1وحدث في ايقونية انهما دخلا معا الى مجمع اليهود وتكلما حتى آمن جمهور كثير من اليهود واليونانيين.
1ဣကောနိမြို့သို့ရောက်လျှင် ထိုသူနှစ်ယောက် တို့သည် ယုဒတရားစရပ်သို့ဝင်၍ ဟောပြောသဖြင့်၊ ယုဒလူ၊ ဟေလသလူများ အပေါင်းတို့သည် ယုံကြည် ခြင်းသို့ ရောက်ကြ၏။
2ولكن اليهود غير المؤمنين غرّوا وافسدوا نفوس الامم على الاخوة.
2မယုံကြည်သော ယုဒလူတို့သည် တပါးအမျိုး သားတို့ကို နှိုးဆော်၍၊ ညီအစ်ကိုတို့အား မနာလိုသော စိတ်ရှိစေခြင်းငှါ ချောစားကြ၏။
3فاقاما زمانا طويلا يجاهران بالرب الذي كان يشهد لكلمة نعمته ويعطي ان تجرى آيات وعجائب على ايديهما.
3ထိုကြောင့်ကြာမြင့်စွာနေ၍ သခင်ဘုရား၏ တရားတော်ကို မဆုတ်မဆိုင်းဟောပြောလေ၏။ သခင် ဘုရားသည်လည်း ကျေးဇူးတရား တော်ဘက်၌ သက်သေ ခံတော်မူလျက်၊ တမန်တော်တို့သည် နိမိတ်လက္ခဏာ၊ အံဘွယ်သော အမှုတို့ကိုပြုနိုင်မည်အကြောင်း အခွင့် ပေးတော်မူ၏။
4فانشق جمهور المدينة فكان بعضهم مع اليهود وبعضهم مع الرسولين.
4ထိုမြို့သူမြို့သားအပေါင်းတို့သည် ကွဲပြားခြင်းရှိ၍၊ အချို့တို့သည် ယုဒလူတို့ဘက်၌၎င်း၊ အချို့တို့သည် တမန်တော်တို့ဘက်၌၎င်း နေကြ၏။
5فلما حصل من الامم واليهود مع رؤسائهم هجوم ليبغوا عليهما ويرجموهما
5မင်းအရာရှိတို့နှင့်ယုဒအမျိုးသား၊ တပါးအမျိုးသားတို့သည် တမန်တော်တို့ကို ညှဉ်းဆဲ၍ ကျောက်ခဲနှင့် ပစ်မည်ဟုတဟုန်တည်း ပြေး လာကြသည်အကြောင်းကို၊
6شعرا به فهربا الى مدينتي ليكأونية لسترة ودربه والى الكورة المحيطة.
6တမန်တော်တို့သည်သိလျှင်၊ လုကောနိပြည်၌ လုတ္တရမြို့၊ ဒေရဗေမြို့မှစ၍ ကျေးလက်များသို့ ထွက်ပြေး၍၊
7وكانا هناك يبشران
7ထိုအရပ်တို့၌ ဧဝံဂေလိတရားကို ဟောပြော ကြ၏။
8وكان يجلس في لسترة رجل عاجز الرجلين مقعد من بطن امه ولم يمش قط.
8အမိဝမ်းတွင်းကပင်ခြေမစွမ်းသဖြင့်၊ တခါမျှ မသွားဘူးသော လူတယောက်သည် လုတ္တရမြို့၌ ထိုင် လျက်၊
9هذا كان يسمع بولس يتكلم. فشخص اليه واذ رأى ان له ايمانا ليشفى
9ပေါလုဟောပြောသည်ကို ကြားလေ၏။ ပေါလု သည်လည်း ထိုသူကိုစေ့စေ့ကြည့်ရှု၍ ရောဂါကင်း မည်အကြောင်း သူ၌ယုံကြည်ခြင်းရှိ သည်ကိုသိမြင်လျှင်၊
10قال بصوت عظيم قم على رجليك منتصبا. فوثب وصار يمشي.
10ထ၍မတ်တတ်ရပ်လော့ဟု ကြီးသောအသံနှင့် ဆိုသဖြင့်၊ ထိုသူ သည်ရုတ်တရက်ထ၍ လှမ်းသွားလေ၏။
11فالجموع لما رأوا ما فعل بولس رفعوا صوتهم بلغة ليكأونية قائلين ان الآلهة تشبهوا بالناس ونزلوا الينا.
11ပေါလုပြုသောအမှုကိုမြင်သော လူအစုအဝေး တို့က၊ နတ်ဘုရားတို့သည် လူအယောင်ကိုဆောင်၍ ငါတို့ရှိရာသို့ ဆင်းသက်ပါသည် တကားဟု လုကောနိ ဘာသာ စကားအားဖြင့် အသံကိုလွှင့်၍ ဆိုကြ၏။
12فكانوا يدعون برنابا زفس وبولس هرمس اذ كان هو المتقدم في الكلام.
12ပေါလုသည်သာ၍ ဟောပြောသောကြောင့် သူ့ကို ဟေရမဟူ၍ ၎င်း၊ ဗာနဗကိုဇုသဟူ၍၎င်း ခေါ်ဝေါ်ကြ၏။
13فأتى كاهن زفس الذي كان قدام المدينة بثيران واكاليل عند الابواب مع الجموع وكان يريد ان يذبح.
13ထိုမြို့ရှေ့၌ရှိသော ဇုသ၏ယဇ်ပုရောဟိတ်သည် နွားနှင့် ပန်းတုံးကို မြို့တံခါးနားသို့ယူခဲ့၍၊ လူအစုအဝေးတို့နှင့်တကွ ယဇ်ပူဇော်မည်ပြုသည်ကို၊
14فلما سمع الرسولان برنابا وبولس مزقا ثيابهما واندفعا الى الجمع صارخين
14တမန်တော်ဗာနဗနှင့် ပေါလုတို့သည် သိတင်းကြားလျှင်၊ မိမိတို့ အဝတ်ကို ဆုတ်၍ လူစုထဲသို့ ပြေးဝင် လျက်၊
15وقائلين ايها الرجال لماذا تفعلون هذا. نحن ايضا بشر تحت آلام مثلكم نبشركم ان ترجعوا من هذه الاباطيل الى الاله الحي الذي خلق السماء والارض والبحر وكل ما فيها.
15အချင်းလူတို့၊ အဘယ်ကြောင့် ဤသို့ပြုကြသနည်း။ ငါတို့သည် သင်တို့ကဲ့သို့ လောကဓံတရား၌ ကျင်လည်သောသူဖြစ်ပါ၏။ သင်တို့သည် ဤအချည်းနှီးသောအရာတို့ကို ပယ်ကြ၍၊ ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာမှစ၍၊ အသက်ရှင်တော်မူသော ဘုရားသခင့်ထံတော်သို့ ပြောင်းလဲရကြမည်အကြောင်း၊ ငါတို့သည် ဧဝံဂေလိတရားကိုဟောပြောကြ၏။
16الذي في الاجيال الماضية ترك جميع الامم يسلكون في طرقهم.
16ရှေးလွန်လေပြီးသောကာလတို့၌၊ လူအမျိုးမျိုးတို့သည် မိမိတို့ အလိုအလျောက် ကျင့်ကြမည် အကြောင်း ဘုရားသခင်သည် အလွတ်ထားတော်မူ၏။
17مع انه لم يترك نفسه بلا شاهد وهو يفعل خيرا يعطينا من السماء امطارا وازمنة مثمرة ويملأ قلوبنا طعاما وسرورا.
17သို့သော်လည်း၊ သင်တို့အား ကျေးဇူးပြုလျက်၊ အစာအာဟာရနှင့် ဝပြော၍ဝမ်းမြောက်စေခြင်းငှါ၊ မိုဃ်းကောင်းကင်မှ မိုဃ်းရွာစေတော်မူ၍၊ အသီးအနှံတို့ကို သီးစေတတ်သော ဥတုကိုပေးတော်မူသော အားဖြင့်၊ ကိုယ်တော်ရှိတော်မူသည်ကို သက်သေမခံဘဲနေတော်မမူဟု ပေါလုနှင့် ဗာနဗသည်ကြွေးကြော် လေ၏။
18وبقولهما هذا كفّا الجموع بالجهد عن ان يذبحوا لهما.
18ထိုသို့ကြွေးကြော်သဖြင့် လူအစုအဝေးတို့သည် ယဇ်ပူဇော်ခြင်းကို မပြုရမည်အကြောင်း မြစ်တားခဲသော အမှုကိုမြစ်တားလေ၏။
19ثم أتى يهود من انطاكية وايقونيه واقنعوا الجموع فرجموا بولس وجروه خارج المدينة ظانين انه قد مات.
19ထိုအခါ ယုဒလူတို့သည် အန္တိအုတ်မြို့၊ ဣကောနိမြို့မှ လာကြ၍ လူအစုအဝေးတို့ကို ညှိညွတ် တိုင်ပင်ပြီးလျှင်၊ ပေါလုကို ကျောက်ခဲနှင့်ပစ်၍ သေပြီဟု စိတ်ထင်နှင့် မြို့ပြင်သို့ ဆွဲငင်ကြ၏။
20ولكن اذ احاط به التلاميذ قام ودخل المدينة وفي الغد خرج مع برنابا الى دربة.
20တပည့်တော်တို့သည် ဝန်းရံ၍နေကြစဉ်၊ ပေါလုသည် ထ၍မြို့ထဲသို့ဝင်ပြန်၏။ နက်ဖြန်နေ့၌ ဗာနဗနှင့် တကွဒေရဗေမြို့သို့ ထွက်သွားလေ၏။
21فبشرا في تلك المدينة وتلمذا كثيرين. ثم رجعا الى لسترة وايقونية وانطاكية
21ထိုမြို့၌ ဧဝံဂေလိတရားကို ဟောပြော၍ လူများတို့ကို တပည့်တော်ဖြစ်စေပြီးမှ၊ လုတ္တရမြို့၊ ဣကောနမြို့၊ အန္တိအုတ်မြို့တို့ကို အစဉ်အတိုင်း လှည့်လည်၍ပြန်ကြ၏။
22يشددان انفس التلاميذ ويعظانهم ان يثبتوا في الايمان وانه بضيقات كثيرة ينبغي ان ندخل ملكوت الله
22ထိုသို့ပြန်ကြစဉ်၊ တပည့်တော်များ၏ စိတ်နှလုံးကို မြဲမြံခိုင်ခံ့စေသဖြင့်၊ ယုံကြည်ခြင်း၌ တည်ကြည်မည်အကြောင်း နှိုးဆော်ချီးပင့်၍၊ ငါတို့သည် များပြားသောဆင်းရဲဒုက္ခကိုခံ၍ ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်ရကြမည်ဟု ဟောပြောပြညွှန်ကြ၏။
23وانتخبا لهم قسوسا في كل كنيسة ثم صلّيا باصوام واستودعاهم للرب الذي كانوا قد آمنوا به.
23အသင်းတော်များတို့၌ သင်းအုပ်တို့ကို ခန့်ထား၍၊ အစာရှောင်လျက်ဆုတောင်းပဌနာ ပြုပြီး လျှင်၊ သင်းဝင်သူတို့ယုံကြည်သော သခင်ဘုရား၏ လက်တော်သို့ ထိုအသင်းတော်တို့ကို အပ်နှံကြ၏။
24ولما اجتازا في بيسيدية أتيا الى بمفيلية.
24ပိသိဒိပြည်တပြည်လုံးကို ရှောက်သွား၍ ပံဖုလိပြည်သို့ ရောက်လျှင်၊
25وتكلما بالكلمة في برجة ثم نزلا الى اتالية.
25ပေရဂေမြို့၌ နှုတ်ကပတ် တရားတော်ကို ဟောပြော၍ အတ္တလိမြို့သို့သွားကြပြန်၏။
26ومن هناك سافرا في البحر الى انطاكية حيث كانا قد أسلما الى نعمة الله للعمل الذي اكملاه.
26ထိုမြို့မှ သင်္ဘောစီး၍လွှင့်သဖြင့်၊ မိမိတို့ ဆောင်ရွက်ခဲ့ပြီးသော အမှုအလိုငှါ ဘုရားသခင်၏ ကျေးဇူးတော်သို့ အပ်နှံ၍ စေလွှတ်သော အန္တိအုတ်မြို့သို့ ရောက်လာကြ၏။
27ولما حضرا وجمعا الكنيسة اخبرا بكل ما صنع الله معهما وانه فتح للامم باب الايمان.
27ထိုမြို့သို့ရောက်ပြီးလျှင် သင်းဝင်သူတို့ကို စုဝေးစေ၍၊ မိမိတို့အားဖြင့် ဘုရားသခင်သည် ပြုတော်မူသမျှ တို့ကို၎င်း၊ ယုံကြည်ခြင်း တံခါးကို တပါးအမျိုးသားတို့အား ဖွင့်တော်မူကြောင်းကို၎င်း ပြန်ကြား ကြ၏။
28واقاما هناك زمانا ليس بقليل مع التلاميذ
28ထိုမြို့၌လည်း၊ တပည့်တော်တို့နှင့်အတူ ကြာမြင့်စွာ နေကြ၏။