1ايها العطاش جميعا هلموا الى المياه والذي ليس له فضة تعالوا اشتروا وكلوا هلموا اشتروا بلا فضة وبلا ثمن خمرا ولبنا.
1အိုရေငတ်သောသူအပေါင်းတို့၊ ရေရှိရာသို့ လာ ကြလော့။ ငွေမရှိသောသူတို့၊ လာကြ။ ဝယ်၍ စားသောက် ကြလော့။ ငွေမပါဘဲ၊ အဘိုးကိုမပေးဘဲလာ၍ စပျစ်ရည် နှင့် နို့ကို ဝယ်ကြလော့။
2لماذا تزنون فضة لغير خبز وتعبكم لغير شبع. استمعوا لي استماعا وكلوا الطيب ولتتلذذ بالدسم انفسكم.
2အစာမဟုတ်သောအရာအဘို့ သင်တို့ငွေကို၎င်း၊ အမွတ်မပြေနိုင်သောအရာအဘို့ သင်တို့ဥစ္စာကို၎င်း၊ အဘယ်ကြောင့် ကုန်စေကြသနည်း။ ငါ့စကားကို စေ့စေ့ နားထောင်လျက်၊ ကောင်းသောအစာကို စားကြလော့။ သင်တို့၏ဝိညာဉ်သည် ချိုသောအရာတို့၌ မိမိကိုမိမိ မွေ့လျော်စေလိမ့်မည်။
3اميلوا آذانكم وهلموا اليّ. اسمعوا فتحيا انفسكم واقطع لكم عهدا ابديا مراحم داود الصادقة.
3နူးညွတ်သော နားနှင့် ငါ့ထံသို့ လာကြလော့။ နားထောင်ကြလော့။ သို့ပြုလျှင် သင်တို့၏ ဝိညာဉ်သည် အသက်ရှင်ရလိမ့်မည်။ ငါသည်လည်း၊ သင်တို့နှင့် ထာဝရ ပဋိညာဉ်ပြု၍၊ ဒါဝိဒ်၌ မြဲမြံသော ကျေးဇူးတော်ကို သင်တို့ အား ပေးမည်။
4هوذا قد جعلته شارعا للشعوب رئيسا وموصيا للشعوب.
4ကြည့်ရှုလော့။ ထိုသူကို ဥပဇ္ဈာယ်ဆရာဖြစ်စေ ခြင်းငှါ၎င်း၊ စီရင်အုပ်စိုးသော အရှင်ဖြစ်စေခြင်းငှါ၎င်း၊ လူမျိုးတို့အား ငါပေးပြီ။
5ها امة لا تعرفها تدعوها وامة لم تعرفك تركض اليك من اجل الرب الهك وقدوس اسرائيل لانه قد مجدك
5ကြည့်ရှုလော့။ သင်သည် မသိဘူးသော လူမျိုးကို ခေါ်လိမ့်မည်။ သင့်ကို မသိဘူးသော လူမျိုးတို့သည်လည်း၊ သင်၏ဘုရားသခင် ထာဝရဘုရား၊ ဣသရေလအမျိုး၏ သန့်ရှင်းသော ဘုရားကြောင့်၊ သင့်ထံသို့ ပြေးလာကြလိမ့် မည်။ ထိုဘုရားသည် သင်၏ဘုန်းကို ပွင့်စေတော်မူ၏။
6اطلبوا الرب ما دام يوجد ادعوه وهو قريب.
6တွေ့နိုင်သည် ကာလတွင် ထာဝရဘုရားကို ရှာကြလော့။ နီးတော်မူသည်ကာလတွင် ဆုတောင်း ပဌနာပြုကြလော့။
7ليترك الشرير طريقه ورجل الاثم افكاره وليتب الى الرب فيرحمه والى الهنا لانه يكثر الغفران.
7ဆိုးသော သူသည် မိမိလမ်းကို၎င်း၊ မတရား သောသူသည် မိမိအကြံတို့ကို၎င်း စွန့်ပစ်၍၊ ထာဝရ ဘုရားထံတော်သို့ ပြောင်းလဲပါစေ။ သို့ပြုလျှင် သနား တော်မူလိမ့်မည်။ ငါတို့ ဘုရားသခင့်ထံတော်သို့ ပြောင်းလဲ ပါစေ။ သို့ပြုလျှင် အထူးသဖြင့် အပြစ်ကို လွှတ်တော်မူ လိမ့်မည်။
8لان افكاري ليست افكاركم ولا طرقكم طرقي يقول الرب.
8ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါ၏ အကြံ အစည်သည် သင်တို့၏ အကြံအစည်နှင့်မတူ။ ငါ၏ အကျင့်သည်လည်း သင်တို့၏ အကျင့်နှင့်မတူ။
9لانه كما علت السموات عن الارض هكذا علت طرقي عن طرقكم وافكاري عن افكاركم.
9မိုဃ်းကောင်းကင်သည် မြေကြီးထက်သာ၍ မြင့် သကဲ့သို့၊ ငါ၏အကျင့်သည် သင်တို့၏အကျင့်ထက်၎င်း၊ ငါ၏အကြံအစည်သည် သင်တို့၏ အကြံအစည်ထက်၎င်း သာ၍ မြင့်၏။
10لانه كما ينزل المطر والثلج من السماء ولا يرجعان الى هناك بل يرويان الارض ويجعلانها تلد وتنبت وتعطي زرعا للزارع وخبزا للآكل
10မိုဃ်းရေနှင့် မိုဃ်းပွင့်တို့သည် မိုဃ်းကောင်းကင် မှ ဆင်းသက်၍ နောက်တဖန်မပြန်၊ မြေသည် မျိုးစေ့ကြဲ သောသူအား မျိုးစေ့ကို၎င်း၊ အစာစားသောသူအား အစာကို၎င်းပေးမည်အကြောင်း၊ မြေကို စိုစေသဖြင့်၊ အပင်ပေါက်စေ၍၊ အသီးကို သီးစေသကဲ့သို့၊
11هكذا تكون كلمتي التي تخرج من فمي. لا ترجع اليّ فارغة بل تعمل ما سررت به وتنجح فيما ارسلتها له.
11ထိုအတူ ငါ၏နှုတ်ကပတ်စကားသည် ဖြစ်လိမ့် မည်။ အကျိုးမရှိဘဲ ငါ့ထံသို့ မပြန်ရ။ ငါ့အလိုကို ပြည့်စုံ စေမည်။ ငါစေခိုင်းသော အမှု၌ အောင်လိမ့်မည်။
12لانكم بفرح تخرجون وبسلام تحضرون. الجبال والآكام تشيد امامكم ترنما وكل شجر الحقل تصفق بالايادي.
12သင်တို့သည် ဝမ်းမြောက်သော စိတ်နှင့်ထွက်၍၊ ချမ်းသာစွာ ပို့ခြင်းကို ခံရကြလိမ့်မည်။ တောင်ကြီး တောင်ငယ်တို့သည် သင်တို့ရှေ့မှာ သီချင်းဆိုသံနှင့် ကြွေး ကြော်၍၊ တော၌ရှိသမျှသော အပင်တို့သည် လက်ခုပ်တီး ကြလိမ့်မည်။
13عوضا عن الشوك ينبت سرو وعوضا عن القريص يطلع آس. ويكون للرب اسما علامة ابدية لا تنقطع
13အမျိုးမျိုးသော ဆူးပင်အရာ၌ ထင်းရူးပင်နှင့် မုရတုပင်တို့သည် ပေါက်ကြလိမ့်မည်။ ထိုအမှုသည် ထာဝရဘုရားရှေ့တော်၌ အောက်မေ့ဘို့ရာ၊ မပျောက် မပျက်ရသော ထာဝရသက်သေဖြစ်ရလိမ့်မည်။