1فسمع يثرون كاهن مديان حمو موسى كل ما صنع الله الى موسى والى اسرائيل شعبه. ان الرب اخرج اسرائيل من مصر.
1ဘုရားသခင်သည် မောရှေမှစ၍ ကိုယ်တော်၏ လူဣသရေလအမျိုးအဘို့ ပြုတော်မူသမျှကို၎င်း၊ ထာဝရဘုရားသည် ဣသရေလအမျိုးကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော်မူကြောင်းကို၎င်း၊ မိဒျန် ယဇ်ပုရောဟိတ်ဖြစ်သော မောရှေ၏ ယောက္ခမ ယေသရော ကြားသည်ရှိသော်၊
2فأخذ يثرون حمو موسى صفّورة امرأة موسى بعد صرفها
2မောရှေလွှတ်ခဲ့သော မယားနှင့်
3وابنيها اللذين اسم احدهما جرشوم لانه قال كنت نزيلا في ارض غريبة
3သူ၏သားနှစ်ယောက်ကို ယူ၍ သွားလေ၏။ သားတယောက်ကား၊ ဂေရရှုံ အမည်ရှိ၏။ အကြောင်းမူကား၊ ငါသည် တကျွန်းတနိုင်ငံ၌ ဧည့်သည်အာဂန္တုဖြစ်ရပြီဟု အဘဆိုသတည်း။
4واسم الآخر أليعازر لانه قال اله ابي كان عوني وانقذني من سيف فرعون.
4သားတယောက်ကား၊ ဧလျေဇာ အမည်ရှိ၏။ အကြောင်းမူကား၊ ငါ့ဘိုးဘေးတို့၏ ဘုရားသခင်သည် ငါ့ကို မစ၍ ဖာရောဘုရင်၏ ထားမှ ကယ်လွှတ်တော်မူပြီဟု ဆိုသတည်း။
5وأتى يثرون حمو موسى وابناه وامرأته الى موسى الى البرية حيث كان نازلا عند جبل الله.
5မောရှေ၏ ယောက္ခမ ယေသရောသည် မောရှေမယားနှင့် သားတို့ကို ယူ၍၊ တော၌ ဘုရားသခင်၏ တောင်တော်နား၊ မောရှေတပ်ချရာအရပ်သို့ ရောက်လာလျှင်၊
6فقال لموسى انا حموك يثرون آت اليك وامرأتك وابناها معها.
6ကိုယ်တော်၏ယောက္ခမ ယေသရောနှင့် ကိုယ်တော်၏ မယား၊ သားနှစ်ယောက်တို့သည် ကိုယ်တော်ထံသို့ ရောက်လာပါပြီဟု မောရှေအား ကြားပြောသော်၊
7فخرج موسى لاستقبال حميه وسجد وقبّله. وسأل كل واحد صاحبه عن سلامته. ثم دخلا الى الخيمة
7မောရှေသည် ယောက္ခမကို ခရီးဦးကြိုပြုခြင်းငှာ ထွက်၍ ဦးချနမ်းရှုပ်လျက်၊ ကျန်းမာကြောင်းကို တယောက်နှင့်တယောက် မေးမြန်းလျက် တဲသို့ဝင်ကြ၏။
8فقصّ موسى على حميه كل ما صنع الرب بفرعون والمصريين من اجل اسرائيل وكل المشقة التي اصابتهم في الطريق فخلصهم الرب.
8ထာဝရဘုရားသည် ဣသရေလအမျိုးအတွက် ဖာရောဘုရင်နှင့် အဲဂုတ္တုလူတို့၌ ပြုတော်မူသမျှကို ၎င်း၊ လမ်းခရီးတွင် ခံရသော ဆင်းရဲဒုက္ခအလုံးစုံကို၎င်း၊ ထိုဆင်းရဲဒုက္ခမှ ထာဝရဘုရား ကယ်လွှတ်တော်မူ ကြောင်းကို၎င်း၊ မောရှေသည် ယောက္ခမအား ကြားပြောလေ၏။
9ففرح يثرون بجميع الخير الذي صنعه الى اسرائيل الرب الذي انقذه من ايدي المصريين.
9ထာဝရဘုရားသည် ဣသရေလအမျိုးကို အဲဂုတ္တုလူတို့လက်မှ ကယ်နှုတ်၍၊ ပြုတော်မူသော ကျေးဇူးကြောင့် ယေသရောသည် ဝမ်းမြောက်လျက်၊
10وقال يثرون مبارك الرب الذي انقذكم من ايدي المصريين ومن يد فرعون. الذي انقذ الشعب من تحت ايدي المصريين.
10အဲဂုတ္တုလူတို့လက်မှ၎င်း၊ ဖာရောဘုရင်လက်မှ၎င်း၊ သင့်ကို ကယ်နှုတ်တော်မူထသော၊ လူများတို့ကို အဲဂုတ္တုလူတို့လက်မှ ကယ်နှုတ်တော်မူသော ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။
11الآن علمت ان الرب اعظم من جميع الآلهة لانه في الشيء الذي بغوا به كان عليهم.
11ထာဝရဘုရားသည် အခြားသောဘုရား ရှိသမျှတို့ထက် သာ၍ ကြီးမြတ်တော်မူကြောင်းကို ယခု ငါသိ၏။ အကြောင်းမူကား၊ လူတို့သည် မာနထောင်လွှားသော အမှုအရာတွင်၊ ထာဝရဘုရားနိုင်တော်မူ၏ဟု ဆိုပြီးမှ၊
12فأخذ يثرون حمو موسى محرقة وذبائح لله. وجاء هرون وجميع شيوخ اسرائيل ليأكلوا طعاما مع حمي موسى امام الله
12မောရှေ၏ ယောက္ခမ ယေသရောသည်၊ မီးရှို့စရာယဇ်နှင့် ဘုရားသခင်အဘို့ ယဇ်များကို ဆောင်ခဲ့၍၊ အာရုန်နှင့် ဣသရေလအမျိုး အသက်ကြီးသူအပေါင်းတို့သည်၊ မောရှေ၏ ယောက္ခမနှင့်အတူ ဘုရားသခင့် ရှေ့တော်၌ အစာစားခြင်းငှာ လာကြ၏။
13وحدث في الغد ان موسى جلس ليقضي للشعب. فوقف الشعب عند موسى من الصباح الى المساء.
13နက်ဖြန်နေ့၌ မောရှေသည်၊ လူများကို တရားစီရင်ခြင်းငှာ ထိုင်လေ၏။ နံနက်မှစ၍ ညဦးတိုင်အောင်၊ လူများတို့သည် မောရှေရှေ့မှာ နေကြ၏။
14فلما رأى حمو موسى كل ما هو صانع للشعب قال ما هذا الامر الذي انت صانع للشعب. ما بالك جالسا وحدك وجميع الشعب واقف عندك من الصباح الى المساء.
14မောရှေသည် လူများတို့အား ပြုသမျှကို ယောက္ခမမြင်လျှင်၊ ဤလူများတို့အား ပြုသောအမှု အဘယ်သို့နည်း။ သင်သည် တယောက်တည်းထိုင်လျက်၊ လူအပေါင်းတို့သည် နံနက်မှစ၍ ညဦးတိုင်အောင် သင့်ရှေ့မှာ အဘယ်ကြောင့် နေရကြသနည်းဟု ဆို၏။
15فقال موسى لحميه ان الشعب يأتي اليّ ليسأل الله.
15မောရှေကလည်း၊ ဤသူတို့သည် ဘုရားသခင်၏ အယူတော်ကို ခံလို၍ ကျွန်ုပ်ထံသို့ လာသောကြောင့် ဤသို့ဖြစ်၏။
16اذا كان لهم دعوى ياتون اليّ فاقضي بين الرجل وصاحبه واعرّفهم فرائض الله وشرائعه
16သူတို့သည် အမှုရှိလျှင် အကျွန်ုပ်ထံသို့လာ၍ သူတို့၏အမှုကို ကျွန်ုပ်ဆုံးဖြတ်ရ၏။ ဘုရားသခင်၏ ပညတ်တရားများကို သင်ချရ၏ဟု ယောက္ခမအား ပြောလျှင်၊
17فقال حمو موسى له ليس جيدا الامر الذي انت صانع.
17ယောက္ခမက၊ သင်ပြုသောအမှုသည် မတော်မသင့်ဖြစ်၏။
18انك تكلّ انت وهذا الشعب الذي معك جميعا. لان الامر اعظم منك. لا تستطيع ان تصنعه وحدك.
18သင်မှစ၍ သင်၌ပါသော ဤလူများတို့သည် အမှန် အားလျော့ကြလိမ့်မည်။ ဤအမှုသည် သင်၌ အလွန်လေး၏။ တယောက်တည်း မတတ်နိုင်သောအမှုဖြစ်၏။
19الآن اسمع لصوتي فانصحك. فليكن الله معك. كن انت للشعب امام الله. وقدم انت الدعاوي الى الله.
19ငါ့စကားကို နားထောင်လော့။ ငါအကြံပေးမည်။ ဘုရားသခင်သည်လည်း သင့်ဘက်၌ ရှိတော်မူလိမ့် မည်။ သင်သည် ဘုရားသခင်နှင့်ဆိုင်သော အမှု၌ လူများတို့၏ အမှုကို စောင့်လျက် ဘုရားသခင်အထံတော်သို့ ဝင်၍ လျှောက်ရမည်။
20وعلّمهم الفرائض والشرائع وعرّفهم الطريق الذي يسلكونه والعمل الذي يعملونه.
20သူတို့အားလည်း ပညတ်တရားတော်များကို သင်ချရမည်။ သူတို့သွားရာလမ်း၊ ပြုရသောအမှုကိုလည်း ပြရမည်။
21وانت تنظر من جميع الشعب ذوي قدرة خائفين الله امناء مبغضين الرشوة وتقيمهم عليهم رؤساء الوف ورؤساء مئات ورؤساء خماسين ورؤساء عشرات
21ထိုမှတပါး ဘုရားသခင်ကို ကြောက်ရွံ့လျက်၊ သစ္စာနှင့်ပြည့်စုံလျက်၊ လောဘကို ရွံရှာလျက်၊ တတ်စွမ်းနိုင်သောသူတို့ကို လူအပေါင်းတို့အထဲက ရွေးကောက်၍၊ တထောင်အုပ်၊ တရာအုပ်၊ ငါးဆယ်အုပ်၊ တဆယ်အုပ်အရာ၌ ခန့်ထားရမည်။
22فيقضون للشعب كل حين. ويكون ان كل الدعاوي الكبيرة يجيئون بها اليك وكل الدعاوي الصغيرة يقضون هم فيها. وخفف عن نفسك فهم يحملون معك.
22ထိုသူတို့သည် ခပ်သိမ်းသောအချိန်၌ လူများတို့ကို တရားစီရင်ကြစေ။ ကြီးသောအမှု၌ သင်၏အယူကို ခံကြစေ။ ငယ်သောအမှုကို အလိုလို စီရင်ကြစေ။ သို့ဖြစ်လျှင် သူတို့သည် ဝိုင်းညီ၍ အမှုထမ်းသဖြင့် သင်သည် သက်သာလိမ့်မည်။
23ان فعلت هذا الامر واوصاك الله تستطيع القيام. وكل هذا الشعب ايضا يأتي الى مكانه بالسلام
23ထိုသို့ ဘုရားသခင် အခွင့်နှင့်ပြုလျှင် သင်သည် ခိုင်ခံ့လိမ့်မည်။ ဤလူအပေါင်းတို့သည် မိမိနေရာပြည် သို့ ငြိမ်ဝပ်စွာ သွားကြလိမ့်မည်ဟု ပြောဆို၏။
24فسمع موسى لصوت حميه وفعل كل ما قال.
24မောရှေသည်လည်း ယောက္ခမ၏စကားကို နားထောင်၍ စကားရှိသည်အတိုင်း ပြုလျက်၊
25واختار موسى ذوي قدرة من جميع اسرائيل وجعلهم رؤوسا على الشعب رؤساء الوف ورؤساء مئات ورؤساء خماسين ورؤساء عشرات.
25တတ်စွမ်းနိုင်သောသူတို့ကို ဣသရေလအမျိုးထဲက ရွေးကောက်၍ လူတထောင်အုပ်၊ တရာအုပ်၊ ငါးဆယ်အုပ်၊ တဆယ်အုပ် အသီးအသီး ခေါင်းအရာ၌ ခန့်ထားလေ၏။
26فكانوا يقضون للشعب كل حين. الدعاوي العسرة يجيئون بها الى موسى وكل الدعاوي الصغيرة يقضون هم فيها.
26ထိုသူတို့သည် ခပ်သိမ်းသောအချိန်၌ လူတို့ကို တရားစီရင်ကြ၏။ ခက်သောအမှု၌ မောရှေ၏အယူကို ခံကြ၏။ လွယ်သောအမှုကို အလိုလို စီရင်ကြ၏။
27ثم صرف موسى حماه فمضى الى ارضه
27ထိုနောက် မောရှေသည် ယောက္ခမသွားရသောအခွင့်ကို ပေး၍၊ သူသည် မိမိနေရာသို့ သွားလေ၏။