1في ابتداء ملك يهوياقيم بن يوشيا ملك يهوذا صار هذا الكلام الى ارميا من قبل الرب قائلا.
1ယုဒရှင်ဘုရင် ယောရှိသား ဇေဒကိမင်းနန်းထိုင် စက၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက်လာ၍၊
2هكذا قال الرب لي. اصنع لنفسك ربطا وانيارا واجعلها على عنقك.
2ထာဝရဘုရားသည် ငါ့အားမိန့်တော်မူသည် ကား၊ ကြိုးနှင့်ထမ်း ဘိုးများကိုလုပ်၍၊ သင်၏လည်ပင်း၌ တပ်လော့။
3وارسلها الى ملك ادوم والى ملك موآب والى ملك بني عمون والى ملك صور والى ملك صيدون بيد الرسل القادمين الى اورشليم الى صدقيا ملك يهوذا
3ယုဒရှင်ဘုရင်ဇေဒကိထံ၊ ယေရုရှလင်မြို့သို့ ရောက်လာသော သံတမန်တို့တွင်၊ ထိုကြိုးနှင့် ထမ်းဘိုး တို့ကို ဧဒုံမင်း၊ မောဘမင်း၊ အမ္မုန်မင်း၊ တုရုမင်း၊ ဇိဒုန်မင်း သို့ ပေးလိုက်လော့။
4واوصهم الى سادتهم قائلا. هكذا قال رب الجنود اله اسرائيل. هكذا تقولون لسادتكم.
4ထိုသံတမန်တို့အားလည်း၊ သင်တို့သည် သင်တို့ အရှင်များတို့အား ဆင့်ဆိုရမည်မှာ၊ ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊
5اني انا صنعت الارض والانسان والحيوان الذي على وجه الارض بقوتي العظيمة وبذراعي الممدودة واعطيتها لمن حسن في عينيّ.
5ငါသည် မဟာတန်ခိုးနှင့်လက်ရုံးကို ဆန့်လျက် မြေကြီးကို၎င်း၊ မြေကြီးပေါ်မှာရှိသော လူနှင့် တိရစ္ဆာန်တို့ကို၎င်း ဖန်ဆင်းသည်ဖြစ်၍၊ ငါသည် ပေးလိုသောသူတို့အား ပေး၏။
6والآن قد دفعت كل هذه الاراضي ليد نبوخذناصّر ملك بابل عبدي واعطيته ايضا حيوان الحقل ليخدمه.
6ယခုမှာ ဤပြည်ရှိသမျှတို့ကို ငါ့ကျွန်ဗာဗုလုန် ရှင်ဘုရင်၊ နေဗုခဒ်နေဇာလက်သို့ ငါအပ်ပေးပြီ။ သူစေစားဘို့ရာ တောတိရစ္ဆာန်များကိုလည်း ငါပေးပြီ။
7فتخدمه كل الشعوب وابنه وابن ابنه حتى يأتي وقت ارضه ايضا فتستخدمه شعوب كثيرة وملوك عظام.
7သူ၏နိုင်ငံ ဆုံးချိန်မရောက်မှီတိုင်အောင်၊ ဤ ပြည်သားအပေါင်းတို့သည် သူ၏အမှုနှင့် သူ၏သားမြေး အမှုကို ဆောင်ရွက်ရကြမည်။ ထိုအချိန်ရောက်မှ၊ များစွာ သော လူမျိုးတို့နှင့် ကြီးသောရှင်ဘုရင်တို့သည် သူ့ကို စေစားကြလိမ့်မည်။
8ويكون ان الامة او المملكة التي لا تخدم نبوخذناصّر ملك بابل والتي لا تجعل عنقها تحت نير ملك بابل اني اعاقب تلك الامة بالسيف والجوع والوبإ يقول الرب حتى افنيها بيده.
8ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ၏ အစေကိုမခံ၊ သူ၏ထမ်းဘိုး ကို မထမ်းလိုသော တိုင်းနိုင်ငံရှိသမျှကို၊ သူ၏လက်၌ ဆုံးရှုံးစေခြင်းငှါ၊ ထားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလ နာဘေးဖြင့် ငါအပြစ်ပေးမည်။
9فلا تسمعوا انتم لانبيائكم وعرافيكم وحالميكم وعائفيكم وسحرتكم الذين يكلموكم قائلين لا تخدموا ملك بابل.
9သို့ဖြစ်၍၊ သင်တို့သည် ဗာဗုလုန် ရှင်ဘုရင်၏ အစေကို မခံရဟု၊ သင်တို့အားပြောတတ်သော ပရော ဖက်၊ အနာဂတ်ဆရာ၊ အိပ်မက်မြင်သောဆရာ၊ နတ်ဝိဇ္ဇာ ဆရာ၊ ပြုစားတတ်သော ဆရာတို့၏ စကားကို နား မထောင်ကြနှင့်။
10لانهم انما يتنبأون لكم بالكذب لكي يبعدوكم من ارضكم ولأطردكم فتهلكوا.
10ထိုသူတို့သည် သင်တို့ကို သင်တို့ပြည်မှ အဝေးသို့ ရွှေ့သွားစေခြင်းငှါ၊ သင်တို့ကို ငါနှင်ထုတ်၍ ဆုံးရှုံးစေခြင်း ငှါ၎င်း မုသာစကားကို ဟောပြောတတ်ကြ၏။
11والامة التي تدخل عنقها تحت نير ملك بابل وتخدمه اجعلها تستقر في ارضها يقول الرب وتعملها وتسكن بها
11ဗာဗုလုန်ရှင်ဘုရင်၏ ထမ်းဘိုးထမ်း၍၊ သူ၏ အစေကိုခံသော လူမျိုးတို့အား၊ မိမိတို့ပြည်၌နေရသော အခွင့်ကို ငါပေးသဖြင့်၊ သူတို့သည် မိမိတို့မြေ၌လုပ်၍ နေရကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
12وكلمت صدقيا ملك يهوذا بكل هذا الكلام قائلا ادخلوا اعناقكم تحت نير ملك بابل واخدموه وشعبه واحيوا.
12ထိုစကားတော်ရှိသမျှကို ငါပြန်၍ ယုဒ ရှင်ဘုရင်ဇေဒကိအား လျှောက်ဆိုသည်ကား၊ ဗာဗုလုန် ရှင်ဘုရင်၏ ထမ်းဘိုးကိုထမ်း၍၊ သူနှင့် သူ၏လူများ အစေကို ခံလျက်၊ အသက်ချမ်းသာပါလော့။
13لماذا تموتون انت وشعبك بالسيف بالجوع والوبإ كما تكلم الرب عن الامة التي لا تخدم ملك بابل.
13ဗာဗုလုန်ရှင်ဘုရင်၏ အစေကိုမခံသော လူမျိုး ကို ထာဝရဘုရား ရည်မှတ်၍ မိန့်တော်မူသည်အတိုင်း၊ ကိုယ်တော်နှင့် ကိုယ်တော်၏ လူတို့သည် ထားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးဖြင့် အဘယ်ကြောင့် သေရပါမည်နည်း။
14فلا تسمعوا لكلام الانبياء الذين يكلمونكم قائلين لا تخدموا ملك بابل لانهم انما يتنبأون لكم بالكذب.
14သင်တို့သည် ဗာဗုလုန် ရှင်ဘုရင်၏ အစေကို မခံရဟု၊ သင်တို့အား ဟောပြောသောပရောဖက်တို့၏ စကားကို နားမထောင်ကြနှင့်။ သူတို့သည် မုသာစကားကို ဟောပြောတတ်ကြ၏။
15لاني لم ارسلهم يقول الرب بل هم يتنبأون باسمي بالكذب لكي اطردكم فتهلكوا انتم والانبياء الذين يتنبأون لكم
15ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့နှင့် သင်တို့အား ဟောပြောသော ပရောဖက်တို့ကို ငါနှင် ထုတ်၍ ဆုံးရှုံးစေခြင်းငှါ၊ ငါမစေလွှတ်ဘဲ သူတို့သည် ငါ့နာမကို အမှီပြု၍ မုသာစကားကို ဟောပြော တတ်ကြ ၏။
16وكلمت الكهنة وكل هذا الشعب قائلا هكذا قال الرب. لا تسمعوا لكلام انبيائكم الذين يتنبأون لكم قائلين ها آنية بيت الرب سترد سريعا من بابل. لانهم انما يتنبأون لكم بالكذب.
16ယဇ်ပုရောဟိတ်တို့နှင့် လူအပေါင်းတို့အား လည်း၊ ထာဝရဘုရား၏ အမိန့်တော်ကို ငါပြန်ပြောသည် ကား၊ ကာလမကြာမမြင့်မှီ၊ ဗိမာန် တော် တန်ဆာတို့ကို ဗာဗုလုန်မြို့မှ တဖန် ဆောင်ခဲ့လိမ့်မည်ဟု သင်တို့ အား ဟောပြောသော ပရောဖက်တို့၏ စကားကို နားမထောင် ကြနှင့်။ သူတို့သည် မုသာစကားကို ဟောပြောတတ် ကြ၏။
17لا تسمعوا لهم. اخدموا ملك بابل واحيوا. لماذا تصير هذه المدينة خربة.
17သူတို့၏စကားကို နားမထောင်ကြနှင့်။ ဗာဗု လုန်ရှင်ဘုရင်၏ အစေကိုခံ၍၊ အသက်ချမ်းသာကြလော့။ ဤမြို့သည် အဘယ်ကြောင့် ပျက်စီးခြင်းသို့ရောက်ရ မည်နည်း။
18فان كانوا انبياء وان كانت كلمة الرب معهم فليتوسلوا الى رب الجنود لكي لا تذهب الى بابل الآنية الباقية في بيت الرب وبيت ملك يهوذا وفي اورشليم
18သူတို့သည် ထာဝရဘုရား၏ ဗျာဒိတ်တော်ကို ခံ၍၊ ပရောဖက်မှန်လျှင်၊ ဗိမာန်တော်၌၎င်း၊ နန်းတော်၌ ၎င်း၊ ယေရုရှလင်မြို့၌၎င်း ကျန်ကြွင်းသေးသော တန်ဆာ တို့ကို ဗာဗုလုန်မြို့သို့ ယူ၍မသွားရမည်အကြောင်း၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားအား တောင်း ပန်ကြလော့။
19لانه هكذا قال رب الجنود عن الاعمدة وعن البحر وعن القواعد وعن سائر الآنية الباقية في هذه المدينة
19ဗာဗုလုန် ရှင်ဘုရင်နေဗုခဒ်နေဇာသည် ယုဒ ရှင်ဘုရင် ယောယကိမ်သား ယေခေါနိ အစရှိသော ယုဒပြည် ယေရုရှလင်မြို့ မှူးတော်မတ်တော်အပေါင်း တို့ကို၊ ယေရုရှလင်မြို့မှ ဗာဗုလုန်မြို့သို့ သိမ်းသွားသော အခါ၊ ထိုရှင်ဘုရင်သည် မသိမ်းမယူ၊ ဗိမာန်တော်၌၎င်း၊ နန်းတော်၌၎င်း၊ ယေရုရှလင်မြို့၌၎င်း ကျန်ကြွင်းသေး သောတိုင်၊ ရကန်၊ ရေကန်အခြေတို့ကို ရည်မှတ်၍၊ ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊
20التي لم يأخذها نبوخذناصّر ملك بابل عند سبيه يكنيا بن يهوياقيم ملك يهوذا من اورشليم الى بابل وكل اشراف يهوذا واورشليم.
22ထိုတန်ဆာတို့ကို ဗာဗုလုန်မြို့သို့ သွားရလိမ့် မည်။ ငါအကြည့် အရှင်မကြွလာမှီတိုင်အောင်၊ ထိုမြို့၌ ရှိနေရကြလိမ့်မည်။ ငါကြွလာသောအခါ၊ ထိုတန်ဆာ တို့ကို ငါဆောင်ခဲ့၍၊ ဤအရပ်၌ ပြန်ထားမည်ဟု မိန့်တော်မူ၏။
21انه هكذا قال رب الجنود اله اسرائيل عن الآنية الباقية في بيت الرب وبيت ملك يهوذا وفي اورشليم
22يؤتى بها الى بابل وتكون هناك الى يوم افتقادي اياها يقول الرب فاصعدها واردها الى هذا الموضع