1وكان بعد موت شاول ورجوع داود من مضاربة العمالقة ان داود اقام في صقلغ يومين.
1ရှောလုသေသောနောက်၊ ဒါဝိဒ်သည် အာမလတ်လူတို့ကို လုပ်ကြံရာမှပြန်လာ၍၊ ဇိကလတ်မြို့၌ နှစ်ရက်နေပြီးလျှင်၊
2وفي اليوم الثالث اذا برجل اتى من المحلّة من عند شاول وثيابه ممزقة وعلى راسه تراب. فلما جاء الى داود خرّ الى الارض وسجد.
2သုံးရက်မြောက်သောနေ့တွင် လူတယောက်သည် မိမိအဝတ်ကိုဆုတ်လျက်၊ မိမိခေါင်းပေါ်မှာ မြေမှုန့်ကို တင်လျက်၊ ရှောလုတပ်ကလာ၍၊ ဒါဝိဒ်ထံသို့ရောက်သော်၊ မြေပေါ်မှာ ပြပ်ဝပ်လျက်ရှိခိုး၏။
3فقال له داود من اين اتيت. فقال له من محلّة اسرائيل نجوت.
3ဒါဝိဒ်ကလည်း၊ အဘယ်အရပ်ကလာသနည်းဟု မေးလျှင်၊ ထိုသူက ကျွန်တော်သည် ဣသရေလတပ်က ပြေး၍လာပါသည်ဟု လျှောက်လေ၏။
4فقال له داود كيف كان الامر. اخبرني. فقال ان الشعب قد هرب من القتال وسقط ايضا كثيرون من الشعب وماتوا ومات شاول ويوناثان ابنه ايضا.
4ဒါဝိဒ်ကလည်း၊ အမှုကားအဘယ်သို့နည်း။ ငါ့အားပြောပါလော့ဟုမေးလျှင်၊ သူက ဣသရေလလူတို့ သည် စစ်တိုက်ရာတွင် ပြေး၍အများတို့သည် လဲလျက်သေပါပြီ။ ရှောလုနှင့် သားတော်ယောနသန်လည်း သေပါပြီဟု ပြန်လျှောက်လေ၏။
5فقال داود للغلام الذي اخبره كيف عرفت انه قد مات شاول ويوناثان ابنه.
5ထိုသိတင်းကိုကြားပြောသောလုလင်အား ဒါဝိဒ်က၊ ရှောလုနှင့် သားတော်ယောနသန် သေကြောင်းကို သင်သည်အဘယ်သို့ သိသနည်းဟုမေးပြန်လျှင်၊
6فقال الغلام الذي اخبره اتفق اني كنت في جبل جلبوع واذا شاول يتوكأ على رمحه واذا بالمركبات والفرسان يشدّون وراءه.
6ထိုလုလင်က၊ ကျွန်တော်သည် ဂိလဗောတောင်ပေါ်သို့ အလိုလိုရောက်သောအခါ၊ ရှောလုသည် လှံတော်ကို ထောင်၍နေပါ၏။ ရထားစီးသူရဲ မြင်းစီးသူရဲတို့သည် ပြင်းထန်စွာလိုက်ကြ၏။
7فالتفت الى ورائه فرآني ودعاني فقلت هانذا.
7ရှောလုသည် နောက်တော်သို့ ကြည့်သဖြင့် ကျွန်တော်ကိုမြင်၍ခေါ်ပါ၏။
8فقال لي من انت فقلت له عماليقي انا.
8ကျွန်တော်ရှိပါသည်ဟု လျှောက်သောအခါ၊ သင်သည် အဘယ်သူနည်းဟုမေးလျှင်၊ ကျွန်တော်သည် အာမလက်လူဖြစ်ပါသည်ဟု ပြန်လျှောက်ပါ၏။
9فقال لي قف عليّ واقتلني لانه قد اعتراني الدوار لان كل نفسي بعد فيّ.
9ရှောလုကလည်း၊ ငါ့ထံသို့လာ၍ ငါ့ကိုသတ်ပါတော့။ ငါ့အသက်မသေနိုင်သောကြောင့် ပြင်းစွာသော ဝေဒနာကို ခံရ၏ဟုဆိုသည်အတိုင်း၊
10فوقفت عليه وقتلته لاني علمت انه لا يعيش بعد سقوطه واخذت الاكليل الذي على راسه والسوار الذي على ذراعه واتيت بهما الى سيدي ههنا.
10လဲသောနောက် အသက်မရှင်နိုင်သည်ကို ကျွန်တော်သိလျှင် သူ့ထံသို့သွား၍သတ်ပါ၏။ ခေါင်းတော် ၌ဆောင်းသောဦးရစ်နှင့်လက်ရုံးတော်၌ဝတ်သောလက်ကောက်ကို ချွတ်ယူပြီးလျှင်၊ ကျွန်တော်သခင့်ထံတော်သို့ ဆောင်ခဲ့ပါသည်ဟု လျှောက်လေ၏။
11فامسك داود ثيابه ومزقها وكذا جميع الرجال الذين معه.
11ထိုအခါ ဒါဝိဒ်သည် မိမိအဝတ်ကိုဆွဲဆုတ်၍၊ သူ၏လူအပေါင်းတို့သည် ထိုနည်းတူပြုကြ၏။
12وندبوا وبكوا وصاموا الى المساء على شاول وعلى يوناثان ابنه وعلى شعب الرب وعلى بيت اسرائيل لانهم سقطوا بالسيف.
12ရှောလုမှစ၍ သားတော်ယောနသန်၊ ထာဝရဘုရား၏လူများ၊ ဣသရေလအမျိုးသားတို့သည် ထားဖြင့် လဲသေသောကြောင့်၊ သူတို့အတွက် ညဦးတိုင်အောင် ငိုကြွေးမြည်တမ်း၍ အစာကိုရှောင်ကြ၏။
13ثم قال داود للغلام الذي اخبره من اين انت. فقال انا ابن رجل غريب عماليقي.
13ထိုသိတင်းကိုကြားပြောသော လုလင်အား ဒါဝိဒ်က၊ သင်သည် အဘယ်အရပ်ကလာသနည်းဟုမေးလျှင်၊ ထိုသူက ကျွန်တော်သည် တပါးအမျိုးသား အာမလက်လူ ဖြစ်ပါ၏ဟုပြန်လျှောက်သော်၊
14فقال له داود كيف لم تخف ان تمد يدك لتهلك مسيح الرب.
14ဒါဝိဒ်က၊ ထာဝရဘုရားအခွင့်နှင့် ဘိသိက်ခံသောသူကို သတ်ခြင်းငှါ သင့်လက်ကိုအဘယ်သို့ ဆန့်ဝံ့ သနည်းဟုဆိုလျက်၊
15ثم دعا داود واحدا من الغلمان وقال تقدم. اوقع به. فضربه فمات.
15လုလင်တယောက်ကိုခေါ်၍၊ သူ့ကို သွားသတ်တော့ဟုဆိုသည်အတိုင်း၊ လုလင်သည် လုပ်ကြံ၍ သတ် လေ၏။
16فقال له داود دمك على راسك لان فمك شهد عليك قائلا انا قتلت مسيح الرب
16ဒါဝိဒ်ကလည်း၊ သင်၏အသွေးသည် သင့်ခေါင်းပေါ်မှာတည်စေ။ ထာဝရဘုရားအခွင့်နှင့် ဘိသိက်ခံသောသူကို ကျွန်တော်သတ်ပါပြီဟု သင့်နှုတ်သည် သင့်ဘက်၌ သက်သေခံလေပြီဟုဆို၏။
17ورثا داود بهذه المرثاة شاول ويوناثان ابنه
17ဒါဝိဒ်သည် ရှောလုနှင့်သားတော် ယောနသန်ကြောင့် ငိုကြွေးမည်တမ်း၍၊
18وقال ان يتعلم بنو يهوذا نشيد القوس هوذا ذلك مكتوب في سفر ياشر
18ယုဒအမျိုးသားတို့အား သင်စေသော လေး သီချင်းတည်းဟူသော ယာရှာစာ၌ပါသော သီချင်းစကား ဟူမူကား၊
19الظبي يا اسرائيل مقتول على شوامخك. كيف سقط الجبابرة.
19အိုဣသရေလဂုဏ်အသရေ၊ သင်၏မြင့်သောအရပ်တို့၌ သင်သည် အသေခံလေပြီ။ သူရဲတို့သည် လဲသေကြပြီတကား။
20لا تخبروا في جتّ. لا تبشروا في اسواق اشقلون لئلا تفرح بنات الفلسطينيين لئلا تشمت بنات الغلف.
20ထိုသိတင်းကို ဂါသမြို့၌မပြောကြနှင့်။ အာရှကေလုန်မြို့လမ်းတို့၌ မကြားမပြောကြနှင့်။ ဖိလိတ္တိအမျိုး သမီးတို့သည် ဝမ်းမြောက်၍ အရေဖျားလှီးခြင်းကို မခံသော အမျိုးသမီးတို့သည် ရွှင်လန်းကြလိမ့်မည်ဟု စိုးရိမ် စရာရှိ၏။
21يا جبال جلبوع لا يكن طل ولا مطر عليكنّ ولا حقول تقدمات لانه هناك طرح مجنّ الجبابرة مجنّ شاول بلا مسح بالدهن.
21အိုဂိလဗောတောင်တို့၊ သင်တို့အပေါ်မှာ နှင်းမကျစေနှင့်။ မိုဃ်းမရွာစေနှင့်။ ပူဇော်စရာအသီးကိုသီးသော လယ်ကွက်မရှိစေနှင့်။ အကြောင်းမူကား၊ ထိုအရပ်၌ သူရဲဆောင်သော ဒိုင်းတည်းဟူသောရှောလု ဆောင်သောဒိုင်းလွှား၊ ဆီနှင့်လိမ်းပြီးသော လက်နက်တော်ကို ရှုတ်ချလေပြီတကား။
22من دم القتلى من شحم الجبابرة لم ترجع قوس يوناثان الى الوراء وسيف شاول لم يرجع خائبا.
22သူရဲတို့၏အသွေး၊ ခွန်အားကြီးသော သူတို့၏ ဆီဥမှ ယောနသန်၏လေးသည် နောက်သို့မလှန်။ ရှောလု ၏ထားတော်သည် ကိုယ်ချည်းပြန်၍ မလာတတ်။
23شاول ويوناثان المحبوبان والحلوان في حياتهما لم يفترقا في موتهما. اخف من النسور واشدّ من الأسود.
23ရှောလုနှင့်ယောနသန်သည် ချစ်တတ်သောသဘောရှိ၍ အသက်ရှင်စဉ်အခါ မိတ်ဆွေဖြစ်လျက်၊ အသက်သေသောအခါ တယောက်နှင့် တယောက်မကွာ ဘဲလျက်နေကြ၏။ သူတို့သည် ရွှေလင်းတထက်မြန်၍ ခြင်္သေ့ထက် ခွန်အားကြီးကြ၏။
24يا بنات اسرائيل ابكين شاول الذي ألبسكنّ قرمزا بالتنعم وجعل حليّ الذهب على ملابسكنّ.
24အိုဣသရေလအမျိုးသမီးတို့၊ ရှောလုကို ငိုကြွေးကြလော့။ သင်တို့ကို လှသော ကမ္ဗလာနီနှင့် ဝတ်စေ၍၊ သင်တို့အဝတ်၌လည်း ရွှေတန်ဆာနှင့် ဆင်စေတော် မူ၏။
25كيف سقط الجبابرة في وسط الحرب. يوناثان على شوامخك مقتول.
25စစ်တိုက်ပွဲ၌ သူရဲတို့သည် လဲသေကြပြီ။ အို ယောနသန်၊ သင်၏ မြင့်သောအရပ်တို့၌သင်သည် အသေခံ လေပြီတကား။
26قد تضايقت عليك يا اخي يوناثان. كنت حلوا لي جدا. محبتك لي اعجب من محبة النساء.
26ငါ့ညီယောနသန်၊ သင့်ကြောင့် ငါညှိုးငယ်ခြင်းရှိ၏။ သင်သည် ငါ့မိတ်ဆွေကြီးဖြစ်၍၊ ငါ့ကိုချစ်သော မေတ္တာသည် အံ့ဩဘွယ်သောမေတ္တာ၊ မိန်းမကို ချစ်တတ်သော မေတ္တာထက်သာ၍၊ အားကြီးသောမေတ္တာဖြစ်၏။
27كيف سقط الجبابرة وبادت آلات الحرب
27သူရဲတို့သည်းသေကြပြီတကား။ စစ်တိုက် လက်နက်တို့သည် ဆုံကြပြီးတကားဟု ပါသတည်း။