1وحدث في ايام أمرافل ملك شنعار وأريوك ملك ألاسار وكدرلعومر ملك عيلام وتدعال ملك جوييم
1ထိုရောအခါ၊ ရှိနာမင်းကြီး အံရဖေလ၊ ဧလာသာမင်းကြီးအာရုတ်၊ ဧလံမင်းကြီးခေဒေါရလောမာ၊ ဂေါအိမ်မင်းကြီးတိဒလတို့သည်၊
2ان هؤلاء صنعوا حربا مع بارع ملك سدوم وبرشاع ملك عمورة وشنآب ملك أدمة وشمئيبر ملك صبوييم وملك بالع التي هي صوغر.
2သောဒုံမင်းကြီးဗေရ၊ ဂေါမောရမင်းကြီး ဗိရရှ၊ အာဓမာမင်းကြီးရှိနပ်၊ ဇေဘိုင်မင်းကြီး ရှေမဘာ၊ ဗေလာမင်းကြီးတို့နှင့် စစ်တိုက်ကြ၏။ ဗေလပြည်ကား၊ ဇောရအမည်လည်းရှိသတည်း။
3جميع هؤلاء اجتمعوا متعاهدين الى عمق السديم الذي هو بحر الملح.
3ထိုပြည်ရှိသမျှတို့သည်၊ သောဒုံအိုင်ဖြစ်သော စိဒ္ဒိမ်ချိုင့်တွင် နီးစပ်လျက်ရှိကြ၏။
4اثنتي عشرة سنة استعبدوا لكدرلعومر والسنة الثالثة عشرة عصوا عليه.
4တဆယ်နှစ်နှစ်ပတ်လုံး ခေဒေါရလောမာမင်းကြီးထံ ကျွန်ခံပြီးလျှင်၊ တဆယ်သုံးနှစ်မြောက်သောအခါ ပုန်ကန်ကြ၏။
5وفي السنة الرابعة عشرة اتى كدرلعومر والملوك الذين معه وضربوا الرفائيّين في عشتاروث قرنايم والزوزيين في هام والإيميين في شوى قريتايم
5တဆယ်လေးနှစ်မြောက်လျှင်၊ ခေဒေါရလောမာမင်းသည်၊ မိမိဘက်ကနေသော မင်းကြီးတို့နှင့် တကွလာ၍၊ အာရှတရုတ်ကာနိမ်မြို့၌၊ ရေဖိမ်လူများကို၎င်း၊ ဟာမမြို့၌ ဇူဇိမ်လူ များကို၎င်း၊ ကိရယသိမ်ချိုင့်၌ ဧမိမ်လူများကို၎င်း၊
6والحوريين في جبلهم سعير الى بطمة فاران التي عند البرية.
6စိရတောင်ပေါ်မှာဟောရိလူများကို၎င်း လုပ်ကြံ၍၊ တောနားမှာရှိသော ဧလပါရန်မြို့တိုင်အောင် လိုက်ကြ၏။
7ثم رجعوا وجاءوا الى عين مشفاط التي هي قادش. وضربوا كل بلاد العمالقة وايضا الاموريين الساكنين في حصون تامار
7တဖန်ပြန်လာ၍၊ ကာဒေရှပြည်၊ အင်မိရှပတ်မြို့သို့ ရောက်ပြီးလျှင်၊ အာမလက်ပြည်ရှိသမျှကို၎င်း၊ ဟာဇဇုန္တမာမြို့၌နေသော အာမောရိလူများကို၎င်း လုပ်ကြံကြ၏။
8فخرج ملك سدوم وملك عمورة وملك أدمة وملك صبوييم وملك بالع التي هي صوغر ونظموا حربا معهم في عمق السّدّيم.
8ထိုအခါ သောဒုံမင်းကြီး၊ ဂေါမောရ မင်းကြီး၊ အာဓမာမင်းကြီး၊ ဇေဘိုင်မင်းကြီး၊ ဇောရတည်း ဟူသော ဗေလာမင်းကြီးတို့သည် ချီထွက်၍ စိဒ္ဒိမ်ချိုင့်၌ စစ်ပြိုင်ကြ၏။
9مع كدرلعومر ملك عيلام وتدعال ملك جوييم وأمرافل ملك شنعار وأريوك ملك ألاسار. اربعة ملوك مع خمسة.
9ထိုသို့ ဧလံမင်းကြီး ခေဒေါရလောမာ၊ ဂေါအိမ် မင်းကြီးတိဒလ၊ ရှိနာမင်းကြီး အံရဖေလ၊ ဧလာသာ မင်းကြီး အာရုတ်တည်းဟူသော၊ မင်းကြီးလေးပါးနှင့်၊ မင်းကြီးငါးပါးတို့သည် စစ်ပြိုင်ကြ၏။
10وعمق السديم كان فيه آبار حمر كثيرة. فهرب ملكا سدوم وعمورة وسقطا هناك. والباقون هربوا الى الجبل.
10စိဒ္ဒိမ်ချိုင့်၌ ရေညှိအကျိအချွဲနှင့် ပြည့်သော တွင်းများ ရှိ၏။ သောဒုံမင်းကြီး၊ဂေါမောရမင်းကြီးတို့သည် ပြေး၍ ထိုတွင်းများ၌ ကျလေ၏။ ကြွင်းသောသူတို့သည် တောင်သို့ပြေးကြ၏။
11فأخذوا جميع املاك سدوم وعمورة وجميع اطعمتهم ومضوا.
11အောင်သောမင်းတို့သည်၊ သောဒုံမြို့နှင့် ဂေါမောရမြို့၌ ရှိသမျှသော ဥစ္စာနှင့် မြို့ရိက္ခာ ရှိသမျှတို့ကို ယူ၍သွားကြ၏။
12وأخذوا لوطا ابن اخي ابرام واملاكه ومضوا. اذ كان ساكنا في سدوم
12သောဒုံမြို့၌နေသော အာဗြံအစ်ကိုသား လောတနှင် သူ၏ဥစ္စာတို့ကိုလည်း သိမ်းယူ၍သွား၏။
13فأتى من نجا واخبر ابرام العبراني. وكان ساكنا عند بلوطات ممرا الاموري اخي اشكول واخي عانر. وكانوا اصحاب عهد مع ابرام.
13ထိုဘေးမှ လွတ်၍ ပြေးသော သူတယောက်သည်၊ ဟေဗြဲလူ အာဗြံနှင့်မိဿဟာယဖွဲ့သောသူ၊ ဧရှ ကောလနှင့် အာနေရ၏အစ်ကို အာမောရိလူမံရေ၏ သပိတ်တောနားမှာ နေသော အာဗြံထံသို့ ရောက်၍၊ သိတင်းကြားပြောလေ၏။
14فلما سمع ابرام ان اخاه سبي جرّ غلمانه المتمرّنين ولدان بيته ثلث مئة وثمانية عشر وتبعهم الى دان.
14အာဗြံသည် မိမိ အစ်ကိုသားကို ဘမ်းသွား ကြောင်းကိုကြားလျှင်၊ မိမိအိမ်၌ ဘွား၍ သွန်သင်သော လူသုံးရာတဆယ်ရှစ်ယောက်တို့ကို စီရင်၍၊ ဒန်မြို့ တိုင်အောင်လိုက်လေ၏။
15وانقسم عليهم ليلا هو وعبيده فكسرهم وتبعهم الى حوبة التي عن شمال دمشق.
15ညဉ့်အခါ၊ မိမိလူတို့ကိုခွဲ၍ တိုက်စေသဖြင့်၊ လုပ်ကြံပြီးလျှင်၊ ဒမာသက်မြို့မြောက်ဘက် ဟောဘမြို့ တိုင်အောင်လိုက်ပြန်လေ၏။
16واسترجع كل الاملاك واسترجع لوطا اخاه ايضا واملاكه والنساء ايضا والشعب
16ရန်သူတို့သိမ်းသွားသော ဥစ္စာရှိသမျှကို၎င်း၊ မိမိအစ်ကိုသား လောတနှင့် သူ၏ဥစ္စာကို၎င်း၊ မိန်းမများ နှင့် လူများကို၎င်း၊ တဖန်ဆောင်ယူခဲ့လေ၏။
17فخرج ملك سدوم لاستقباله بعد رجوعه من كسرة كدرلعومر والملوك الذين معه الى عمق شوى الذي هو عمق الملك.
17ခေဒေါရ လောမာနှင့်၊ သူ့ဘက်ကနေသော မင်းကြီးတို့ကို လုပ်ကြံရာမှ အာဗြံပြန်လာသောအခါ၊ သောဒုံမင်းကြီးသည် ခရီးဦးကြိုပြုခြင်းငှါ ရှာဝေချိုင့် တည်းဟူသော မင်းကြီးချိုင့်သို့ ထွက်သွား၏။
18وملكي صادق ملك شاليم اخرج خبزا وخمرا. وكان كاهنا للّه العلي
18အမြင့်ဆုံးသော ဘုရားသခင်၏ ယဇ်ပုရောဟိတ်ဖြစ်သော၊ ရှာလင်မင်းကြီး မေလခိဇေဒက်သည်လည်း၊ မုန့်နှင့် စပျစ်ရည်ကို ဆောင်ခဲ့ပြီးလျှင်၊
19وباركه وقال مبارك ابرام من الله العلي مالك السموات والارض
19ကောင်းကင်မြေကြီးရှင်၊ အမြင့်ဆုံးသော ဘုရားသခင်သည် အာဗြံအား ကောင်းကြီးပေးတော်မူပါစေ သောဟု၊ အာဗြံကို ကောင်းကြီးပေး၍၊
20ومبارك الله العلي الذي اسلم اعداءك في يدك. فاعطاه عشرا من كل شيء.
20သင်၏ ရန်သူတို့ကို သင်၏လက်၌ အပ်နှံတော်မူသော အမြင့်ဆုံးသော ဘုရားသခင်လည်း မင်္ဂလာ ရှိတော်မူစေသတည်းဟု မြွက်ဆို၏။ အာဗြံသည်လည်း ဥစ္စာရှိသမျှတို့ကို၊ ထိုမင်းအား ဆယ်ဘို့ထဘို့ လှူလေ၏။
21وقال ملك سدوم لابرام اعطني النفوس واما الاملاك فخذها لنفسك.
21သောဒုံမင်းကြီးကလည်း၊ လူတို့ကို ကျွန်ုပ်အား ပြန်ပေးပါ၊ ဥစ္စာတို့ကိုကား၊ ကိုယ်တိုင်ယူပါလော့ဟု အာဗြံအား ပြောလိုလျှင်၊
22فقال ابرام لملك سدوم رفعت يدي الى الرب الاله العلي مالك السماء والارض
22အာဗြံက၊ မင်းကြီးသည် အာဗြံကို ငါရတတ်စေပြီဟု ပြောစရာမရှိစေခြင်းငှါ လုလင်တို့သည် စားပြီး သော အရာကို၎င်း၊ ကျွန်ုပ်နှင့်အတူ လိုက်လာသောသူ၊ အာနေရ၊ ဧရှကောလ၊ မံရေတို့သည် မိမိတို့ အဘို့ကို ယူစေခြင်းငှါ အခွင့်ပေးသဖြင့်၊ သူတို့ယူသော အဘို့ကို၎င်း၊ ထား၍၊ မင်းကြီး၏ဥစ္စာ၊ အပ်ခြည်တမျှင်ဖြစ်စေ ခြေနင်းကြိုးတပင်ဖြစ်စေ၊ တစုံတခုကိုမျှ ငါမယူဟု ကောင်းကင်မြေကြီးရှင်၊ အမြင့်ဆုံးသော ဘုရားသခင် ထာဝရဘုရားရှေ့တော်၌၊ ကျွန်ုပ်သည်လက်ကိုချီ၍ အဓိဌာန်ပြုပါပြီဟု၊ သောဒုံမင်းကြီးအားပြောဆိုလေ၏။
23لا آخذنّ لا خيطا ولا شراك نعل ولا من كل ما هو لك. فلا تقول انا اغنيت ابرام.
24ليس لي غير الذي اكله الغلمان. واما نصيب الرجال الذين ذهبوا معي عانر واشكول وممرا فهم يأخذون نصيبهم