الكتاب المقدس (Van Dyke)

Myanmar

2 Chronicles

34

1كان يوشيا ابن ثماني سنين حين ملك وملك احدى وثلاثين سنة في اورشليم.
1ယောရှိသည် အသက်ရှစ်နှစ်ရှိသော် နန်းထိုင်၍ ယေရုရှလင်မြို့၌ သုံးဆယ်တနှစ် စိုးစံလေ၏။
2وعمل المستقيم في عيني الرب وسار في طرق داود ابيه ولم يحد يمينا ولا شمالا
2ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ တရား သောအမှုကိုပြု၍၊ လက်ျားဘက်လက်ဝဲဘက်သို့ မလွှဲ၊ အဘဒါဝိဒ်လိုက်သောလမ်းသို့ လိုက်လေ၏။
3وفي السنة الثامنة من ملكه اذ كان بعد فتى ابتدأ يطلب اله داود ابيه. وفي السنة الثانية عشرة ابتدأ يطهر يهوذا واورشليم من المرتفعات والسواري والتماثيل والمسبوكات.
3အသက်တော်ငယ်စဉ်၊ နန်းစံရှစ်နှစ်တွင်၊ အဘ ဒါဝိဒ်၏ ဘုရားသခင်ကို ဆည်းကပ်စပြု၏။ တဆယ်နှစ် နှစ်တွင် ယုဒပြည်၊ ယေရုရှလင်မြို့၌ရှိသောကုန်း၊ အာရှရ ပင်၊ ထုသောရုပ်တု၊ သွန်းသောရုပ်တုတို့ကို သုတ်သင် ပယ်ရှင်းစပြု၏။
4وهدموا امامه مذابح البعليم وتماثيل الشمس التي عليها من فوق قطعها وكسر السواري والتماثيل والمسبوكات ودقّها ورشّها على قبور الذين ذبحوا لها.
4ဗာလဘုရားတို့ ယဇ်ပလ္လင်များကို ရှေ့တော်၌ ဖြိုချ၍၊ ယဇ်ပလ္လင်ပေါ်တွင် အမြင့်တင်ထားသော ရုပ်တု တို့ကို ခုတ်လှဲကြ၏။ အာရှရပင်များနှင့်ထုသောရုပ်တု၊ သွန်းသောရုပ်တုများကိုချိုးဖဲ့၍ ညက်ညက်ချေပြီးလျှင်၊ ယဇ်ပူဇော်သောသူတို့၏ သင်္ချိုင်းပေါ်မှာ ဖြန့်ဖြူးတော် မူ၏။
5واحرق عظام الكهنة على مذابحهم وطهر يهوذا واورشليم.
5ယဇ်ပုရောဟိတ်တို့အရိုးကို ထိုယဇ်ပလ္လင်တည်ရာအပေါ် မှာ မီးရှို့၍၊ ယုဒပြည်နှင့် ယေရုရှလင်မြို့ကို စင်ကြယ် စေတော်မူ၏။
6وفي مدن منسّى وافرايم وشمعون حتى ونفتالي مع خرائبها حولها
6ထိုအတူ မနာရှေခရိုင်၊ ဧဖရိမ်ခရိုင်၊ ရှိမောင် ခရိုင်၊ နဿလိခရိုင် တိုင်အောင်၊ အရပ်ရပ်မြို့များတို့၌ ပေါက်တူးနှင့်လုပ်လျက်၊
7هدم المذابح والسواري ودقّ التماثيل ناعما وقطع جميع تماثيل الشمس في كل ارض اسرائيل ثم رجع الى اورشليم
7ယဇ်ပလ္လင်နှင့် အာရှရပင်တို့ကို ချိုးဖဲ့၍၊ ဣသ ရေလပြည်တလျှောက်လုံး၌ ရှိသမျှသောရုပ်တု ဆင်းတု တို့ကို ခုတ်လှဲ၍ ညက်ညက်ချေပြီးမှယေရှရုလင်မြို့သို့ ပြန်တော်မူ၏။
8وفي السنة الثامنة عشرة من ملكه بعد ان طهر الارض والبيت ارسل شافان بن اصليا ومعسيا رئيس المدينة ويوآخ بن يوآحاز المسجّل لاجل ترميم بيت الرب الهه.
8နန်းစံဆယ်ရှစ်နှစ်တွင်၊ နိုင်ငံတော်နှင့် ဗိမာန် တော်ကို စင်ကြယ်စေပြီးမှ၊ မိမိဘုရားသခင် ထာဝရ ဘုရား၏ အိမ်တော်ကို ပြုပြင်လိုသောငှါ၊ အာဇလိ၏ သားရှာဖန်၊ မြို့ဝန်မာသေယ၊ ယောခတ်သားအတွင်းဝန် ယောအာတို့ကို စေလွှတ်တော်မူ၏။
9فجاءوا الى حلقيا الكاهن العظيم واعطوه الفضة المدخلة الى بيت الله التي جمعها اللاويون حارسوا الباب من منسّى وافرايم ومن كل بقية اسرائيل ومن كل يهوذا وبنيامين ثم رجعوا الى اورشليم.
9ထိုသူတို့သည် ယဇ်ပုရောဟိတ်မင်း ဟိလခိထံသို့ သွား၍၊ ဗိမာန်တော်သို့ လူများဆောင်ခဲ့သောငွေ၊ မနာရှေအမျိုးသား၊ ဧဖရိမ်အမျိုးသား၊ ကျန်ကြွင်းသော ဣသရေလအမျိုးသားရှိသမျှ၊ ယုဒအမျိုးသား၊ ဗင်္ယာမိန် အမျိုးသား၊ ယေရုရှလင်မြို့သူမြို့သားအပေါင်းတို့လက်မှ တံခါးစောင့် လေဝိသားတို့ခံသော ငွေကိုယူ၍၊
10ودفعوها لايدي عاملي الشغل الموكلين في بيت الرب فدفعوها لعاملي الشغل الذين كانوا يعملون في بيت الرب لاجل اصلاح البيت وترميمه.
10ဗိမာန်တော်ကိုကြည့်ရှုပြုစုသော သူတို့၌ အပ်သဖြင့်၊ သူတို့သည် ဗိမာန်တော်ကို ပြုပြင်ခြင်းငှါ လုပ်ဆောင်သောသူ၊
11واعطوها للنجارين والبنائين ليشتروا حجارة منحوتة واخشابا للوصل ولاجل تسقيف البيوت التي اخربها ملوك يهوذا.
11ဗိသုကာနှင့် လက်သမားလုပ်သည့်အတွက်၊ ယုဒရှင်ဘုရင် ဖျက်ဆီးသောအဆောင်တို့ကို ပြင်စရာ ဘို့ ဆစ်သောကျောက်များနှင့် ထုပ်လျောက်ရနယ်များကို ဝယ်သည်အတွက် ပေးကြ၏။
12وكان الرجال يعملون العمل بامانة وعليهم وكلاء يحث وعوبديا اللاويان من بني مراري وزكريا ومشلام من بني القهاتيين لاجل المناظرة ومن اللاويين كل ماهر بآلات الغناء.
12လုပ်ဆောင်သူတို့သည် သစ္စာစောင့်ကြ၏။ လေဝိအမျိုး၊ မေရာရိအနွယ်၊ ယာဟတ်နှင့်ဩဇဒိ၊ ကောဟတ်အနွှယ်၊ ဇာခရိနှင့် မေရှုလံအစရှိသော တူရိယာမျိုးကို တီးမှုတ်လျက်၊ သီချင်းဆိုတတ်သော လေဝိသာအပေါင်းတို့သည် ကြည့်ရှုနှိုးဆော်ကြ၏။
13وكانوا على الحمّال ووكلاء كل عامل شغل في خدمة فخدمة. وكان من اللاويين كتاب وعرفاء وبوابون
13ထိုသူတို့သည် ဝန်ထမ်းသောသူမှစ၍၊ အလုပ် မျိုးကို လုပ်ဆောင်သော သူအပေါင်းတို့ကို ကြည့်ရှု အုပ်ချုပ်ကြ၏။ လေဝိသားအချို့တို့သည်လည်း စာရေး၊ တရားသူကြီး၊ တံခါးစောင့်လုပ်ကြ၏။
14وعند اخراجهم الفضة المدخلة الى بيت الرب وجد حلقيا الكاهن سفر شريعة الرب بيد موسى.
14ဗိမာန်တော်သို့ ဆောင်ခဲ့သောငွေကို ထုတ်သောအခါ၊ ယဇ်ပုရောဟိတ်ဟိလခိသည် မောရှေ ရေးထားသော ထာဝရဘုရား၏ ပညတ္တိကျမ်းစာစောင် ကို တွေ့၍၊
15فاجاب حلقيا وقال لشافان الكاتب قد وجدت سفر الشريعة في بيت الرب. وسلّم حلقيا السفر الى شافان.
15တွေ့ကြောင်းကို စာရေးတော်ရှာဖန်အား ပြောလျက် ထိုကျမ်းစာကို အပ်ပေး၏။
16فجاء شافان بالسفر الى الملك ورد الى الملك جوابا قائلا كل ما اسلم ليد عبيدك هم يفعلونه.
16ရှာဖန်သည် ရှင်ဘုရင်ထံသို့ ယူသွား၍၊ ကိုယ် တော်ကျွန်တို့သည် မှာထားတော်မူသမျှအတိုင်း ပြုကြ ပါ၏။
17وقد افرغوا الفضة الموجودة في بيت الرب ودفعوها ليد الوكلاء ويد عاملي الشغل.
17ဗိမာန်တော်၌ တွေ့သောငွေကို မှုတ်၍၊ အုပ်ချုပ် သောသူနှင့် လုပ်ဆောင်သောသူတို့၌ အပ်ပါပြီဟူ၍၎င်း၊
18واخبر شافان الكاتب الملك قائلا قد اعطاني حلقيا الكاهن سفرا. وقرأ فيه شافان امام الملك.
18ယဇ်ပုရောဟိတ်ဟိလခိသည် ကျွန်တော်၌ စာစောင်ကို အပ်ပါပြီဟူ၍၎င်း ကြားလျှောက်လျက်၊ ရှင်ဘုရင်ရှေ့တော်၌ ဘတ်ရွတ်လေ၏။
19فلما سمع الملك كلام الشريعة مزّق ثيابه.
19ရှင်ဘုရင်သည် တရားစကားကိုကြားလျှင်၊ မိမိအဝတ်ကိုဆုတ်၍၊
20وامر الملك حلقيا واخيقام بن شافان وعبدون بن ميخا وشافان الكاتب وعسايا عبد الملك قائلا
20ယဇ်ပုရောဟိတ် ဟိလခိ၊ ရှာဖန်သားအဟိကံ၊ မိက္ခာသား အာဗဒုန်၊ စာရေးတော်ရှာဖန်၊ မိမိကျွန်အာ သာယကို ခေါ်၍၊
21اذهبوا اسألوا الرب من اجلي ومن اجل من بقي من اسرائيل ويهوذا عن كلام السفر الذي وجد لانه عظيم غضب الرب الذي انسكب علينا من اجل ان آبائنا لم يحفظوا كلام الرب ليعملوا حسب كل ما هو مكتوب في هذا السفر.
21ယခုတွေ့သော ကျမ်းစကားကြောင့် ငါ့အတွက် ဣသရေလပြည်နှင့်ယုဒပြည်၌ ကျန်ကြွင်းသေးသော သူတို့အတွက် ထာဝရဘုရား၌ မေးလျှောက်ကြပါ။ ဘိုးဘေးတို့သည် ထာဝရဘုရား၏ အမိန့်တော်ကို နား မထောင်၊ ဤကျမ်းစာ၌ရေးထားသမျှ အတိုင်းမကျင့်ဘဲ နေသောကြောင့်၊ ထာဝရဘုရားသည် ငါတို့၌ပြင်းစွာ အမျက်ထွက်တော်မူလိမ့်မည်ဟု မိန့်တော်မူ၏။
22فذهب حلقيا والذين امرهم الملك الى خلدة النبية امرأة شلّوم بن توقهة بن حسرة حارس الثياب. وهي ساكنة في اورشليم في القسم الثاني. وكلّموها هكذا.
22ထိုကာလတွင်၊ ဟရဟတ်သားဖြစ်သော တိကဝ ၏သားအချုပ် ဝန်ရှလ္လုံ၏မယား၊ ပရောဖက်မဟုလဒ သည် ယေရုရှလင်မြို့၌ နေသည်ဖြစ်၍၊ ဟိလခိနှင့် ရှင်ဘုရင်၏လူတို့သည် ထိုမိန်းမထံသို့သွား၍ ပြောဆို ကြ၏။
23فقالت لهم هكذا قال الرب اله اسرائيل قولوا للرجل الذي ارسلكم اليّ.
23မိန်းမကလည်း၊ ငါ့ထံသို့စေလွှတ်သောသူထံသို့ သင်တို့ပြန်၍ ဆင့်ဆိုရသော ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား၏ အမိန့်တော်ဟူမူကား၊
24هكذا قال الرب هانذا جالب شرا على هذا الموضع وعلى سكانه جميع اللعنات المكتوبة في السفر الذي قرأوه امام ملك يهوذا.
24ယုဒရှင်ဘုရင်ရှေ့မှာ ဘတ်ရသောကျမ်းစာ၌ ရေးထားသမျှသော အကျိန်စကားပြည့်စုံစေခြင်းငှါ၊ ငါသည်ဤအရပ်၌၎င်း၊ ဤအရပ်သားတို့၌၎င်း၊ ဘေးရောက်စေမည်။
25من اجل انهم تركوني واوقدوا لآلهة اخرى لكي يغيظوني بكل اعمال ايديهم وينسكب غضبي على هذا الموضع ولا ينطفئ.
25အကြောင်းမူကား၊ သူတို့သည် ငါ့ကိုစွန့်ကြပြီ။ မိမိလုပ်သော အရာတို့ဖြင့် ငါ့အမျက်ကိုနှိုးဆော်ခြင်းငှါ၊ အခြားတပါးသော ဘုရားတို့ရှေ့မှာ နံ့သာပေါင်းကို မီးရှို့ကြပြီ။ ထိုကြောင့် ဤအရပ်၌ ငါ့အမျက်မီးသည် မငြိမ်းဘဲလောင်ရလိမ့်မည်ဟု မိန့်တော်မူ၏။
26واما ملك يهوذا الذي ارسلكم لتسألوا من الرب فهكذا تقولون له. هكذا قال الرب اله اسرائيل من جهة الكلام الذي سمعت.
26ထာဝရဘုရားကို မေးလျှောက်စေခြင်းငှါ၊ သင်တို့ကိုစေလွှတ်သော ယုဒရှင်ဘုရင်ကြားသော ကျမ်းစကားကို ရည်ဆောင်၍၊ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူကြောင်းကို ထိုရှင်ဘုရင်အား တဖန်ပြန်လျှောက်ရမည်ကား၊
27من اجل انه قد رقّ قلبك وتواضعت امام الله حين سمعت كلامه على هذا الموضع وعلى سكانه وتواضعت امامي ومزقت ثيابك وبكيت امامي يقول الرب قد سمعت انا ايضا.
27ဤအရပ်ကို၎င်း၊ ဤအရပ်သားတို့ကို၎င်း၊ ငါခြိမ်းချောက်သော စကားကို သင်သည်ကြားသောအခါ၊ နူးညံ့သောစိတ်ရှိ၍၊ ဘုရားသခင့်ရှေ့တော်၌ ကိုယ်ကို နှိမ့်ချခြင်း၊ ကိုယ်အဝတ်ကိုဆုတ်ခြင်း၊ ငါ့ရှေ့မှာ ငိုကြွေး ခြင်းကိုပြုသောကြောင့်၊ သင့်စကားကို ငါနားထောင်၏။
28هانذا اضمّك الى آبائك فتضمّ الى قبرك بسلام وكل الشر الذي اجلبه على هذا الموضع وعلى سكانه لا ترى عيناك. فردّوا على الملك الجواب
28ငါသည် သင်ကို ဘိုးဘေးစုဝေးရာသို့ ပို့ဆောင် ၍၊ သင်သည် ငြိမ်ဝပ်စွာ သင်္ချိုင်းသို့ရောက်ရလိမ့်မည်။ ဤအရပ်၌၎င်း၊ ဤအရပ်သားတို့၌၎င်း၊ ဤအရပ်သားတို့ ၌၎င်း၊ ငါရောက်စေအံ့သောဘေးကို သင့်ကိုယ်တိုင် မတွေ့မမြင်ရဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုသည် အတိုင်း၊ သူတို့သည် ရှင်ဘုရင်အား ပြန်လျှောက်ကြ၏။
29وارسل الملك وجمع كل شيوخ يهوذا واورشليم
29ထိုအခါ ရှင်ဘုရင်သည် ယုဒပြည်သူ၊ ယေရု ရှလင်မြို့သား အသက်ကြီးသူအပေါင်းတို့ကို ခေါ်၍၊
30وصعد الملك الى بيت الرب مع كل رجال يهوذا وسكان اورشليم والكهنة واللاويين وكل الشعب من الكبير الى الصغير وقرأ في آذانهم كل كلام سفر العهد الذي وجد في بيت الرب.
30ယုဒပြည်သူ ယေရုရှလင်မြို့သား၊ ယဇ်ပုရော ဟိတ်၊ လေဝိသား၊ လူအကြီးအငယ်အပေါင်းတို့နှင့်တကွ၊ ဗိမာန်တော်သို့ တက်၍ ဗိမာန်တော်၌တွေ့သော ပဋိညာဉ်ကျမ်းစာရှိသမျှကို သူတို့ရှေ့မှာ ဘတ်တော်မူ၏။
31ووقف الملك على منبره وقطع عهدا امام الرب للذهاب وراء الرب ولحفظ وصاياه وشهاداته وفرائضه بكل قلبه وكل نفسه ليعمل كلام العهد المكتوب في هذا السفر.
31ရှင်ဘုရင်ကလည်း၊ ထာဝရဘုရားကို ဆည်းကပ် ပါမည်။ စီရင်ထုံးဖွဲ့ချက်ပညတ်တရားကို စိတ်နှလုံး အကြွင်းမဲ့ စောင့်ရှောက်ပါမည်။ ဤကျမ်းစာ၌ ပါသော ပဋိညာဉ်စကားအတိုင်း ကျင့်ပါမည်ဟု မိမိနေရာ၌ရပ်၍ အဓိဋ္ဌာန်ပြု၏။
32واوقف كل الموجودين في اورشليم وبنيامين فعمل سكان اورشليم حسب عهد الله اله آبائهم.
32စည်းဝေးသော ယုဒအမျိုးနှင့် ဗင်္ယာမိန် အမျိုး သားအပေါင်းတို့သည်၊ ထိုအဓိဋ္ဌာန်ကို ဝန်ခံရမည် အကြောင်း စီရင်တော်မူ၏။ ယေရုရှလင် မြို့သားတို့ သည်လည်း၊ ဘိုးဘေးတို့ကိုးကွယ်သော ဘုရားသခင်၏ ပဋိညာဉ်တရားအတိုင်း ကျင့်ကြ၏။
33وازال يوشيا جميع الرجاسات من كل الاراضي التي لبني اسرائيل وجعل جميع الموجودين في اورشليم يعبدون الرب الههم. كل ايامه لم يحيدوا من وراء الرب اله آبائهم
33ယောရှိမင်းသည်လည်း၊ ရွံရှာဘွယ်သောအရာ ရှိသမျှတို့ကို ဣသရေလအမျိုးသားပိုင်သော ပြည်အရပ် ရပ်တို့မှ ပယ်ရှား၍၊ ဣသရေလအမျိုးသားပိုင်သော ပြည်အရပ်ရပ်တို့မှ ပယ်ရှား၍၊ ဣသရေလပြည်၌ နေသော သူအပေါင်းတို့သည်၊ မိမိတို့ဘုရားသခင် ထာဝရ ဘုရားကို ဝတ်ပြုရမည်အကြောင်း၊ စီရင်တော်မူသဖြင့်၊ လက်ထက်တော်ကာလပတ်လုံး သူတို့သည် မဖောက်ပြန်၊ ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားနောက်တော်သို့ လိုက်လျက်နေကြ၏။