1وانت يا ابن آدم فخذ لنفسك لبنة وضعها امامك وارسم عليها مدينة اورشليم.
1တဖန်တုံ၊ အချင်းလူသား၊ အုတ်ပြားကိုယူ၍ သင့်ရှေ့မှာ ထားပြီးလျှင်၊ ယေရုရှလင်မြို့ပုံကို ရေးလော့။
2واجعل عليها حصار وابن عليها برجا واقم عليها مترسة واجعل عليها جيوشا واقم عليها مجانق حولها.
2မြို့ကိုဝိုင်း၍မြို့ပြင်၌ တပ်တည်လော့။ မြေရိုး ကိုလည်းဖို့လော့။ တပ်သားတို့ကိုလည်းခင်းကျင်းလော့။ မြို့ပတ်လည်တွင် ဝက်ခွတိုင်တို့၌ တုံးတို့ကိုလည်း ဆွထားလော့။
3وخذ انت لنفسك صاجا من حديد وانصبه سورا من حديد بينك وبين المدينة وثبت وجهك عليها فتكون في حصار وتحاصرها. تلك آية لبيت اسرائيل
3ထိုမှတပါး၊ သံပြားကိုယူ၍၊ သင်နှင့်မြို့စပ်ကြား မှာ သံရိုးဖြစ်စေခြင်းငှါ ထောင်ပြီးလျှင်၊ မြို့တဘက်၌ သင်၏မျက်နှာကိုထားလော့။ ထိုသို့ ဝိုင်းထားသဖြင့်၊ ထိုမြို့သည်ဝိုင်းထားခြင်းကို ခံရမည်။ ဤသည်ကား ဣသရေလအမျိုးအား နိမိတ်လက္ခဏာဖြစ်လိမ့်မည်။
4واتكئ انت على جنبك اليسار وضع عليه اثم بيت اسرائيل. على عدد الايام التي فيها تتكئ عليه تحمل اثمهم.
4ထိုမှတပါး၊ သင်သည် လက်ဝဲနံစောင်းဖြင့် အိပ် ၍၊ ဣသရေလအမျိုး၏အပြစ်ကို ထိုနံစောင်း၌ တင်ထား လော့။ ထိုသို့အိပ်ရသော နေ့ရက်အရေအတွက်အတိုင်း သူတို့အပြစ်ကို ခံရမည်။
5وانا قد جعلت لك سني اثمهم حسب عدد الايام ثلاث مئة يوم وتسعين يوما. فتحمل اثم بيت اسرائيل.
5အကြောင်းမူကား၊ အရက်သုံးရာကိုးဆယ် အရေအတွက်အတိုင်း၊ သူတို့အပြစ်နှင့်ယှဉ်သော နှစ်ပေါင်းကိုသင်၏အပေါ်၌ ငါတင်ထားပြီ။ ထိုသို့ ဣသရေလအမျိုး၏ အပြစ်ကို သင်သည် ခံရမည်။
6فاذا اتممتها فاتكئ على جنبك اليمين ايضا فتحمل اثم بيت يهوذا اربعين يوما. فقد جعلت لك كل يوم عوضا عن سنة.
6ထိုနေ့ရက်စေ့ပြီးမှ၊ တဖန်လက်ျာနံစောင်းဖြင့် အိပ်၍၊ အရက်လေးဆယ်ပတ်လုံးယုဒအမျိုး၏ အပြစ်ကို ခံဦးလော့။ နှစ်အစား၌ ရက်ကို ငါထားပြီ။
7فثبّت وجهك على حصار اورشليم وذراعك مكشوفة وتنبّا عليها.
7သင်သည် ယေရုရှလင်မြို့ကို ဝိုင်းထားသည် အမှုမှာ၊ မျက်နှာထား၍ လက်ရုံးကိုဆန့်လျက်၊ မြို့တဘက် ၌ ပရောဖက်ပြုရမည်။
8وهأنذا اجعل عليك ربطا فلا تقلب من جنب الى جنب حتى تتمم ايام حصارك
8ငါသည် သင့်ကိုချည်နှောင်၍ ဝိုင်းထားခြင်းအမှု ကို ပြုရသော ကာလမစေ့မှီ၊ သင်သည် တဘက်မှ တဘက်သို့ မစောင်းရ။
9وخذ انت لنفسك قمحا وشعيرا وفولا وعدسا ودخنا وكرسنة وضعها في وعاء واحد واصنعها لنفسك خبزا كعدد الايام التي تتكئ فيها على جنبك. ثلاث مئة يوم وتسعين يوما تاكله.
9ထိုမှတပါး၊ ဂျုံဆန်၊ မုယောဆန်၊ ပဲဆန်နှစ်မျိုးနှင့် ပြောင်းဆန်၊ ကောက်ဆန်တို့ကို ယူ၍ အိုးတလုံး၌ ရောနှောလျက်ထားရမည်။ နံစောင်းတဘက်ဖြင့် အိပ်ရသောနေ့ရက် သုံးရာကိုးဆယ်ပတ်လုံး၊ ထိုရောနှော သောဆန်ကို မုန့်လုပ်၍ စားရမည်။
10وطعامك الذي تأكله يكون بالوزن. كل يوم عشرين شاقلا. من وقت الى وقت تاكله.
10ထိုမုန့်ကို တနေ့တနေ့လျှင် အကျပ်နှစ်ဆယ်စီ ချိန်၍ စားရမည်။
11وتشرب الماء بالكيل. سدس الهين. من وقت الى وقت تشربه.
11ရေကိုလည်းတနေ့တနေ့လျှင် တဗတ်စီခြင်၍ သောက်ရမည်။
12وتأكل كعكا من الشعير. على الخرء الذي يخرج من الانسان تخبزه امام عيونهم.
12မုယောမုန့်ပြားကို စားသကဲ့သို့ စားအံ့သောငှါ၊ လူများရှေ့တွင် လူ၏မစင်နှင့်ဖုတ်ရမည်။
13وقال الرب. هكذا ياكل بنو اسرائيل خبزهم النجس بين الامم الذين اطردهم اليهم.
13ထိုသို့ ငါနှင်ထုတ်ရာအရပ်၊ တပါးအမျိုးသားတို့ နေရာ၌၊ ဣသရေလအမျိုးတို့သည် ညစ်ညူးသောမုန့်ကို စားရကြမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
14فقلت آه يا سيد الرب ها نفسي لم تتنجس ومن صباي الى الآن لم آكل ميتة او فريسة ولا دخل فمي لحم نجس.
14ငါကလည်း၊ အိုအရှင်ထာဝရဘုရား၊ အကျွန်ုပ် သည် ညစ်ညူးခြင်းသို့ မရောက်ပါသေး။ အလိုလို သေသောအကောင်၊ သားရဲကိုက်၍ သေသောအကောင်၊ ရွံ့ရှာဘွယ်သောအကောင်၏ အသားကို ငယ်သော အသက်အရွယ်မှစ၍ ယခုတိုင်အောင် အကျွန်ုပ်သည် မစားပါဟု လျှောက်လျှင်၊
15فقال لي انظر. قد جعلت لك خثي البقر بدل خرء الانسان فتصنع خبزك عليه.
15လူ၏မစင်အရာ၌ နွားချေးကို ငါပေး၏။ နွားချေးနှင့်သင့်မုန့်ကို ဖုတ်ရမည်ဟု မိန့်တော်မူ၏။
16وقال لي يا ابن آدم هانذا اكسر قوام الخبز في اورشليم فياكلون الخبز بالوزن وبالغم ويشربون الماء بالكيل وبالحيرة
16တဖန်တုံ၊ အချင်းလူသား၊ ယေရုရှလင်မြို့၌ မုန့်အထောက်အပင့်ကို ငါချိုးမည်။ မြို့သားတို့သည် မုန့်ကိုချိန်လျက်၊ စိုးရိမ်သော စိတ်နှင့်စားရကြမည်။ ရေကိုလည်း ခြင်လျက်၊ မိန်းမောတွေဝေခြင်းနှင့် သောက် ရကြမည်။
17لكي يعوزهم الخبز والماء ويتحيروا الرجل واخوه ويفنوا باثمهم
17မုန့်နှင့်ရေခေါင်းပါးသဖြင့်၊ မြို့သားတို့သည် တညီတညွတ်တည်း မိန်းမောတွေဝေ၍၊ မိမိတို့အပြစ် ကြောင့် ပိန်ကြုံခြင်းသို့ ရောက်ရကြမည်ဟု မိန့်တော်မူ၏။