الكتاب المقدس (Van Dyke)

Myanmar

Genesis

27

1وحدث لما شاخ اسحق وكلّت عيناه عن النظر انه دعا عيسو ابنه الاكبر وقال له يا ابني. فقال له هانذا.
1ထိုနောက် ဣဇာက်သည် အို၍ မျက်စိမှုန်သဖြင့် မမြင်နိုင်သောအခါ၊ သားအကြီးဧသောကို၊ ငါ့သားဟု ခေါ်လျှင်၊ အကျွန်ုပ်ရှိပါ၏ဟု ထူးလေ၏။
2فقال انني قد شخت ولست اعرف يوم وفاتي.
2အဘကလည်း၊ ယခုငါအိုလှပြီ။ အဘယ်သော အခါ သေရမည်ကို ငါမသိ။
3فالآن خذ عدتك جعبتك وقوسك واخرج الى البرية وتصيّد لي صيدا.
3မသေမှီ ငါ့ဝိညာဉ်သည် သင့်ကို ကောင်းကြီး ပေးမည်အကြောင်း၊ သင်၏လက်နက်တည်းဟူသော လေးနှင့်မြှားတောင့်ကို ဆောင်ယူလျက် တောသို့သွား၍၊ ငါစားစရာဘို့ အမဲကောင်ကို ရအောင်ရှာပြီးလျှင်၊
4واصنع لي اطعمة كما احب وأتني بها لآكل حتى تباركك نفسي قبل ان اموت
4ငါမြိန်ရှက်တတ်သော အမဲဟင်းလျာကို ချက်၍ ငါ့ထံသို့ ယူခဲ့ပါလော့ဟု ပြောဆို၏။
5وكانت رفقة سامعة اذ تكلم اسحق مع عيسو ابنه. فذهب عيسو الى البرية كي يصطاد صيدا ليأتي به.
5ထိုသို့ ဣဇာက်သည် သားဧသောအား ပြောဆို သောစကားကို၊ ရေဗက္ကကြားသည်ဖြစ်၍၊ ဧသောသည် အမဲသားကို ရအောင်တောသို့ အရှာသွားစဉ်တွင်၊
6وأما رفقة فكلمت يعقوب ابنها قائلة اني قد سمعت اباك يكلم عيسو اخاك قائلا.
6ရေဗက္ကသည် သားယာကုပ်ကို ခေါ်၍၊
7ائتني بصيد واصنع لي اطعمة لآكل واباركك امام الرب قبل وفاتي.
7သင်၏အဘက၊ ငါမသေမှီ ထာဝရဘုရား၏ ရှေ့တော်မှာ သင့်ကို ငါကောင်းကြီးပေးမည်အကြောင်း၊ ငါစားစရာဘို့ အမဲသားကို ယူခဲ့၍၊ အမဲဟင်းလျာကို ချက်ပါဟု သင်၏အစ်ကို ဧသောအား ပြောသည်ကို ငါကြား ပြီ။
8فالآن يا ابني اسمع لقولي في ما انا آمرك به.
8သို့ဖြစ်၍ ငါ့သား၊ ငါမှာထားသမျှသော စကားကို နားထောင်ပါ လော့။
9اذهب الى الغنم وخذ لي من هناك جديين جيّدين من المعزى. فأصنعهما اطعمة لابيك كما يحب.
9ယခုဆိတ်စုရှိရာသို့ သွား၍၊ ကောင်းသော ဆိတ် သငယ်နှစ်ကောင်ကို ငါ့ထံသို့ယူခဲ့ပါလော့။ သင်၏အဘ မြိန်ရှက်တတ်သော အမဲဟင်းလျာကို ငါချက်မည်။
10فتحضرها الى ابيك لياكل حتى يباركك قبل وفاته.
10သင်၏အဘမသေမှီ သင့်ကို ကောင်းကြီးပေး မည်အကြောင်း၊ ထိုအစာကို အဘစားစေခြင်းငှါ သင် သည် အဘထံသို့ပို့ဆောင်ရမည်ဟု ဆိုလေ၏။
11فقال يعقوب لرفقة امه هوذا عيسو اخي رجل اشعر وانا رجل املس.
11ယာကုပ်ကလည်း၊ ကျွန်ုပ်အစ်ကို ဧသောကား အမွေးရှိသောသူ၊ ကျွန်ုပ်ကားချောမွှတ်သောသူ ဖြစ်၏။
12ربما يجسّني ابي فاكون في عينيه كمتهاون واجلب على نفسي لعنة لا بركة.
12ကျွန်ုပ်အဘသည် ကျွန်ုပ်ကို စမ်းသပ်ကောင်း စမ်းသပ်လိမ့်မည်။ သို့ဖြစ်လျှင် ကျွန်ုပ်ကိုလှည့်စားသော သူဟူ၍ ထင်သဖြင့်၊ ကျွန်ုပ်သည် မင်္ဂလာကိုမရဘဲ ကျိန်ခြင်းအမင်္ဂလာကိုသာ ခံရလိမ့်မည်ဟု အမိကိုဆို လေ၏။
13فقالت له امه لعنتك عليّ يا ابني. اسمع لقولي فقط واذهب خذ لي.
13အမိရေက္ကေကလည်း၊ ငါ့သား၊ သင်ခံရသော ကျိန်ခြင်းအမင်္ဂလာသည် ငါ၌သင့်ရောက်ပါစေ။ ငါ့စကား ကို နားထောင်၍ ဆိတ်သငယ်တို့ကိုသာ ယူခဲ့ပါဟု ဆိုသည်အတိုင်း၊
14فذهب واخذ واحضر لامه. فصنعت امه اطعمة كما كان ابوه يحب.
14သူသည် သွား၍ ဆိတ်သငယ်တို့ကို အမိထံသို့ ယူခဲ့သဖြင့်၊ အမိသည်လည်း အဘမြိန်ရှက်တတ်သော အမဲဟင်းလျာကို ချက်လေ၏။
15واخذت رفقة ثياب عيسو ابنها الاكبر الفاخرة التي كانت عندها في البيت والبست يعقوب ابنها الاصغر.
15ထိုအခါ ရေဗက္ကသည် အိမ်တွင် မိမိလက်၌ ရှိသော သားကြီးဧသော၏အဝတ်၊ ကောင်းမွန်သော အဝတ်ကိုယူ၍၊ သားငယ်ယာကုပ်ကို ဝတ်စေလျက်၊
16والبست يديه وملاسة عنقه جلود جديي المعزى.
16ဆိတ်သငယ်၏ သားရေကိုလည်းယူ၍ သူ၏ လက်၌၎င်း၊ လည်ပင်ချောသော ဘက်၌၎င်း ဆင်ယင်ပြီး လျှင်၊
17واعطت الاطعمة والخبز التي صنعت في يد يعقوب ابنها
17မိမိချက်သော အမဲဟင်းနှင့် မုန့်ကိုသားယာကုပ် လက်၌အပ်ပေး၏။
18فدخل الى ابيه وقال يا ابي. فقال هانذا. من انت يا ابني.
18ယာကုပ်လည်း အဘထံသို့ သွား၍၊ အဘဟု ခေါ်လေ၏။ အဘကလည်း၊ ငါရှိ၏ငါ့သား။ သင်သည် အဘယ်သူနည်းဟု မေး၏။
19فقال يعقوب لابيه انا عيسو بكرك. قد فعلت كما كلمتني. قم اجلس وكل من صيدي لكي تباركني نفسك.
19ယာကုပ်ကလည်း၊ အကျွန်ုပ်ကား သားအကြီး ဧသောဖြစ်ပါ၏။ အဘမှာထားသည်အတိုင်းပြုပါပြီ။ ထ၍ထိုင်ပါ။ အဘ၏ဝိညာဉ်သည် အကျွန်ုပ်ကို ကောင်း ကြီးပေးမည်အကြောင်း၊ အကျွန်ုပ်၏အမဲသားကို စား ပါလော့ဟု ဆိုလေ၏။
20فقال اسحق لابنه ما هذا الذي اسرعت لتجد يا ابني. فقال ان الرب الهك قد يسّر لي.
20အဘဣဇာက်ကလည်း၊ ငါ့သား၊ ဤမျှလောက် လျင်မြန်စွာတွေ့ရသောအကြောင်းကား၊ အဘယ်သို့နည်း ဟု သားအားမေးလျှင်၊ အဘ၏ ဘုရားသခင် ထာဝရ ဘုရားသည် အကျွန်ုပ်ရှိရာသို့ ဆောင်ခဲ့တော်မူသော ကြောင့်၊ လျင်မြန်စွာတွေ့ရပါသည်ဟု ပြန်ဆိုလေ၏။
21فقال اسحق ليعقوب تقدم لاجسّك يا ابني. أأنت هو ابني عيسو ام لا.
21ဣဇာက်ကလည်း၊ ငါ့သား၊ သင်သည် ငါ့သား ဧသောမှန်သည် မမှန်သည်ကိုသိလို၍၊ သင့်ကို ငါစမ်း သပ်စေခြင်းငှါ၊ ငါ့ထံပါးသို့ချဉ်းကပ်ပါလော့ဟုဆိုလျှင်၊
22فتقدم يعقوب الى اسحق ابيه. فجسّه وقال الصوت صوت يعقوب ولكن اليدين يدا عيسو.
22ယာကုပ်သည် အဘထံပါးသို့ချဉ်းကပ်၍၊ အဘ သည် စမ်းသပ်လျက်၊ အသံကား ယာကုပ်၏အသံ၊ လက်တို့ကား ဧသော၏လက်ဖြစ်ပေသည်ဟု ဆိုလေ၏။
23ولم يعرفه لان يديه كانتا مشعرتين كيدي عيسو اخيه. فباركه . ‎
23ထိုသို့သူ၏ လက်တို့သည် ဧသော၏လက်ကဲ့သို့ အမွေးပါသောကြောင့်၊ ယာကုပ်ဖြစ်မှန်းကို အဘမရိပ်မိ သဖြင့်၊ ကောင်းကြီးပေးလေ၏။
24وقال هل انت هو ابني عيسو. فقال انا هو.
24သို့ရာတွင် တဖန်ကား၊ သင်သည် ငါ့သားဧသော စင်စစ်အမှန်ပင် ဖြစ်သလောဟု မေးပြန်လျင်၊ မှန်ပါ သည်ဟု ဆို၏။
25فقال قدم لي لآكل من صيد ابني حتى تباركك نفسي. فقدّم له فاكل. واحضر له خمرا فشرب.
25အဘကလည်း၊ ငါ့ထံပါးသို့ သွင်းခဲ့ပါ။ ငါ့ဝိညာဉ်သည် သင့်ကို ကောင်းကြီးပေးမည်အကြောင်း၊ ငါ့သား၏ အမဲသားကို ငါစားအံ့ဟုဆိုလျှင်၊ ယာကုပ်သည် အဘထံပါးသို့ သွင်း၍၊ အဘစားလေ၏။ စပျစ်ရည်ကို လည်း ပေး၍ အဘသောက်လေ၏။
26فقال له اسحق ابوه تقدم وقبّلني يا ابني.
26ထိုနောက် အဘက၊ ငါ့သားချဉ်းကပ်၍ ငါ့ကို နမ်းပါလော့ဟု ဆိုလျှင်၊ ယာကုပ်သည် ချဉ်းကပ်၍ အဘ ကို နမ်းလေ၏။
27فتقدم وقبّله. فشم رائحة ثيابه وباركه. وقال انظر. رائحة ابني كرائحة حقل قد باركه الرب.
27အဘဣဇာက်ကလည်း၊ သူ့အဝတ်၏ အနံ့ကို ခံ၍ကြည့်ပါ။ ငါ့သား၏အနံ့သည်၊ ထာဝရဘုရား ကောင်းကြီးပေးတော်မူသော လယ်၏အမွှေးအကြိုင်နှင့် တူ၏။
28فليعطك الله من ندى السماء. ومن دسم الارض. وكثرة حنطة وخمر.
28ထိုကြောင့် ဘုရားသခင်ပင် မိုယ်းကောင်းကင် နှင့်ကို၎င်း၊ မြေကြီး၏ဆီဥကို၎င်း၊ များစွာသော ဆန်စပါး၊ စပျစ်ရည်ကို၎င်း၊ သင့်အား ပေးတော်မူစေသတည်း။
29ليستعبد لك شعوب. وتسجد لك قبائل. كن سيدا لاخوتك. وليسجد لك بنو امك. ليكن لاعنوك ملعونين. ومباركوك مباركين
29သူတပါးတို့သည် သင်၌ကျွန်ခံ၍၊ အပြည်ပြည် တို့သည် သင့်ရှေ့မှာ ဦးညွှတ်ကြရစေသတည်း။ သင်သည် သင်၏ညီအစ်ကိုတို့၌ အရှင်ဖြစ်၍၊ သင့်အမိသားတို့သည် သင့်ရှေ့မှာ ဦးညွှတ်ရကြစေသတည်း။ သင့်ကို ကျိန်ဆဲ သောသူအပေါင်းတို့သည် ကျိတ်ဆဲခြင်းကို ခံရကြစေ သတည်း။ သင့်ကို ကောင်းကြီးပေးသောသူအပေါင်းတို့ သည် ကောင်းကြီးကို ခံရကြစေသတည်းဟု ကောင်းကြီး ပေးလေ၏။
30وحدث عندما فرغ اسحق من بركة يعقوب ويعقوب قد خرج من لدن اسحق ابيه ان عيسو اخاه أتى من صيده.
30ယာကုပ်သည်၊ အဘဣဇာက်ပေးသော ကောင်း ကြီးမင်္ဂလာကို ခံ၍၊ အဘထံမှ ထွက်သွားသော ခဏခြင်း တွင်၊ အစ်ကိုဧသောသည် မုဆိုးပြုရာမှ ရောက်လာ၏။
31فصنع هو ايضا اطعمة ودخل بها الى ابيه وقال لابيه ليقم ابي وياكل من صيد ابنه حتى تباركني نفسك.
31သူသည်လည်း အမဲဟင်းလျာကို ချက်၍ အဘ ထံသို့ ဆောင်ခဲ့ပြီးလျှင်၊ အကျွန်ုပ်အဘ၏ဝိညာဉ်သည်၊ အကျွန်ုပ်ကိုကောင်းကြီးပေးမည်အကြောင်း၊ သား၏ အမဲသားကို ထ၍စားပါလော့ဟုဆိုလေ၏။
32فقال له اسحق ابوه من انت. فقال انا ابنك بكرك عيسو.
32အဘဣဇာက်ကလည်း၊ သင်သည် အဘယ်သူ နည်းဟု မေးလျှင်၊ အကျွန်ုပ်ကား သားအကြီး ဧသော ဖြစ်ပါ၏ဟု ဆိုလေသော်၊ အဘဣဇာက်သည် အလွန် တုန်လှုပ်၍ အဘယ်သူနည်း၊
33فارتعد اسحق ارتعادا عظيما جدا. وقال فمن هو الذي اصطاد صيدا وأتى به اليّ فاكلت من الكل قبل ان تجيء وباركته. نعم ويكون مباركا.
33အမဲသားကိုရ၍၊ ငါ့ထံသို့ ဆောင်ခဲ့ပြီးသော သူသည် အဘယ်မှာ ရှိသနည်း။ သင်မရောက်မှီ ငါသည် အကုန်အစင်စားပြီး၍၊ သူ့ကို ကောင်းကြီးပေးမိပြီ။ သူ သည် ကောင်းကြီးမင်္ဂလာကို ဧကန်အမှန်ခံရလိမ့်မည်ဟု ဆိုလေ၏။
34فعندما سمع عيسو كلام ابيه صرخ صرخة عظيمة ومرة جدا. وقال لابيه باركني انا ايضا يا ابي.
34အဘဆိုသော စကားကိုဧသောကြားလျှင်၊ အလွန်ပြင်းသောအသံနှင့် သည်းထန်စွာ ငိုကြွေးလျက်၊ အိုအဘ၊ အကျွန်ုပ်ကိုလည်း ကောင်းကြီးပေးပါလော့၊ ပေးပါလော့ဟုဆိုလေသော်၊
35فقال قد جاء اخوك بمكر واخذ بركتك.
35အဘက၊ သင့်ညီသည် လိမ္မာစွာလာ၍၊ သင်၏ ကောင်းကြီးမင်္ဂလာကို ယူသွားပြီဟု ဆိုလေ၏။
36فقال الا ان اسمه دعي يعقوب. فقد تعقبني الآن مرتين. اخذ بكوريتي وهوذا الآن قد اخذ بركتي. ثم قال أما ابقيت لي بركة.
36ဧသောကလည်း၊ သူ့ကို ယာကုပ်ဟူသော အမည်ဖြင့် လျောက်ပတ်စွာ မှည့်ပါပြီ မဟုတ်လော။ အကျွန်ုပ်ကို နှစ်ကြိမ်လှည့်စား၍ နိုင်ပါပြီ။ သားဦးအရိပ် အရာကို အရင်ယူသွားပါပြီ။ ယခုလည်း တဖန် အကျွန်ုပ် ၏ကောင်းကြီးမင်္ဂလာကို ယူသွားပါပြီဟူ၍၎င်း၊ အကျွန်ုပ် အဘို့ ကောင်းကြီးမင်္ဂလာတပါးကိုမျှ မခြွင်းပါသလော ဟူ၍၎င်း ဆိုလေ၏။
37فاجاب اسحق وقال لعيسو اني قد جعلته سيدا لك ودفعت اليه جميع اخوته عبيدا وعضدته بحنطة وخمر. فماذا اصنع اليك يا ابني.
37ဣဇာက်ကလည်း၊ သူ့ကို သင်၏အရှင်ဖြစ် စေပြီ။ ညီအစ်ကိုအပေါင်းတို့ကို သူ၌ကျွန်ခံစေပြီ။ ဆန်စပါး၊ စပျစ်ရည်နှင့်သူ့ကို ထောက်မပြီး။ သို့ဖြစ်၍ ငါ့သား၊ သင်၌ အဘယ်သို့ပြုနိုင်တော့အံ့နည်းဟု၊ ဧသော အား ပြန်ပြောလျှင်၊
38فقال عيسو لابيه ألك بركة واحدة فقط يا ابي. باركني انا ايضا يا ابي. ورفع عيسو صوته وبكى.
38ဧသောက၊ အိုအဘ၊ ကောင်းကြီးမင်္ဂလာ တစုံတခုမျှ မရှိပါသလော၊ အိုအဘ၊ အကျွန်ုပ်ကိုလည်း ကောင်းကြီးပေးပါလော့၊ ပေးပါလောဟု အဘအား ပြောဆိုလျက်၊ တဖန်အသံကိုလွှင့်၍ ငိုကြွေးလေ၏။
39فاجاب اسحق ابوه وقال له هوذا بلا دسم الارض يكون مسكنك. وبلا ندى السماء من فوق.
39အဘဣဇာက်ကလည်း၊ ကြည့်ရှုပါ။ သင်၏ နေရာသည် မြေကြီး၏ဆီဥနှင့်၎င်း၊ အထက်မိုယ်း ကောင်းကင်၏နှင်းနှင့်၎င်း ပြည့်စုံလိမ့်မည်။
40وبسيفك تعيش. ولاخيك تستعبد. ولكن يكون حينما تجمح انك تكسر نيره عن عنقك
40ထားဖြင့် အသက်ကိုမွေးရလိမ့်မည်။ ညီ၌ ကျွန် ခံရလိမ့်မည်။ နောက်တဖန် အစိုးရသောအခါ၊ သူတင် သောထမ်းဘိုးကို သင်၏လည်ပင်းမှ ချိုးပယ်လိမ့်မည်ဟု ပြန်၍ဆိုလေ၏။
41فحقد عيسو على يعقوب من اجل البركة التي باركه بها ابوه. وقال عيسو في قلبه قربت ايام مناحة ابي. فاقتل يعقوب اخي.
41အဘသည် ယာကုပ်အား ပေးသော ကောင်းကြီး မင်္ဂလာကြောင့်၊ ဧသောသည် ယာကုပ်ကို အငြိုးထား၍၊ ငါ့အဘကြောင့် ညည်းတွားရသော နေ့ရက်ကာလ အချိန် နီးပြီ။ ထိုအခါ ငါ့ညီယာကုပ်ကို ငါသတ်မည်ဟု၊ အကြံနှင့် ပြောလေ၏။
42فأخبرت رفقة بكلام عيسو ابنها الاكبر. فارسلت ودعت يعقوب ابنها الاصغر وقالت له هوذا عيسو اخوك متسلّ من جهتك بانه يقتلك.
42ထိုသို့သားကြီး ဧသောပြောသောစကားကို အမိ အရဗက္ကကြားလျှင်၊ သားငယ်ယာကုပ်ကိုခေါ်၍၊ သင်၏ အစ်ကိုဧသောသည် သင့်ကိုသတ်သဖြင့်၊ သင့်အမှု၌ စိတ်ပြေလိမ့်မည်။
43فالآن يا ابني اسمع لقولي وقم اهرب الى اخي لابان الى حاران.
43ထိုကြောင့်၊ ငါ့သား၊ ငါ့စကားကို နားထောင်ပါ။ ငါ့မောင်လာဗန် နေရာခါရန်မြို့သို့ ထ၍ ပြေးသွား ပါလော့။
44وأقم عنده اياما قليلة حتى يرتد سخط اخيك.
44သင်၏အစ်ကိုစိတ်ပြေသည်တိုင်အောင်၊ သူ့ထံမှာ ခဏရှောင်၍ နေပါလော့။
45حتى يرتد غضب اخيك عنك وينسى ما صنعت به. ثم ارسل فآخذك من هناك. لماذا اعدم اثنيكما في يوم واحد
45သင်၏အစ်ကို စိတ်ပြေ၍၊ သင်သည် သူ၌ ပြုသောအမှုကို သူမေ့လျော့သောအခါ၊ ငါမှာလိုက်၍၊ ထိုအရပ်မှသင့်ကို ဆောင်ခဲ့စေမည်။ ငါ့သားနှစ်ယောက် လုံးကို တနေ့ခြင်းတွင် အဘယ်ကြောင့် ငါရှုံးရမည်နည်း ဟု ဆိုလေ၏။
46وقالت رفقة لاسحق مللت حياتي من اجل بنات حثّ. ان كان يعقوب يأخذ زوجة من بنات حثّ مثل هؤلاء من بنات الارض فلماذا لي حياة
46တဖန်ရေဗက္ကသည် ဣဇာက်ထံသို့သွား၍၊ ကျွန်မသည် ဟေသအမျိုးသမီးတို့ကြောင့်၊ ကိုယ်အသက် ကို ငြီးငွေ့လှ၏။ ဤပြည်သူသမီးကဲ့သို့သောသူ၊ ဟေသ အမျိုးသမီးနှင့် ယာကုပ်အိမ်ထောင်ဘက်ပြုလျှင်၊ ကျွန်မ အသက်ရှင်၍ အဘယ်ကျေးဇူးရှိပါလိမ့်မည်နည်းဟု ပြောဆိုလေ၏။