1وبعد خمسة ايام انحدر حنانيا رئيس الكهنة مع الشيوخ وخطيب اسمه ترتلس فعرضوا للوالي ضد بولس.
1ထိုနောက် ငါးရက်လွန်သောအခါ၊ ယဇ်ပုရောဟိတ်မင်း အာနနိသည် တေရတုလုအမည်ရှိသော ရှေ့နေမှစ၍၊ လူအကြီးအကဲတို့နှင့်တကွ ကဲသရိမြို့သို့ သွားကြသဖြင့်၊ ပေါလု၏အကြောင်းကို မြို့ဝန်မင်းထံ၌ လျှောက်ထားကြ၏။
2فلما دعي ابتدأ ترتلس في الشكاية قائلا
2ပေါလုကိုခေါ်ပြီးမှ၊ တေရတုလုသည် အပြစ်တင်သော စကားကိုလျှောက်ဆိုသည်မှာ၊ မြတ်တော်မူ သောဖေလဇ်မင်း၊ အကျွန်ုပ်တို့သည် ဘုန်းတော်ကို ခိုလှုံ၍ အလွန်ငြိမ်သက်စွာ နေရသဖြင့်၊ ကိုယ်တော် ကြည့်ရှု ပြုစုတော်မူခြင်း ကျေးဇူးတော်ကို ဤလူမျိုးသည် ခံရပါ သည်ဖြစ်၍၊
3اننا حاصلون بواسطتك على سلام جزيل وقد صارت لهذه الامة مصالح بتدبيرك فنقبل ذلك ايها العزيز فيلكس بكل شكر في كل زمان وكل مكان.
3အရပ်ရပ်တို့၌ အကျွန်ုပ်တို့သည် အစဉ်မပြတ် ကျေးဇူးတော်ကို အလွန်သိတတ်သော စိတ်နှင့်ခံရပါ၏။
4ولكن لئلا اعوقك اكثر التمس ان تسمعنا بالاختصار بحلمك.
4အကျွန်ုပ်သည် ကိုယ်တော်ကိုကြာမြင့်စွာ နှောင့်ရှက်ခြင်း အပြစ်နှင့်လွတ်ခြင်းငှါ၊ အကျဉ်းအားဖြင့် လျှောက်သောစကားကို ဖြည်းညှင်းသောစိတ်တော်နှင့် နားထောင်တော်မူမည်အကြောင်း အသနားတော်ခံပါ၏။
5فاننا اذ وجدنا هذا الرجل مفسدا ومهيج فتنة بين جميع اليهود الذين في المسكونة ومقدام شيعة الناصريين
5နာဇရက်ဘာသာဝင်သူတို့တွင် အကြီးလုပ်၍ အရပ်ရပ်တို့၌ ယုဒလူအပေါင်းတို့ကို ထစေခြင်းငှါ နှိုးဆော်သော ဤလူဆိုးကို အကျွန်ုပ်တို့သည် တွေ့ကြပါပြီ။
6وقد شرع ان ينجس الهيكل ايضا امسكناه واردنا ان نحكم عليه حسب ناموسنا.
6သူသည် ဗိမာန်တော်ကို ရှုတ်ချခြင်းငှါပြုပါပြီ။ အကျွန်ုပ်တို့သည် သူ့ကိုဘမ်းဆီး၍၊ အကျွန်ုပ်တို့ တရား အတိုင်းစီရင်ခြင်းငှါ အလိုရှိကြသည်တွင်၊
7فاقبل ليسياس الامير بعنف شديد واخذه من بين ايدينا
7စစ်သူကြီးလုသိသည် စစ်သူရဲများနှင့်လာ၍ အကျွန်ုပ်တို့ လက်မှနှုတ်ပြီးလျှင်၊
8وامر المشتكين عليه ان يأتوا اليك. ومنه يمكنك اذا فحصت ان تعلم جميع هذه الامور التي نشتكي بها عليه.
8အမှုလုပ်သောသူတို့ကို ကိုယ်တော်ထံသို့ သွားစေမည်အကြောင်း စီရင်ပါ၏။ ဤသူကို ကိုယ်တော်တိုင် စစ်တော်မူလျှင်၊ အကျွန်ုပ်တို့အပြစ်တင်သောအကြောင်း အရာများကို သေချာစွာ သိနိုင်တော်မူမည်ဟု လျှောက်ထား၏။
9ثم وافقه اليهود ايضا قائلين ان هذه الامور هكذا
9ယုဒလူတို့ကလည်း၊ ဤစကားမှန်ပါသည်ဟု ဝန်ခံကြ၏။
10فاجاب بولس اذ اومأ اليه الوالي ان يتكلم. اني اذ قد علمت انك منذ سنين كثيرة قاض لهذه الامة احتج عما في امري باكثر سرور.
10မြို့ဝန်မင်းသည် အမှတ်ပေး၍၊ ပေါလုသည် လျှောက်ရသော အခွင့်ကိုရလျှင်၊ ကိုယ်တော်သည် ဤလူမျိုးကို တာရှည်စွာအုပ်စိုးတော်မူသည်ကို အကျွန်ုပ် သိ၍၊ သာယာသောစိတ်နှင့်ကိုယ်အပြစ်ဖြေရာ စကားကို လျှောက်ဝံ့ပါ၏။
11وانت قادر ان تعرف انه ليس لي اكثر من اثني عشر يوما منذ صعدت لاسجد في اورشليم.
11အကျွန်ုပ်သည် ကိုးကွယ်ခြင်းငှါ ယေရုရှလင်မြို့ သို့ တက်သွား၍၊ ယခု တဆယ်နှစ်ရက်သာရှိသည်ကို ကိုယ်တော်သိနိုင်တော်မူ၏။
12ولم يجدوني في الهيكل احاج احدا او اصنع تجمعا من الشعب ولا في المجامع ولا في المدينة.
12ဗိမာန်တော်၌ တစုံတယောက်သောသူနှင့် အကျွန်ုပ် ဆွေးနွေးငြင်းခုံသည်ကို သူတို့မတွေ့ကြပါ။ တရားစရပ်တို့၌၎င်း၊ မြို့ထဲ၌၎င်း၊ လူများကို မငြိမ်မသက် စေခြင်းငှါ အကျွန်ုပ်နှိုးဆော်သည်ကို သူတို့မတွေ့ကြပါ။
13ولا يستطيعون ان يثبتوا ما يشتكون به الآن عليّ.
13ယခုတွင်အကျွန်ုပ်ကို အပြစ်တင်သောအမှု၌ သက်သေမပြနိုင် ကြပါ။
14ولكنني اقرّ لك بهذا انني حسب الطريق الذي يقولون له شيعة هكذا اعبد اله آبائي مؤمنا بكل ما هو مكتوب في الناموس والانبياء.
14သို့သော်လည်း ဒိဌိအယူဟူ၍ သူတို့ခေါ်တတ် သော ဘာသာအတိုင်းအကျွန်ုပ်သည် မိစဉ်ဘဆက် ကိုးကွယ်သော ဘုရားသခင်ကို ကိုးကွယ်သည်ဟု ရှေ့တော်၌ အကျွန်ုပ်ဝန်ခံပါ၏။ ပညတ္တိကျမ်း၊ အနာဂတ္တိ ကျမ်းတို့၌ စီရင်ရေးထားသမျှတို့ကို အကျွန်ုပ်ယုံပါ၏။
15ولي رجاء بالله في ما هم ايضا ينتظرونه انه سوف تكون قيامة للاموات الابرار والاثمة.
15ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သော သူရှိ သမျှတို့သည် သေခြင်းမှ ထမြောက်ကြလိမ့်မည်ဟူ၍၊ သူကို့မြော်လင့်သည်နည်းတူ၊ အကျွန်ုပ်လည်း ဘုရား သခင်ကို အမှီပြု၍ မြော်လင့်ပါ၏။
16لذلك انا ايضا ادرب نفسي ليكون لي دائما ضمير بلا عثرة من نحو الله والناس.
16ထိုကြောင့်၊ ဘုရားသခင်ကိုပြစ်မှားပြီ၊ လူတို့ကို ပြစ်မှားပြီဟု ကိုယ်စိတ်နှလုံးသည်ကိုယ်၌ အပြစ်တင်ခွင့် နှင့် အစဉ်ကင်းလွတ်မည်အကြောင်း အကျွန်ုပ်သည် ကြိုးစားအားထုတ်ပါ၏။
17وبعد سنين كثيرة جئت اصنع صدقات لامتي وقرابين.
17နှစ်ပေါင်းများစွာလွန်သောအခါ၊ အမျိုးသား ချင်းတို့အား စွန့်ကြဲပေးကမ်းခြင်းအမှု၊ ဘုရားသခင်အား ပူဇော်သက္ကာပြုခြင်းအမှုနှင့် အကျွန်ုပ်ရောက်လာသည် တွင်၊
18وفي ذلك وجدني متطهرا في الهيكل ليس مع جمع ولا مع شغب قوم هم يهود من اسيا
18ဗိမာန်တော်၌ လူအစုအဝေးမရှိ၊ ရုန်းရင်းခတ် မျှမပြုဘဲ၊ စင်ကြယ်ခြင်းကိုပြုလျက်ရှိသည်ကို၊ အာရှိ ပြည်ကလာသောယုဒလူ အချို့တို့သည် တွေ့ကြပါ၏။
19كان ينبغي ان يحضروا لديك ويشتكوا ان كان لهم عليّ شيء.
19ထိုသူတို့သည် အကျွန်ုပ်အပြစ်တင်စရာရှိလျှင်၊ အထံတော် သို့ကိုယ်တိုင်လာ၍အပြစ်တင်အပ်ပါ၏။
20او ليقل هؤلاء انفسهم ماذا وجدوا فيّ من الذنب وانا قائم امام المجمع
20သို့မဟုတ်အကျွန်ုပ်သည် လွှတ်အရာရှိတို့ ရှေ့မှာ ရှိသောအခါ၊ သေသောသူတို့သည် ထမြောက်ခြင်း အကြောင်းနှင့်၊
21الا من جهة هذا القول الواحد الذي صرخت به واقفا بينهم اني من اجل قيامة الاموات أحاكم منكم اليوم
21အကျွန်ုပ်သည် သင်တို့ရှေ့၌ ယနေ့စစ်ကြော စီရင်ခြင်းကို ခံရ၏ဟုကြွေးကြော်သော စကားသံ တခွန်း ကိုထားလျှင်၊ အကျွန်ုပ်၌ အဘယ်အပြစ်ကို တွေ့ကြသည် ကို ယခုရှိသော ဤသူတို့သည် ပြောကြပါစေဟု ပေါလု လျှောက်၏။
22فلما سمع هذا فيلكس امهلهم اذ كان يعلم باكثر تحقيق امور هذا الطريق قائلا متى انحدر ليسياس الامير افحص عن اموركم.
22ဖေလဇ်မင်းကလည်း၊ စစ်သူကြီးလုသိ ရောက်လာသောအခါ၊ သင်တို့အမှုကို ငါစစ်ဦးမည်ဟု ထိုဘာသာကိုသာ၍ နားလည်သောသူဖြစ်လျက်၊ မစီရင် ဘဲ သူတို့ကို လွှတ်လိုက်၏။
23وامر قائد المئة ان يحرس بولس وتكون له رخصة وان لا يمنع احدا من اصحابه ان يخدمه او يأتي اليه
23ပေါလုကို အကျဉ်းမထားဘဲစောင့်၍နေစေ။ သူ၏အဆွေအမျိုးတို့သည် သူ့ထံသို့လာ၍ လုပ်ကျွေး ကြစေဟု တပ်မှူးကိုမှာထား၏။
24ثم بعد ايام جاء فيلكس مع دروسلا امرأته وهي يهودية فاستحضر بولس وسمع منه عن الايمان بالمسيح.
24ထိုနောက်များမကြာ၊ ဖေလဇ်မင်းသည် ယုဒ အမျိုးဖြစ်သော မိမိခင်ပွန်းဒြုသိလေနှင့် တကွလာပြီး လျှင်၊ ပေါလုကိုခေါ်၍ ခရစ်တော်ကို ယုံကြည်ခြင်းနှင့်ယှဉ် သော စကားကို နားထောင်လေ၏။
25وبينما كان يتكلم عن البر والتعفف والدينونة العتيدة ان تكون ارتعب فيلكس واجاب اما الآن فاذهب متى حصلت على وقت استدعيك.
25ပေါလုသည် ဖြောင့်မတ်ခြင်းတရားနှင့် ကာမဂုဏ်ချုပ်တည်းခြင်း တရားကို၎င်း၊ နောက်ဖြစ်လတံ့သော စစ်ကြောစီရင်ခြင်းကို၎င်း ဟောပြောလျှင်၊ ဖေလဇ်မင်းသည် ကြောက်လန့်ခြင်းသို့ရောက်၍၊ ယခုသွားဦးလော့။ နောက်မှအဆင်သင့်သောအခါ ငါခေါ်ဦးမည်ဟု ဆို၏။
26وكان ايضا يرجو ان يعطيه بولس دراهم ليطلقه ولذلك كان يستحضره مرارا اكثر ويتكلم معه.
26ပေါလုသည် မိမိလွတ်ရအောင် ငွေပေးမည်ဟု ထိုမင်းသည်ထင်မှတ်လျက်၊ မကြာမကြာပေါလုကို ခေါ်၍ သူနှင့်စကားပြောလေ၏။
27ولكن لما كملت سنتان قبل فيلكس بوركيوس فستوس خليفة له. واذ كان فيلكس يريد ان يودع اليهود منة ترك بولس مقيدا
27နှစ်နှစ်စေ့သောအခါ ပေါကိဖေတ္တုသည် ဖေလဇ်မင်း၏အရာကို ရသဖြင့်၊ ဖေလဇ်မင်းသည် ယုဒ လူတို့အား ကျေးဇူးပြုလိုသောစိတ်နှင့် ပေါလုကို အကျဉ်းထားရစ်စေ၏။