الكتاب المقدس (Van Dyke)

Myanmar

2 Kings

6

1وقال بنو الانبياء لاليشع هوذا الموضع الذي نحن مقيمون فيه امامك ضيّق علينا.
1ပရောဖက်အမျိုးသားတို့က၊ ကိုယ်တော်နှင့်အတူ ယခုနေသော အရပ်သည် ကျဉ်းမြောင်းပါ၏။
2فلنذهب الى الاردن ونأخذ من هناك كل واحد خشبة ونعمل لانفسنا هناك موضعا لنقيم فيه. فقال اذهبوا.
2အကျွန်ုပ်တို့သည် ယော်ဒန်မြစ်နားသို့ သွားပါ ရစေ။ ထိုအရပ်၌ဝိုင်း၍ သစ်သားကိုခုတ်ပြီးလျှင်၊ ကိုယ်နေစရာဘို့ လုပ်ပါရစေဟု ဧလိရှဲထံ၌ အခွင့်တောင်း လျှင်၊ သွားကြလော့ဟု အခွင့်ပေး၏။
3فقال واحد اقبل واذهب مع عبيدك. فقال اني اذهب.
3အချို့ကလည်း မငြင်းပါနှင့်။ ကိုယ်တော် ကျွန် တို့နှင့် ကြွတော်မူပါဟု တောင်းပန်လျှင်၊ ငါသွားမည်ဟု ဝန်ခံသည်အတိုင်း၊
4فانطلق معهم ولما وصلوا الى الاردن قطعوا خشبا.
4သူတို့နှင့်အတူ လိုက်လေ၏။ ယော်ဒန်မြစ်နား သို့ ရောက်သောအခါ သစ်သားကိုခုတ်ကြ၏။
5واذ كان واحد يقطع خشبة وقع الحديد في الماء. فصرخ وقال آه يا سيدي لانه عارية.
5တယောက်သောသူသည် ခုတ်စဉ်တွင်၊ ရေထဲသို့ ပုဆိန်ကျ၏။ ခုတ်သောသူကလည်း၊ ခက်လှပြီသခင်။ ထိုပုဆိန်သည် ငှါးခဲ့သောဥစ္စာ ဖြစ်ပါ၏ဟု အော်ဟစ် လျှင်၊
6فقال رجل الله اين سقط. فاراه الموضع فقطع عودا والقاه هناك فطفا الحديد.
6ဘုရားသခင်၏လူက၊ အဘယ်မှာ ကျသနည်းဟု မေးသော်၊ ကျရာအရပ်ကိုပြပြီးမှ၊ ဒုတ်ကိုခုတ်၍ ထိုအရပ်၌ချသဖြင့် ပုဆိန်သည် ပေါလောနေ၏။
7فقال ارفعه لنفسك. فمدّ يده واخذه
7ဆယ်ယူလော့ဟု ဧလိရှဲဆိုသည်အတိုင်း၊ တပည့် သည် လက်ကို ဆန့်၍ ဆယ်ယူ၏။
8واما ملك ارام فكان يحارب اسرائيل وتآمر مع عبيده قائلا في المكان الفلاني تكون محلتي.
8တဖန် ရှုရိရှင်ဘုရင်သည် ဣသရေလပြည်ကို စစ်တိုက်၍၊ ဤမည်သောအရပ်၊ ဤမည်သောအရပ်၌ ငါတို့သည် တပ်ချကြ ကုန်အံ့ဟု ကျွန်တို့နှင့် တိုင်ပင်သောအခါ၊
9فارسل رجل الله الى ملك اسرائيل يقول احذر من ان تعبر بهذا الموضع لان الاراميين حالّون هناك.
9ဘုရားသခင်၏လူသည် ဣသရေလရှင်ဘုရင် ထံသို့ လူကိုစေလွှတ်၍၊ဤမည်သောအရပ်ကို သတိပြုပါ။ ထိုအရပ်သို့ ရှုရိလူတို့သည် လာကြပြီဟု၊
10فارسل ملك اسرائيل الى الموضع الذي قال له عنه رجل الله وحذره منه وتحفظ هناك لا مرّة ولا مرتين.
10သတိပေးသောအရပ်သို့ ဣသရေလရှင်ဘုရင် သည် လူကိုစေလွှတ်၍ တကြိမ်နှစ်ကြိမ်မက ရန်သူတို့ကို ရှောင်လေ၏။
11فاضطرب قلب ملك ارام من هذا الأمر ودعا عبيده وقال لهم أما تخبرونني من منا هو لملك اسرائيل.
11ထိုအကြောင်းကြောင့် ရှုရိရှင်ဘုရင်သည် စိတ် ပူပန်၍ ကျွန်တို့ကို ခေါ်ပြီးလျှင်၊ ငါတို့တွင် အဘယ်သူ သည် ဣသရေလရှင်ဘုရင်ဘက်၌ နေသည်ကို ငါ့အား မပြဘဲနေကြသနည်းဟုမေးသော်၊
12فقال واحد من عبيده ليس هكذا يا سيدي الملك. ولكن اليشع النبي الذي في اسرائيل يخبر ملك اسرائيل بالأمور التي تتكلم بها في مخدع مضجعك.
12ကျွန်တယောက်က၊ ထိုသို့မဟုတ်ပါ အရှင် မင်းကြီး၊ ကိုယ်တော်စက်တော်မူခန်းထဲ၌ မိန့်တော်မူသော စကားကိုပင်၊ ဣသရေလပြည်၌ရှိသော ပရောဖက်ဧလိရှဲ သည်၊ ဣသရေလရှင်ဘုရင်အား ပြန်ပြောတတ်ပါသည် ဟု လျှောက်လေ၏။
13فقال اذهبوا وانظروا اين هو فأرسل وآخذه فأخبر وقيل له هوذا في دوثان.
13ရှင်ဘုရင်ကလည်း၊ သူသည်အဘယ်အရပ်၌ ရှိသည်ကို သွား၍ ချောင်းကြည့်လော့။ သူ့ကို ဘမ်းဆီး စေခြင်းငှါ ငါစေလွှတ်မည်ဟု မိန့်တော်မူပြီးမှ၊ ဒေါသန်မြို့ ၌ ရှိပါသည်ဟု လျှောက်လေ၏။
14فارسل الى هناك خيلا ومركبات وجيشا ثقيلا وجاءوا ليلا واحاطوا بالمدينة.
14ထိုမြို့သို့မြင်းစီးသူရဲ၊ ရထားစီးသူရဲ၊ ဗိုလ်ခြေများ ကို စေလွှတ်သဖြင့်၊ ညဉ့်အခါရောက်၍ မြို့ကိုဝိုင်းကြ၏။
15فبكر خادم رجل الله وقام وخرج واذا جيش محيط بالمدينة وخيل ومركبات. فقال غلامه له آه يا سيدي كيف نعمل.
15နံနက် စောစောဘုရားသခင့်လူ၏ ကျွန်သည် ထ၍ ပြင်သို့ ထွက်သောအခါ၊ မြင်းစီးသူရဲ၊ ရထားစီးသူရဲ၊ ဗိုလ်ခြေတို့သည် မြို့ကို ဝိုင်းလျက်ရှိကြသည်ဖြစ်၍၊ အိုသခင်၊ အဘယ်သို့ ပြုရပါမည်နည်းဟု မိမိသခင်အား ဆို၏။
16فقال لا تخف لان الذين معنا اكثر من الذين معهم.
16ဧလိရှဲကမစိုးရိမ်နှင့်။ ငါတို့ဘက်၌ နေသော သူတို့သည် ရန်သူတို့ဘက်၌ နေသောသူတို့ထက်သာ၍ များကြသည်ဟု ဆိုလျက်၊
17وصلى اليشع وقال يا رب افتح عينيه فيبصر. ففتح الرب عيني الغلام فابصر واذ الجبل مملوء خيلا ومركبات نار حول اليشع.
17အိုထာဝရဘုရား၊ ဤသူသည် မြင်နိုင်မည် အကြောင်း သူ၏မျက်စိကို ဖွင့်တော်မူပါဟု ဆုတောင်း သည်အတိုင်း၊၊ ထာဝရဘုရားသည် ထိုလုလင်၏ မျက်စိကို ဖွင့်တော်မူသဖြင့်၊ ဧလိရှဲပတ်လည်၌ တတောင်လုံး သည်မီးမြင်း၊ မီးရထားနှင့်ပြည့်သည်ကို မြင်လေ၏။
18ولما نزلوا اليه صلى اليشع الى الرب وقال اضرب هؤلاء الامم بالعمى. فضربهم بالعمى كقول اليشع.
18ရှုရိလူတို့သည် ရောက်လာသောအခါ၊ ဧလိရှဲက၊ အိုထာဝရ ဘုရား၊ ဤသူတို့၏ မျက်စိမမြင်စေခြင်းငှါ၊ ဒဏ်ခတ်တော်မူပါဟု ဆုတောင်းသည်အတိုင်း၊ ဒဏ်ခတ် တော်မူ၏။
19فقال لهم اليشع ليست هذه هي الطريق ولا هذه هي المدينة. اتبعوني فاسير بكم الى الرجل الذي تفتشون عليه. فسار بهم الى السامرة.
19ဧလိရှဲကလည်း၊ ဤလမ်းမဟုတ်။ ဤမြို့လည်း မဟုတ်။ ငါ့နောက်သို့လိုက်ကြ။ သင်တို့ရှာသောသူရှိရာသို့ ငါပို့မည်ဟု ဆိုလျက်ရှမာရိမြို့သို့ ပို့လေ၏။
20فلما دخلوا السامرة قال اليشع يا رب افتح اعين هؤلاء فيبصروا. ففتح الرب اعينهم فابصروا واذا هم في وسط السامرة.
20မြို့ထဲသို့ရောက်ပြီးမှ ဧလိရှဲက၊ အိုထာဝရဘုရား၊ ဤသူတို့သည် မြင်နိုင်မည်အကြောင်း သူတို့၏ မျက်စိကို ဖွင့်တော်မူပါဟု ဆုတောင်းသည်အတိုင်း၊ သူတို့၏မျက်စိ ကို ဖွင့်တော်မူသဖြင့်၊ သူတို့သည် မြင်၍ ရှမာရိ မြို့ထဲမှာ ရှိသည်ဟု သိကြ၏။
21فقال ملك اسرائيل لاليشع لما رآهم هل اضرب هل اضرب يا ابي.
21ဣသရေလရှင်ဘုရင်ကလည်း၊ အဘ၊ ထိုသူတို့ကိုထားနှင့် သတ်ရပါမည်လောဟု ဧလိရှဲအားမေးလျှင်၊
22فقال لا تضرب. تضرب الذين سبيتهم بسيفك وبقوسك. ضع خبزا وماء امامهم فيأكلوا ويشربوا ثم ينطلقوا الى سيدهم.
22မသတ်ပါနှင့်။ ထားနှင့်ခုတ်လျက်၊ လေးနှင့် ပစ်လျက်စစ်တိုက်၍ ဘမ်းမိသောသူတို့ကို သတ်ရမည် လော။ သူတို့ရှေ့မှာ မုန့်နှင့်ရေကိုထည့် ၍သူတို့သည် စားသောက်ပြီးမှ၊ မိမိတို့သခင်ထံသို့ သွားပါစေဟု ဆိုလျှင်၊
23فأولم لهم وليمة عظيمة فأكلوا وشربوا ثم اطلقهم فانطلقوا الى سيدهم. ولم تعد ايضا جيوش ارام تدخل ارض اسرائيل
23များစွာသော စားစရာကို ပြင်ဆင်၍ စား သောက်စေပြီးမှ လွှတ်လိုက်သဖြင့်၊ သူတို့သည် မိမိတို့ သခင်ထံသို့ ပြန်သွားကြ၏။ ထိုနောက်မှ ရှုရိလူတို့သည် အလိုအလျောက်တပ်ဖွဲ့၍ ဣသရေလပြည်သို့ မလာကြ။
24وكان بعد ذلك ان بنهدد ملك ارام جمع كل جيشه وصعد فحاصر السامرة.
24နောက်တဖန်ရှုရိရှင်ဘုရင် ဗင်္ဟာဒဒ်သည် ဗိုလ်ခြေအပေါင်းကို စုဝေးစေသဖြင့် စစ်ချီ၍ ရှမာရိမြို့ကို ဝိုင်းထား၏။
25وكان جوع شديد في السامرة. وهم حاصروها حتى صار راس الحمار بثمانين من الفضة وربع القاب من زبل الحمام بخمس من الفضة.
25ကြာမြင့်စွာဝိုင်းထားသောကြောင့်၊ ရှမာရိမြို့၌ အလွန်အစာခေါင်းပါး၍၊ မြည်းခေါင်းတလုံးကို ငွေ ရှစ်ဆယ်နှင့်၎င်း၊ ပဲကြမ်းတပြည်ကို ငွေငါးကျပ်နှင့်၎င်း ရောင်းရ၏။
26وبينما كان ملك اسرائيل جائزا على السور صرخت امرأة اليه تقول خلّص يا سيدي الملك.
26ဣသရေလရှင်ဘုရင်သည် မြို့ရိုးပေါ်မှာ ရှောက်သွားစဉ်၊ မိန်းမတယောက်ကအရှင်မင်းကြီး၊ ကယ်မတော်မူပါဟု အော်ဟစ်၏။
27فقال لا يخلصك الرب. من اين اخلّصك. أمن البيدر او من المعصرة.
27ရှင်ဘုရင်က၊ ထာဝရဘုရားကယ်မတော်မမူ လျှင်၊ ငါသည် အဘယ်သို့ ကယ်မနိုင်မည်နည်း။ စပါးနယ်ရာတလင်း၊ စပျစ်သီးနယ်ရာ ကျင်းထဲက ကယ်မနိုင်မည်လောဟူ၍၎င်း၊
28ثم قال لها الملك مالك. فقالت ان هذه المرأة قد قالت لي هاتي ابنك فنأكله اليوم ثم نأكل ابني غدا.
28သင်၌ အဘယ်သို့ ဖြစ်သနည်းဟူ၍၎င်း မေးလျှင်၊ မိန်းမက၊ ဤမိန်းမသည်ကျွန်မဆီသို့လာ၍၊ သင့်သားကို ယနေ့ငါတို့စားဘို့အပ်ပါ။ နက်ဖြန်နေ့၌ ငါ့သားကို စားရမည်ဟုဆိုသည်အတိုင်း၊
29فسلقنا ابني واكلناه ثم قلت لها في اليوم الآخر هاتي ابنك فنأكله فخبأت ابنها.
29ကျွန်မ၏သားကို ပြုတ်၍စားကြပါ၏။ နက်ဖြန် နေ့၌ ကျွန်မက၊ သင်၏သားကို ငါတို့စားဘို့ အပ်ပါဟု တောင်းသော်၊ သူသည် မိမိသားကို ဝှက်ထားပါသည်ဟု လျှောက်လေ၏။
30فلما سمع الملك كلام المرأة مزّق ثيابه وهو مجتاز على السور فنظر الشعب واذا مسح من داخل على جسده.
30ရှင်ဘုရင်သည် ထိုမိန်းမ၏စကားကို ကြားလျှင်၊ မိမိအဝတ်ကို ဆုတ်လေ၏။ မြို့ရိုးပေါ်မှာ ရှောက်သွားစဉ် လူတို့သည်ကြည့်၍၊ အတွင်း၌ လျှော်တေအဝတ်ဖြင့် ဝတ်တော်မူကြောင်းကိုသိမြင်ရကြ၏။
31فقال هكذا يصنع لي الله وهكذا يزيد ان قام راس اليشع بن شافاط عليه اليوم.
31ရှင်ဘုရင်ကလည်း၊ ရှာဖတ်သားဧလိရှဲ၏ ဦးခေါင်းသည် ယနေ့ သူ့ကိုယ်နှင့် မကွာဘဲနေလျှင်၊ ထာဝရဘုရားသည် ထိုမျှမက၊ ငါ၌ပြုတော်မူပါစေသော ဟု ဆို၏။
32وكان اليشع جالسا في بيته والشيوخ جلوسا عنده. فارسل رجل من امامه. وقبلما أتى الرسول اليه قال للشيوخ هل رايتم ان ابن القاتل هذا قد ارسل لكي يقطع راسي. انظروا اذا جاء الرسول فاغلقوا الباب واحصروه عند الباب. أليس صوت قدمي سيده وراءه.
32ဧလိရှဲသည် မိမိအိမ်၌ထိုင်၍ အသက်ကြီးသူတို့ သည် သူနှင့်အတူ ထိုင်ကြစဉ်၊ ရှင်ဘုရင်သည် မိမိရှေ့မှာ လူတယောက်ကို စေလွှတ်၏။ ထိုတမန်မရောက်မှီ ဧလိရှဲက၊ လူသတ်၏သားသည် ငါ့လည်ပင်းကို ဖြတ်စေ ခြင်းငှါ၊ စေလွှတ်သည်ကို သိမြင်ကြသလော။ ထိုတမန် ရောက်သောအခါ၊ တံခါးကိုပိတ်၍၊ တံခါးနားမှာသူ့ကို ဆီးတားကြလော့။ သူ့နောက်မှာသူ့သခင် ခြေသံမမြည် သလောဟု၊
33وبينما هو يكلمهم اذا بالرسول نازل اليه. فقال هوذا هذا الشر هو من قبل الرب. ماذا انتظر من الرب بعد
33အသက်ကြီးသူတို့အား ပြောစဉ်တွင်၊ ထိုတမန် သည် ရောက်လာ၏။ ရှင်ဘုရင်ကိုယ်တိုင် ရောက်လျှင်၊ ဤအမှုသည် ထာဝရဘုရားစီရင်သော အမှုဖြစ်၏။ ထာဝရဘုရားကျေးဇူးကို အဘယ်ကြောင့် မြော်လင့် ရသေးသနည်းဟုဆိုသော်၊