပြစ်မှားသော ထိုသူတို့ကို သင်တို့မြင်သည် အတိုင်း၊ သုတ်သင်ပယ်ရှင်းခြင်းသို့ အပ်တော်မူပြီ။
8الآن لا تصلّبوا رقابكم كآبائكم بل اخضعوا للرب وادخلوا مقدسه الذي قدسه الى الابد واعبدوا الرب الهكم فيرتدّ عنكم حمو غضبه.
8သင်တို့အဘများကဲ့သို့ ခိုင်မာသောသဘော မရှိကြနှင့်။ ထာဝရဘုရား၌ ကိုယ်ကိုအပ်နှံကြလော့။ အစဉ်သန့်ရှင်းစေတော်မူသော သန့်ရှင်းရာဌာနတော်သို့ လာကြလော့။ ပြင်းစွာသော အမျက်တော်သည် သင်တို့မှ လွှဲသွားမည်အကြောင်း၊ သင်တို့၏ဘုရားသခင် ထာဝရ ဘုရား၏အမှုတော်ကို စောင့်ကြလော့။
9لانه برجوعكم الى الرب يجد اخوتكم وبنوكم رحمة امام الذين يسبونهم فيرجعون الى هذه الارض لان الرب الهكم حنّان ورحيم ولا يحوّل وجهه عنكم اذا رجعتم اليه
9သင်တို့သည် ထာဝရဘုရားထံတော်သို့ ပြန်လာ လျှင်၊ သင်တို့၏ညီအစ်ကို သားသမီးတို့သည် သိမ်းသွား သော သူတို့ထံမှာ၊ ကရုဏာစိတ်နှင့်တွေ့ကြုံ၍၊ ဤပြည်သို့ တဖန် ပြန်လာကြလိမ့်မည်။ သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် ကျေးဇူးပြုချင်သောသဘော၊ သနား တတ်သောသဘောရှိသောကြောင့်၊ သင်တို့သည် အထံ တော်သို့ပြန်လာလျှင်၊ မျက်နှာတော်ကို သင်တို့မှ လွှဲတော် မမူဟု စာ၌ပါသတည်း။
10فكان السعاة يعبرون من مدينة الى مدينة في ارض افرايم ومنسّى حتى زبولون فكانوا يضحكون عليهم ويهزأون بهم.
10စာပို့လုလင်တို့သည် ဧဖရိမ်ခရိုင်၊ မနာရှေခရိုင် တရှောက်လုံး၊ ဇာဗုလုန်ခရိုင်တိုင်အောင် တမြို့မှ တမြို့သို့ ပြေးကြ၏။ ပြည်သားတို့သည် ပြက်ယယ်ပြု၍ ကဲ့ရဲ့ကြ၏။
11الا ان قوم من اشير ومنسّى وزبولون تواضعوا وأتوا الى اورشليم.
11သို့ရာတွင် အာရှာခရိုင်သား၊ မနာရှေခရိုင်သား၊ ဇာဗုလုန်ခရိုင်သား အချို့တို့သည် ကိုယ်ကိုနှိမ့်ချ၍ ယေရုရှလင်မြို့သို့ လာကြ၏။
12وكانت يد الله في يهوذا ايضا فاعطاهم قلبا واحدا ليعملوا بأمر الملك والرؤساء حسب قول الرب.
12ယုဒပြည်သားတို့သည် ထာဝရဘုရားမိန့်တော်မူ သည်အတိုင်း၊ ရှင်ဘုရင်နှင့်မှူးမတ်တို့ စီရင်သည်အတိုင်း၊ တညီညွတ်တည်း ပြုချင်သော စေတနာစိတ်ကို၊ ဘုရား သခင်တန်ခိုးတော်ကြောင့် ရကြ၏။
13فاجتمع الى اورشليم شعب كثير لعمل عيد الفطير في الشهر الثاني جماعة كثيرة جدا.
13ဒုတိယလတွင် အဇုမပွဲကို ခံလိုသောငှါ၊ များစွာ သောလူတို့သည် ယေရုရှလင်မြို့၌ စည်းဝေးကြ၍၊ အလွန် ကြီးသောပရိသတ် ဖြစ်လေ၏။
14وقاموا وازالوا المذابح التي في اورشليم وازالوا كل مذابح التبخير وطرحوها الى وادي قدرون.
14သူတို့သည်ထ၍၊ ယေရုရှလင်မြို့၌ရှိသော ယဇ်ပလ္လင်တို့ကို၎င်း၊ နံ့သာပေါင်းမီးရှို့ရာ ယဇ်ပလ္လင် ရှိသမျှတို့ကို၎င်းပယ်ရှင်း၍၊ ကေဒြုန်ချောင်းထဲသို့ ပစ်ချကြ၏။
15وذبحوا الفصح في الرابع عشر من الشهر الثاني والكهنة واللاويون خجلوا وتقدسوا وادخلوا المحرقات الى بيت الرب.
15ဒုတိယလ တဆယ်လေးရက်နေ့တွင်၊ ပသခါ သိုးသငယ်ကို သတ်ကြ၏။ ယဇ်ပုရောဟိတ်၊ လေဝိသားတို့ သည် သတိရ၍ ကိုယ်ကိုသန့်ရှင်းစေလျက်၊ မီးရှို့ရာယဇ် တို့ကို ဗိမာန်တော်ထဲသို့ သွင်းကြ၏။
16واقاموا على مقامهم حسب حكمهم كناموس موسى رجل الله. كان الكهنة يرشون الدم من يد اللاويين.
16ဘုရားသခင်၏လူ မောရှေပညတ်တရား၌ စီရင်သော ထုံးစံအတိုင်း၊ မိမိတို့နေရာ၌ ရပ်နေလျက်၊ ယဇ် ပုရောဟိတ်တို့သည် လေဝိသားတို့ လက်မှ အသွေးကို ယူ၍ ဖြန်းကြ၏။
17لانه كان كثيرون في الجماعة لم يتقدسوا فكان اللاويون على ذبح الفصح عن كل من ليس بطاهر لتقديسهم للرب.
17မသန့်ရှင်းသောသူအများတို့သည် ပရိသတ်၌ ပါသောကြောင့်၊ ထိုမသန့်ရှင်းသော သူရှိသမျှတို့ကို၊ ထာဝရဘုရားအဘို့ သန့်ရှင်းစေခြင်းငှါ၊ ပသခါသိုးသငယ် သတ်ခြင်းအမှုကို၊ လေဝိသားတို့သည် စောင့်ရကြ၏။
18لان كثيرين من الشعب كثيرين من افرايم ومنسّى ويساكر وزبولون لم يتطهروا بل اكلوا الفصح ليس كما هو مكتوب. الا ان حزقيا صلّى عنهم قائلا الرب الصالح يكفّر عن
18များစွာသောလူတည်းဟူသော၊ ဧဖရိမ်အမျိုး၊ မနာရှေအမျိုး၊ ဣသခါအမျိုး၊ ဇာဗုလုန်အမျိုးသား အများတို့သည် ကျမ်းစာ၌ပါသော တရားသို့မလိုက်၊ ကိုယ်ကိုမသန့်ရှင်းစေဘဲ၊ ပသခါ သိုးသငယ်ကိုစားကြ ၏။
19كل من هيّأ قلبه لطلب الله الرب اله آبائه وليس كطهارة القدس.
19သို့ရာတွင်၊ ဟေဇကိက၊ သန့်ရှင်းရာဌာနထုံးစံ အတိုင်း၊ သန့်ရှင်းခြင်းမရှိသော်လည်း၊ ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားကို ဆည်းကပ်ခြင်းငှါ၊ သဘော ကျသောသူအပေါင်းတို့၏ အပြစ်ကို ကောင်းမြတ်သော ထာဝရဘုရားသည် လွှတ်တော်မူပါစေသောဟု ထိုသူတို့ အဘို့ ဆုတောင်းသဖြင့်၊
20فسمع الرب لحزقيا وشفى الشعب
20ထာဝရဘုရားသည် ဟေဇကိစကားကို နား ထောင်တော်မူ၍၊ ဠူများတို့ကို ချမ်းသာပေးတော်မူ၏။
21وعمل بنو اسرائيل الموجودون في اورشليم عيد الفطير سبعة ايام بفرح عظيم وكان اللاويون والكهنة يسبّحون الرب يوما فيوما بآلات حمد للرب.
21ယေရုရှလင်မြို့၌ စည်းဝေးသောဣသရေလအမျိုး တို့သည်၊ ခုနစ်ရက်ပတ်လုံး အလွန်ရွှင်လန်းသောစိတ်နှင့် အဇုမပွဲကိုခံကြ၏။ ယဇ်ပုရောဟိတ်လေဝိသားတို့သည် အသံကျယ်သောတူရိယာမျိုးကို တီးမှုတ်လျက်၊ နေ့ညဉ့် မပြတ် ထာဝရဘုရားအား ထောမနာသီချင်းဆိုကြ၏။
22وطيب حزقيا قلوب جميع اللاويين الفطنين فطنة صالحة للرب وأكلوا الموسم سبعة ايام يذبحون ذبائح سلامة ويحمدون الرب اله آبائهم.
22ထာဝရဘုရား၏ တရားတော်မြတ်ကို သွန်သင်သော လေဝိသားအပေါင်းတို့ကို၊ ဟေဇကိသည် အားပေး တော်မူသောစကား နှင့်နှုတ်ဆက်သဖြင့်၊ သူတို့သည် ခုနစ်ရက်ပတ်လုံးပွဲခံစဉ်အခါ၊ စားသောက်လျက်မိဿ ဟာယပူဇော်သက္ကာကိုပြုလျက်၊ ဘိုးဘေးတို့၏ ဘုရား သခင် ထာဝရဘုရားအား တောင်းပန်လျက်နေကြ၏။
23وتشاور كل الجماعة ان يعملوا سبعة ايام اخرى فعملوا سبعة ايام بفرح.
23စည်းဝေးသောသူအပေါင်းတို့သည် ခုနစ်ရက် ထပ်၍ပွဲခံခြင်းငှါ တိုင်ပင်ပြီးမှ၊ ရွှင်လန်းသောစိတ်နှင့် ခုနစ်ရက်ထပ်၍ပွဲခံကြ၏။
24لان حزقيا ملك يهوذا قدم للجماعة الف ثور وسبعة آلاف من الضأن والرؤساء قدموا للجماعة الف ثور وعشرة آلاف من الضأن وتقدس كثيرون من الكهنة.
24ယုဒရှင်ဘုရင်ဟေဇကိသည် နွားတထောင်နှင့် သိုးခုနစ်ထောင်တို့ကို၎င်း၊ မှူးမတ်တို့သည် နွားတထောင်နှင့် သိုးတသောင်းကို၎င်း၊ စည်းဝေးသောသူတို့အား ပေးကြ ၏။ များစွာသောယဇ် ပုရောဟိတ်တို့သည် ကိုယ်ကို သန့်ရှင်းစေကြ၏။
25وفرح كل جماعة يهوذا والكهنة واللاويون وكل الجماعة الآتين من اسرائيل والغرباء الآتون من ارض اسرائيل والساكنون في يهوذا.
25ယဇ်ပုရောဟိတ်၊ လေဝိသားတို့နှင့်တကွ ယုဒ ပရိတ်သတ်များ၊ ဣသရေလပြည်မှလာသော ပရိသတ် များ၊ ယုဒပြည်၌နေသော တပါးအမျိုးသား၊ ဣသရေလပြည်မှလာသော တပါးအမျိုးသား တို့သည် ဝမ်းမြောက်ဝမ်းသာကြ၏။
26وكان فرح عظيم في اورشليم لانه من ايام سليمان بن داود ملك اسرائيل لم يكن كهذا في اورشليم.
26ထိုသို့ယေရုရှလင်မြို့၌ ကြီးစွာသောဝမ်းမြောက် ခြင်းရှိ၏။ ဣသရေလရှင်ဘုရင် ဒါဝိဒ်သား ရှောလမုန် လက်ထက်မှသည်၊ နောက်တဖန်ယေရုရှလင်မြို့၌ ထိုမျှ လောက်ကြီးစွာသော ဝမ်းမြောက်ခြင်းမရှိ။
27وقام الكهنة اللاويون وباركوا الشعب فسمع صوتهم ودخلت صلاتهم الى مسكن قدسه الى السماء
27ထိုအခါ ယဇ်ပုရောဟိတ်၊ လေဝိသားတို့သည် ထ၍လူများတို့ကို ကောင်းပေးကြ၏။ ထိုသူတို့စကားသံကို ဘုရားသခင်ကြားတော်မူ၏။ သန့်ရှင်းသော ကျိန်းဝပ် တော်မူရာ၊ ကောင်းကင်ဘုံသို့ ပဌနာစကားတက်လေ၏။