1وكان اليّ كلام الرب قائلا
1တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက် လာ၍၊
2يا ابن آدم اجعل وجهك نحو جبال اسرائيل وتنبأ عليها
2အချင်းလူသား၊ သင်သည် ဣသရေလတောင် တို့ကို မျက်နှာပြု၍၊ သူတို့တဘက်၌ ပရောဖက်ပြုလော့။
3وقل يا جبال اسرائيل اسمعي كلمة السيد الرب. هكذا قال السيد الرب للجبال وللآكام للاودية وللاوطئة هانذا انا جالب عليكم سيفا وابيد مرتفعاتكم.
3အိုဣသရေလတောင်တို့၊ အရှင်ထာဝရဘုရား ၏ အမိန့်တော်ကို နားထောင်ကြလော့။ အရှင်ထာဝရ ဘုရားသည် တောင်ကြီး၊ တောင်ငယ်၊ မြစ်၊ ချိုင့်တို့အား မိန့်တော်မူသည်ကား၊ ငါသည်ကိုယ်တိုင်သင်တို့ အပေါ်သို့ ထားကိုရောက်စေ၍၊ မြင့်သောအရပ်တို့ကို ဖြိုဖျက်မည်။
4فتخرب مذابحكم وتتكسر شمساتكم واطرح قتلاكم قدام اصنامكم.
4သင်တို့ယဇ်ပလ္လင်တို့သည် လူဆိတ်ညံလိမ့်မည်။ နေရုပ်တုတို့သည် ကျိုးပဲ့လိမ့်မည်။ ရုပ်တုဆင်းတုတို့ရှေ့မှာ သင်တို့၏သူရဲများကို ငါလှဲချမည်။
5واضع جثث بني اسرائيل قدام اصنامهم واذري عظامكم حول مذابحكم.
5ရုပ်တုဆင်းတုတို့ရှေ့မှာ ဣသရေလအမျိုးသား အသေကောင်များကို ချထား၍၊ ယဇ်ပလ္လင်တို့ပတ်လည်၌ သင်တို့ အရိုးများကို ငါဖြန့်ကြဲမည်။
6في كل مساكنكم تقفر المدن وتخرب المرتفعات لكي تقفر وتخرب مذابحكم وتنكسر وتزول اصنامكم وتقطع شمساتكم وتمحى اعمالكم.
6သင်တို့နေရာအရပ်ရပ်၌ ရှိသောမြို့တို့သည် ပြိုပျက်၍၊ မြင့်သော အရပ်တို့သည် လူဆိတ်ညံလျက်၊ ယဇ်ပလ္လင် တို့သည်သုတ်သင်ပယ်ရှင်းလျက်၊ ရုပ်တု ဆင်းတု အမျိုးမျိုးတို့သည် ခုတ်လှဲချိုးဖဲ့ခြင်းကို ခံရလျက်၊ သင်တို့လုပ်သော အရာတို့သည် ပျောက်ပျက် လျက်ရှိကြလိမ့်မည်။
7وتسقط القتلى في وسطكم فتعلمون اني انا الرب
7သင်တို့အလယ်၌သူရဲတို့သည် လဲ၍သေကြလိမ့် မည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြ လိမ့်မည်။
8وابقي بقية اذ يكون لكم ناجون من السيف بين الامم عند تذرّيكم في الاراضي.
8သို့သော်လည်း၊ သင်တို့သည် အပြည်ပြည်သို့ ကွဲပြားကြသောအခါ၊ လူအမျိုးမျိုးတို့၏ထားနှင့် လွတ် သော သူအချို့ရှိစေခြင်းငှါ အကျန်အကြွင်းကို ငါထား မည်။
9والناجون منكم يذكرونني بين الامم الذين يسبون اليهم اذا كسرت قلبهم الزاني الذي حاد عني وعيونهم الزانية وراء اصنامهم ومقتوا انفسهم لاجل الشرور التي فعلوها في كل رجاساتهم.
9ငါ့ကိုစွန့်ပစ်၍မှားယွင်းတတ်သော နှလုံးကို၎င်း၊ ရုပ်တုဆင်းတုတို့နှင့် မှားယွင်းလိုသဖြင့်လိုက်၍ ကြည့် သော မျက်စိတို့ကို၎င်း ငါပယ်ဖျက်သောအခါ၊ လွတ် သောသူတို့သည်သိမ်းသွားခြင်းကို ခံရာအပြည်ပြည်တို့၌ ငါ့ကိုအောက်မေ့ကြလိမ့်မည်။ ပြုမိသမျှသောစက် ဆုပ်ရွံ့ရှာဘွယ်အမှုတို့ကြောင့် ကိုယ်ကိုကိုယ်ရွံ့ရှာကြ လိမ့်မည်။
10ويعلمون اني انا الرب. لم اقل باطلا اني افعل بهم هذا الشر
10ထိုသို့သောအပြစ်ဒဏ်ကို ငါပေးမည်ဟု၊ ငါ ထာဝရဘုရားသည် အချည်းနှီးမိန့်တော်မူသည် မဟုတ် ကြောင်းကို သိရကြလိမ့်မည်။
11هكذا قال السيد الرب. اضرب بيدك واخبط برجلك وقل آه على كل رجاسات بيت اسرائيل الشريرة حتى يسقطوا بالسيف وبالجوع وبالوبإ.
11အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဣသရေလအမျိုး ပြုမိသမျှသော ရွံ့ရှာဘွယ်အမှုဆိုးတို့ ကြောင့်၊ အမင်္ဂလာရှိပါသည်တကားဟုဆိုလျက်၊ လက်ခုပ်တီးလော့။ ခြေနှင့်ဆောင့်လော့။ အကြောင်းမူ ကား၊ သူတို့သည်ထားဘေး၊ မွတ်သိပ်ခြင်းဘေး၊ နာဘေး တို့ဖြင့်လဲ၍ သေကြလိမ့်မည်။
12البعيد يموت باوبإ والقريب يسقط بالسيف والباقي والمنحصر يموت بالجوع فاتمم غضبي عليهم.
12ဝေးသောသူသည် နာဘေးဖြင့်သေလျက်၊ နီးသောသူသည် ထားဘေးဖြင့်ဆုံးလျက်၊ ထိုဘေးမှ လွတ်၍ ကျန်ကြွင်းသောသူသည်လည်း မွတ်သိပ်ခြင်း ဘေးဖြင့် သေလျက်၊ သူတို့၌ ငါ၏ဒေါသအရှိန် ပြည့်စုံ လိမ့်မည်။
13فتعلمون اني انا الرب اذا كانت قتلاهم وسط اصنامهم حول مذابحهم على كل اكمة عالية وفي رؤوس كل الجبال وتحت كل شجرة خضراء وتحت كل بلوطة غبياء الموضع الذي قربوا فيه رائحة سرور لكل اصنامهم.
13ရုပ်တုဆင်းတုအပေါင်းတို့အား နံ့သာပေါင်းကို ပူဇော်ရာအရပ်၊ ယဇ်ပလ္လင်များပတ်လည်၊ မြင့်သောကုန်း၊ တောင်ထိပ်ရှိသမျှတို့အပေါ်၊ စိမ်းသောသစ်ပင်၊ အရိပ် ကောင်းသော သပိတ်ပင် ရှိသမျှတို့အောက်၌၊ ရုပ်တု ဆင်းတုတို့တွင်သူရဲတို့သည်လဲ၍ သေလျက်ရှိကြသော အခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြ လိမ့်မည်။
14وامد يدي عليهم واصيّر الارض مقفرة وخربة من القفر الى دبلة في كل مساكنهم فيعلمون اني انا الرب
14သူတို့အပေါ်မှာ ငါသည်လက်ကိုဆန့်၍၊ ဒိဗလတ်မြို့နှင့် ဆိုင်သော လွင်ပြင်ထက်၊ သူတို့နေလေရာ ရာပြည်ကိုသာ၍ လူဆိတ်ညံရာ၊ အံ့ဩဘွယ်ရာဖြစ်စေ သောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြ လိမ့်မည်ဟု မိန့်တော်မူ၏။