الكتاب المقدس (Van Dyke)

Myanmar

2 Samuel

23

1فهذه هي كلمات داود الاخيرة. وحي داود بن يسّى ووحي الرجل القائم في العلا مسيح اله يعقوب ومرنم اسرائيل الحلو.
1ဒါဝိဒ်မြွက်ဆိုသော နောက်ဆုံးစကားတည်းဟူသော၊ ယာကုပ်အမျိုး၏ဘုရားသခင့်အခွင့်နှင့် ဘိသိက် ခံရ၍ ဘုန်းကြီးသောသူ၊ ဣသရေလအမျိုး၌ချိုမြိန်စွာ သီချင်းဆိုသော ယေရှဲ၏သား ဒါဝိဒ်မြွက်ဆိုသော ပရော ဖက်စကားဟူမူကား၊
2روح الرب تكلم بي وكلمته على لساني.
2ထာဝရဘုရား၏ ဝိညာဉ်တော်သည်ငါ့အားဖြင့် မိန့်တော်မူ၏။ နှုတ်ကပတ်တော်သည် ငါ့လျှာ၌ တည်၏။
3قال اله اسرائيل اليّ تكلم صخرة اسرائيل. اذا تسلط على الناس بار يتسلط بخوف الله
3ဣသရေလအမျိုး၏ ဘုရားသခင်၊ ဣသရေလ အမျိုး၏ကျောက်သည် ငါ့အားဖြင့် မိန့်မြွက်တော်မူသည် ကား၊ လူတို့ကို အုပ်စိုးသော သူသည်တရားသဖြင့် စီရင်၍ ဘုရားသခင်ကို ကြောက်ရွံ့လျက် အုပ်စိုးရမည်။
4وكنور الصباح اذا اشرقت الشمس. كعشب من الارض في صباح صحو مضيء غبّ المطر.
4မိုဃ်းမအုံ့၊ နေထွက်သော နံနက်အလင်းကဲ့သို့၎င်း၊ မိုဃ်းရွာပြီးမှ နေပေါ်ထွန်းသဖြင့် မြေ၌ပေါက်သော မြက်နုကဲ့သို့၎င်း ဖြစ်ရလိမ့်မည်။
5أليس هكذا بيتي عند الله لانه وضع لي عهدا ابديا متقنا في كل شيء ومحفوظا. أفلا يثبت كل خلاصي وكل مسرتي.
5ငါ့အမျိုးအနွယ်သည် ဘုရားသခင်ရှေ့တော်၌ မြဲမြံသည်မဟုတ်လော။ သေချာစွာ စီရင်၍ မပျက် နိုင်သော နိစ္စထာဝရပဋိညာဉ်ကို ငါနှင့် ဖွဲ့တော်မူပြီ။ ထိုပဋိညာဉ်သည် ချက်ခြင်းမပြည့်စုံသော်လည်း၊ ငါ့ကို ကယ်တင်ရာအကြောင်း၊ ငါအားရနှစ်သက်ရာအကြောင်း ဖြစ်၏။
6ولكن بني بليعال جميعهم كشوك مطروح لانهم لا يؤخذون بيد.
6အဓမ္မလူအပေါင်းတို့မူကားလက်နှင့် မကိုင်သာ၊ ပယ်ရှားရသော ဆူးပင်ကဲ့သို့ဖြစ်ရကြလိမ့်မည်။
7والرجل الذي يمسهم يتسلح بحديد وعصا رمح. فيحترقون بالنار في مكانهم
7ပယ်ရှားရသော သူသည်သံချပ်အင်္ကျီနှင့် လှံတံကို သုံးဆောင်သဖြင့်၊ ဆူးပင်ပေါက်သောအရပ်၌ပင် ရှင်းရှင်းမီးရှို့ရသတည်း။
8هذه اسماء الابطال الذين لداود. يوشيب بشبث التحكموني رئيس الثلاثة. هو هزّ رمحه على ثمان مئة قتلهم دفعة واحدة.
8ဒါဝိဒ်၏အမှုတော်ထမ်းသူရဲကြီးတို့၏ အမည်များဟူမူကား၊ ဟပ္ပေါနိအမျိုးယာဧရှာဘံသည် ဗိုလ်ချုပ် ဖြစ်၏။ ထိုသူသည် လှံကိုကိုင်လျက် လူသုံးရာကို တခါ တည်းတိုက်၍ လုပ်ကြံလေ၏။
9وبعده العازار بن دودو بن اخوخي احد الثلاثة الابطال الذين كانوا مع داود حينما عيّروا الفلسطينيين الذين اجتمعوا هناك للحرب وصعد رجال اسرائيل.
9သူနောက်မှာ အဟောဟိအမျိုးဒေါဒေါသား ဧလာဇာသည် ဒါဝိဒ်နှင့်အတူလိုက်သော သူရဲသုံး ယောက်အဝင်ဖြစ်၏။ စစ်တိုက်ခြင်းငှါ စုဝေးသော ဖိလိတ္တိလူတို့ကို ကြိမ်းပ၍ ဣသရေလလူတို့သည် ဆုတ် သွားသောအခါ၊
10اما هو فاقام وضرب الفلسطينيين حتى كلّت يده ولصقت يده بالسيف وصنع الرب خلاصا عظيما في ذلك اليوم ورجع الشعب وراءه للنهب فقط.
10ထိုသူသည် လက်ညောင်း၍ထား၌မှီလျက်နေရ သည်တိုင်အောင် ထ၍ဖိလိတ္တိလူတို့ကို လုပ်ကြံသဖြင့်၊ ထာဝရဘုရားသည် ထိုနေ့၌ကြီးစွာသော အောင်မြင်ခြင်း ကို ပြုတော်မူ၍၊ သူတို့သည် ရန်သူတို့၏ ဥစ္စာကို လုယူခြင်းငှါသာ ပြန်လာကြ၏။
11وبعده شمّة بن احي الهراري. فاجتمع الفلسطينيون جيشا وكانت هناك قطعة حقل مملوءة عدسا فهرب الشعب من امام الفلسطينيين.
11သူ့နောက်မှာ ဟရရိအမျိုးအာဂိ၏သားရှမ္မ သည်ရှိ၏။ ဖိလိတ္တိလူတို့သည် ပြောင်းစပါးစိုက်သော လယ်ကွက်၌ စုဝေး၍၊ ဣသရေလလူတို့သည် ပြေးကြ သောအခါ၊
12فوقف في وسط القطعة وانقذها وضرب الفلسطينيين فصنع الرب خلاصا عظيما.
12ထိုသူသည် လယ်ကွက်အလယ်၌ရပ်၍ စောင့်မ လျက် ဖိလိတ္တိလူတို့ကို လုပ်ကြံသဖြင့်၊ ထာဝရဘုရားသည် ကြီးစွာသော အောင်ခြင်းကို ပြုတော်မူ၏။
13ونزل الثلاثة من الثلاثين رئيسا وأتوا في الحصاد الى داود الى مغارة عدلام وجيش الفلسطينيين نازل في وادي الرفائيين.
13ဗိုလ်စုအဝင်သုံးယောက်တို့သည် စပါးရိတ်ရာ ကာလ၌၊ ဒါဝိဒ်ရှိရာ အဒုလံဥမင်သို့ ဆင်းသွား၍၊ ဖိလိတ္တိ လူတို့သည် ရေဖိမ်ချိုင်၌တပ်ချလျက် ရှိကြ၏။
14وكان داود حينئذ في الحصن وحفظة الفلسطينيين حينئذ في بيت لحم.
14ထိုအခါဒါဝိဒ်သည် ရဲတိုက်တွင်နေ၍၊ ဖိလိတ္တိ လူတို့သည် ဗက်လင်မြို့၌ တပ်ချကြ၏။
15فتأوّه داود وقال من يسقيني ماء من بئر بيت لحم التي عند الباب.
15ဒါဝိဒ်ကလည်း၊ တစုံတယောက်သော သူသည် ဗက်လင်မြို့တံခါးနားမှာရှိသော ရေတွင်းထဲက ရေကို ခပ်၍ ငါ့အားပေးပါစေသောဟု တောင့်တသော စိတ်နှင့် ဆိုသော်၊
16فشقّ الابطال الثلاثة محلّة الفلسطينيين واستقوا ماء من بئر بيت لحم التي عند الباب وحملوه وأتوا به الى داود فلم يشأ ان يشربه بل سكبه للرب
16ထိုသူရဲသုံးယောက်တို့သည် ဖိလိတ္တိတပ်ကို ဖျက်၍ ဗက်လင်မြို့ တံခါးနားမှာရှိသော ရေတွင်းထဲက ရေကို ခပ်ယူပြီးလျှင် ဒါဝိဒ်ထံတော်သို့ ဆောင်ခဲ့ကြ၏။ သို့သော်လည်း၊ ဒါဝိဒ်သည်မသောက်ဘဲ ထာဝရဘုရား ရှေ့တော်၌သွန်းလျက်၊
17وقال حاشا لي يا رب ان افعل ذلك. هذا دم الرجال الذين خاطروا بانفسهم. فلم يشأ ان يشربه. هذا ما فعله الثلاثة الابطال
17အိုထာဝရဘုရား၊ ဤရေကို သောက်သောအမှု သည် အကျွန်ုပ်နှင့်ဝေးပါစေသော။ ဤရေသည် ကိုယ် အသက်ကိုမနှမြောဘဲသွားသော သူတို့၏အသွေးဖြစ်ပါ သည်မဟုတ်ပါလောဟု လျှောက်၍ မသောက်ဘဲနေ၏။ ထိုသူရဲသုံးယောက်တို့သည် ထိုသို့သောအမှုတို့ကိုပြုကြ၏။
18وابيشاي اخو يوآب ابن صروية هو رئيس ثلاثة. هذا هزّ رمحه على ثلاث مئة قتلهم فكان له اسم بين الثلاثة.
18ဇေရုယာသားယွာဘညီအဘိရှဲသည်လည်း သူရဲ သုံးယောက်တွင် အကြီးဖြစ်၏။ သူသည်လှံကိုကိုင်၍ လူသုံးရာတို့ကို တိုက်ဖျက်လုပ်ကြံသောကြောင့်၊ သူရဲ သုံးယောက်အဝင်နေရာရသတည်း။
19ألم يكرم على الثلاثة فكان لهم رئيسا الا انه لم يصل الى الثلاثة الاول.
19သူရဲသုံးယောက်တွင် အမြတ်ဆုံးဖြစ်သည် မဟုတ်လော။ ထိုကြောင့် ဗိုလ်ချုပ်အရာကိုရ၏။ သို့သော် လည်း ပဌမသူရဲသုံးယောက်တို့ကိုမမှီ။
20وبناياهو بن يهوياداع ابن ذي بأس كثير الافعال من قبصئيل هو الذي ضرب اسدي موآب وهو الذي نزل وضرب اسدا في وسط جب يوم الثلج.
20အထူးသဖြင့် ပြုဘူးသောကပ်ဇေလမြို့သား သူရဲယောယဒ၏ သားဗေနာယသည်လည်း ခြင်္သေ့နှင့် တူသော မောဘလူနှစ်ယောက်ကို သတ်၏။ ဆောင်း ကာလ၌လည်း အခြားသို့သွား၍ မြေတွင်း၌ရှိသော ခြင်္သေ့ကို သတ်၏။
21وهو ضرب رجلا مصريا ذا منظر. وكان بيد المصري رمح. فنزل اليه بعصا وخطف الرمح من يد المصري وقتله برمحه.
21ထူးခြားသောအဲဂုတ္တုလူကိုလည်း သတ်၏။ အဲဂုတ္တုလူသည်လှံကို ကိုင်သော်လည်း၊ ဗေနာယသည် တောင်ဝေးကိုသာ ကိုင်လျက်သွား၍ အဲဂုတ္တုလူလက်မှ လှံကိုလုယူပြီးလျှင်၊ ထိုလှံနှင့်သူ့ကို သတ်၏။
22هذا ما فعله بناياهو بن يهوياداع فكان له اسم بين الثلاثة الابطال
22ထိုသို့သောအမှုတို့ကို ယောယဒသားဗေနာယပြု၍ သူရဲသုံးယောက်အဝင်နေရာကို ရ၏။
23وأكرم على الثلاثين الا انه لم يصل الى الثلاثة. فجعله داود من اصحاب سرّه
23ဗိုလ်များထက်သာ၍ မြတ်သော်လည်း၊ ပဌမ သူရဲသုံးယောက်တို့ကို မမှီ။ ဒါဝိဒ်သည် အတွင်းဝန်ချုပ် အရာကိုလည်းပေး၏။
24وعسائيل اخو يوآب كان من الثلاثين والحانان بن دودو من بيت لحم.
24ယွာဘညီအာသဟေလသည်လည်း ဗိုလ်စုအဝင်ဖြစ်၏။ ထိုအတူဗက်လင်မြို့နေ၊ ဒေါဒေါ၏သား ဧလဟာနန်၊
25وشمّة الحرودي واليقا الحرودي.
25ဟရောဒိအမျိုးရှမ္မ၊ ဟရောဒိအမျိုးဧလိက၊
26وحالص الفلطي وعيرا بن عقيش التقوعي
26ဖာလတိအမျိုးဟေလက်၊ တေကောအမျိုး ဣကေရှ၏သား ဣရ၊
27وابيعزر العناثوثي ومبوناي الحوشاتي.
27အနေသောသိအမျိုးအဗျေဇာ၊ ဟုရှသိအမျိုး မေဗုန္နဲ၊
28وصلمون الاخوخي ومهراي النطوفاتي.
28အဟောဟိအမျိုးဇာလမုန်၊ နေတော ဖာသိအမျိုး မဟာရဲ၊
29وخالب بن بعنة النطوفاتي واتّاي بن ريباي من جبعة بني بيامين.
29နေတာဖာသိအမျိုးဗာနာသားဟေလက်၊ ဗင်္ယာမိန်အမျိုးဂိဗာမြို့နေ၊ ရိဘဲ၏ သားအိတ္တဲ၊
30وبنايا الفرعتوني وهدّاي من اودية جاعش.
30ပိရသောနိအမျိုးဗေနာယ၊ ဂါရှချိုင့် သားဟိဒ္ဒဲ၊
31وابو علبون العرباتي وعزموت البرحومي
31အာဗသိအမျိုး အဗျာလဗုန်၊ ဗာဟုမိအမျိုး အာဇမာဝက်၊
32واليحبا الشعلبوني ومن بني ياشن يوناثان.
32ရှာလဗောနိ အမျိုးဧလျာဘ၊ ယာရှင်၏သား တို့တွင် ယောနသန်၊
33وشمّة الهراري واخيآم بن شارار الاراري.
33ဟာရရိအမျိုးရှမ္မ၊ ဟာရရိအမျိုးရှာရ၏ သား အဟိအံ၊
34واليفلط بن احسباي ابن المعكي واليعام بن اخيتوفل الجيلوني.
34မာခါသိအမျိုးအဟသဘဲ၏သား ဧလိဖလက်၊ ဂိလောနိအမျိုး အဟိသောဖေလ၏သားဧလျံ၊
35وحصراي الكرملي وفعراي الأربيّ.
35ကရမေလ အမျိုးဟေဇရဲ၊ အာဘိအမျိုးဖာရဲ၊
36ويجآل بن ناثان من صوبة وباني الجادي.
36ဇောဘအမျိုးနာသန်၏သား ဣဂါလ၊ ဂဒ်အမျိုး ဗာနိ၊
37وصالق العموني ونحراي البئيروتي حامل سلاح يوآب بن صروية
37အမ္မုန်အမျိုးဇေလက်၊ ဇေရုယာ၏သားယွာဘ ၏ လက်နက်ဆောင်လုလင် ဗေရောသိအမျိုးနဟာရဲ၊
38وعيرا اليثري وجارب اليثري
38ဣသရိ အမျိုးဣရ၊ ဣသရိအမျိုးဂါရက်၊
39واوريا الحثي. الجميع سبعة وثلاثون
39ဟိတ္တိအမျိုးဥရိယ၊ ပေါင်းသုံးဆယ်ခုနစ်ယောက် တည်း။