الكتاب المقدس (Van Dyke)

Myanmar

Ezekiel

18

1وكان اليّ كلام الرب قائلا.
1တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
2ما لكم انتم تضربون هذا المثل على ارض اسرائيل قائلين الآباء اكلوا الحصرم واسنان الابناء ضرست.
2အဘတို့သည် ချဉ်သောစပျစ်သီးကို စား၍ သားတို့သည် သွားကျိန်းလျက်ရှိကြ၏ဟု၊ သင်တို့သည် ဣသရေလပြည်ကိုရည်မှတ်၍ စကားပုံကို သုံးသောအခါ အဘယ်သို့ဆိုလိုသနည်း။
3حيّ انا يقول السيد الرب لا يكون لكم من بعد ان تضربوا هذا المثل في اسرائيل.
3အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါ အသက်ရှင်သည်အတိုင်း နောက်တဖန် ဣသရေလပြည် ၌ ထိုစကားပုံကိုသုံးရသော အကြောင်းမရှိရ။
4ها كل النفوس هي لي. نفس الاب كنفس الابن. كلاهما لي. النفس التي تخطئ هي تموت.
4ဝိညာဉ်အပေါင်းတို့ကို ငါပိုင်၏။ အဘ၏ဝိညာဉ် ကို ငါပိုင်သကဲ့ သို့သား၏ဝိညာဉ်ကိုလည်း ငါပိုင်၏။ ပြစ်မှားသော ဝိညာဉ်သည် အသက်သေရမည်။
5والانسان الذي كان بارا وفعل حقا وعدلا
5လူမည်သည်ကား၊ သဘောဖြောင့်၍ တရား သောအမှု၊ ဟုတ်မှန်သော အမှုကိုပြုလျှင်၎င်း၊
6لم يأكل على الجبال ولم يرفع عينيه الى اصنام بيت اسرائيل ولم ينجّس امرأة قريبه ولم يقرب امرأة طامثا
6တောင်ပေါ်မှာမစား၊ ဣသရေလအမျိုး ကိုးကွယ်သော ရုပ်တုတို့ကို မဖူးမမျှော်၊ သူ့မယားကို မပြစ်မှား၊ ဥတုရောက်သော မိန်းမကို မချဉ်းကပ်၊
7ولم يظلم انسانا بل رد للمديون رهنه ولم يغتصب اغتصابا بل بذل خبزه للجوعان وكسا العريان ثوبا
7အဘယ်သူကိုမျှ မညှဉ်းဆဲ၊ ကြွေးစားပေါင်ထား သော ဥစ္စာကို ပြန်၍မပေးဘဲမနေ၊ သူ့ဥစ္စာကို အနိုင် အထက်မလုမယူ၊ ငတ်မွတ်သောသူကို ကျွေးမွေး၍၊ အဝတ်မရှိသောသူကို အဝတ်နှင့်ဖုံးလွှမ်းလျှင်၎င်း၊
8ولم يعط بالربا ولم ياخذ مرابحة وكفّ يده عن الجور واجرى العدل والحق بين الانسان والانسان
8အတိုးစား၍ ငွေကိုမချေး၊ အဓမ္မအမှုကို လက်မခံ၊ သူတပါးအမှုကို တရားသဖြင့် စီရင်ခြင်း၊
9وسلك في فرائضي وحفظ احكامي ليعمل بالحق فهو بار. حياة يحيا يقول السيد الرب
9ငါစီရင်ထုံးဖွဲ့သည် အတိုင်းကျင့်၍ သစ္စာ စောင့်ခြင်းကိုပြုလျှင်၎င်း၊ ထိုသူသည် ဖြောင့်မတ်သော သူဖြစ်၏။ အကယ်စင်စစ် အသက်ရှင်ရလိမ့်မည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။
10فان ولد ابنا معتنفا سفّاك دم ففعل شيئا من هذه
10သို့ရာတွင်၊ ထိုသူ၏သားသည် ထားပြတိုက် သောသူ၊ လူအသက်ကိုသတ်သောသူ၊ အရင်ဆိုခဲ့ပြီးသော ဒုစရိုက်တစုံတခုကို ပြုသောသူ၊
11ولم يفعل كل تلك بل اكل على الجبال ونجّس امرأة قريبه
11အရင်ဆိုခဲ့ပြီးသော သုစရိုက်ကိုမပြု၊ တောင် ပေါ်မှာစားခြင်း၊ သူ့မယားကိုပြစ်မှားခြင်း၊
12وظلم الفقير والمسكين واغتصب اغتصابا ولم يرد الرهن وقد رفع عينيه الى الاصنام وفعل الرجس
12ဆင်းရဲငတ်မွတ်သော သူကို ညှဉ်းဆဲခြင်း၊ သူ့ဥစ္စာကို အနိုင်အထက်လုယူခြင်း၊ ပေါင်ထားသော ဥစ္စာကို ပြန်၍မပေးဘဲနေခြင်း၊ ရုပ်တုကို ဖူးမျှော်ခြင်း၊ ရွံ့ရှာဘွယ်သော အမှုကိုပြုခြင်း၊
13واعطى بالربا واخذ المرابحة أفيحيا. لا يحيا. قد عمل كل هذه الرجاسات فموتا يموت. دمه يكون على نفسه
13အတိုးစား၍ငွေချေးခြင်းကိုပြုသော သူဖြစ်လျှင်၊ အသက်ရှင်ရမည်လော။ အသက်မရှင်ရ။ ထိုရွံ့ရှာဘွယ် သော အမှုများကိုပြုသောကြောင့်၊ စင်စစ်အသေသတ် ခြင်းကို ခံရမည်။ သေထိုက်သောအပြစ်ရှိ၏။
14وان ولد ابنا رأى جميع خطايا ابيه التي فعلها فرآها ولم يفعل مثلها
14သို့ရာတွင်၊ ထိုသူ၏သားသည် အဘပြုသမျှ သော ဒုစရိုက်တို့ကို မြင်၍ဆင်ခြင်သဖြင့်၊ ထိုသို့သော အမှုတို့ကိုမပြု၊
15لم يأكل على الجبال ولم يرفع عينيه الى اصنام بيت اسرائيل ولا نجّس امرأة قريبه
15တောင်ပေါ်မှာမစား၊ ဣသရေလအမျိုးကိုးကွယ် သော ရုပ်တုတို့ကို မဖူးမမျှော်၊ သူ့မယားကိုမပြစ်မှား၊
16ولا ظلم انسانا ولا ارتهن رهنا ولا اغتصب اغتصابا بل بذل خبزه للجوعان وكسى العريان ثوبا
16အဘယ်သူကိုမျှ မညှဉ်းဆဲ၊ ပေါင်ထားသော ဥစ္စာကိုမသိမ်း၊ သူ့ဥစ္စာကို အနိုင်အထက်မလုမယူ၊ ငတ်မွတ်သောသူကို ကျွေးမွေးခြင်း၊ အဝတ်မရှိသော သူကိုအဝတ်နှင့်ဖုံးလွှမ်းခြင်း၊
17ورفع يده عن الفقير ولم ياخذ ربا ولا مرابحة بل اجرى احكامي وسلك في فرائضي فانه لا يموت باثم ابيه. حياة يحيا.
17ဆင်းရဲသော သူကိုချမ်းသာပေးခြင်း၊ အတိုး မစားဘဲငွေချေးခြင်းကို ပြု၍ငါစီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်လျှင်၊ ထိုသူသည်အဘ၏ အပြစ်ကြောင့် အသေခံရမည်မဟုတ်။ စင်စစ်အသက်ရှင်ရလိမ့်မည်။
18اما ابوه فلانه ظلم ظلما واغتصب اخاه اغتصابا وعمل غير الصالح بين شعبه فهوذا يموت باثمه
18အဘမူကား၊ မိမိညီအစ်ကိုကိုအထပ်ထပ် ညှဉ်းဆဲလျက်၊ သူ့ဥစ္စာကို အနိုင်အထက်လုယူလျက်၊ မိမိအမျိုးသားချင်းတိုပတွင် မကောင်းသော အမှုကို ပြုသော အပြစ်ကြောင့်၊ အသေသတ်ခြင်းကို ခံရမည်။
19وانتم تقولون لماذا لا يحمل الابن من اثم الاب. اما الابن فقد فعل حقا وعدلا حفظ جميع فرائضي وعمل بها فحياة يحيا.
19သင်တို့ကလည်း၊ အဘယ်သို့နည်း။ သားသည် အဘ၏ အပြစ်ကို မခံရသလောဟု မေးကြသော်၊ သား သည် တရားသောအမှု၊ ဟုတ်မှန်သောအမှုကိုပြု၍၊ ငါစီရင်ထုံးဖွဲ့သမျှအတိုင်း ကျင့်စောင့်လျှင်၊ စင်စစ် အသက်ရှင်ရလိမ့်မည်။
20النفس التي تخطئ هي تموت. الابن لا يحمل من اثم الاب والاب لا يحمل من اثم الابن. بر البار عليه يكون وشر الشرير عليه يكون.
20ပြစ်မှားသောသူသည် အသေခံရမည်။ သား သည် အဘ၏အပြစ်ကိုမခံရ။ အဘသည် သား၏အပြစ် ကို မခံရ။ တရားသောသူသည် တရားစွာပြုခြင်းအကျိုး ကို၎င်း၊ မတရားသောသူသည် မတရားစွာပြုခြင်း အပြစ်ကို၎င်း ခံရလိမ့်မည်။
21فاذا رجع الشرير عن جميع خطاياه التي فعلها وحفظ كل فرائضي وفعل حقا وعدلا فحياة يحيا. لا يموت.
21သို့ရာတွင်၊ မတရားသောသူသည် မိမိပြုမိသမျှ သော ဒုစရိုက်တို့ကို ကြဉ်ရှောင်လျက်၊ ငါစီရင်ထုံးဖွဲ့သမျှ တို့ကို စောင့်ရှောက်၍၊ တရားသောအမှု၊ ဟုတ်မှန်သော အမှုတို့ကိုပြုလျှင်၊ သေခြင်းနှင့်လွတ်၍ စင်စစ်အသက် ရှင်ရလိမ့်မည်။
22كل معاصيه التي فعلها لا تذكر عليه. في بره الذي عمل يحيا.
22ပြုမိသမျှသော ဒုစရိုက်အပြစ်တို့ကို သူတဘက် ၌ မမှတ်ရ။ ပြုမိသောဖြောင့်မတ်ခြင်းအမှုကြောင့် အသက် ရှင်ရလိမ့်မည်။
23هل مسرة أسر بموت الشرير يقول السيد الرب. ألا برجوعه عن طرقه فيحيا.
23မတရားသောသူသည်မိမိအကျင့် တို့ကိုရှောင်၍ အသက်မရှင်၊ အသေခံခြင်းအမှု၌ ငါသည်အနည်းငယ် သော ပျော်မွေ့ခြင်းရှိသလော။
24واذا رجع البار عن بره وعمل اثما وفعل مثل كل الرجاسات التي يفعلها الشرير أفيحيا. كل بره الذي عمله لا يذكر. في خيانته التي خانها وفي خطيته التي اخطأ بها يموت
24သို့ရာတွင်။ တရားသောသူသည်ဖောက်ပြန်၍၊ အဓမ္မအမှုကို၎င်း၊ မတရားသောသူပြုသမျှသော စက်ဆုပ် ရွံ့ရှာဘွယ် အမှုတို့ကို၎င်းပြုလျှင်၊ အသက်ရှင်ရမည် လော။ အရင်ပြုသမျှသော ဖြောင့်မတ်ခြင်းအမှုတို့ကို မမှတ်၊ သူသည် လွန်ကျူးသောအမှု၊ ပြစ်မှားသော အပြစ်ကြောင့် အသေသတ်ခြင်းကို ခံရလိမ့်မည်။
25وانتم تقولون ليست طريق الرب مستوية. فاسمعوا الآن يا بيت اسرائيل. أطريقي هي غير مستوية أليست طرقكم غير مستوية.
25သို့သော်လည်း သင်တို့က၊ ထာဝရဘုရား စီရင်ချက်မဖြောင့်ဟု ဆိုကြသည်တကား။ အိုဣသရေလ အမျိုး၊ ငါစီရင်ချက်သည် ဖြောင့်၍၊ သင်တို့ စီရင်ချက် ကောက်သည် မဟုတ်လော။
26اذا رجع البار عن بره وعمل اثما ومات فيه فباثمه الذي عمله يموت.
26တရားသောသူသည် တရားသောအမှုကိုပယ်၍ အဓမ္မအမှုကို ပြုလျှင်၊ ထိုအမှုကြောင့် သေရမည်။ ပြုမိသော အဓမ္မအမှုကြောင့် အသေသတ်ခြင်းကို ခံရမည်။
27واذا رجع الشرير عن شره الذي فعل وعمل حقا وعدلا فهو يحيي نفسه.
27ထိုအတူ၊ မတရားသောသူသည် မိမိပြုမိသော အဓမ္မအမှုကို ရှောင်၍၊ တရားသောအမှု၊ ဟုတ်မှန်သော အမှုကိုပြုလျှင်၊ မိမိအသက်ကို ကယ်နှုတ်ရလိမ့်မည်။
28رأى فرجع عن كل معاصيه التي عملها فحياة يحيا. لا يموت.
28ပြုမိသမျှသော အဓမ္မအမှုတို့ကို ဆင်ခြင်၍ ရှောင်သောကြောင့်၊ သေခြင်းနှင့်လွတ်၍ စင်စစ်အသက် ရှင်ရလိမ့်မည်။
29وبيت اسرائيل يقول ليست طريق الرب مستوية. أطرقي غير مستقيمة يا بيت اسرائيل. أليست طرقكم غير مستقيمة.
29သို့သော်လည်း ဣသရေလအမျိုးက၊ ထာဝရ ဘုရားစီရင်ချက်မဖြောင့်ဟု ဆိုကြသည်တကား။ အိုဣသ ရေလအမျိုး၊ ငါစီရင်ချက်သည် ဖြောင့်၍၊ သင်တို့ စီရင်ချက်ကောက်သည် မဟုတ်လော။
30من اجل ذلك اقضي عليكم يا بيت اسرائيل كل واحد كطرقه يقول السيد الرب. توبوا وارجعوا عن كل معاصيكم ولا يكون لكم الاثم مهلكة.
30သို့ဖြစ်၍၊ အိုဣသရေလအမျိုး၊ သင်တို့ အသီး အသီးကျင့်ကြသည်အတိုင်း အကျိုးအပြစ်ကိုငါစီရင်မည်။ သင်တို့သည် အဓမ္မအမှုရှိသမျှတို့ကို စွန့်ပစ်၍ ပြောင်းလဲ ကြလော့။ ပြောင်းလဲကြလော့။ ဒုစရိုက်အပြစ်ကြောင့် ထိမိ၍ ဆုံးခြင်းသို့မရောက်ကြနှင့်။
31اطرحوا عنكم كل معاصيكم التي عصيتم بها واعملوا لانفسكم قلبا جديدا وروحا جديدة. فلماذا تموتون يا بيت اسرائيل.
31သင်တို့သည် ပြုသမျှသော လွန်ကျူးခြင်းအမှု တို့ကို စွန့်ပစ်၍ အသစ်သောနှလုံး၊ အသစ်သော စိတ် သဘောကို ပြင်ဆင်ကြလော့။ အိုဣသရေလအမျိုး၊ သင်တို့သည် အဘယ်ကြောင့် အသေသတ်ခြင်းကို ခံလို သနည်း။
32لاني لا أسر بموت من يموت يقول السيد الرب. فارجعوا واحيوا
32အသေခံရသော သူ၏ အသေခံခြင်းအမှု၌ ငါသည် ပျော်မွေ့ခြင်းမရှိ။ ထိုကြောင့်၊ပြောင်းလဲ၍ အသက်ရှင်ကြလော့ဟု အရှင်ထာဝရဘုရား မိန့်တော် မူ၏။