الكتاب المقدس (Van Dyke)

Myanmar

Genesis

21

1وافتقد الرب سارة كما قال. وفعل الرب لسارة كما تكلم.
1ထာဝရဘုရားသည်၊ အမိန့်တော်ရှိသည်အတိုင်း၊ စာရာကို အကြည့်အရှုကြွတော်မူ၍၊ ဂတိတော် ရှိသည်နှင့် လျော်စွာ သူ၌ပြုတော်မူသဖြင့်၊
2فحبلت سارة وولدت لابراهيم ابنا في شيخوخته. في الوقت الذي تكلم الله عنه.
2စာရာသည် ပဋိသန္ဓေစွဲယူ၍၊ ဘုရားသခင် အမိန့်တော်နှင့် ချိန်းချက်သောအချိန်၌၊ အာဗြဟံအသက် ကြီးသောအခါ၊ သူ့အားသားကို ဘွားလေ၏။
3ودعا ابراهيم اسم ابنه المولود له الذي ولدته له سارة اسحق.
3အာဗြဟံသည်လည်း၊ မိမိရသောသားတည်း ဟူသော၊ စာရာဘွားသောသားကို ဣဇာက်အမည်ဖြင့် မှည့်လေ၏။
4وختن ابراهيم اسحق ابنه وهو ابن ثمانية ايام كما امره الله.
4ဘုရားသခင်မှာထားတော်မူသည်အတိုင်း၊ အာဗြဟံသည်ရှစ်ရက်မြောက်သောနေ့၌၊ သားဣဇာက် ကို အရေဖျားလှီးမင်္ဂလာပေးလေ၏။
5وكان ابراهيم ابن مئة سنة حين ولد له اسحق ابنه.
5သားဣဇာက်ကိုမြင်ရသောအခါ အာဗြဟံသည် အသက်တရာ ရှိသတည်း။
6وقالت سارة قد صنع اليّ الله ضحكا. كل من يسمع يضحك لي.
6စာရာကလည်း၊ ငါရယ်ရသော အခွင့်ကို ဘုရား သခင်ပေးတော်မူပြီ။ ဤသီတင်းကို ကြားသောသူ အပေါင်းတို့သည်လည်း၊ ငါနှင့်အတူ ရယ်ကြလိမ့်မည်ဟူ၍ ၎င်း၊
7وقالت من قال لابراهيم سارة ترضع بنين. حتى ولدت ابنا في شيخوخته.
7စာရာသည် သားကိုနို့တိုက်လိမ့်မည်ဟု အာဗြဟံ အား အဘယ်သူပြောနှင့်ရသနည်း။ သူသည် အသက်ကြီး သောအခါ၊ ငါသည် သားကို ဘွားပြီးဟူ၍၎င်း ဆိုလေ၏။
8فكبر الولد وفطم. وصنع ابراهيم وليمة عظيمة يوم فطام اسحق
8ထိုသူငယ်ဣဇာတ်သည် ကြီးပွား၍ နို့နှင့် ကွာလေ၏။ နို့ကွာသောနေ့၌ အာဗြံဟံသည် ပွဲကြီး လုပ်လေ၏။
9ورأت سارة ابن هاجر المصرية الذي ولدته لابراهيم يمزح.
9အဲဂုတ္တအမျိုးသားဟာဂရတွင် အာဗြဟံရသော သားသည် ဆဲရေးသည်ကို စာရာသိမြင်လျှင်၊
10فقالت لابراهيم اطرد هذه الجارية وابنها. لان ابن هذه الجارية لا يرث مع ابني اسحق.
10ဤကျွန်မ၏သားသည် အကျွန်ုပ်၏သာဣဇာက် နှင့်အတူ အမွေမခံရဟု အာဗြံဟံအား ဆိုလေ၏။
11فقبح الكلام جدا في عيني ابراهيم لسبب ابنه.
11အာဗြဟံလည်း၊ မိမိသားဖြစ်သောကြောင့်၊ ထိုအမှု အလွန်ခက်သည်ဟု ထင်လေ၏။
12فقال الله لابراهيم لا يقبح في عينيك من اجل الغلام ومن اجل جاريتك. في كل ما تقول لك سارة اسمع لقولها. لانه باسحق يدعى لك نسل.
12သို့ရာတွင် ဘုရားသခင်က၊ ထိုသူငယ်နှင့် သင်၏ ကျွန်မကြောင့်၊ ဤအမှုခက်သည်ဟု မထင်နှင့်။ စာရာ ပြောလေရာရာ၌ သူ၏စကားကို နားထောင်လော့။ အကြောင်းမူကား၊ ဣဇာက်၌သာ သင်၏ အမျိုးတည်လိမ့်မည်။
13وابن الجارية ايضا ساجعله امة لانه نسلك
13ကျွန်မ၏သားသည် သင်၏အမျိုးဖြစ်သောကြောင့်၊ သူ့ကိုလည်း လူမျိုးဖြစ်စေမည်ဟု အာဗြံဟံအား မိန့်တော်မူ၏။
14فبكر ابراهيم صباحا واخذ خبزا وقربة ماء واعطاهما لهاجر واضعا اياهما على كتفها والولد وصرفها. فمضت وتاهت في برية بئر سبع.
14အာဗြဟံသည် နံနက်စောစောထ၍၊ မုန့်နှင့် ရေဘူးကိုယူသဖြင့်၊ ဟာဂရပခုံး၌တင်ပြီးလျှင်၊ သူငယ်ကို အပ်၍ ကျွန်မကို လွှတ်လိုက်လေ၏။ သူသည်လည်း သွား၍ ဗေရရှေဘ တော၌ လှည့်လည်လျက် နေ၏။
15ولما فرغ الماء من القربة طرحت الولد تحت احدى الاشجار.
15ဘူး၌ရေကုန်သောအခါ၊ သူငယ်ကို ချုံဖုတ် အောက်၌ ထား၍၊
16ومضت وجلست مقابله بعيدا نحو رمية قوس. لانها قالت لا انظر موت الولد. فجلست مقابله ورفعت صوتها وبكت.
16ငါသည်သူငယ်သေသည်ကို မမြင် လိုဟုဆိုလျက်၊ ခပ်ဝေးဝေးလေးတပစ်ခန့်လောက် သွားပြီးလျှင်၊ သူငယ်ရှေ့မှာ ထိုင်၍နေလေ၏။ ထိုသို့တိုင်၍နေစဉ် သူသည်အသံ ကို လွှင့်၍ ငိုကြွေးလေ၏။
17فسمع الله صوت الغلام. ونادى ملاك الله هاجر من السماء وقال لها ما لك يا هاجر. لا تخافي لان الله قد سمع لصوت الغلام حيث هو.
17ဘုရားသခင်သည် လုလင်၏အသံကို ကြားတော် မူ၍ ဘုရားသခင်၏၊ ကောင်းကင်တမန်က၊ ဟာဂရ၊ သင်၌အဘယ်အမှုရှိသနည်း။ မစိုးရိမ်နှင့်။ လုလင် နေသော အရပ်ထဲက သူ၏အသံကို ဘုရားသခင် ကြား တော်မူပြီ။
18قومي احملي الغلام وشدي يدك به. لاني ساجعله امة عظيمة.
18ထလော့။ လုလင်ကိုကြွ၍ လက်နှင့်မလော့။ ငါသည်သူ့ကို လူမျိုးကြီးဖြစ်စေမည်ဟု ကောင်းကင်ထဲက ခေါ်၍ ဟာဂရအား မြွက်ဆို၏။
19وفتح الله عينيها فابصرت بئر ماء. فذهبت وملأت القربة ماء وسقت الغلام.
19ထိုအခါ ဘုရားသခင်သည် ဟာဂရ၏ မျက်စိကို ဖွင့်တော်မူသဖြင့်၊ သူသည်ရေတွင်းကို မြင်လေသော်၊ သွား၍ဘူးကို ရေဖြည့်ပြီးလျှင်၊ လုလင်အား ရေကို တိုက်လေ၏။
20وكان الله مع الغلام فكبر. وسكن في البرية وكان ينمو رامي قوس.
20ထိုလုလင်ဘက်၌လည်း၊ ဘုရားသခင် ရှိတော် မူ၏။ သူသည် ကြီးပွား၍ တော၌နေသဖြင့်၊ လေးသမား ဖြစ်လေ၏။
21وسكن في برية فاران. وأخذت له امه زوجة من ارض مصر
21ပါရန်တော၌ နေသည်ဖြစ်၍ သူ့အမိသည် အဲဂုတ္တုပြည်မှ မိန်းမတယောက်ကိုခေါ်၍ သူနှင့်စုံဘက် စေ၏။
22وحدث في ذلك الزمان ان ابيمالك وفيكول رئيس جيشه كلما ابراهيم قائلين الله معك في كل ما انت صانع.
22ထိုရောအခါ၊ အဘိမလက်မင်းနှင့် ဗိုလ်ချုပ် မင်းဖိကောလတို့သည် အာဗြဟံကို ခေါ်၍၊ သင်သည် ပြုလေရာရာ၌ သင့်ဘက်မှာ ဘုရားသခင်ရှိတော်မူ၏။
23فالآن احلف لي بالله ههنا انك لا تغدر بي ولا بنسلي وذريّتي. كالمعروف الذي صنعت اليك تصنع اليّ والى الارض التي تغربت فيها.
23သို့ဖြစ်၍ သင်သည်ငါ့ကို၎င်း၊ ငါ့သားကို၎င်း၊ ငါ့မြေးကို၎င်း၊ မလှည့်စား၊ ငါသည် သင်၌ကျေးဇူးပြု သကဲ့သို့ ငါ၌၎င်း၊ သင်တည်းနေရာ ငါ့ပြည်၌၎င်း၊ ကျေးဇူးပြုမည်ဟု ဘုရားသခင်ကို တိုင်တည်၍ ငါ့အား ကျိန်ဆိုပါလော့ဟုပြောဆို၏။
24فقال ابراهيم انا احلف.
24အာဗြဟံကလည်း၊ ထိုအတိုင်းငါကျိန်ဆိုပါမည်ဟု ပြန်ပြောလေ၏။
25وعاتب ابراهيم ابيمالك لسبب بئر الماء التي اغتصبها عبيد ابيمالك.
25အဘိမလက်မင်း၏ ကျွန်တို့သည် အနိုင်အထက် လုယူသော ရေတွင်းအကြောင်းကြောင့်၊ အာဗြဟံသည် လည်း အဘိမလက်မင်းကို အပြစ်တင်လေ၏။
26فقال ابيمالك لم اعلم من فعل هذا الامر. انت لم تخبرني ولا انا سمعت سوى اليوم.
26အဘိမလက်မင်းကလည်း၊ ဤအမှုကို အဘယ် သူပြုသည်ကို ငါမသိ။ သင်သည့်ငါ့ကိုမပြော။ ငါလည်း ယနေ့တိုင်အောင် မကြားရဟု ဆို၏။
27فاخذ ابراهيم غنما وبقرا واعطى ابيمالك فقطعا كلاهما ميثاقا
27အာဗြဟံသည်လည်း သိုး၊ နွားတို့ကို ယူပြီးလျှင်၊ အဘိမလက်အား ပေး၍ထိုနှစ်ပါးတို့သည် ပဋိညာဉ်ပြုကြ ၏။
28واقام ابراهيم سبع نعاج من الغنم وحدها.
28အာဗြဟံသည်လည်းသိုးသငယ်မ ခုနစ်ကောင် တို့ကို သိုးစုနှင့်ခွဲထားလေ၏။
29فقال ابيمالك لابراهيم ما هذه السبع النعاج التي اقمتها وحدها.
29အဘိမလက်ကလည်း၊ ခွဲထားသော ဤသိုး သငယ်မခုနစ်ကောင်တို့သည်၊ အဘယ်သို့နည်းဟု မေးသော်၊
30فقال انك سبع نعاج تاخذ من يدي لكي تكون لي شهادة باني حفرت هذه البئر.
30အာဗြဟံက၊ ဤရေတွင်းကို ငါတူးပြီးဟု ဤသိုး သငယ်မခုနစ်ကောင်တို့သည် ငါ့ဘက်၌ သက်သေဖြစ်မည် အကြောင်းသူတို့ကို သင်သည်ငါ့လက်မှ ခံယူရမည်ဟု ဆိုလေ၏။
31لذلك دعا ذلك الموضع بئر سبع. لانهما هناك حلفا كلاهما
31သို့ဖြစ်၍ထိုအရပ်၌ ထိုနှစ်ပါးတို့သည် ကျိန်ဆို သောကြောင့်၊ ထိုအရပ်ကို ဗေရရှေဘဟု တွင်ကြ၏။
32فقطعا ميثاقا في بئر سبع. ثم قام ابيمالك وفيكول رئيس جيشه ورجعا الى ارض الفلسطينيين.
32ထိုသို့ဗေရရှေဘအရပ်၌ ပဋိညာဉ်တို့သည်ထ၍ ဖိလိတ္တပြည်သို့ ပြန်ကြ၏။
33وغرس ابراهيم أثلا في بئر سبع ودعا هناك باسم الرب الاله السرمدي.
33အာဗြဟံသည် ဗေရရှဘ အရပ်၌ မန်ကျည်း ပင်ကိုစိုက်၍၊ အစဉ်အမြဲတည်တော်မူသော ဘုရားသခင် တည်းဟူသော၊ ထာဝရဘုရား၏ နာမတော်ကို ပဌနာ ပြုလေ၏။
34وتغرب ابراهيم في ارض الفلسطينيين اياما كثيرة
34ဖိလိတ္တပြည်မှာ ကာလရှည်ကြာစွာ တည်းနေ သတည်း။