الكتاب المقدس (Van Dyke)

Myanmar

Jeremiah

18

1الكلام الذي صار الى ارميا من قبل الرب قائلا
1ယေရမိသို့ရောက်လာသော ထာဝရဘုရား၏ နှုတ်ကပတ်တော်ဟူမူကား၊
2قم انزل الى بيت الفخاري وهناك اسمعك كلامي.
2သင်သည် ထ၍ အိုးထိန်းသမားအိမ်သို့ သွား လော့။ ထိုအရပ်၌ ငါ့စကားကို ငါကြားစေမည်ဟု မိန့်တော်မူသည်အတိုင်း၊
3فنزلت الى بيت الفخاري واذا هو يصنع عملا على الدولاب.
3ငါသည်သွား၍၊ အိုးထိန်းစက်နှင့် လုပ်လျက်ရှိ သော အိုးထိန်းသမားကိုတွေ့၏။
4ففسد الوعاء الذي كان يصنعه من الطين بيد الفخاري فعاد وعمله وعاء آخر كما حسن في عيني الفخاري ان يصنعه.
4အိုးမြေဖြင့် လုပ်သောအိုးသည်၊ အိုးထိန်းသမား လက်၌ ပျက်စီးသောကြောင့်၊ သူသည် အလိုအလျောက် အသစ်ပြုပြင်၍၊ အခြားသောအိုးကို လုပ်ပြန်လေ၏။
5فصار اليّ كلام الرب قائلا
5ထိုအခါ ထာဝရဘုရား၏ နှုတ်ကပတ်တော် သည် ငါ့ဆီသို့ ရောက်လာ၍၊ ထာဝရဘုရားမိန့်တော်မူ သည်ကား၊
6أما استطيع ان اصنع بكم كهذا الفخاري يا بيت اسرائيل يقول الرب. هوذا كالطين بيد الفخاري انتم هكذا بيدي يا بيت اسرائيل.
6အို ဣသရေလအမျိုး၊ အိုးထိန်းသမားပြုသကဲ့သို့ သင်တို့ကို ငါမပြုနိုင်သလော။ အို ဣသရေလ အမျိုး၊ အိုးမြေသည် အိုးထိန်းသမားလက်၌ ရှိသကဲ့သို့ သင်တို့ သည် ငါ့လက်၌ရှိကြ၏။
7تارة اتكلم على امة وعلى مملكة بالقلع والهدم والاهلاك
7အကြင် တိုင်းနိုင်ငံကို နှုတ်ပယ်ဖြိုချဖျက်ဆီးခြင်း ငှါ ငါအမိန့်တော်ရှိ၏။
8فترجع تلك الامة التي تكلمت عليها عن شرها فاندم عن الشر الذي قصدت ان اصنعه بها.
8ငါ့အမိန့်တော်နှင့် ဆိုင်သော ထိုတိုင်းနိုင်ငံသည် မိမိဒုစရိုက်ကို စွန့်ပစ်လျှင်၊ ငါကြံစည်သော ဘေးဒဏ်ကို ငါနောင်တရမည်။
9وتارة اتكلم على امة وعلى مملكة بالبناء والغرس
9အကြင်တိုင်းနိုင်ငံကို တည်ထောင်ပြုစုခြင်းငှါ ငါအမိန့်တော်ရှိ၏။
10فتفعل الشر في عينيّ فلا تسمع لصوتي فاندم عن الخير الذي قلت اني احسن اليها به
10ထိုတိုင်းနိုင်ငံသည် ငါ့စကားကို နားမထောင်၊ ငါ့မျက်မှောက်၌ ဒုစရိုက်ကိုပြုလျှင်၊ သူ၏အကျိုးအလိုငှါ ပြုစုမည်ဟူသောစကား၌ပါသော ကျေးဇူးကို ငါနောင်တ ရမည်။
11فالآن كلم رجال يهوذا وسكان اورشليم قائلا. هكذا قال الرب. هانذا مصدر عليكم شرا وقاصد عليكم قصدا. فارجعوا كل واحد عن طريقه الرديء واصلحوا طرقكم واعمالكم.
11ယခုမှာ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့အဘို့ ဘေးဒဏ်ကို ငါပြင်ဆင်၏။ သင်တို့ကို ဆန့်ကျင်ဘက်ပြု၍ ငါကြံစည်၏။ သို့ဖြစ်၍၊ ဆိုးသော လမ်းမှ အသီးအသီး ပြန်လာကြလော့။ သင်တို့လိုက်သော လမ်းနှင့် သင်တို့ကျင့်သော အကျင့်ကို ဖြောင့်စေကြလော့ ဟု၊ ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့အား ဆင့်ဆို လော့။
12فقالوا باطل. لاننا نسعى وراء افكارنا وكل واحد يعمل حسب عناد قلبه الرديء.
12သူတို့ကလည်း၊ မြော်လင့်စရာမရှိ။ ငါတို့သည် ကိုယ်အလိုသို့ လိုက်မည်။ ငါတို့၌ ဆိုးသော စိတ်နှလုံး ခိုင်မာခြင်းရှိသည်အတိုင်း၊ အသီးအသီးပြုမည်ဟု ဆိုကြ ၏။
13لذلك هكذا قال الرب. اسألوا بين الامم من سمع كهذه. ما يقشعر منه جدا عملت عذراء اسرائيل.
13သို့ဖြစ်၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုသို့သော အမှုကို အဘယ်သူကြားဘူးသနည်းဟု သာသနာပလူတို့တွင် မေးကြလော့။ ဣသရေလ သတို့သမီးကညာသည် အလွန်စက်ဆုပ်ရွံရှာဘွယ်သော အမှုကို ပြုလေပြီ။
14هل يخلو صخر حقلي من ثلج لبنان. او هل تنشف المياه المنفجرة الباردة الجارية.
14လွင်ပြင်၌ရှိသော ကျောက်ကို မစွန့်၊ လေဗနုန် တောင်၏ မိုဃ်းပွင့်ကို အဘယ်သူ စွန့်မည်နည်း။ အခြား တပါးသော အရပ်မှစီးလာ၍ ချမ်းဧသော မြစ်ရေသည် ခန်းခြောက်လိမ့်မည်လော။
15لان شعبي قد نسيني. بخروا للباطل وقد اعثروهم في طرقهم في السبل القديمة ليسلكوا في شعب في طريق غير مسهل
15ငါ၏လူတို့သည် ငါ့ကိုမေ့လျော့၍၊ အချည်းနှီး သော အရာရှေ့မှာ နံ့သာပေါင်းကို မီးရှို့ကြပြီ။ ရှေးကာလ မှစ၍ လိုက်ဘူးသော လမ်းတို့၌လဲ တတ်သောကြောင့်၊ အခြားသောလမ်း၊ မြေမဖို့သောလမ်းသို့ လိုက်ကြပြီ တကား။
16لتجعل ارضهم خرابا وصفيرا ابديا. كل مار فيها يدهش وينغض راسه.
16ထိုသို့ပြု၍ မိမိတို့ပြည်ကို လူဆိတ်ညံရာအရပ်၊ အစဉ်ကဲ့ရဲ့သံ ကြားရာအရပ်ဖြစ်စေသဖြင့်၊ လမ်း၌ ရှောက်သွားသော သူအပေါင်းတို့သည် အံ့ဩ၍၊ မိမိတို့ ခေါင်းကို ညှိတ်ကြလိမ့်မည်။
17كريح شرقية ابددهم امام العدو. اريهم القفا لا الوجه في يوم مصيبتهم
17ငါသည်အရှေ့လေကဲ့သို့ သူတို့ကို ရန်သူရှေ့မှာ လွင့်စေမည်။ ဘေးရောက်သောကာလ၌ သူတို့အား မျက်နှာကို မပြ၊ ကျောကိုပြမည်။
18فقالوا هلم فنفكر على ارميا افكارا لان الشريعة لا تبيد عن الكاهن ولا المشورة عن الحكيم ولا الكلمة عن النبي. هلم فنضربه باللسان ولكل كلامه لا نصغ.
18သူတို့ကလည်း လာကြ။ ယေရမိတဘက်၌ ကြံစည်ကြကုန်အံ့။ ယဇ်ပုရောဟိတ်သည် တရားအမှု၌၎င်း၊ ပညာရှိသော သူသည် အကြံပေးခြင်းအမှု၌၎င်း၊ ပရောဖက်သည် ဟောပြောခြင်းအမှု၌၎င်း အရှုံးမခံရ။ လာကြ။ ယေရမိကိုလျှာနှင့်ရိုက်ကြကုန်အံ့။ သူ၏စကားကို နားမထောင် ဘဲနေကြကုန်အံ့ဟု ဆိုကြ၏။
19اصغ لي يا رب واسمع صوت اخصامي.
19အို ထာဝရဘုရား၊ အကျွန်ုပ်ကို ကြည့်ရှုတော် မူပါ။ အကျွန်ုပ်နှင့် ရန်တွေ့သော သူတို့၏ စကားကို မှတ်တော်မူပါ။
20هل يجازى عن خير بشر. لانهم حفروا حفرة لنفسي. اذكر وقوفي امامك لأتكلم عنهم بالخير لاردّ غضبك عنهم.
20ကျေးဇူးပြုသော အတွက်အပြစ်ပေးသင့်ပါမည် လော။ သူတို့သည် အကျွန်ုပ်အသက်ဘို့ တွင်းကိုတူးကြ ပါပြီ။ အကျွန်ုပ်သည် သူတို့ အကျိုးအလိုငှါ လျှောက်၍၊ သူတို့မှ အမျက်တော်ကို လွှဲခြင်းငှါ၊ ရှေ့တော်၌ ရပ်နေ ကြောင်းကို အောက်မေ့တော်မူပါ။
21لذلك سلّم بنيهم للجوع وادفعهم ليد السيف فتصير نساؤهم ثكالى وارامل وتصير رجالهم قتلى الموت وشبانهم مضروبي السيف في الحرب.
21ထိုကြောင့်၊ သူတို့ကို ထားဘေးသို့၎င်း၊ သူတို့သားသမီး များကို မွတ်သိပ်ခြင်းသို့၎င်း အပ်တော်မူပါ။ သူတို့မိန်းမ တို့သည် သားများဆုံး၍ မုတ်ဆိုးမဖြစ်ကြပါစေသော။ လူကြီးတို့သည် အသေသတ်ခြင်းကို ခံရ၍၊ လူပျိုတို့ လည်း စစ်တိုက်ပွဲ၌ထားဖြင့် ဆုံးကြပါစေသော။
22ليسمع صياح من بيوتهم اذ تجلب عليهم جيشا بغتة. لانهم حفروا حفرة ليمسكوني وطمروا فخاخا لرجليّ.
22စစ်တိုက်သော ရန်သူများကို သူတို့ရှိရာသို့ ချက်ခြင်းရောက်စေတော်မူသောအခါ၊ သူတို့အိမ်သားများ အော်ဟစ်ကြပါစေသော။ အကြောင်းမူကား၊ အကျွန်ုပ်ကို ထောင်ခြင်းငှါ တွင်းကိုတူးကြပါပြီ။ အကျွန်ုပ်သွားရာလမ်း ၌ ကျော့ကွင်းကို ဝှက်ထားကြပါပြီ။
23وانت يا رب عرفت كل مشورتهم عليّ للموت. لا تصفح عن اثمهم ولا تمح خطيتهم من امامك بل ليكونوا متعثرين امامك. في وقت غضبك عاملهم
23အို ထာဝရဘုရား၊ အကျွန်ုပ်အသက်ကို သတ်ခြင်းငှါ၊ သူတို့ ကြံစည်သမျှကို ကိုယ်တော်သိတော် မူ၏။ သူတို့ကို အပြစ်မှလွှတ်တော် မမူပါနှင့်။ မျက်မှောက် တော်၌ သူတို့အပြစ်ကို ချေတော်မမူပါနှင့်။ ရှေ့တော်၌ ဆုံးရှုံးကြပါစေသော။ အမျက်တော်ထွက်သောအခါ၊ သူတို့ကို စီရင်တော်မူပါ။