الكتاب المقدس (Van Dyke)

Myanmar

Isaiah

33

1ويل لك ايها المخرب وانت لم تخرب وايها الناهب ولم ينهبوك. حين تنتهي من التخريب تخرب وحين تفرغ من النهب ينهبونك.
1သူတပါး လုယူခြင်းကို မခံဘဲလျက်၊ လုယူတတ် သောသူ၊ သူတပါးဖျက်ဆီးခြင်းကို မခံဘဲလျက်၊ ဖျက်ဆီး တတ်သောသူ၊ သင်သည်အမင်္ဂလာရှိ၏။ သင်သည် မလု မယူဘဲ နေသောအခါ လုယူခြင်းကို ခံရမည်။ ဖျက်ဆီး၍ မောသောအခါ ပျက်စီးခြင်းသို့ရောက်လိမ့်မည်။
2يا رب تراءف علينا. اياك انتظرنا. كن عضدهم في الغدوات. خلاصا ايضا في وقت الشدة.
2အိုထာဝရဘုရား၊ အကျွန်ုပ်တို့ကို သနားတော် မူပါ။ အကျွန်ုပ်တို့သည် ကိုယ်တော်ကို မြော်လင့်ကြပါ၏။ နံနက်တိုင်း အကျွန်ုပ်တို့၌ ခွန်အားကို ပေးတော်မူပါ။ အမှုရောက်သောအခါ၊ အကျွန်ုပ်တို့ကို ကယ်တင်တော် မူပါ။
3من صوت الضجيج هربت الشعوب. من ارتفاعك تبددت الامم.
3အလုံးအရင်း၏ အသံကြောင့်၊ လူစုတို့သည် ပြေးကြ၏။ ထတော်မူသောအခါ၊ လူမျိုးတို့သည် အရပ် ရပ်ကွဲပြားကြ၏။
4ويجنى سلبكم جنى الجراد. كتراكض الجندب يتراكض عليه.
4သူတပါးတို့သည် သင်တို့၏ ဥစ္စာကို ကျိုင်း ကောင် သိမ်းယူသကဲ့သို့ သိမ်းယူကြလိမ့်မည်။ ကျိုင်း ကောင်တို့သည် လူးလာပြေးသကဲ့သို့၊ သင်တို့၏ ဥစ္စာပေါ် မှာ လူးလာပြေးကြလိမ့်မည်။
5تعالى الرب لانه ساكن في العلاء. ملأ صهيون حقا وعدلا.
5ထာဝရဘုရားသည် ချီးမြှောက်ခြင်းရှိတော်မူ၏။ မြင့်သောအရပ်၌ နေတော်မူ၏။ ဇိအုန်မြို့ကို တရားသ ဖြင့် ဆုံးဖြတ်ခြင်း၊ ဖြောင့်မတ်စွာ စီရင်ခြင်းနှင့် ပြည့်စေ တော်မူ၏။
6فيكون امان اوقاتك وفرة خلاص وحكمة ومعرفة. مخافة الرب هي كنزه
6ဥာဏ်နှင့် ပညာသည် သင်၏လက်ထက်၌ တည်ကြည်ခြင်း၊ မြဲမြံစွာ ကယ်တင်ခြင်းကို ဖြစ်စေလိမ့် မည်။ ထာဝရဘုရားကို ကြောက်ရွှံ့ခြင်း သဘောသည် လည်း သင်၏ဘဏ္ဍာ ဖြစ်လိမ့်မည်။
7هوذا ابطالهم قد صرخوا خارجا. رسل السلام يبكون بمرارة.
7သူရဲတို့သည် ပြင်၌ အော်ဟစ်ကြ၏။ မိဿဟာ ယ စကားကို ပြောသော တမန်တော်တို့သည် ပြင်းစွာ ငိုကြွေးကြ၏။
8خلت السكك باد عابر السبيل. نكث العهد رذل المدن لم يعتدّ بانسان
8လမ်းမတို့သည် ဆိတ်ညံကြ၏။ လမ်းခရီး၌ သွား လာသော သူမရှိ။ ထိုမင်းသည် သစ္စာပျက်လေပြီ။ မြို့များကို လည်း ပယ်လေပြီ။ အဘယ်သူ၏ မျက်နှာကို မမှတ် တတ်။
9ناحت ذبلت الارض. خجل لبنان وتلف. صار شارون كالبادية. نثر باشان وكرمل
9ပြည်တော်သည် ငြိုငြင်၍ အားလျော့၏။ လေဗ နုန်တောသည် ရှက်ကြောက်၍ နွမ်းရိ၏။ ရှာရုန်အရပ် သည် တောကဲ့သို့ ဖြစ်၏။ ဗာရှန်တောင်နှင့် ကရမေလ တောင်သည် လှုပ်ရှား၏။
10الآن اقوم يقول الرب. الآن اصعد الآن ارتفع.
10ထာဝရဘုရား မိန့်တော်မူသည်ကား၊ ယခုငါထ မည်။ ယခု ချီးမြှောက်ခြင်းသို့ ရောက်မည်။ ကိုယ်ကို ကိုယ်ချီးမြှောက်မည်။
11تحبلون بحشيش تلدون قشيشا نفسكم نار تاكلكم.
11သင်တို့သည်ဖွဲကို ကိုယ်ဝန်ဆောင်၊ အမှိုက်ကို ဘွားမြင်ရလိမ့်မည်။ သင်ကို စိတ်သဘောသည် မီးဖြစ်၍၊ သင်တို့ကို ဖျက်ဆီးလိမ့်မည်။
12وتصير الشعوب وقود كلس اشواكا مقطوعة تحرق بالنار
12လူများတို့သည် ထုံးကျောက်ကို ဖုတ်သကဲ့သို့၎င်း၊ ဆူးပင်များကို ခုတ်၍ မီးရှို့သကဲ့သို့၎င်း ဖြစ်ကြလိမ့်မည်။
13اسمعوا ايها البعيدون ما صنعت واعرفوا ايها القريبون بطشي.
13ဝေးသောသူတို့၊ ငါပြုသောအမှုကို မှတ်ကြ လော့။ နီးသောသူတို့၊ ငါ့တန်ခိုးကို ဝန်ခံကြလော့။
14ارتعب في صهيون الخطاة. اخذت الرعدة المنافقين. من منا يسكن في نار آكلة. من منا يسكن في وقائد ابدية.
14အပြစ်ရှိသော ဇိအုန်မြို့သားတို့သည် ကြောက် ကြ၏။ အဓမ္မပြုသောသူတို့သည် ထိတ်လန့်ကြ၏။ ငါတို့ တွင် အဘယ်သူသည် လောင်သောမီးထဲမှာ နေရမည် နည်း။ ငါတို့တွင် အဘယ်သူသည် ထာဝရ မီးလောင်ခြင်း ကို ခံလျက်နေရမည်နည်း။
15السالك بالحق والمتكلم بالاستقامة الراذل مكسب المظالم النافض يديه من قبض الرشوة الذي يسد اذنيه عن سمع الدماء ويغمض عينيه عن النظر الى الشر
15တရားသဖြင့်ကျင့်၍ ဖြောင့်မတ်စွာ ပြောထ သော၊ ညှဉ်းဆဲခြင်းအားဖြင့် ရသော ငွေကို ရွံ၍၊ တံစိုးကို လည်း ငြင်းပယ်ထသော၊ လူအသက်သတ်ခြင်း အမှုကို နားမခံ၊ အဓမ္မ အမှုများကို မကြည့်မရှုသောသူသည် မြင့် သောအရပ်၌ နေလိမ့်မည်။
16هو في الاعالي يسكن. حصون الصخور ملجأه. يعطى خبزه ومياهه مأمونة
16ခိုင်ခံ့သော ကျောက်မြို့၌ ခိုလှုံလိမ့်မည်။ ထိုသူ အား အစာကို အစဉ်ပေးရလိမ့်မည်။ သောက်ရေလည်း မပြတ်ရ။
17الملك ببهائه تنظر عيناك. تريان ارضا بعيدة.
17သင်သည် ရှင်ဘုရင်၏ တင့်တယ်ခြင်း အသရေ တော်ကို ကိုယ်မျက်စိနှင့် မြင်ရ၍၊ ဝေးလှသောပြည်ကို လည်း ကြည့်မြင်ရလိမ့်မည်။
18قلبك يتذكر الرعب. اين الكاتب اين الجابي اين الذي عدّ الابراج
18သင်သည် ကြောက်လန့်ဘွယ်သော အခြင်းအ ရာကို အောက်မေ့သောအခါ၊ စာရင်းယူသောသူသည် အဘယ်မှာ ရှိသနည်း။ အခွန်ခံသောသူသည် အဘယ်မှာ ရှိသနည်း။ ပြအိုးတို့ကို ရေတွက်သောသူသည် အဘယ်မှာ ရှိသနည်း။
19الشعب الشرس لا ترى. الشعب الغامض اللغة عن الادراك العييّ بلسان لا يفهم.
19ကြမ်းတမ်းသောလူမျိုး၊ နားမဝင်နိုင်အောင် နက်နဲသောစကား၊ နားမလည်နိုင်အောင် ခက်ခဲသောစ ကားကို ပြောသော လူမျိုးကို သင်သည်မတွေ့မမြင်ရ။
20انظر صهيون مدينة اعيادنا. عيناك تريان اورشليم مسكنا مطمئنا خيمة لا تنتقل لا تقلع اوتادها الى الابد وشيء من اطنابها لا ينقطع.
20ငါတို့ပွဲခံရာမြို့၊ ဇိအုန်မြို့ကို ကြည့်ရှုလော့။ တိုင် တခုမျှမရွှေ့၊ ကြိုးတခုမျှမပြတ်၊ အလျှင်း မပျက်ရသော တဲတည်းဟူသော၊ ငြိမ်ဝပ်သောနေရာ ယေရုရှလင်မြို့ကို ကိုယ်မျက်စိနှင့် မြင်ရလိမ့်မည်။
21بل هناك الرب العزيز لنا مكان انهار وترع واسعة الشواطئ. لا يسير فيها قارب بمقذاف وسفينة عظيمة لا تجتاز فيها.
21ထိုမြို့တွင် ဘုန်းကြီးသော ထာဝရဘုရားသည် ငါတို့၌ ကျယ်သောမြစ်များ ဆုံးရာအရပ် ဖြစ်တော်မူလိမ့် မည်။ ထိုအရပ်၌ တက်သောရဲလှေ၊ အားကြီးသော သင်္ဘောတစင်းမျှ မရှောက်မသွားရ။
22فان الرب قاضينا. الرب شارعنا. الرب ملكنا هو يخلّصنا.
22အကြောင်းမူကား၊ ထာဝရဘုရားသည် ငါတို့၏ တရားသူကြီး ဖြစ်တော်မူ၏။ ထာဝရဘုရားသည် ငါတို့၏ ပညတ်တရားရှင် ဖြစ်တော်မူ၏။ ထာဝရဘုရားသည် ငါတို့၏ ရှင်ဘုရင်ဖြစ်၍၊ ငါတို့ကို ကယ်တင်တော်မူလိမ့် မည်။
23ارتخت حبالك. لا يشددون قاعدة ساريتهم لا ينشرون قلعا. حينئذ قسم سلب غنيمة كثيرة. العرج نهبوا نهبا.
23သင်၏ သင်္ဘောရွက်ကြိုးများ ပြုတ်လျက်ရှိ၏။ ရွက်တိုင်ကို ခိုင်ခံ့စွာမချည်၊ ရွက်ကိုလည်း မဖြန့်နိုင်။ သို့ဖြစ်၍၊ များစွာသောဥစ္စာကို လုယူဝေငှရ၏။ ခြေဆွံ့ သောသူပင် လုယူရာ ဥစ္စာကို လုယူရ၏။
24ولا يقول ساكن انا مرضت. الشعب الساكن فيها مغفور الاثم
24မြို့သားကလည်း၊ ငါနာသည်ဟုမဆိုရ။ ထိုမြို့၌ နေသောသူတို့သည် အပြစ်ပြေရှင်းခြင်းသို့ ရောက်ရကြ လိမ့်မည်။