1ثم قال الله ليعقوب قم اصعد الى بيت ايل وأقم هناك واصنع هناك مذبحا لله الذي ظهر لك حين هربت من وجه عيسو اخيك.
1ထိုနောက် ဘုရားသခင်က၊ သင်ထ၍ဗေသလ အရပ်သို့ သွားနေလော့။ သင်သည် အစ်ကိုဧသောထံမှ ပြေးသောအခါ၊ သင့်အား ထင်ရှားသော ဘုရားသခင် အဘို့၊ ထိုအရပ်၌ ယဇ်ပလ္လင်ကို တည်လော့ဟု၊ ယာကုပ် အား မိန့်တော်မူ၏။
2فقال يعقوب لبيته ولكل من كان معه اعزلوا الآلهة الغريبة التي بينكم وتطهروا وابدلوا ثيابكم.
2ထိုအခါယာကုပ်သည် အိမ်သူအိမ်သားများနှင့်၊ မိမိ၌ရှိသောသူအပေါင်းတို့ကို ခေါ်၍၊ သင်တို့တွင် ပါသော၊ တပါးအမျိုးသားတို့၏ ဘုရားတို့ကို ပယ်ပစ် ကြလော့။ အဝတ်ကို လဲ၍ သန့်ရှင်းခြင်း ရှိစေကြလော့။
3ولنقم ونصعد الى بيت ايل. فاصنع هناك مذبحا لله الذي استجاب لي في يوم ضيقتي وكان معي في الطريق الذي ذهبت فيه.
3ယခုထ၍ ဗေသလအရပ်သို့သွားကြစို့။ ငါသည် ဆင်းရဲခံရသောကာလ ငါ့ကိုထူး၍၊ ငါသွားသောလမ်း၌ ကြွတော်မူသော ဘုရားသခင်အဘို့ ထိုအရပ်၌ ယဇ်ပလ္လင် ကို ငါတည်မည်ဟု ဆိုလေ၏။
4فاعطوا يعقوب كل الآلهة الغريبة التي في ايديهم والاقراط التي في آذانهم. فطمرها يعقوب تحت البطمة التي عند شكيم
4သူတို့သည်လည်း၊ မိမိတို့၌ပါသော တပါး အမျိုးသားတို့၏ ဘုရားအပေါင်းတို့နှင့်၊ နား၌ပန်သော နားပန်တန်ဆာ ရှိသမျှတို့ကို၊ ယာကုပ်အားပေး၍၊ ယာကုပ်လည်း၊ ရှေခင်မြို့နားတွင် ရှိသော သပိတ်ပင် အောက်၌ မြှုပ်ထားလေ၏။
5ثم رحلوا. وكان خوف الله على المدن التي حولهم. فلم يسعوا وراء بني يعقوب.
5သူတို့ပြောင်းသွား ကြသောအခါ၊ပတ်ဝန်းကျင် မြို့သားတို့သည်၊ ဘုရားသခင်ကို ကြောက်ရွံ့၍၊ ယာကုပ် သားတို့ကို မလိုက်ဝံ့ဘဲနေကြ၏။
6فاتى يعقوب الى لوز التي في ارض كنعان وهي بيت ايل. هو وجميع القوم الذين معه.
6ယာကုပ်သည် မိမိ၌ပါသော သူအပေါင်းနှင့် တကွ၊ ခါနာန်ပြည် လုဇမြို့တည်းဟူသော၊ ဗေသလ အရပ်သို့ ရောက်ကြသော်၊
7وبنى هناك مذبحا ودعا المكان ايل بيت ايل. لانه هناك ظهر له الله حين هرب من وجه اخيه.
7ယဇ်ပလ္လင်ကိုတည်၍၊ ထိုအရပ်ကို ဗေသလ အမည်ဖြင့် တဖန် သမုတ်ပြန်လေ၏။ အကြောင်းမူကား၊ အစ်ကိုထံမှ ပြေးသောအခါ၊ ထိုအရပ်၌ ဘုရားသခင် ထင်ရှားတော်မူသတည်း။
8وماتت دبورة مرضعة رفقة ودفنت تحت بيت ايل تحت البلوطة. فدعا اسمها ألون باكوت
8ရေဗက္က၏အထိန်း ဒေဗောရသေ၍၊ ဗေသလ အရပ်၌ သပိတ်ပင်အောက်တွင် သင်္ဂြိုဟ်ခြင်းကို ခံရလေ ၏။ ထိုအပင်ကို အာလုမ္ဘာကုတ်ဟူ၍ တွင်သတည်း။
9وظهر الله ليعقوب ايضا حين جاء من فدّان ارام وباركه.
9ယာကုပ်သည် ပါဒနာရံအရပ်မှ ပြန်လာသော နောက်၊ တဖန်ဘုရားသခင်ထင်ရှား၍ ကောင်းကြီးပေး တော်မူပြီးလျှင်၊
10وقال له الله اسمك يعقوب. لا يدعى اسمك فيما بعد يعقوب بل يكون اسمك اسرائيل. فدعا اسمه اسرائيل.
10သင်သည် ယခုယာကုပ်အမည်ရှိ၏။ နောင်၌ သင်၏အမည်ကို ယာကုပ်ဟူ၍မခေါ်ရ။ ဣသရေလဟူ ၍ ခေါ်ရမည်ဟု မိန့်တော်မူလျက် ဣသရေလအမည်ဖြင့် သမုတ်တော်မူ၏။
11وقال له الله انا الله القدير. أثمر واكثر. امة وجماعة امم تكون منك. وملوك سيخرجون من صلبك.
11တဖန် ဘုရားသခင်က၊ငါသည် အနန္တတန်ခိုး ရှင် ဘုရားသခင် ဖြစ်၏။ တိုးပွါးများပြားလော့။ လူတမျိုး မက၊ အမျိုးမျိုးတို့သည် သင်၌ဖြစ်ကြလိမ့်မည်။ ရှင်ဘုရင်တို့သည် သင်၏ အမျိုးအနွယ်၌ ဖြစ်ကြလိမ့်မည်။
12والارض التي اعطيت ابراهيم واسحق لك اعطيها. ولنسلك من بعدك اعطي الارض.
12အာဗြဟံနှင့် ဣဇာက်အား ငါပေးသောမြေကို သင်နှင့်သင်၏ အမျိုးအနွယ်အား ငါပေးမည်ဟု မိန့်တော် မူ၏။
13ثم صعد الله عنه في المكان الذي فيه تكلم معه.
13ထိုသို့ ယာကုပ်နှင့်နှုတ်ဆက်၍ မိန့်မြွက်တော်မူ ရာအရပ်မှ၊ ဘုရားသခင် တက်ကြွတော်မူ၏။
14فنصب يعقوب عمودا في المكان الذي فيه تكلم معه عمودا من حجر. وسكب عليه سكيبا وصب عليه زيتا.
14ဘုရားသခင်နှုတ်ဆက်၍ မိန့်မြွက်တော်မူရာ အရပ်၌၊ ယာကုပ်သည် ကျောက်တိုင်ကို စိုက်၍၊ ကျောက် ဖျာပေါ်၌ သွန်းလောင်းရာ ပူဇော်သက္ကာကို၎င်း၊ ဆီကို ၎င်း လောင်းလေ၏။
15ودعا يعقوب اسم المكان الذي فيه تكلم الله معه بيت ايل
15ဗျာဒိတ်တော်ကို ခံရသောထိုအရပ်ကိုလည်း၊ ဗေသလဟူ၍ တဖန်သမုတ်ပြန်လေ၏။
16ثم رحلوا من بيت ايل. ولما كان مسافة من الارض بعد حتى يأتوا الى افراتة ولدت راحيل وتعسّرت ولادتها.
16ထိုနောက်တဖန် ဗေသလအရပ်မှ ခရီးသွား ပြန်၍၊ ဧဖရတ်မြို့နှင့် နီးသောအခါ၊ ရာခေလသည် သား ဘွားအံ့သောအချိန် ရောက်၍၊ ပြင်းစွာသော ဝေဒနာကို ခံရ၏။
17وحدث حين تعسّرت ولادتها ان القابلة قالت لها لا تخافي لان هذا ايضا ابن لك.
17ထိုသို့ပြင်းစွာ ခံနေရစဉ်တွင်၊ ဝမ်းဆွဲက၊ မစိုးရိမ် နှင့်၊ သားယောက်ျားကို ရပြီဟုဆိုလေ၏။
18وكان عند خروج نفسها لانها ماتت انها دعت اسمه بن أوني. واما ابوه فدعاه بنيامين.
18ရာခေလသည် သေအံ့ဆဲဆဲရှိ၍၊ နံဝိညာဉ် ထွက်စဉ်အခါ၊ ထိုသားကို ဗေနောနိအမည်ဖြင့် မှည့်လေ ၏။ အဘမူကား ဗင်္ယာမိန်အမည်ဖြင့် မှည့်သတည်း။
19فماتت راحيل ودفنت في طريق افراتة التي هي بيت لحم.
19ရာခေလသေ၍၊ ဗက်လင်အမည်ရှိသော ဧဖရတ်မြို့သို့ သွားသော လမ်းခရီးတွင်၊ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။
20فنصب يعقوب عمودا على قبرها. وهو عمود قبر راحيل الى اليوم
20ယာကုပ်လည်း သင်္ချိုင်းအပေါ်မှာ မှတ်တိုင်ကို စိုက်လေ၏။ ထိုမှတ်တိုင်ကား၊ ယနေ့တိုင်အောင် ရာခေလ၏ သင်္ချိုင်းမှတ်တိုင် ဖြစ်သတည်။
21ثم رحل اسرائيل ونصب خيمته وراء مجدل عدر.
21ဣသရေလသည် တဖန်ခရီးသွားပြန်၍၊ ဧဒါလင့်စင်ကိုလွန်ပြီးမှ တဲကိုဆောက်လေ၏။
22وحدث اذ كان اسرائيل ساكنا في تلك الارض ان رأوبين ذهب واضطجع مع بلهة سرّية ابيه. وسمع اسرائيل وكان بنو يعقوب اثني عشر.
22ထိုအရပ်၌နေသောအခါ၊ ရုဗင်သည်သွား၍ အဘ၏မယားငယ်၊ ဗိလဟာနှင့် အိပ်လေ၏။ ထိုသတင်း ကို ဣသရေလကြား၏။
23بنو ليئة رأوبين بكر يعقوب وشمعون ولاوي ويهوذا ويسّاكر وزبولون.
23ယာကုပ်သား တကျိပ်နှစ်ပါးရှိ၏။ လေအာတွင် မြင်သော သားကား၊ ယာကုပ်၏သားဦး ရုဗင်၊ အစရှိသော ရှိမောင်၊ လေဝိ၊ယုဒ၊ ဣသခါ၊ ဇာဗုလုန်တည်း။
24وابنا راحيل يوسف وبنيامين.
24ရာခေလသားကား၊ ယောသပ်နှင့် ဗင်္ယာမိန် တည်း။
25وابنا بلهة جارية راحيل دان ونفتالي.
25ရာခေလ၏ ကျွန်မ ဗိလဟာ သားကား၊ ဒန်နှင့် နဿလိတည်း။
26وابنا زلفة جارية ليئة جاد واشير. هؤلاء بنو يعقوب الذين ولدوا له في فدّان ارام
26လေအာ၏ ကျွန်မ ဇိလပ သားကား၊ ဂဒ်နှင့် အာရှာတည်း။ ဤသူတို့ကား၊ ပါဒနာရံပြည်၌ ဘွားမြင် သော ယာကုပ်၏သားများတည်း။
27وجاء يعقوب الى اسحق ابيه الى ممرا قرية اربع التي هي حبرون. حيث تغرب ابراهيم واسحق.
27ထိုနောက် ယာကုပ်သည် အာဗြဟံနှင့်ဣဇာက် တည်းခိုရာ၊ မံရေအရပ်၊ ဟေဗြုန်မြို့တည်းဟူသော ကိရယသာဘမြို့၌နေသော၊ အဘဣဇာက်ထံသို့ ရောက် လေ၏။
28وكانت ايام اسحق مئة وثمانين سنة.
28ဣဇာက် အသက်သည် အနှစ်တရာရှစ်ဆယ်နှင့် ပြည့်စုံသည်ရှိသော်၊
29فاسلم اسحق روحه ومات وانضمّ الى قومه شيخا وشبعان اياما. ودفنه عيسو ويعقوب ابناه
29အသက်ကြီးရင့်ရာ၊ ကာလပြည့်စုံရာ၌ အသက် ချုပ်၍ အနိစ္စဖြစ်သဖြင့်၊ မိမိလူမျိုး စည်းဝေးရာသို့ ရောက် လေ၏။ သားဧသောနှင့် ယာကုပ်တို့သည် သင်္ဂြိုဟ်ကြ၏။