الكتاب المقدس (Van Dyke)

Myanmar

Acts

27

1فلما استقر الرأي ان نسافر في البحر الى ايطاليا سلموا بولس واسرى آخرين الى قائد مئة من كتيبة اوغسطس اسمه يوليوس‎.
1ထိုအခါငါတို့သည် ဣတလိပြည်သို့သင်္ဘောနှင့် ကူးရမည့်အကြောင်းကို စီရင်ပြီးမှ၊ ယုလိအမည်ရှိသော ဩဂုတ္တုတပ်နှင်ဆိုင်သော တပ်မှူး၌ ပေါလုမှစ၍ အကျဉ်းခံသောအခြားသူတို့ကို အပ်ကြ၏။
2‎فصعدنا الى سفينة ادراميتينية واقلعنا مزمعين ان نسافر مارين بالمواضع التي في اسيا. وكان معنا ارسترخس رجل مكدوني من تسالونيكي.
2အာဒြမုတ္တိ သင်္ဘောကိုစီး၍ အာရှိပြည်နားသို့ ရှောက်သွားမည်အကြံနှင့် လွှင့်ကြ၏။ အာရိတ္တခု အမည်ရှိသော မာကေဒါနိပြည်သက် သာလောနိတ် မြို့သားသည် ငါတို့နှင့်ပါ၏။
3وفي اليوم الآخر اقبلنا الى صيدا فعامل يوليوس بولس بالرفق وأذن ان يذهب الى اصدقائه ليحصل على عناية منهم‎.
3နက်ဖြန်နေ့တွင် ဇိဒုန်မြို့၌ဆိုက်ကြပြီးလျှင်၊ ပေါလုသည် မိမိအဆွေခင်ပွန်းတို့ထံသို့သွား၍ သူတို့၏ လုပ်ကျွေးပြုစခြင်းကို ခံရမည်အကြောင်း၊ ယုလိသည် ကျေးဇူးပြု၍ အခွင့်ပေးလေ၏။
4‎ثم اقلعنا من هناك وسافرنا في البحر من تحت قبرس لان الرياح كانت مضادة‎.
4ထိုမြို့မှထွက်၍ လေမသင့်သောကြောင့်၊ ကုပရုကျွန်းမြောက်ဘက်နားသို့ရှောက်သွားသဖြင့် ကိလိကိပြည်၊
5‎وبعدما عبرنا البحر الذي بجانب كيليكية وبمفيلية نزلنا الى ميراليكية‎.
5ပဖုလိပြည်နှင့် စပ်သောပင်လယ်ကိုကူး၍၊ လုကိုပြည်၊ မုရမြို့သို့ ရောက်ကြ၏။
6‎فاذ وجد قائد المئة هناك سفينة اسكندرية مسافرة الى ايطاليا ادخلنا فيها‎.
6ထိုမြို့၌ ဣတလိပြည်သို့ ကူးသော အာလေဇန္ဒြိ သင်္ဘောကို တပ်မှူးသည်တွေ့၍၊ ထိုသင်္ဘောထဲသို့ ငါတို့ကို သွင်းထားလေ၏။
7‎ولما كنا نسافر رويدا اياما كثيرة وبالجهد صرنا بقرب كنيدس ولم تمكنا الريح اكثر سافرنا من تحت كريت بقرب سلموني‎.
7နှေးနှေးသာသွား၍ နေ့ရက်ကာလကြာသောအခါ၊ ပင်ပန်းစွာ ကြိုးစား၍ ကနိဒ်မြို့နှင့်တည့်တည့်ရောက်ပြီးမှ၊ လေမသင့်သောကြောင့် ကရေတေကျွန်း အရှေ့ဘက်၊ သာလမုန်မြို့ အနားသို့ ပင်ပန်းစွာ ရှောက် သွား၍၊
8‎ولما تجاوزناها بالجهد جئنا الى مكان يقال له المواني الحسنة التي بقربها مدينة لسائية
8လာသဲမြို့နှင့်အနီး၊ ကာလုလိမင်းအမည်ရှိသော အရပ်သို့ ရောက်ကြ၏။
9ولما مضى زمان طويل وصار السفر في البحر خطرا اذ كان الصوم ايضا قد مضى جعل بولس ينذرهم
9ကာလကြာသည်ရှိသော်၊ ကြီးစွာသောဥပုသ်နေ့လွန်၍ ပင်လယ်မကူးသင့်သောလဥတုအချိန်ဖြစ်သည် ကို ပေါလုသည် ထောက်၍၊
10قائلا ايها الرجال انا ارى ان هذا السفر عتيد ان يكون بضرر وخسارة كثيرة ليس للشحن والسفينة فقط بل لانفسنا ايضا‎.
10အချင်းလူတို့၊ ယခုမှာပင်လယ်ကူးလျှင် သင်္ဘော နှင့်ကုန်များတို့သည် ဆုံးရှုံးသည်သာမက၊ ငါတို့ အသက် ပျက်စီးရာသော ဘေးအန္တရာယ်ရောက်မည်ကို ငါထင်မြင်သည်ဟု သတိပေး၏။
11‎ولكن كان قائد المئة ينقاد الى ربان السفينة والى صاحبها اكثر مما الى قول بولس‎.
11သို့သော်လည်း၊ တပ်မှူးသည်ပေါလုစကားကို နားမထောင်ဘဲ၊ တက်မကိုင်စကားနှင့်သင်္ဘောသူကြီး စကားကိုနားထောင်၏။
12‎ولان المينا لم يكن موقعها صالحا للمشتى استقر رأي اكثرهم ان يقلعوا من هناك ايضا عسى ان يمكنهم الاقبال الى فينكس ليشتوا فيها‎. ‎وهي مينا في كريت تنظر نحو الجنوب والشمال الغربيين‎.
12ထိုမြို့ဆိပ်၌ ဆောင်းကာလပတ်လုံး မနေသင့် သောကြောင့် တဖန်လွှတ်ပြန်၍ ဖိနိတ်မြို့ဆိပ်သို့မှီနိုင် လျှင်၊ ထိုဆိပ်၌ ဆောင်းကာလကို လွန်စေသော်သာ၍ ကောင်းမည်ဟု လူအများတို့သည် ဆိုကြ၏။ ဖိနိတ် ဆိပ်ကားကရေတေကျွန်း၌ ရှိ၏။ အနောက်မြောက်သို့ ၎င်း၊ အနောက်တောင်သို့၎င်း မျက်နှာပြု၏။
13‎فلما نسمت ريح جنوب ظنوا انهم قد ملكوا مقصدهم فرفعوا المرساة وطفقوا يتجاوزون كريت على اكثر قرب
13ထောင်လေသည်ဖြည်းညှင်းစွာလာသောအခါ၊ ယခုမှီနိုင်သည်ဟု စိတ်ထင်နှင့်လွှင့်၍၊ ကရေတေ ကျွန်းနားသို့ ရှောက်သွားကြ၏။
14ولكن بعد قليل هاجت عليها ريح زوبعية يقال لها اوروكليدون‎.
14ကာလမကြာမမြင့်မှီ ဥရုကလုဒုန် အမည်ရှိ သော လေပြင်း မုန်တိုင်းသည်သင်္ဘောကို တိုက်၍၊
15‎فلما خطفت السفينة ولم يمكنها ان تقابل الريح سلمنا فصرنا نحمل.
15တဟုန်တည်းဆောင်သွားသဖြင့်၊ သင်္ဘေားသည် ထိုလေကိုမခံ နိုင်သောကြောင့်၊ ငါတို့သည် အားလျော့၍ လေတိုက်ရာသို့ ပါလွင့်ကြ၏။
16فجرينا تحت جزيرة يقال لها كلودي وبالجهد قدرنا ان نملك القارب.
16ကလောဒကျွန်းနားမှာ ပြေးစဉ်တွင်၊ သမ္မန်ကို မပျက်စေခြင်းငှါ ပင်ပန်းစွာ ကြိုးစား၍၊
17ولما رفعوه طفقوا يستعملون معونات حازمين السفينة واذ كانوا خائفين ان يقعوا في السيرتس انزلوا القلوع وهكذا كانوا يحملون‎.
17သင်္ဘောပေါ်သို့ တင်ပြီးလျှင်၊ သင်္ဘောကိုခိုင်ခံ့စေခြင်းငှါ ကြိုးနှင့်ပတ်စည်းကြ၏။ သောင်ပေါ်မှာ တင်မည်ကိုလည်း စိုးရိမ်သောကြောင့် ရွက်ကိုသိမ်းသဖြင့် လေတိုက်ရာသို့ပါလွင့်ကြ၏။
18‎واذ كنا في نوء عنيف جعلوا يفرغون في الغد‎.
18လှိုင်းထအားကြီးသောကြောင့် အလွန်တုန်လှုပ်၍၊ နက်ဖြန်နေ့၌ ဝန်ကိုထုတ်ပစ်ကြ၏။
19‎وفي اليوم الثالث رمينا بايدينا اثاث السفينة‎.
19သုံးရက်မြောက်သောနေ့၌ သင်္ဘောတန်ဆာများကို ကိုယ်လက်နှင့်ကိုယ်ယူ၍ ပစ်လိုက်ကြ၏။
20‎واذ لم تكن الشمس ولا النجوم تظهر اياما كثيرة واشتد علينا نوء‏ ليس بقليل انتزع اخيرا كل رجاء في نجاتنا
20နေ၊ လ၊ ကြယ်နက္ခတ်တို့ကို တာရှည်စွာ မမြင်ရ၍ မိုဃ်းသက်မုန်တိုင်း အားကြီးသေးသဖြင့်၊ ကယ်တင် ခြင်းသို့ ရောက်မည်ဟု မြော်စရာ အခွင့်အလျှင်းမရှိ။
21فلما حصل صوم كثير حينئذ وقف بولس في وسطهم وقال كان ينبغي ايها الرجال ان تذعنوا لي ولا تقلعوا من كريت فتسلموا من هذا الضرر والخسارة‎.
21အစာကိုမစားဘဲကြာမြင့်စွာ နေကြပြီးမှ၊ ပေါလုသည် ထိုသူတို့၏ အလယ်၌ထ၍၊ အချင်းလူတို့၊ ငါစကားကို နားထောင်၍ ကရေတေကျွန်းမှ မလွှင့်ဘဲနေလျှင် ဤပျက်စီးဆုံးရှုံးခြင်းနှင့် ကင်းလွတ်ရကြ၏။
22‎والآن انذركم ان تسرّوا لانه لا تكون خسارة نفس واحدة منكم الا السفينة‎.
22ယခုတွင် စိတ်သက်သာခြင်း ရှိကြလော့။ အကြောင်းမူကား၊ သင်္ဘောဆုံးခြင်းမှတပါးသင်တို့တွင် အဘယ်သူမျှ အသက်မဆုံးရ၊
23‎لانه وقف بي هذه الليلة ملاك الاله الذي انا له والذي اعبده
23အဘယ်ကြောင့်နည်းဟူမူကား၊ ငါ့ကိုပိုင်တော် မူ၍၊ ငါကိုးကွယ်သော ဘုရားသခင်၏ ကောင်းကင် တမန်သည် ယနေ့ညဉ့်တွင် ငါ့အနားမှာ ပေါ်လာလျက်၊
24قائلا لا تخف يا بولس. ينبغي لك ان تقف امام قيصر. وهوذا قد وهبك الله جميع المسافرين معك‎.
24ပေါလု၊ သင်သည် မစိုးရိမ်နှင့်။ ကဲသာဘုရင် ရှေ့သို့ ရောက်ရမည်။ သင်နှင့်အတူ ပင်လယ်ကူးသော သူအပေါင်းတို့ကို ဘုရားသခင်သည် သင့်အားပေးတော် မူပြီဟု ဆို၏။
25‎لذلك سرّوا ايها الرجال لاني اؤمن بالله انه يكون هذا كما قيل لي‎.
25ထိုကြောင့်အချင်းလူတို့ သက်သေခြင်း ရှိကြ လော့။ ငါ့အား မိန့်တော်မူသည်အတိုင်းဖြစ်လိမ့်မည်ဟု ငါသည်ဘုရားသခင်ကို အမှီပြု၍ ယုံခြင်းရှိ၏။
26‎ولكن لا بد ان نقع على جزيرة
26သို့သော်လည်းတစုံတခုသောကျွန်းပေါ်မှာ သင်္ဘောတင်၍ ပျက်ရမည်ဟုပေါလုဆို၏။
27فلما كانت الليلة الرابعة عشرة ونحن نحمل تائهين في بحر ادريا ظن النوتية نحو نصف الليل انهم اقتربوا الى بر
27တဆယ်လေးရက်မြောက်သောနေ့ ညဉ့်ရောက် သောအခါ၊ ငါတို့သည် အာဒြိပင်လယ်တွင် အရပ် လေးမျက်နှာသို့ လူးလာသွားကြစဉ်၊ သန်းခေါင်အချိန်၌ တစုံတခုသော ကမ်းအနီးသို့ ရောက်လုသည်ဟု သင်္ဘော သားတို့သည် ထင်မှတ်သဖြင့်၊
28فقاسوا ووجدوا عشرين قامة. ولما مضوا قليلا قاسوا ايضا فوجدوا خمس عشرة قامة‎.
28ရေကိုစမ်းလျှင် အလံနှစ်ဆယ်ရှိသည်ကို တွေ့ကြ၏။ ထိုမှစိုးစည်းလွန်ပြန်လျှင်၊ တဖန်ရေကိုစမ်း၍ တဆယ်ငါးလံရှိသည်ကို တွေ့ကြ၏။
29‎واذ كانوا يخافون ان يقعوا على مواضع صعبة رموا من المؤخر اربع مراس وكانوا يطلبون ان يصير النهار‎.
29ကျောက်ကို တိုက်မိမည်စိုးရိမ်သောကြောင့် သင်္ဘောပဲ့မှ ကျောက်ဆူးလေးလက်ကို ချ၍မိုဃ်းလင်းပါ စေဟု ဆုတောင်းကြ၏။
30‎ولما كان النوتية يطلبون ان يهربوا من السفينة وانزلوا القارب الى البحر بعلّة انهم مزمعون ان يمدوا مراسي من المقدم
30သင်္ဘောသားတို့သည် သင်္ဘောကို စွန့်သွားမည် ဟု အကြံရှိသည်နှင့်သင်္ဘောဦးသို့သွား၍ ကျောက်ဆူး ချဟန်ပြုလျက် သမ္မန်ကိုလျှော့စဉ်တွင်၊
31قال بولس لقائد المئة والعسكر ان لم يبق هؤلاء في السفينة فانتم لا تقدرون ان تنجوا‎.
31ပေါလုက၊ ဤသူတို့သည် သင်္ဘောပေါ်၌ မနေလျှင် သင်တို့သည် ချမ်းသာမရနိုင်ကြဟု တပ်မှူးမှ စ၍ စစ်သူရဲတို့အား ဆို၏။
32‎حينئذ قطع العسكر حبال القارب وتركوه يسقط‎.
32ထိုအခါ စစ်သူရဲတို့သည် သမ္မန်ကြိုးကို ခုတ်ဖြတ် ၍ ချလိုက်ကြ၏။
33‎وحتى قارب ان يصير النهار كان بولس يطلب الى الجميع ان يتناولوا طعاما قائلا هذا هو اليوم الرابع عشر وانتم منتظرون لا تزالون صائمين ولم تأخذوا شيئا‎.
33မိုဃ်းလင်းလုသောအခါ အစာကိုစားစေခြင်းငှါ ပေါလုသည် လူအပေါင်းတို့ကိုတိုက်တွန်းလျက်၊ သင်တို့ သည် တဆယ်လေးရက်ပတ်လုံး မြော်လင့်၍ ယနေ့ တိုင်အောင်အစာမစားဘဲ ငတ်မွတ်လျက်နေကြ၏။
34‎لذلك التمس منكم ان تتناولوا طعاما لان هذا يكون مفيدا لنجاتكم لانه لا تسقط شعرة من راس واحد منكم‎.
34ထိုကြောင့်အစာစားကြလော့။ စားလျှင်ချမ်းသာ ရခြင်းအကြောင်း ဖြစ်လိမ့်မည်။
35‎ولما قال هذا اخذ خبزا وشكر الله امام الجميع وكسر وابتدأ يأكل.
35သင်တို့ဆံခြည်တပင်မျှ မပျက်စီးရဟုဆိုပြီးလျှင်၊ ပေါလုသည် မုန့်ကိုယူ၍ ထိုသူများရှေ့၌ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပြီး မှ မုန့်ကိုဖဲ့၍ စားလေ၏။
36فصار الجميع مسرورين واخذوا هم ايضا طعاما‎.
36ထိုသူအပေါင်းတို့သည်လည်း စိတ်သက်သာ ခြင်းရှိ၍ အစာကို စားကြ၏။
37‎وكنا في السفينة جميع الانفس مئتين وستة وسبعين
37ထိုသင်္ဘော၌ပါသော သူများတို့သည် အရေ အတွက်အားဖြင့် နှစ်ရာခုနစ်ကျိပ်ခြောက်ယောက် ရှိသတည်း။
38ولما شبعوا من الطعام طفقوا يخففون السفينة طارحين الحنطة في البحر‎.
38ဝစွာစားပြီးမှ ဆန်စပါးကိုပင်လယ်ထဲသို့ ပစ်ချ၍ သင်္ဘောကို ပေါ့စေကြ၏။
39‎ولما صار النهار لم يكونوا يعرفون الارض ولكنهم ابصروا خليجا له شاطئ فاجمعوا ان يدفعوا اليه السفينة ان امكنهم‎.
39မိုဃ်းလင်းသောအခါ ထိုအရပ်ကို မသိသော် လည်း၊ ထောင်ကွေ့တခု၌သင်္ဘောဆိပ်ရှိသည်ကို မြင်သောကြောင့်၊ သင်္ဘောကို အထဲသို့ သွင်းနိုင်လျှင် သွင်းမည်ဟု အကြံရှိကြ၏။
40‎فلما نزعوا المراسي تاركين اياها في البحر وحلّوا ربط الدفة ايضا رفعوا قلعا للريح الهابة واقبلوا الى الشاطئ‎.
40ကျောက်ဆူးတို့ကို လွှတ်၍ ပင်လယ်ထဲသို့ ချလိုက်ပြီးမှ တက်မတို့ကို ဆိုင်းသောကြိုးများကို ဖြည်၍၊ ရွက်ကိုလေ၌ဖြန့်ဖွင့်လျက် ကမ်းနားသို့ တိုက်သွားကြ၏။
41‎واذ وقعوا على موضع بين بحرين شططوا السفينة فارتكز المقدم ولبث لا يتحرك. واما المؤخر فكان ينحل من عنف الامواج‎.
41ရေဆိုင်ရာသို့ရောက်လျှင်၊ သင်္ဘောကို သောင်ပေါ်မှာ တင်စေ၍ ဦးမလှုပ်ဘဲနေသဖြင့် ပဲ့ကိုလှိုင်းတံပိုး ရိုက်သောကြောင့် ကျိုး၏။
42‎فكان رأي العسكر ان يقتلوا الاسرى لئلا يسبح احد منهم فيهرب‎.
42ထိုအခါ အကျဉ်းခံသောသူတို့သည် ကုန်းသို့ ကူး၍ ပြေးမည်ကို စိုးရိမ်သောကြောင့် စစ်သူရဲတို့သည် သတ်မည်ဟုအကြံရှိကြ၏။
43‎ولكن قائد المئة اذ كان يريد ان يخلّص بولس منعهم من هذا الرأي وامر ان القادرين على السباحة يرمون انفسهم اولا فيخرجون الى البر‎.
43တပ်မှူးသည်ပေါလုကို ချမ်းသာစေခြင်းငှါ အလို ရှိသဖြင့်၊ စစ်သူရဲတို့၏အကြံကိုမြစ်တား၍၊ ကူးနိုင်သော သူတို့သည် အရင်ဆင်း၍ ကုန်းသို့ သွားစေခြင်းငှါ၎င်း၊
44‎والباقين بعضهم على الواح وبعضهم على قطع من السفينة. فهكذا حدث ان الجميع نجوا الى البر
44ကြွင်းသောသူတို့သည် ပျဉ်ပြားမှစ၍ သင်္ဘော တန်ဆာများကို စီးစေခြင်းငှါ၎င်း၊ စီရင်လေ၏။ ထိုသို့ လူအပေါင်းတို့သည် ဘေးနှင့်လွတ်၍ ကုန်းပေါ်သို့ ရောက်ကြ၏။