الكتاب المقدس (Van Dyke)

Myanmar

Deuteronomy

19

1متى قرض الرب الهك الامم الذين الرب الهك يعطيك ارضهم وورثتهم وسكنت مدنهم وبيوتهم
1သင်၏ဘုရားသခင် ထာဝရဘုရား ပေးတော်မူ သော ပြည်၌နေသော လူမျိုးတို့ကို သင်၏ဘုရားသခင် ထာဝရဘုရား ပယ်ဖြတ်တော်မူသဖြင့်၊ သင်သည် သူတို့ အရာ၌ ဝင်စား၍၊ သူတို့မြို့၊ သူတို့အိမ်၌ နေသောအခါ၊
2تفرز لنفسك ثلاث مدن في وسط ارضك التي يعطيك الرب الهك لتمتلكها.
2သင်၏ဘုရားသခင် ထာဝရဘုရားသည် အပိုင် ပေးတော်မူသော ထိုပြည်အတွင်း၌ မြို့သုံးမြို့တို့ကို ခွဲထား ရမည်။
3تصلح الطريق وتثلث تخوم ارضك التي يقسم لك الرب الهك فتكون لكي يهرب اليها كل قاتل.
3လူအသက်ကို သတ်မိသောသူအပေါင်းတို့သည် ထိုမြို့သို့ ပြေးနိုင်မည်အကြောင်း၊ သင့်အမွေခံစရာဘို့ သင်၏ဘုရားသခင် ထာဝရဘုရားပေးတော်မူသော ပြည် ကို သုံးပိုင်းပိုင်း၍ လမ်းခရီးကိုလည်း ပြင်ဆင်ရမည်။
4وهذا هو حكم القاتل الذي يهرب الى هناك فيحيا. من ضرب صاحبه بغير علم وهو غير مبغض له منذ امس وما قبله.
4လူအသက်ကို သတ်မိ၍၊ ကိုယ်အသက် ချမ်းသာ စေခြင်းငှာ၊ ထိုမြို့သို့ပြေးရသော သူ၏အမှုဟူကား၊
5ومن ذهب مع صاحبه في الوعر ليحتطب حطبا فاندفعت يده بالفاس ليقطع الحطب وافلت الحديد من الخشب واصاب صاحبه فمات فهو يهرب الى احدى تلك المدن فيحيا.
5လူ သည် ထင်းခုတ်ခြင်းငှာ အဘော်နှင့် တောသို့သွား၍ သစ်ပင်ကို ခုတ်လှဲစဉ်အခါ၊ ပုဆိန်သည် အရိုးကျွတ်၍ အဘော်ကို ထိသောကြောင့်၊ မိမိအဘော်သေအောင် ပြုမိ သောသူနှင့်တူ၍၊ ရန်ငြိုးဖွဲ့ခြင်းမရှိဘဲ မိမိအဘော်ကို အမှတ်တမဲ့ သတ်မိသောသူသည်၊ ထိုမြို့တစုံတမြို့သို့ ပြေး၍ အသက်ချမ်းသာရလိမ့်မည်။
6لئلا يسعى ولي الدم وراء القاتل حين يحمى قلبه ويدركه اذا طال الطريق ويقتله وليس عليه حكم الموت لانه غير مبغض له منذ امس وما قبله.
6သို့မဟုတ် သေစားသေစေသောသူသည် စိတ် မာန်ထစဉ်အခါ၊ လူသတ်ကို လိုက်လျက် ခရီးဝေးသော ကြောင့် မှီ၍ သတ်လိမ့်မည်။ ထိုသို့ မသတ်သင့်။ အကြောင်းမူကား၊ ထိုသူသည် မိမိအဘော်ကို ရန်ငြိုးဖွဲ့ ခြင်း မရှိသောကြောင့် အသေသတ်ခြင်းကို မခံထိုက်။
7لاجل ذلك انا آمرك قائلا ثلاث مدن تفرز لنفسك.
7ထိုကြောင့် မြို့သုံးမြို့ကို ခွဲထားရမည်ဟု ငါမှာ ထား၏။
8وان وسّع الرب الهك تخومك كما حلف لآبائك واعطاك جميع الارض التي قال انه يعطي لآبائك
8ယနေ့ ငါမှာထားသမျှသော ဤပညတ်တော် တို့ကို ကျင့်စောင့်၍၊ သင်၏ဘုရားသခင် ထာဝရဘုရား ကို ချစ်သောစိတ်နှင့် အစဉ်အမြဲ လမ်းတော်သို့လိုက်လျှင် ၎င်း၊
9اذا حفظت كل هذه الوصايا لتعملها كما انا اوصيك اليوم لتحب الرب الهك وتسلك في طرقه كل الايام فزد لنفسك ايضا ثلاث مدن على هذه الثلاث
9သင်၏ဘုရားသခင် ထာဝရဘုရားသည်၊ သင်၏ ဘိုးဘေးတို့အား ပေးခြင်းငှာ ဂတိထားသော ပြည်ရှိသမျှ ကို သင့်အား ပေးတော်မူ၍၊ သင်၏ဘိုးဘေးတို့အား ကျိန်ဆိုသည်အတိုင်း၊ သင့်နေရာပြည်ကို ကျယ်ဝန်းစေ တော်မူလျှင်၎င်း၊
10حتى لا يسفك دم بري في وسط ارضك التي يعطيك الرب الهك نصيبا فيكون عليك دم.
10သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်အမွေခံစရာဘို့ ပေးတော်မူသောပြည်၌ အသေမခံ ထိုက်သောသူသည် အသေခံ၍ လူ့အသက်ကို သတ်သော အပြစ်သည် သင့်အပေါ်မှာ မရောက်မည်အကြောင်း၊ ယခုဆိုခဲ့ပြီးသော မြို့သုံးမြို့မှတပါး၊ အခြားသော မြို့သုံးမြို့ကို ထပ်၍ခွဲထားရမည်။
11ولكن اذا كان انسان مبغضا لصاحبه فكمن له وقام عليه وضربه ضربة قاتلة فمات ثم هرب الى احدى تلك المدن
11တနည်းကား၊ မိမိအဘော်ကို ရန်ငြိုးဖွဲ့သဖြင့် ချောင်းမြောင်း၍ သေအောင်တိုက်သောသူသည် ထိုမြို့ တစုံတမြို့သို့ ပြေး၍ ရောက်သော်လည်း၊
12يرسل شيوخ مدينته وياخذونه من هناك ويدفعونه الى يد ولي الدم فيموت.
12သူ့နေရာမြို့၌ အသက်ကြီးသူတို့သည် လူကို စေလွှတ်၍ ထိုသူကို ဆောင်ခဲ့သဖြင့်၊ သေစေခြင်းငှာ သေစားသေစေသောသူ၏ လက်၌ အပ်လိုက်ရကြမည်။
13لا تشفق عينك عليه. فتنزع دم البري من اسرائيل فيكون لك خير
13သင်၏မျက်စိသည် သူ့ကို မသနားရ၊ သင်သည် ချမ်းသာရမည်အကြောင်း၊ လူ့အသက်သတ်ခြင်းအပြစ်ကို ဣသရေလအမျိုးမှ ပယ်ရှင်းရမည်။
14لا تنقل تخم صاحبك الذي نصبه الاولون في نصيبك الذي تناله في الارض التي يعطيك الرب الهك لكي تمتلكها
14သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်အား အပိုင်ပေးတော်မူသောပြည်မှာ အမွေခံရာ မြေ၌ ရှေးလူဟောင်းတို့သည် စိုက်ထားနှင့်သော အိမ်နီး ချင်း၏ မြေမှတ်တိုင်ကို မရွှေ့ရ။
15لا يقوم شاهد واحد على انسان في ذنب ما او خطية ما من جميع الخطايا التي يخطئ بها. على فم شاهدين او على فم ثلاثة شهود يقوم الامر.
15လူသည် ပြုမိသော ဒုစရိုက်၊ ပြစ်မှားမိသော အပြစ်ကို စစ်ကြောသောအခါ၊ သက်သေခံတဦးတည်း ရှိလျှင် သူ၏စကားမတည်ရ။ သက်သေခံနှစ်ဦး၊ သုံးဦး အားဖြင့် စကားရှိသမျှတို့သည် တည်ရလိမ့်မည်။
16اذا قام شاهد زور على انسان ليشهد عليه بزيغ
16မမှန်သော သက်သေခံတယောက်သည်၊ သူတပါးတဘက်၌ မမှန်သောသက်သေကို ခံလျှင်၊
17يقف الرجلان اللذان بينهما الخصومة امام الرب امام الكهنة والقضاة الذين يكونون في تلك الايام.
17တရားတွေ့သောသူနှစ်ယောက်တို့သည် ထာဝရ ဘုရားရှေ့တော်သို့၎င်း၊ ထိုကာလ၌ရှိသော ယဇ်ပုရောဟိတ်၊ တရားသူကြီးရှေ့သို့၎င်း လာသဖြင့်၊
18فان فحص القضاة جيدا واذا الشاهد شاهد كاذب قد شهد بالكذب على اخيه
18တရားသူကြီးတို့သည် စေ့စေ့စစ်ကြော၍ ထိုသက်သေခံသောသူသည် မိမိအဘော်တဘက်၌ မမှန် သောသက်သေကို ခံပြီးလျှင်၊
19فافعلوا به كما نوى ان يفعل باخيه. فتنزعون الشر من وسطكم.
19မိမိအဘော်၌ ပြုမည်ဟု အကြံရှိသည်အတိုင်း သူ၌ ပြုရမည်။ ဒုစရိုက်အပြစ်ကို သင်တို့အထဲက ထိုသို့ ပယ်ရှားရမည်။
20ويسمع الباقون فيخافون ولا يعودون يفعلون مثل ذلك الامر الخبيث في وسطك.
20ကြွင်းသောသူတို့သည်လည်း ထိုသိတင်းကို ကြား၍ ကြောက်သောကြောင့်၊ နောက်တဖန် ထိုသို့သော ဒုစရိုက်ကို မပြုဘဲနေကြလိမ့်မည်။
21لا تشفق عينك. نفس بنفس. عين بعين. سن بسن. يد بيد. رجل برجل
21သင်၏မျက်စိသည် မသနားရ။ အသက် အတွက် အသက်ကို၎င်း၊ မျက်စိအတွက် မျက်စိကို၎င်း၊ သွားအတွက် သွားကို၎င်း၊ လက်အတွက် လက်ကို၎င်း၊ ခြေအတွက် ခြေကို၎င်း ဒဏ်ပေးရမည်။