الكتاب المقدس (Van Dyke)

Myanmar

Ezekiel

40

1في السنة الخامسة والعشرين من سبينا في راس السنة في العاشر من الشهر في السنة الرابعة عشرة بعدما ضربت المدينة في نفس ذلك اليوم كانت عليّ يد الرب وأتى بي الى هناك.
1ငါတို့သည် သိမ်းသွားခြင်းကိုခံရာ သက္ကရာဇ် နှစ်ဆယ်ငါးခု၊ ပဌမလဆယ်ရက်နေ့၊ မြို့တော်ကို လုပ်ကြံ ၍၊ တဆယ်လေးနှစ်စေ့သောနေ့ တွင်၊ ထာဝရဘုရား၏ လက်တော်သည် ငါ့အပေါ်မှာရှိ၍ ထိုမြို့သို့ဆောင် သွားတော်မူ၏။
2في رؤى الله اتى بي الى ارض اسرائيل ووضعني على جبل عال جدا عليه كبناء مدينة من جهة الجنوب.
2ဘုရားသခင်၏ ဗျာဒိတ်ရူပါရုံအားဖြင့် ငါ့ကို ဣသရေလပြည်သို့ ဆောင်သွား၍၊ အလွန်မြင့်သော တောင်ပေါ်မှာ တင်ထားတော်မူ၏။ ထိုတောင်အနားမှာ တောင်ဘက်၌မြို့ပုံသဏ္ဌာန်ရှိ၏။
3ولما اتى بي الى هناك اذا برجل منظره كمنظر النحاس وبيده خيط كتان وقصبة القياس وهو واقف بالباب.
3ထိုအရပ်သို့ ငါ့ကိုဆောင်သွားတော်မူသောအခါ၊ ကြေးဝါကဲ့သို့ အဆင်းအရောင်ရှိသော လူတဦးသည် တိုင်းစရာ ကျူလုံးနှင့်ချည်ကြိုးကို ကိုင်လျက်မြို့တံခါးဝမှာ ရပ်နေ၏။
4فقال لي الرجل يا ابن آدم انظر بعينيك واسمع باذنيك واجعل قلبك الى كل ما اريكه لانه لاجل اراءتك أتي بك الى هنا. اخبر بيت اسرائيل بكل ما ترى.
4ထိုသူက၊ အချင်းလူသား၊ စေ့စေ့ကြည့်ရှုလော့။ စေ့စေ့နားထောင်လော့။ ငါပြလတံ့သမျှတို့ကို နှလုံးသွင်း လော့။ သင့်အား ငါပြအံ့သောငှါ သင့်ကိုဤအရပ်သို့ ဆောင်ခဲ့တော်မူပြီ၊ မြင်သမျှတို့ကိုလည်း ဣသရေလ အမျိုးအားပြရမည်ဟုဆို၏။
5واذا بسور خارج البيت محيط به وبيد الرجل قصبة القياس ست اذرع طولا بالذراع وشبر. فقاس عرض البناء قصبة واحدة وسمكه قصبة واحدة.
5အိမ်တော်ပြင်ပတ်လည်၌ တန်တိုင်းရှိ၏။ ထိုသူသည် သံတောင်အားဖြင့် အရှည်ခြောက်တောင် ရှိသော ကျူလုံးကို ကိုင်လျက်၊ ထိုတန်တိုင်းကိုတိုင်း၍ အထုကျူတပြန်၊ အမြင့်လည်း ကျူတပြန်ရှိ၏။
6ثم جاء الى الباب الذي وجهه نحو الشرق وصعد في درجه وقاس عتبة الباب قصبة واحدة عرضا والعتبة الاخرى قصبة واحدة عرضا.
6ထိုနောက်၊ အရှေ့တံခါးသို့သွား၍ လှေကားကို တက်ပြီးမှ၊ တံခါးထုပ်နှင့် တံခါးခုံကိုတိုင်း၍ အနံ ကျူတပြန်စီရှိ၏။
7والغرفة قصبة واحدة طولا وقصبة واحدة عرضا وبين الغرفات خمس اذرع. وعتبة الباب بجانب رواق الباب من داخل قصبة واحدة.
7အခန်းငယ်တို့သည် တခန်းနှင့်တခန်း ငါး တောင်ကွာလျက် အလျားကျူတပြန်၊ အနံလည်း ကျူတပြန်စီရှိကြ၏။
8وقاس رواق الباب من داخل قصبة واحدة.
8အတွင်းတံခါးခုံလည်း အနံကျူတပြန်ရှိ၏။
9وقاس رواق الباب ثماني اذرع وعضائده ذراعين ورواق الباب من داخل.
9တံခါးမုတ်ကိုလည်း တိုင်း၍အလျားရှစ်တောင် ရှိ၏။ မုတ်တိုင်အမြင့် နှစ်တောင်စီရှိ၏။ တံခါးမုတ်သည် တံခါးအတွင်းဘက်၌ ရှိသတည်း။
10وغرفات الباب نحو الشرق ثلاث من هنا وثلاث من هناك. للثلاث قياس واحد وللعضائد قياس واحد من هنا ومن هناك.
10အရှေ့တံခါး တဘက်တချက်၌ အခန်းငယ် သုံးခန်းစီရှိ၍၊ အလျားအနံတညီတည်း၊ တဘက်တချက်၌ တိုင်အမြင့်လည်း တညီတည်းရှိကြ၏။
11وقاس عرض مدخل الباب عشر اذرع وطول الباب ثلاث عشرة ذراعا.
11တံခါးဝကိုလည်းတိုင်း၍ အနံဆယ်တောင်၊ အမြင့်တဆယ်သုံးတောင်ရှိ၏။
12والحافة امام الغرفات ذراع واحدة من هنا والحافة ذراع واحدة من هناك. والغرفة ست اذرع من هنا وست اذرع من هناك.
12အခန်းငယ်တို့ရှေ့မှာ တဘက်တချက်၌ ကြမ်း ပြင်အနံတတောင်ရှိ၏။ တဘက်တချက်၌ရှိသော အခန်းငယ်တို့သည် အလျားအနံခြောက်တောင်စီရှိ၏။
13ثم قاس الباب من سقف الغرفة الواحدة الى سقف الاخرى عرض خمس وعشرين ذراعا. الباب مقابل الباب.
13ထိုနောက်၊ အခန်းငယ်အမိုးစွန်းတခုမှသည် တခုတိုင်အောင် တိုင်း၍အကျယ်နှစ်ဆယ်ငါးတောင်ရှိ၏။ တံခါးတို့သည် မျက်နှာချင်းဆိုင်ကြ၏။
14وعمل عضائد ستين ذراعا الى عضادة الدار حول الباب.
14တံခါးပတ်လည် တန်တိုင်းအတွင်း၊ ထောင့်တိုင် အထိ၊ အတောင်ခြောက်ဆယ်ကျယ်အောင် တိုင်များကို ထားလေ၏။
15وقدام باب المدخل الى قدام رواق الباب الداخلي خمسون ذراعا.
15ပြင်တံခါးဝမှသည် အတွင်းတံခါးမုတ်ဝတိုင် အောင် အတောင်ငါးဆယ်ရှိ၏။
16وللغرفات كوى مشبّكة وللعضائد من داخل الباب حواليه وهكذا في القبب ايضا كوى حواليها من داخل وعلى العضادة نخيل
16အခန်းများ၊ တံခါးအတွင်းပတ်လည်တိုင်များ၊ တံခါးမုတ်များ အတွင်းဘက်၌ ကျဉ်းသောပြတင်းပေါက် များရှိ၏။ တိုင်များ၌စွနပလွပင်ပုံထုလျက်ရှိ၏။
17ثم اتى بي الى الدار الخارجية واذا بمخادع ومجزع مصنوع للدار حواليها. على المجزع ثلاثون مخدعا.
17ထိုနောက်၊ ငါ့ကိုပြင်တန်တိုင်းထဲသို့ သွင်း၍ အခန်းများကို ငါမြင်၏။ ကျောက်ခင်းလည်းရှိ၏။ ကျောက်ခင်းအပေါ်မှာ အခန်းသုံးဆယ် ရှိ၏။
18والمجزّع بجانب الابواب مقابل طول الابواب المجزّع الاسفل.
18တံခါးများအစဉ်အတိုင်းလိုက်၍၊ တံခါးအနားမှာ ရှိသော ကျောက်ခင်းသည် အောက်ကျောက်ခင်းဖြစ်၏။
19وقاس العرض من قدام الباب الى الاسفل الى قدام الدار الداخلية من خارج مئة ذراع الى الشرق والى الشمال.
19ထိုနောက်၊ အောက်တံခါးဦးမှသည် အတွင်း တန်းတိုင်းပြင်ဘက် ဦးတိုင်အောင်တိုင်း၍၊ အရှေ့မျက်နှာ ၌ အတောင်တရာကွာ၏။
20والباب المتجه نحو الشمال الذي للدار الخارجية قاس طوله وعرضه.
20တဖန်မြောက်မျက်နှာသို့ ခေါ်သွား၍၊ ပြင် တန်တိုင်းမြောက်ဘက်သို့ မျက်နှာပြုသောတံခါးအမြင့်နှင့် အနံကိုတိုင်းလေ၏။
21وغرفاته ثلاث من هنا وثلاث من هناك وعضائده ومقببه كانت على قياس الباب الاول طولها خمسون ذراعا وعرضها خمس وعشرون ذراعا.
21အခန်းတို့သည် တဘက်တချက်၌ သုံးခန်းစီ ရှိ၏။ တိုင်များ၊ မုတ်များတို့သည် အရင်တံခါးကဲ့သို့ဖြစ်၍၊ အလျားအတောင်ငါးဆယ်၊ အနံနှစ်ဆယ်ငါးတောင်ရှိ၏။
22وكواها ومقببها ونخيلها على قياس الباب المتجه نحو الشرق وكانوا يصعدون اليه في سبع درجات ومقببه امامه.
22ပြတင်းပေါက်၊ မုတ်၊ စွန်ပလွံပင်များတို့သည် အရှေ့တံခါးကဲ့သို့ ဖြစ်ကြ၏။ လှေကားခုနစ်ထစ်ဖြင့် တံခါးသို့တက်ရ၏။ မုတ်တို့သည် လှေကားနှင့် တတန်း တည်း ရှိကြ၏။
23وللدار الداخلية باب مقابل باب للشمال وللشرق. وقاس من باب الى باب مئة ذراع
23အရှေ့ဘက်၌ရှိသကဲ့သို့ မြောက်တံခါး မျက်နှာ ချင်းဆိုင်အတွင်း တန်တိုင်းတံခါးဝရှိ၏။ တံခါဝတခုနှင့် တခု အတောင်တရာကွာ၏။
24ثم ذهب بي نحو الجنوب واذا بباب نحو الجنوب فقاس عضائده ومقببه كهذه الاقيسة.
24ထိုနောက်၊ တောင်မျက်နှာသို့ခေါ်သွား၍ တောင်တံခါးကို ငါမြင်၏။ တိုင်များ၊ မုတ်များကိုတိုင်း၍ အရင်ပမာဏနှင့်တညီတည်း ရှိကြ၏။
25وفيه كوى وفي مقببه من حواليه كتلك الكوى. الطول خمسون ذراعا والعرض خمس وعشرون ذراعا
25အရင်ပြတင်းပေါက်ကဲ့သို့ ပြတင်းပေါက်များ၊ မုတ်များရှိ၍၊ အလျားအတောင်ငါးဆယ်၊ အနံနှစ်ဆယ်ငါး တောင်ရှိ၏။
26وسبع درجات مصعده ومقببه قدامه وله نخيل واحدة من هنا وواحدة ومن هناك على عضائده.
26လှေကား ခုနစ်ထစ်ဖြင့် တံခါးသို့တက်ရ၏။ မုတ်တို့သည် လှေကားနှင့် တတန်းတည်းရှိကြ၏။ တဘက်တချက်တိုင်များ၌ စွန်ပလွံပင်ပုံ ထုလျက်ရှိ၏။
27وللدار الداخلية باب نحو الجنوب وقاس من الباب الى الباب نحو الجنوب مئة ذراع.
27တောင်မျက်နှာ၌ အတွင်းတန်တိုင်တံခါးဝရှိ၏။ ထိုမျက်နှာ၌ တံခါးဝတခုမှသည် တခုတိုင်အောင်တိုင်း၍ အတောင်တရာကွား၏။
28واتى بي الى الدار الداخلية من باب الجنوب وقاس باب الجنوب كهذه الاقيسة.
28တဖန်အတွင်းတန်တိုင်းထဲသို့တောင် တံခါးဖြင့် သွင်း၍၊ အရင် ပမာဏနှင့်အညီ ထိုတံခါးကိုတိုင်းလေ၏။
29وغرفاته وعضائده ومقببه كهذه الاقيسة. وفيه وفي مقببه كوى حواليه. الطول خمسون ذراعا والعرض خمس وعشرون ذراعا.
29အခန်းငယ်များ၊ တိုင်များ၊ မုတ်များတို့သည် အရင်ပမာဏနှင့်တညီတည်း ရှိကြ၏။ တံခါးဝပတ်လည် ၌၎င်း၊ မုတ်များ၌၎င်းပြတင်းပေါက်ရှိ၍၊ အလျားအတောင် ငါးဆယ်၊ အနံနှစ်ဆယ်ငါးတောင်ရှိ၏။
30وحواليه مقبب خمس وعشرون ذراعا طولا وخمس اذرع عرضا.
30ပတ်လည်၌ရှိသော မုတ်တို့သည်လည်း အလျား အတောင်နှစ်ဆယ်ငါးတောင်၊ အနံငါးတောင်ရှိ၏။
31ومقببه نحو الدار الخارجية وعلى عضائده نخيل ومصعده ثماني درجات
31မုတ်တို့သည် ပြင်တန်တိုင်သို့မျက်နှာပြု၍၊ တိုင် များအပေါ်မှာ စွန်ပလွံပင်ပုံ ထုလျက်ရှိ၏။ လှေကား ရှစ်ထစ်ဖြင့်တက်ရ၏။
32وأتى بي الى الدار الداخلية نحو المشرق وقاس الباب كهذه الاقيسة
32အရှေ့ဘက်၌လည်း အတွင်းတန်တိုင်းထဲသို့ သွင်း၍၊ ထိုတံခါးကို အရင်ပမာဏနှင့်အညီ တိုင်းလေ၏။
33وغرفاته وعضائده ومقببه كهذه الاقيسة. وفيه وفي مقببه كوى حواليه. الطول خمسون ذراعا والعرض خمس وعشرون.
33အခန်းငယ်များ၊ တိုင်များ၊ မုတ်များတို့သည် အရင်ပမာဏနှင့် တညီတည်းရှိကြ၏။ တံခါးဝပတ်လည် ၌၎င်း၊ မုတ်များ၌၎င်း ပြတင်းပေါက်ရှိ၍၊ အလျား အတောင်ငါးဆယ်၊ အနံနှစ်ဆယ်ငါးတောင်ရှိ၏။
34ومقببه نحو الدار الخارجية وعلى عضائده نخيل من هنا ومن هناك ومصعده ثماني درجات.
34မုတ်တို့သည် ပြင်တန်တိုင်သို့ မျက်နှာပြု၍၊ တဘက်တချက်တိုင်များပေါ်မှာစွန်ပလွံပင် ပုံထုလျက် ရှိ၏။ လှေကားရှစ်ထစ်ဖြင့် တက်ရ၏။
35وأتى بي الى باب الشمال وقاس كهذه الاقيسة.
35တဖန် မြောက်တံခါးသို့ ခေါ်သွား၍ အရင် ပမာဏနှင့်အညီ တိုင်းလေ၏။
36غرفاته وعضائده ومقببه والكوى التي له حواليه. الطول خمسون ذراعا والعرض خمس وعشرون ذراعا.
36အခန်းငယ်များတိုင်များ၊ မုတ်များ၊ ပတ်လည်၌ ပြတင်းပေါက်များတို့နှင့် ပြည့်စုံ၍၊ အလျာအတောင် ငါးဆယ်၊ အနံနှစ်ဆယ်ငါးတောင်ရှိ၏။
37وعضائده نحو الدار الخارجية وعلى عضائده نخيل من هنا ومن هناك ومصعده ثماني درجات.
37မုတ်တို့သည် ပြင်တန်တိုင်းသို့မျက်နှာပြု၍၊ တဘက်တချက်တိုင်များအပေါ်မှာ စွန်ပလွံပင်ပုံ ထုလျက် ရှိ၏။ လှေကားရှစ်ထစ်ဖြင့်တက်ရ၏။
38وعند عضائد الابواب مخدع ومدخله. هناك يغسلون المحرقة.
38မီးရှို့သော ယဇ်ကောင်ကိုရေနှင့် ဆေးကြော စရာအခန်းများ၊ အခန်းဝင်ဝများတို့သည် ထိုတံခါးမုတ်၌ ရှိကြ၏။
39وفي رواق الباب مائدتان من هنا ومائدتان من هناك لتذبح عليها المحرقة وذبيحة الخطيئة وذبيحة الاثم.
39မီးရှို့ရာယဇ်၊ အပြစ်ဖြေရာယဇ်၊ ဒုစရိုက်ဖြေရာ ယဇ်ကောင်ကို သတ်စရာဘို့၊ တံခါးမုတ်အတွင်း တဘက် တချက်၌ စာပွဲနှစ်ခုစီရှိကြ၏။
40وعلى الجانب من خارج حيث يصعد الى مدخل باب الشمال مائدتان وعلى الجانب الآخر الذي لرواق الباب مائدتان.
40မြောက်တံခါးဝသို့ တက်ရာတံခါးမုတ်၊ ပြင် အနားတဘက်တချက်၌လည်း စားပွဲနှစ်ခုစီရှိသည်ဖြစ်၍၊
41اربع موائد من هنا واربع موائد من هناك على جانب الباب. ثماني موائد كانوا يذبحون عليها.
41တံခါးဝတဘက်တချက်၌ ယဇ်ကောင်ကို သတ်စရာစားပွဲလေးခုစီ၊ ပေါင်းရှစ်ခုရှိကြ၏။
42والموائد الاربع للمحرقة من حجر نحيت الطول ذراع ونصف والعرض ذراع ونصف والسمك ذراع واحدة. كانوا يضعون عليها الادوات التي يذبحون بها المحرقة والذبيحة.
42မီးရှို့ရာယဇ်ဘို့ စားပွဲလေးခုတို့သည် ဆစ်သော ကျောက်ဖြင့်ပြီး၍၊ အလျားတတောင်တထွာ၊ အနံ တတောင်တထွာ၊ အမြင့်တတောင်ရှိ၏။ ထို စားပွဲပေါ်မှာ မီးရှို့ရာယဇ်ကောင်ကို သတ်စရာတန်ဆာများကို တင်ထားရကြ၏။
43والمآزيب شبر واحد ممكنة في البيت من حوله. وعلى الموائد لحم القربان.
43စားပွဲအပေါ်ပတ်လည်၌ အကျယ်လက်တဝါး ရှိသော အနားပတ် တပ်လျက်ရှိ၍၊ ပူဇော်စရာယဇ်သား ကို တင်ထားရကြ၏။
44ومن خارج الباب الداخلي مخادع المغنين في الدار الداخلية التي بجانب باب الشمال ووجوهها نحو الجنوب. واحد بجانب باب الشرق متجه نحو الشمال.
44အတွင်းတံခါးပြင်မှာ အတွင်းတန်တိုင်း၌ အခန်း နှစ်ခုကို ငါမြင်၏။ တခန်းကား၊ မြောက်တံခါးအနားမှာ ရှိ၍ တောင်ဘက်သို့ မျက်နှာပြု၏။ တခန်းကား၊ တောင် တံခါးအနားမှာရှိ၍ မြောက်ဘက်သို့ မျက်နှာပြု၏။
45وقال لي هذا المخدع الذي وجهه نحو الجنوب هو للكهنة حارسي حراسة البيت.
45တောင်ဘက်သို့မျက်နှာပြုသော ဤအခန်းကား၊ အိမ်တော် အမှုကိုဆောင်သော ယဇ်ပုရောဟိတ် နေစရာ ဘို့၊
46والمخدع الذي وجهه نحو الشمال للكهنة حارسي حراسة المذبح. هم بنو صادوق المقربون من بني لاوي الى الرب ليخدموه.
46မြောက်ဘက်သို့မျက်နှာပြုသော ဤအခန်းကား၊ ယဇ်ပုလ္လင်အမှုကို ဆောင်သောယဇ်ပုရောဟိတ် နေစရာ ဘို့ဖြစ်၏။ ထိုသူတို့ကား၊ ထာဝရဘုရားထံတော်သို့ ချဉ်းကပ်၍ အမှုတော်ကို ဆောင်စေခြင်းငှါ၊ လေဝိသား တို့တွင် ရွေးကောက်သောဇာဒုတ်သားပေတည်းဟု ငါ့အား ပြောဆို၏။
47فقاس الدار مئة ذراع طولا ومئة ذراع عرضا مربعة والمذبح امام البيت.
47ထိုအခါ တန်တိုင်းကိုတိုင်း၍ အလျားအတောင် တရာ၊ အနံအတောင်တရာ စတုရန်းရှိ၏။ ယဇ်ပလ္လင် သည် အိမ်တော်ရှေ့မှာ တည်၏။
48وأتى بي الى رواق البيت وقاس عضادة الرواق خمس اذرع من هنا وخمس اذرع من هناك وعرض الباب ثلاث اذرع من هنا وثلاث اذرع من هناك.
48အိမ်တော်ဦးသို့ခေါ်၍ တံခါးဝနှစ်ဘက်ကို တိုင်းလျှင်၊ အကျယ်ငါးတောင်စီရှိ၏။ တံခါးရွက်နှစ်ဘက်၊ အနံသုံးတောင်စီရှိ၏။
49طول الرواق عشرون ذراعا والعرض احدى عشرة ذراعا عند الدرج الذي به كانوا يصعدون اليه. وعند العضائد اعمدة واحد من هنا وواحد من هناك
49အိမ်တော်ဦးအလျားကား အတောင်နှစ်ဆယ်၊ အနံကားတဆယ်တတောင်ရှိ၏။ လှေကားဆယ်ထစ်ဖြင့် တက်ရ၏။ အိမ်တော်ဦအနား၊ တဘက်တချက်၌ တိုင်တလုံးစီတည်လျက်ရှိ၏။