1وشاخ ابراهيم وتقدم في الايام. وبارك الرب ابراهيم في كل شيء.
1အာဗြဟံသည်အို၍၊ အသက်အရွယ်ကြီးရင့်လှပြီ။ ထာဝရဘုရားသည်၊ အရာရာ၌ သူ့ကို ကောင်းကြီး ပေးတော်မူပြီ။
2وقال ابراهيم لعبده كبير بيته المستولي على كل ما كان له. ضع يدك تحت فخذي.
2အာဗြဟံသည်၊ မိမိအိမ်သားတို့တွင် အသက်ကြီး ၍ ဘဏ္ဍာစိုးလုပ်သောသူကိုခေါ်လျက်၊
3فاستحلفك بالرب اله السماء واله الارض ان لا تأخذ زوجة لابني من بنات الكنعانيين الذين انا ساكن بينهم.
3သင်သည်၊ ငါနေသော ခါနာန်အမျိုးသမီးတို့ တွင်၊ ငါ့သားဘို့ မယားကို မရွေးမယူဘဲ၊
4بل الى ارضي والى عشيرتي تذهب وتأخذ زوجة لابني اسحق.
4ငါ့ပြည်ငါ့အမျိုးသားချင်းတို့ထံသို့သွား၍၊ ငါ့သား ဣဇာက်အဘို့ မယားကိုယူရမည်ဟု၊ သင်၏လက်ကို ငါ့ ပေါင်အောက်၌ထားပြီးမှ၊ ကောင်းကင်မြေကြီးအရှင် ဘုရားသခင်၊ ထာဝရဘုရားကို တိုင်တည်၍၊ ငါကျိန်ဆိုစေ ပါမည်ဟုဆို၏။
5فقال له العبد ربما لا تشاء المرأة ان تتبعني الى هذه الارض. هل ارجع بابنك الى الارض التي خرجت منها.
5ကျွန်ကလည်း၊ မိန်းမသည်ဤပြည်သို့ ကိုယ်တော် ၏သားကို တဖန်ကျွန်တော်ခေါ်သွားရပါမည်လောဟု မေးလေသော်၊
6فقال له ابراهيم احترز من ان ترجع بابني الى هناك.
6အာဗြဟံက၊ ထိုပြည်သို့ ငါ့သားကိုခေါ်၍ မသွား နှင့်။ သတိပြုလော့။
7الرب اله السماء الذي اخذني من بيت ابي ومن ارض ميلادي والذي كلمني والذي اقسم لي قائلا لنسلك اعطي هذه الارض هو يرسل ملاكه امامك فتاخذ زوجة لابني من هناك.
7ငါ့အဘ၏အိမ်မှ၎င်း၊ ငါ့အမျိုးသားနေရာပြည်မှ ၎င်း ငါ့ကိုခေါ်၍၊ သင်၏အမျိုးအနွယ်အား ဤပြည်ကို ငါပေးမည်ဟု၊ငါ့အား ဗျာဒိတ်တော်ပေး၍ ကျိန်ဆိုတော်မူ သော ကောင်းကင်ဘုံရှင်ဘုရားသခင် ထာဝရဘုရားသည်၊ မိမိကောင်းကင်တမန်ကို သင့်ရှေ့၌ စေလွှတ်တော်မူ သဖြင့်၊ သင်သည်ထိုပြည်မှ ငါ့သားဘို့ မယားကို ယူရလိမ့် မည်။
8وان لم تشإ المرأة ان تتبعك تبرأت من حلفي هذا. اما ابني فلا ترجع به الى هناك.
8မိန်းမသည်သင်နှင့်အတူ မလိုက်လိုလျှင်၊ သင် သည်၊ ယခုငါပေးသောကျိန်ဆိုခြင်းနှင့် ကင်းလွတ်စေ။ ငါ့သားကို ထိုပြည်သို့ခေါ်၍ မသွားနှင့်ဟုဆိုပြီးမှ၊
9فوضع العبد يده تحت فخذ ابراهيم مولاه وحلف له على هذا الامر
9ကျွန်သည် သခင်အာဗြဟံ၏ ပေါင်အောက်၌ လက်ကိုထား၍ ထိုအမှု၌ကျန်ဆိုလေ၏။
10ثم اخذ العبد عشرة جمال من جمال مولاه ومضى وجميع خيرات مولاه في يده. فقام وذهب الى ارام النهرين الى مدينة ناحور.
10ထိုကျွန်သည်လည်း၊ မိမိသခင်၏ဥစ္စာရှိသမျှကို စီရင်သောသူဖြစ်၍၊ သခင်၏ကုလားအုပ်စုထဲက၊ ကုလား အုပ်ဆယ်စီးကိုယူ၍ထသွားသဖြင့်၊ မေသောပေါဘာမိ တိုင်း၊ နာခေါ်မြို့သို့ ရောက်လေ၏။
11واناخ الجمال خارج المدينة عند بئر الماء وقت المساء وقت خروج المستقيات.
11မိန်းမများရေခပ်သော ညဦးယံအချိန်၌၊ မြို့ပြင် ရေတွင်းနားမှာ ကုလားအုပ်တို့ကို ဝပ်စေပြီးလျှင်၊
12وقال ايها الرب اله سيدي ابراهيم يسّر لي اليوم واصنع لطفا الى سيدي ابراهيم.
12အကျွန်ုပ်၏သခင်၊ အာဗြဟံ၏ ဘုရားသခင် ထာဝရဘုရား ယနေ့ အကျွန်ုပ်အကြံကို ထမြောက်စေ၍၊ အကျွန်ုပ်၏သခင် အာဗြဟံ၌ ကျေးဇူးပြုတော်မူပါဟု၊ အကျွန်ုပ်ဆုတောင်းပါ၏။
13ها انا واقف على عين الماء وبنات اهل المدينة خارجات ليستقين ماء.
13အကျွန်ုပ်သည်၊ ဤရေတွင်းနားမှာ ရပ်နေ၍၊ ထိုမြို့သူသတို့ သမီးတို့သည်၊ ရေခပ်ခြင်းငှါလာကြသည် တွင်၊
14فليكن ان الفتاة التي اقول لها اميلي جرتك لاشرب فتقول اشرب وانا اسقي جمالك ايضا هي التي عيّنتها لعبدك اسحق. وبها اعلم انك صنعت لطفا الى سيدي
14အကြင်သတို့သမီးကို၊ ကျွန်ုပ်သောက်ခြင်းငှါ သင်ရေဘူးကို ချပါဟုဆိုသော်၊ သောက်ပါ၊ သင်၏ကုလား အုပ်တို့ကိုလည်း ရေတိုက်ပါမည်ဟု၊ ပြန်ဆိုသော သမီး သည်၊ ကိုယ်တော်၏ကျွန်ဣဇာက်ဘို့ ခန့်ထားတော် မူသောသူဖြစ်ပါစေသော။ ထိုသို့အားဖြင့်၊ အကျွန်ုပ်၏ သခင်၌ ကျေးဇူးပြုတော်မူကြောင်းကို၊ အကျွန်ုပ်သိရပါ မည်ဟု လျှောက်ဆို၏။
15واذ كان لم يفرغ بعد من الكلام اذا رفقة التي ولدت لبتوئيل ابن ملكة امرأة ناحور اخي ابراهيم خارجة وجرتها على كتفها.
15ထိုသို့လျှောက်ဆို၍မပြီးမှ၊ အာဗြဟံအစ်ကိုနား ခေါ်မယား မိလခါသား၊ ဗေသွေလ၏သမီး ရေဗက္ကသည်၊ ရေဘူးကိုထမ်းလျက် ထွက်လာသည်ကိုမြင်၏။
16وكانت الفتاة حسنة المنظر جدا وعذراء لم يعرفها رجل. فنزلت الى العين وملأت جرتها وطلعت.
16ထိုသတို့သမီးသည်၊ အလွန်အဆင်းလှ၍၊ ယောက်ျားနှင့် မဆက်ဆံသေးသော ကညာဖြစ်၏။ ရေတွင်းသို့ဆင်း၍၊ ရေဘူးကို ရေနှင့်ဖြည့်ပြီးမှ တက်လာ ၏။
17فركض العبد للقائها وقال اسقيني قليل ماء من جرتك.
17ကျွန်သည်လည်း၊ ထိုမိန်းမနှင့်တွေ့ခြင်းငှါပြေး၍၊ သင်၏ရေဘူး၌ ရေအနည်းငယ်ကို သောက်ပါရစေဟု ဆိုလေသော်၊
18فقالت اشرب يا سيدي. واسرعت وانزلت جرتها على يدها وسقته.
18မိန်းမက၊ သောက်ပါလောအရှင်ဟုဆိုသဖြင့်၊ မိမိလက်ပေါ်မှာ၊ အလျင်အမြန်ရေဘူးကို ချ၍၊ ရေကို ပေးလေ၏။
19ولما فرغت من سقيه قالت استقي لجمالك ايضا حتى تفرغ من الشرب.
19ရေကိုပေးပြီးလျှင်၊ သင်၏ကုလားအုပ်တို့သည် လည်း၊ ဝစွာ သောက်စရာဘို့ရေခပ်ပါမည်ဟု ဆိုသည် အတိုင်း၊
20فاسرعت وافرغت جرتها في المسقاة وركضت ايضا الى البئر لتستقي. فاستقت لكل جماله.
20အလျင်အမြန်ဘူး၌ရှိသော ရေကိုရေတိုက်ခွက် ထဲ၌ လောင်းပြီးလျှင်၊ တဖန်ခပ်ခြင်းငှါ ရေတွင်းသို့ပြေး၍၊ ကုလားအုပ်အဘို့ ရေခပ်လေ၏။
21والرجل يتفرس فيها صامتا ليعلم أأنجح الرب طريقه ام لا.
21ယောက်ျားသည် ထိုမိန်းမကို အံ့ဩ၍၊ မိမိ ရောက်လာသော အမှုကို ထာဝရဘုရားပြုစုတော်မူသည်၊ မမူသည်ကို သိလို၍၊ တိတ်ဆိတ်စွာ နေလေ၏။
22وحدث عندما فرغت الجمال من الشرب ان الرجل اخذ خزامة ذهب وزنها نصف شاقل وسوارين على يديها وزنهما عشرة شواقل ذهب.
22ကုလားအုပ်များကို ရေသောက်စေပြီးသော နောက်၊ ယောက်ျားသည်၊ အချိန်ငါးမူးရှိသော ရွှေနှာဆွဲ၊ အကျပ်တဆယ်အချိန်ရှိသော ရွှေလက်ကောက်တရံကို ထုတ်၍၊
23وقال بنت من انت. اخبريني. هل في بيت ابيك مكان لنا لنبيت.
23သင်သည် အဘယ်သူ၏သမီးဖြစ်သနည်း။ ကျွန်ုပ်ကို ပြောပါ။ သင်၏အဘအိမ်၌ ကျွန်ုပ်တို့တည်းခို စရာအရပ်ရှိသလောဟု မေးလေသော်၊
24فقالت له انا بنت بتوئيل ابن ملكة الذي ولدته لناحور.
24မိန်းမက၊ ကျွန်ုပ်သည် နာခေါ်၏မယားမိလခါ ဘွားမြင်သော၊ ဗေသွေလ၏သမီးဖြစ်သည်ဟူ၍၎င်း၊
25وقالت له عندنا تبن وعلف كثير ومكان لتبيتوا ايضا.
25ကျွန်ုပ်တို့၌ မြက်ခြောက်များ၊ စားဘွယ်သောက် ဘွယ်များနှင့် တည်းခိုစရာအရပ်လည်း ရှိသည်ဟူ၍၎င်း ဆိုလေ၏။
26فخرّ الرجل وسجد للرب.
26ထိုအခါယောက်ျားသည် ဦးညွှတ်ချ၍ ထာဝရ ဘုရားကိုကိုးကွယ်လျက်၊
27وقال مبارك الرب اله سيدي ابراهيم الذي لم يمنع لطفه وحقه عن سيدي. اذ كنت انا في الطريق هداني الرب الى بيت اخوة سيدي.
27ကရုဏာ၊ သစ္စာတော်ကို အကျွန်ုပ်သခင်မှ ရုပ်သိမ်းတော်မမူသော၊ အကျွန်ုပ်သခင်အာဗြဟံ၏ ဘုရားသခင် ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေ သတည်း။ လမ်းမှာ သွားလျက်ရှိသော အကျွန်ုပ်ကို ထာဝရဘုရားသည် အကျွန်ုပ်သခင်၏ညီအစ်ကိုတို့အိမ်သို့ ပို့ဆောင်တော်မူပါသည်တကားဟု မြွက်ဆို၏။
28فركضت الفتاة واخبرت بيت امها بحسب هذه الامور
28သတို့သမီးသည်လည်းပြေး၍ အမိ၏အိမ်၌ ဤအရာများကို ကြားပြောလေ၏။
29وكان لرفقة اخ اسمه لابان. فركض لابان الى الرجل خارجا الى العين.
29ရေဗက္က၌ လာဗန်အမည်ရှိသော မောင် တယောက်ရှိ၏။ လာဗန်သည် ယောက်ျားရှိရာ ရေတွင်း သို့ပြေး၏။
30وحدث انه اذ رأى الخزامة والسوارين على يدي اخته واذ سمع كلام رفقة اخته قائلة هكذا كلمني الرجل جاء الى الرجل واذا هو واقف عند الجمال على العين.
30သူသည်နှာဆွဲကို၎င်း၊ နှမလက်၌ လက်ကောက် ကို၎င်း မြင်၍၊ ထိုယောက်ျားသည်ကျွန်ုပ်ကို ဤသို့ ပြောသည်ဟု၊ နှမရေဗက္ကဆိုသော စကားကို ကြားသော အခါ၊ ရေတွင်း၌ ကုလားအုပ်အနားမှာရပ်နေသော ယောက်ျားထံသို့ ရောက်သောအခါ၊
31فقال ادخل يا مبارك الرب. لماذا تقف خارجا وانا قد هيّأت البيت ومكانا للجمال.
31ထာဝရဘုရားကောင်းကြီးပေးတော်မူသော သူ၊ ကျွန်ုပ်အိမ်သို့ ဝင်ပါလော့။ ပြင်၌အဘယ်ကြောင့် ရပ်နေ သနည်း။ အိမ်ကို၎င်း၊ ကုလားအုပ် များနေရာအရပ်ကို ၎င်း၊ ကျွန်ုပ်ပြင်ပါပြီဟုဆိုသဖြင့်၊
32فدخل الرجل الى البيت وحلّ عن الجمال. فاعطى تبنا وعلفا للجمال وماء لغسل رجليه وارجل الرجال الذين معه.
32ယောက်ျားကိုအိမ်သို့သွင်း၍ ကုလားအုပ်တို့ တန်ဆာကို ချွတ်ပြီးမှ၊ သူတို့အားမြက်ခြောက်နှင့်စားစရာ ကို ပေး၏။ ယောက်ျားခြေ၊ လိုက်သော သူတို့ခြေဆေးဘို့ ရေကိုလည်းပေးလေ၏။
33ووضع قدامه ليأكل. فقال لا آكل حتى اتكلم كلامي. فقال تكلم
33သူ့ရှေ့မှာ စားစရာကို ထည့်သောအခါ၊ သူက၊ ကျွန်ုပ်သည် ကိုယ်အမှုကိုမပြောမှီမစားလိုပါဟုဆိုလျှင်၊ ပြောပါဟုဆို၏။
34فقال انا عبد ابراهيم.
34ယောက်ျားကလည်း၊ ကျွန်ုပ်ကားအာဗြဟံ၏ ကျွန်ဖြစ်ပါ၏။
35والرب قد بارك مولاي جدا فصار عظيما. واعطاه غنما وبقرا وفضة وذهبا وعبيدا واماء وجمالا وحميرا.
35ထာဝရဘုရားသည် ကျွန်ုပ်၏သခင်ကို အလွန် ကောင်းကြီးပေးတော်မူသဖြင့်၊ သူသည်ကြီးမြတ်ခြင်းသို့ ရောက်လေပြီ။ သိုးစု၊ နွားစု၊ ရွှေ၊ ငွေ၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမ၊ ကုလားအုပ်နှင့်မြည်းများတို့ကို ပေးတော်မူပြီ။
36وولدت سارة امرأة سيدي ابنا لسيدي بعدما شاخت فقد اعطاه كل ما له.
36ကျွန်ုပ်သခင်၏မယားစာရာသည်၊ သခင် အသက်အိုသောအခါ၊ သူ့အားသားကို ဘွားမြင်သဖြင့်၊ ထိုသားအားဥစ္စာရှိသမျှကိုသခင်သည် အပ်ပေးပြီ။
37واستحلفني سيدي قائلا لا تأخذ زوجة لابني من بنات الكنعانيين الذين انا ساكن في ارضهم.
37ကျွန်ုပ်၏သခင်ကလည်း၊ သင်သည်ငါနေသော ခါနာန်အမျိုးသမီးတို့တွင်၊ ငါ့သားဘို့ မယားကို မရွေးဘဲ၊
38بل الى بيت ابي تذهب والى عشيرتي وتاخذ زوجة لابني.
38ငါ့အဘ၏အိမ်၊ ငါ့အမျိုးသားချင်းတို့ထံသို့ သွား၍၊ ငါ့သားဘို့ မယားကို ယူရမည်ဟု အကျွန်ုပ်ကို ကျိန်ဆိုစေ၏။
39فقلت لسيدي ربما لا تتبعني المرأة.
39အကျွန်ုပ်ကလည်း၊ မိန်းမသည်မလိုက်လိုလျှင် အဘယ်သို့နည်းဟု သခင်ကိုမေးလေသော်၊
40فقال لي ان الرب الذي سرت امامه يرسل ملاكه معك وينجح طريقك. فتاخذ زوجة لابني من عشيرتي ومن بيت ابي.
40သခင်က၊ အကြင်ထာဝရဘုရားသခင်ရှေ့တော် ၌ ငါသွားလာ၏၊ ထိုဘုရားသည် မိမိကောင်းကင်တမန် ကို သင်နှင့်အတူစေလွှတ်၍၊ သင်သွားသောအမှုကို ပြုစုတော်မူသဖြင့်၊ ငါ့အမျိုးသားချင်း၊ ငါ့အဘ၏အိမ်ထဲ က ငါ့သားဘို့ မယားကိုယူရမည်။
41حينئذ تتبرأ من حلفي حينما تجيء الى عشيرتي. وان لم يعطوك فتكون بريئا من حلفي.
41ငါ့အမျိုးသားချင်းတို့ထံသို့ရောက်သောအခါ၊ သင်သည် ငါပေးသော ကျိန်ဆိုခြင်းနှင့်ကင်းလွတ်စေ။ ထိုသူတို့သည်မိန်းမကိုမပေးသော်လည်း၊ သင်သည် ငါပေးသော ကျိန်ဆိုခြင်းနှင့်ကင်းလွတ်စေမည်ဟု ပြော၏။
42فجئت اليوم الى العين وقلت ايها الرب اله سيدي ابراهيم ان كنت تنجح طريقي الذي انا سالك فيه
42ကျွန်ုပ်သည်ယနေ့ရေတွင်းသို့ ရောက်ပြီးလျှင်၊ ကျွန်ုပ်သခင် အာဗြဟံ၏ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်ရောက်လာသော အမှုကို ယခုပြုစုတော်မူလျှင်၊
43فها انا واقف على عين الماء وليكن ان الفتاة التي تخرج لتستقي واقول لها اسقيني قليل ماء من جرتك
43အကျွန်ုပ်သည် ရေတွင်းနားမှာရပ်နေ၍၊ ရေခပ် ခြင်းငှါ လာသော အကြင်သမီးကညာကို၊ ကျွန်ုပ်သောက် ဘို့ သင်၏ရေဘူး၌ရေအနည်းငယ်ကို ပေးပါဟုတောင်း သော်၊
44فتقول لي اشرب انت وانا استقي لجمالك ايضا هي المرأة التي عيّنها الرب لابن سيدي.
44သောက်ပါ။သင်၏ကုလားအုပ်တို့ဘို့လည်း ရေခပ်ပါမည်ဟု ပြန်ဆိုသောသမီးကညာသည်၊ ကိုယ် တော်ကျွန်၏သားဘို့၊ ခန့်ထားတော်မူသော မိန်းမဖြစ်ပါ စေသောဟု လျှောက်ဆို၏။
45واذ كنت انا لم افرغ بعد من الكلام في قلبي اذا رفقة خارجة وجرتها على كتفها فنزلت الى العين واستقت. فقلت لها اسقيني.
45ထိုသို့စိတ်နှလုံး၌ လျှောက်ဆို၍မပြီးမှီ၊ ရေဗက္ကသည် ရေဘူးကို ထမ်းလျက်ထွက်လာသဖြင့်၊ ရေတွင်းသို့ ဆင်း၍ ရေခပ်သည်ကို ကျွန်ုပ်မြင်လျှင်၊ ရေသောက်ပါရ စေဟု သူ့ကိုတောင်းလေသော်၊
46فاسرعت وانزلت جرتها عنها وقالت اشرب وانا اسقي جمالك ايضا. فشربت. وسقت الجمال ايضا.
46သူသည်အလျင်အမြန်ပခုံးပေါ်က ရေဘူးကို ချလျက်၊ သောက်ပါလော့။ သင်၏ ကုလားအုပ်တို့ကို လည်း၊ ရေတိုက်ပါမည်ဟုဆိုသည်အတိုင်း၊ ကျွန်ုပ်သောက် ရ၏။ ကုလားအုပ်တို့ကိုလည်း ရေတိုက်လေ၏။
47فسألتها وقلت بنت من انت. فقالت بنت بتوئيل بن ناحور الذي ولدته له ملكة. فوضعت الخزامة في انفها والسوارين على يديها.
47ကျွန်ုပ်ကလည်း၊ သင်သည် အဘယ်သူ၏ သမီးဖြစ်သနည်းဟုမေးသော်၊ သူက၊ ကျွန်ုပ်သည် မိလခါ ဘွားမြင်သော နာခေါ်သားဗေသွေလ ၏သမီးဖြစ်သည် ဟုပြောဆို၏။ ကျွန်ုပ်သည် မိလခါဘွားမြင်သော နာခေါ် သားဗေသွေလ၏သမီးဖြစ်သည်ဟုပြောဆို၏။ ကျွန်ုပ် သည်လည်း၊ သူ၏ မျက်နှာ၌နှာဆွဲကို၎င်း၊ သူ၏လက်၌ လက်ကောက်တို့ကို၎င်းထည့်ပြီးလျှင်၊
48وخررت وسجدت للرب وباركت الرب اله سيدي ابراهيم الذي هداني في طريق امين لآخذ ابنة اخي سيدي لابنه.
48ဦးညွှတ်ချ၍၊ ကျွန်ုပ်သခင်အစ်ကို၏ မြေးကို သခင်၏သားဘို့ ယူစေခြင်းငှါ၊ မှန်သောလမ်းဖြင့် ပို့ဆောင်တော်မူသော ကျွန်ုပ်သခင် အာဗြဟံ၏ ဘုရား သခင် ထာဝရဘုရားကို ကောင်းကြီးပေး၍ ကိုးကွယ် လေ၏။
49والآن ان كنتم تصنعون معروفا وامانة الى سيدي فاخبروني. وإلا فاخبروني لانصرف يمينا او شمالا
49ယခုတွင်သင်တို့သည်၊ ကျွန်ုပ်သခင်၌ သစ္စာနှင့် ကျေးဇူးပြုမည်၊ မပြုမည်ကိုပြောပါ။ ကျွန်ုပ်သည်လည်း၊ လက်ျာလမ်းဖြစ်စေ၊ လက်ဝဲလမ်းဖြစ်စေ၊ တလမ်းလမ်းသို့ လိုက်သွားပါမည်ဟု ပြောဆို၏။
50فاجاب لابان وبتوئيل وقالا من عند الرب خرج الامر. لا نقدر ان نكلمك بشر او خير.
50လာဗန်နှင့်ဗေသွေလတို့ကလည်း၊ ဤအမှုသည် ထာဝရဘုရား စီရင်တော်မူသောအမှုဖြစ်၏။ အကျွန်ုပ်တို့ သည်၊ သင့်အား ကောင်းမကောင်းကို မပြောနိုင်ပါ။
51هوذا رفقة قدامك. خذها واذهب. فلتكن زوجة لابن سيدك كما تكلم الرب.
51ရေဗက္ကသည် သင့်ရှေ့၌ရှိပါ၏။ ယူသွားပါ လော့။ ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ သင်၏ သခင်သား၏ မယားဖြစ်စေဟုပြန်ဆို၏။
52وكان عندما سمع عبد ابراهيم كلامهم انه سجد للرب الى الارض.
52ထိုစကားကိုကြားလျှင်၊ အာဗြဟံကျွန်သည် ဦးညွှတ်ချ၍၊ ထာဝရဘုရားကို ကိုးကွယ်ပြီးမှ၊
53واخرج العبد آنية فضة وآنية ذهب وثيابا واعطاها لرفقة. واعطى تحفا لاخيها ولامها.
53ငွေဖလား၊ ရွှေဖလား၊ အဝတ်တန်ဆာများကို ထုတ်၍ ရေဗက္ကအားပေး၏။ သူ၏အမိ၊ မောင်အားလည်း၊ အဘိုးထိုက်သော လက်ဆောင်ကိုပေး၏။
54فأكل وشرب هو والرجال الذين معه وباتوا. ثم قاموا صباحا فقال اصرفوني الى سيدي.
54သူနှင့်သူ၏အဘော်အပေါင်းတို့သည်၊ စား သောက်၍ ညဉ့်ကို လွန်စေပြီးမှ၊ နံနက်ယံ၌ထလျက်၊ ကျွန်ုပ်သည်၊ သခင်ထံသို့ပြန်ပါရစေဟု ဆိုလေသော်၊
55فقال اخوها وامها لتمكث الفتاة عندنا اياما او عشرة. بعد ذلك تمضي.
55မောင်နှင့်အမိက၊ မိန်းမကလေးသည်၊ ကျွန်ုပ်တို့ ထံမှာ၊ ဆယ်ရက်ခန့်လောက်နေပါစေဦး။ နောက်မှ၊ သူ့ကိုသွားပါစေမည်ဟု ဆိုကြ၏။
56فقال لهم لا تعوّقوني والرب قد انجح طريقي. اصرفوني لاذهب الى سيدي.
56ထိုသူကလည်း၊ ကျွန်ုပ်ကို မဆီးတားပါနှင့်။ ထာဝရဘုရားသည်၊ ကျွန်ုပ်ရောက်လာသောအမှုကို ပြုစုတော်မူပြီ။ ကျွန်ုပ်သည် သခင်ထံသို့ သွားရသော အခွင့်ကို ပေးပါလော့ဟုဆိုလျှင်၊
57فقالوا ندعو الفتاة ونسألها شفاها.
57သူတို့က၊ မိန်းကလေးကိုခေါ်၍၊ သူ့အလိုကို မေးပါဦးမည်ဟု ဆိုသည်နှင့်၊
58فدعوا رفقة وقالوا لها هل تذهبين مع هذا الرجل. فقالت اذهب.
58ရေဗက္ကကိုခေါ်၍ သင်သည်ဤလူနှင့်အတူ ယခုလိုက်မည်လောဟု မေးသောအခါ၊ ကျွန်ုပ်လိုက်ပါမည် ဟုဆို၏။
59فصرفوا رفقة اختهم ومرضعتها وعبد ابراهيم ورجاله.
59သို့ဖြစ်၍၊ မိမိနှမရေဗက္ကနှင့် သူ၏အထိန်းကို၎င်း၊ အာဗြဟံကျွန်နှင့် သူ၏လူတို့ကို၎င်း လွှတ်လိုက် ကြ၏။
60وباركوا رفقة وقالوا لها انت اختنا. صيري الوف ربوات وليرث نسلك باب مبغضيه
60ရေဗက္ကကိုလည်း၊ သင်သည် ကျွန်ုပ်တို့၏နှမ ဖြစ်၏။ အသောင်းအသိန်းတို့၏အမိဖြစ်ပစေသော။ သင်၏အမျိုးအနွယ်သည် ရန်သူတို့၏ တံခါးများကို အစိုးရပါစေသောဟု ကောင်းကြီးပေးကြ၏။
61فقامت رفقة وفتياتها وركبن على الجمال وتبعن الرجل. فأخذ العبد رفقة ومضى.
61ရေဗက္ကနှင့်သူ၏မိန်းမငယ်တို့သည်ထ၍၊ ကုလားအုပ်ကိုစီးလျက်၊ ထိုယောက်ျားနှင့်အတူ လိုက်ကြ ၏။ ထိုသို့ အာဗြဟံကျွန်သည် ရေဗက္ကကို ဆောင်သူ သွားလေ၏။
62وكان اسحق قد اتى من ورود بئر لحي رئي. اذ كان ساكنا في ارض الجنوب.
62ထိုအခါ တောင်ပြည်အတွင်း၌ နေသော ဣဇာက်သည်၊ ဗေရလဟဲရောလမ်းဖြင့် ရောက်လာသည် ဖြစ်၍၊
63وخرج اسحق ليتأمل في الحقل عند اقبال المساء. فرفع عينيه ونظر واذا جمال مقبلة.
63ညဦးအချိန်၌ ဆင်ခြင်လိုသောငှါ၊ တောအရပ် သို့ထွက်သွား၍၊ မြော်ကြည့်လျှင်၊ ကုလားအုပ်များ လာသည်ကို မြင်လေ၏။
64ورفعت رفقة عينيها فرأت اسحق فنزلت عن الجمل.
64ရေဗက္ကသည်လည်း၊ မြော်ကြည့်၍ ဣဇာက်ကို မြင်သောအခါ၊ ကုလားအုပ်အပေါ်မှဆင်းပြီးလျှင်၊
65وقالت للعبد من هذا الرجل الماشي في الحقل للقائنا. فقال العبد هو سيدي. فاخذت البرقع وتغطّت.
65ကျွန်ုပ်တို့ကို ကြိုဆိုခြင်းငှါ၊ တော၌လာသော ထိုသူကား၊ အဘယ်သူနည်းဟု ကျွန်ကိုမေးလေသော်၊ ကျွန်က၊ ထိုသူသည် ကျွန်ုပ်သခင်ဖြစ်ပါ၏ဟု ပြောဆို သောစကားကိုကြားလျှင်၊ ရေဗက္ကသည် မျက်နှာဖုံးကို ယူ၍ ဖုံးလေ၏။
66ثم حدّث العبد اسحق بكل الامور التي صنع.
66ကျွန်သည်လည်း၊ မိမိပြုလေသမျှတို့ကို ဣဇာက် အား ကြားပြောပြီးမှ၊
67فادخلها اسحق الى خباء سارة امه واخذ رفقة فصارت له زوجة واحبّها. فتعزّى اسحق بعد موت امه
67ဣဇာက်သည် မိမိအမိစာရာ၏ တဲသို့ ရေဗက္က ကို ဆောင်ယူ၍ စုံဘက်လေ၏။ ရေဗက္ကကိုချစ်နှစ်မြို့ သဖြင့်၊ အမိသေသောအမှု၌ သက်သာခြင်းသို့ ရောက် လေ၏။