الكتاب المقدس (Van Dyke)

Myanmar

Exodus

8

1قال الرب لموسى ادخل الى فرعون وقل له هكذا يقول الرب اطلق شعبي ليعبدوني.
1ထာဝရဘုရားကလည်း၊ သင်သည် ဖါရောဘုရင်ထံသို့ဝင်၍ ငါ၏ လူတို့သည် ငါ့အား ဝတ်ပြုမည် အကြောင်း၊ သူတို့ကိုလွှတ်လော့။
2وان كنت تأبى ان تطلقهم فها انا اضرب جميع تخومك بالضفادع.
2မလွှတ်ဘူးဟုငြင်းလျှင်၊ သင်၏ပြည်တရှောက်လုံးကို ဘားတို့ဖြင့် ဒဏ်ခတ်ဦးမည်။
3فيفيض النهر ضفادع. فتصعد وتدخل الى بيتك والى مخدع فراشك وعلى سريرك والى بيوت عبيدك وعلى شعبك والى تنانيرك والى معاجنك.
3မြစ်သည်လည်းများစွာသော ဘားတို့ကိုဘွား၍၊ သူတို့သည် သင်၏အိမ်၌၎င်း၊ အိပ်ခန်း၌၎င်း၊ အိပ်ရာ ပေါ်၌၎င်း၊ သင်၏ကျွန်တို့ အိမ်၌၎င်း၊ သင်၏လူတို့အပေါ်၌၎င်း၊ သင်၏မီးဖို၌၎င်း၊ မုန့်နယ်သော ခွက်၌၎င်း တက်ကြလိမ့်မည်။
4عليك وعلى شعبك وعبيدك تصعد الضفادع
4သင်မှစ၍ သင်၏လူ၊ သင်၏ကျွန်ရှိသမျှတို့ အပေါ်၌ တက်ကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ သည်အကြောင်းကို ကြားပြောလော့ဟု မောရှေအား မိန့်တော်မူ၏။
5فقال الرب لموسى قل لهرون مدّ يدك بعصاك على الانهار والسواقي والآجام واصعد الضفادع على ارض مصر.
5တဖန် ထာဝရဘုရားသည် မောရှေအား မိန့်တော်မူပြန်သည်ကား၊ အာရုန်သည် ချောင်းရေ၊ မြစ်ရေ၊ အိုင်အင်းရေတို့အပေါ်၌ လှံတံကို ကိုင်လျက်၊ လက်ကို ဆန့်၍ အဲဂုတ္တုပြည်အပေါ်သို့ ဘားများကို တက်စေ ခြင်းငှါ ပြောလော့ဟု မိန့်တော်မူ၏။
6فمدّ هرون يده على مياه مصر. فصعدت الضفادع وغطت ارض مصر.
6အာရုန်သည် အဲဂုတ္တုပြည်၌ရှိသော ရေအပေါ်မှာ လက်ကိုဆန့်သဖြင့်၊ ဘားတို့သည်တက်၍ အဲဂုတ္တု ပြည်တရှောက်လုံးကို ဖုံးလွှမ်းကြ၏။
7وفعل كذلك العرافون بسحرهم واصعدوا الضفادع على ارض مصر
7ဝိဇ္ဇာဆရာတို့သည်လည်း ဝိဇ္ဇာအတတ်အားဖြင့် ထိုအတူပြု၍ ဘားတို့ကို အဲဂုတ္တုပြည်အပေါ်သို့ ဆောင် ကြ၏။
8فدعا فرعون موسى وهرون وقال صليا الى الرب ليرفع الضفادع عني وعن شعبي فأطلق الشعب ليذبحوا للرب.
8ထိုအခါ ဖါရောမင်းသည်၊ မောရှေနှင့် အာရုန်ကိုခေါ်၍၊ ထာဝရဘုရားသည် ဘားတို့ကိုငါနှင့် ငါ့လူတို့ ထံမှ ပယ်ရှားတော်မူမည်အကြောင်း တောင်းပန်လော့။ ဣသရေလလူတို့သည် ထာဝရဘုရားအား ယဇ်ပူဇော် ရသောအခွင့်ကို ငါပေးမည်ဟု ဆို၏။
9فقال موسى لفرعون عيّن لي متى اصلي لاجلك ولاجل عبيدك وشعبك لقطع الضفادع عنك وعن بيوتك. ولكنها تبقى في النهر.
9မောရှေကလည်း၊ ကိုယ်တော်နှင့် ကိုယ်တော်အိမ်များမှ ဘားတို့ကို ပယ်ရှင်းဖျက်ဆီး၍၊ မြစ်၌သာနေစေ ခြင်းငှါ၊ ကိုယ်တော်နှင့် ကိုယ်တော်ကျွန်များ၊ လူများအဘို့ အကျွန်ုပ်တောင်းပန်ရသောအချိန်ကို ချိန်းချက်တော်မူပါဟု လျှောက်သော်၊
10فقال غدا. فقال كقولك. لكي تعرف ان ليس مثل الرب الهنا.
10နက်ဖြန်နေ့ တောင်းပန်လော့ဟု မိန့်တော်မူသည်ဖြစ်၍၊ မောရှေက၊ အကျွန်ုပ်တို့ဘုရားသခင် ထာဝရ ဘုရားနှင့်တူသော ဘုရားမရှိကြောင်းကို ကိုယ်တော်သိစေခြင်းငှါ အမိန့်တော်အတိုင်းဖြစ်၍၊
11فترتفع الضفادع عنك وعن بيوتك وعبيدك وشعبك. ولكنها تبقى في النهر
11ဘားတို့သည်ကိုယ်တော်နှင့် ကိုယ်တော်အိမ်များ၊ ကျွန်များ၊ လူများထံမှထွက်သွား၍ မြစ်၌သာ နေကြလိမ့်မည်ဟု မောရှေလျှောက်ပြီးလျှင်၊
12ثم خرج موسى وهرون من لدن فرعون وصرخ موسى الى الرب من اجل الضفادع التي جعلها على فرعون.
12အာရုန်နှင့်အတူ အထံတော်မှထွက်သွား၍၊ ဖါရောဘုရင်အပေါ်သို့ ထာဝရဘုရားဆောင်တော် မူသော ဘားတို့အကြောင်းကြောင့်၊ မောရှေသည် ဆုတောင်းပဌနာပြုလေ၏။
13ففعل الرب كقول موسى. فماتت الضفادع من البيوت والدور والحقول.
13ထာဝရဘုရားသည် မောရှေတောင်းလျှောက်သော စကားအတိုင်းပြုတော်မူသဖြင့်၊ ဘားတို့သည် အိမ်များ၊ ရွာများ၊ လယ်ပြင်များတို့တွင် သေကြ၏။
14وجمعوها كوما كثيرة حتى أنتنت الارض.
14အသေကောင်တို့ကို စုပုံ၍ထားသဖြင့် တပြည်လုံး နံလေ၏။
15فلما رأى فرعون انه قد حصل الفرج اغلظ قلبه ولم يسمع لهما كما تكلم الرب
15ဖါရောမင်းလည်း၊ သက်သာရကြောင်းကို သိမြင်သောအခါ၊ ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ နှလုံးခိုင်မာ၍ သူတို့စကားကို နားမထောင်ဘဲ နေပြန် လေ၏။
16ثم قال الرب لموسى قل لهرون مدّ عصاك واضرب تراب الارض ليصير بعوضا في جميع ارض مصر.
16တဖန် ထာဝရဘုရားသည် မောရှေအား မိန့် တော်မူသည်ကား၊ အဲဂုတ္တုပြည်တရှောက်လုံး၌ရှိသော မြေမှုန်သည် ခြင်ကောင်ဖြစ်စေခြင်းငှါ၊ အာရုန်သည် လှံတံကိုကိုင်လျက် လက်ကိုဆန့်၍၊ မြေမှုန့်ကို ရိုက်စေခြင်း ငှါ ပြောလော့ဟု မိန့်တော်မူသည်အတိုင်း၊
17ففعلا كذلك. مدّ هرون يده بعصاه وضرب تراب الارض. فصار البعوض على الناس وعلى البهائم. كل تراب الارض صار بعوضا في جميع ارض مصر.
17အာရုန်သည် လှံတံကိုကိုင်လျက် လက်ကိုဆန့်၍ မြေမှုန့်ကို ရိုက်လေ၏။ မြေမှုန့်သည်လည်း လှံ၌၎င်း၊ တိရစ္ဆာန်၌၎င်း ခြင်ကောင်ဖြစ်လေ၏။ အဲဂုတ္တုပြည် တရှောက်လုံး၌ မြေမှုန့်ရှိသမျှသည် ခြင်ကောင်ဖြစ် လေ၏။
18وفعل كذلك العرافون بسحرهم ليخرجوا البعوض فلم يستطيعوا. وكان البعوض على الناس وعلى البهائم.
18ဝိဇ္ဇာဆရာကိုလည်း၊ ခြင်ကောင်တို့ကို ဖြစ်စေ ခြင်းငှါ ဝိဇ္ဇာအတတ်အားဖြင့် ထိုအတူပြု၍ မတတ်နိုင် ကြ။ သို့ဖြစ်၍ လူတို့နှင့် တိရစ္ဆာန်တို့၌ခြင်ကောင်တို့သည် ရှိကြ၏။
19فقال العرافون لفرعون هذا اصبع الله. ولكن اشتد قلب فرعون فلم يسمع لهما كما تكلم الرب
19ထိုအခါ ဝိဇ္ဇာဆရာတို့က၊ ဤအမှုသည် ဘုရား သခင်၏ တန်ခိုးကြောင့်ဖြစ်သည်ဟု ဖါရောဘုရင်အား လျှောက်ကြားကြ၏။ သို့သော်လည်း ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ ဖာရောဘုရင်သည် နှလုံးခိုင်မာ ၍ သူတို့စကားကို နားမထောင်ဘဲနေပြန်လေ၏။
20ثم قال الرب لموسى بكّر في الصباح وقف امام فرعون. انه يخرج الى الماء. وقل له هكذا يقول الرب اطلق شعبي ليعبدوني.
20ထာဝရဘုရားကလည်း၊ သင်သည် နံနက် စောစောထလော့။ ရေဆိပ်သို့ထွက်သွားသော ဖါရော ဘုရင်ရှေ့မှာ ရပ်၍ ထာဝရဘုရားက၊ ငါ၏လူတို့သည် ငါ့အား ဝတ်ပြုမည်အကြောင်း၊ သူတို့ကိုလွှတ်လော့။
21فانه ان كنت لا تطلق شعبي ها انا ارسل عليك وعلى عبيدك وعلى شعبك وعلى بيوتك الذبّان. فتمتلئ بيوت المصريين ذبّانا. وايضا الارض التي هم عليها.
21မလွှတ်ဘဲနေလျှင် သင်နှင့်သင်၏ကျွန်များ၊ လူ များ၊ အိမ်များထဲသို့ ယင်ရဲတို့ကို ငါစေလွှတ်သဖြင့် အဲဂုတ္တု လူတို့နေသောအိမ်၊ ရပ်သောမြေသည် ယင်ရဲနှင့်အပြည့် ရှိရလိမ့်မည်။
22ولكن أميّز في ذلك اليوم ارض جاسان حيث شعبي مقيم حتى لا يكون هناك ذبّان. لكي تعلم اني انا الرب في الارض.
22ငါသည် မြေကြီးအလယ်၌ ထာဝရဘုရား ဖြစ်ကြောင်းကို သင်သိစေခြင်းငှါ ငါ၏လူတို့နေရာ ဂေါရှင်ပြည်ကို ထိုနေ့၌ ငါခြားနားစေ၍၊ ထိုပြည်၌ ယင်ရဲမရှိရ။
23واجعل فرقا بين شعبي وشعبك. غدا تكون هذه الآية.
23ထိုသို့ ငါ၏လူတို့နှင့် သင်၏လူတို့ကို ငါခြားနား စေမည်။ နက်ဖြန်နေ့၌ ထိုနိမိတ်ထင်ရှားလိမ့်မည်ဟု မိန့်တော်မူကြောင်းကို ပြောလော့ဟု မောရှေအား မိန့်တော်မူ၏။
24ففعل الرب هكذا. فدخلت ذبان كثيرة الى بيت فرعون وبيوت عبيده وفي كل ارض مصر خربت الارض من الذبّان
24ထိုသို့ထာဝရဘုရားပြုတော်မူသဖြင့်၊ အလွန် ကြမ်းတမ်းသော ယင်ရဲတို့သည်၊ ဖါရောဘုရင်အိမ် အစရှိသော သူ၏ကျွန်တို့အိမ်၊ အဲဂုတ္တုပြည်တရှောက်လုံး ၌ ရောက်လာ၍၊ ထိုယင်ရဲတို့ကြောင့် အဲဂုတ္တုပြည်ပျက် လေ၏။
25فدعا فرعون موسى وهرون وقال اذهبوا اذبحوا لالهكم في هذه الارض.
25ထိုအခါ၊ ဖါရောဘုရင်သည် မောရှေနှင့် အာရုန် ကို ခေါ်ပြီးလျှင်၊ သင်တို့သည် ဤပြည်၌သင်တို့၏ ဘုရား သခင်အား ယဇ်ပူဇော်သွားကြလော့ဟု မိန့်တော်မူသော်၊
26فقال موسى لا يصلح ان نفعل هكذا. لاننا انما نذبح رجس المصريين للرب الهنا. ان ذبحنا رجس المصريين امام عيونهم أفلا يرجموننا.
26မောရှေက ထိုသို့မပြုသင့်။ ပြုလျှင်အဲဂုတ္တုလူ တို့၏ ရွံရှာဘွယ်သောအရာကို အကျွန်ုပ်တို့ဘုရားသခင် ထာဝရဘုရားအား ယဇ်ပူဇော်ရပါမည်။ အဲဂုတ္တုလူတို့၏ ရွံရှာဘွယ်သောအရာကို သူတို့မျက်မှောက်၌ ယဇ်ပူဇော် လျှင်၊ သူတို့သည် အကျွန်ုပ်တို့ကိုခဲနှင့်ပစ်ကြပါလိမ့်မည် မဟုတ်လော။
27نذهب سفر ثلاثة ايام في البرية ونذبح للرب الهنا كما يقول لنا.
27သို့ဖြစ်၍ တော၌သုံးရက်ခရီးသွား၍ အကျွန်ုပ် တို့ဘုရားသခင် ထာဝရဘုရားမိန့်တော်မူသည်အတိုင်း ယဇ်ပူဇော်ကြပါမည်ဟု လျှောက်ဆို၏။
28فقال فرعون انا اطلقكم لتذبحوا للرب الهكم في البرية ولكن لا تذهبوا بعيدا. صلّيا لاجلي.
28ဖါရောဘုရင်ကလည်း၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားအား၊ တော၌ ယဇ်ပူဇော်မည်အကြောင်း၊ သွားရသောအခွင့်ကို ငါပေးမည်။ သို့ရာတွင် ဝေးဝေး မသွားရကြ။ ငါ့အဘို့တောင်းပန်လော့ဟု မိန့်တော်မူ၏။
29فقال موسى ها انا اخرج من لدنك واصلي الى الرب. فترتفع الذبان عن فرعون وعبيده وشعبه غدا. ولكن لا يعد فرعون يخاتل حتى لا يطلق الشعب ليذبح للرب
29မောရှေကလည်း၊ အကျွန်ုပ်သည် ကိုယ်တော်ထံ မှ ထွက်သွား၍ ယင်ရဲတို့သည် ဖါရောဘုရင်နှင့် သူ၏ ကျွန်များ၊ လူများထံမှ၊ နက်ဖြန်နေ့သွားမည်အကြောင်း ထာဝရဘုရားကိုတောင်းပန်ပါမည်။ သို့ရာတွင် ဣသ ရေလလူတို့သည် ထာဝရဘုရားအား ယဇ်မပူဇော်ရမည် အကြောင်း၊ နောက်တဖန် ဆီးတား၍ လှည့်စားတော် မမူပါနှင့်ဟု လျှောက်ပြီးလျှင်၊
30فخرج موسى من لدن فرعون وصلى الى الرب.
30ဖါရောဘုရင်ထံမှထွက်သွား၍ ထာဝရဘုရားကို တောင်းပန်လေ၏။
31ففعل الرب كقول موسى. فارتفع الذبان عن فرعون وعبيده وشعبه. لم تبق واحدة.
31ထာဝရဘုရားသည်လည်း၊ မောရှေစကားကို နားထောင်၍ ယင်ရဲတို့ကို ဖါရောဘုရင်နှင့်သူ၏ကျွန်များ၊ လူများထံမှာ တကောင်မျှ မကျန်စေခြင်းငှါ ပယ်ရှား တော်မူ၏။
32ولكن اغلظ فرعون قلبه هذه المرة ايضا فلم يطلق الشعب
32ထိုအခါ၌လည်း၊ ဖါရောဘုရင်သည် နှလုံးခိုင်မာ ပြန်၍၊ ဣသရေလလူတို့ကို မလွှတ်ဘဲနေလေ၏။