1وكان اليّ كلام الرب قائلا.
1တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည့် ငါ့ဆီသို့ ရောက်လာ၍၊
2يا ابن آدم ماذا يكون عود الكرم فوق كل عود او فوق القضيب الذي من شجر الوعر.
2အချင်းလူသား၊ သစ်တော၌ သစ်ခက်သာမည် ဖြစ်သော စပျစ်နွယ်သားသည် အခြားသောသစ်သား ထက်မြတ်သောအရာ တစုံတခုရှိသလော။
3هل يؤخذ منه عود لاصطناع عمل ما او يأخذون منه وتدا ليعلّق عليه اناء ما.
3တစုံတခုကို လုပ်အံ့သောငှါ စပျစ်နွယ်သားကို ယူတတ်သလော။ တစုံတခုကို ဆွဲထားစရာတံစို့ကို စပျစ် နွယ်သားဖြင့် လုပ်တတ်သလော။
4هوذا يطرح اكلا للنار. تاكل النار طرفيه ويحرق وسطه. فهل يصلح لعمل.
4ထင်းဘို့မီးထဲသို့ ချတတ်၏။ မီးသည်လည်း အရင်းအဖျားအလယ်ကို လောင်တတ်၏။ အသုံးဝင် တတ်သလော။
5هوذا حين كان صحيحا لم يكن يصلح لعمل ما. فكم بالحري لا يصلح بعد لعمل اذ اكلته النار فاحترق
5မီးမလောင်မှီအသုံးမဝင်လျှင်၊ မီးလောင်၍ ကျွမ်းပြီးမှအသုံးမဝင်ဟု သာ၍ဆိုဘွယ်ရှိသည် မဟုတ် လော။
6لذلك هكذا قال السيد الرب مثل عود الكرم بين عيدان الوعر التي بذلتها اكلا للنار كذلك ابذل سكان اورشليم.
6ဤအမှု၌ အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား၊ တောသစ်ပင်တွင် မီးမွေးစရာဟင်းဘို့ငါ အပ်သော စပျစ်နွယ်သားကဲ့သို့၊ ယေရုရှလင်မြို့သားတို့ကို ငါအပ် မည်။
7واجعل وجهي ضدهم. يخرجون من نار فتأكلهم نار فتعلمون اني انا الرب حين اجعل وجهي ضدهم.
7သူတို့တဘက်၌ ငါသည် မျက်နှာကိုထားမည်။ သူတို့သည် မီးတပုံမှထွက်၍ တပုံ၌လောင်လိမ့်မည်။ သူတို့တဘက်၌ ငါသည် မျက်နှာကို ထားသောအခါ၊ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရကြ လိမ့်မည်။
8واجعل الارض خرابا لانهم خانوا خيانة يقول السيد الرب
8သူတို့သည် ငါ့ကို အထပ်ထပ်ပြစ်မှားသော ကြောင့်၊ ငါသည်သူတို့ ပြည်ကို လူဆိတ်ညံရာ အရပ် ဖြစ်စေမည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။