1الكلمة التي صارت الى ارميا من قبل الرب في السنة العاشرة لصدقيا ملك يهوذا. هي السنة الثامنة عشر لنبوخذراصر.
1နေဗုခဒ်နေဇာ နန်းစံတဆယ်ရှစ်နှစ်၊ ယုဒ ရှင်ဘုရင် ဇေဒကိ နန်းစံဆယ်နှစ်တွင်၊ ထာဝရဘုရား ထံတော်မှ နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက် လာ၏။
2وكان حينئذ جيش ملك بابل يحاصر اورشليم وكان ارميا النبي محبوسا في دار السجن الذي في بيت ملك يهوذا.
2ထိုအခါ ဗာဗုလုန် ရှင်ဘုရင်၏ စစ်သူရဲတို့သည် ယေရုရှလင်မြို့ကို ဝိုင်းထားကြပြီ။ ပရောဖက်ယေရမိ သည် ယုဒရှင်ဘုရင်၏ နန်းတော်ထောင်ဝင်းထဲမှာ အချုပ်ခံလျက်နေရ၏။
3لان صدقيا ملك يهوذا حبسه قائلا لماذا تنبأت قائلا هكذا قال الرب. هانذا ادفع هذه المدينة ليد ملك بابل فياخذها.
3အကြောင်းမူကား၊ ယုဒရှင်ဘုရင် ဇေဒကိသည် ခေါ်၍၊ ထာဝရဘုရားက၊ ဤမြို့ကို ဗာဗုလုန်ရှင်ဘုရင် လက်သို့ ငါအပ်၍၊ သူသည် သိမ်းယူလိမ့်မည်။
4وصدقيا ملك يهوذا لا يفلت من يد الكلدانيين بل انما يدفع ليد ملك بابل ويكلمه فما لفم وعيناه تريان عينيه.
4ယုဒရှင်ဘုရင် ဇေဒကိသည် ခါလဒဲလူတို့ လက်နှင့်မလွတ်၊ ဗာဗုလုန် ရှင်ဘုရင်လက်သို့ ဆက်ဆက် ရောက်လိမ့်မည်။ မျက်နှာချင်းဆိုင်၍ စကားပြောလျက်၊ တယောက်ကို တယောက်ကြည့်ရှုလျက် တွေ့ရလိမ့်မည်။
5ويسير بصدقيا الى بابل فيكون هناك حتى افتقده يقول الرب. ان حاربتم الكلدانيين لا تنجحون
5ဇေဒကိကိုလည်း ဗာဗုလုန်မြို့သို့ ဆောင်သွား လိမ့်မည်။ငါအကြည့်အရှုမလာမှီတိုင်အောင်၊ ထိုမြို့၌ နေရလိမ့်မည်။ သင်တို့သည် ခါလဒဲလူတို့ကို စစ်တိုက်၍ မနိုင်ရကြဟု ထာဝရဘုရား မိန့်တော်မူကြောင်းကို၊ သင် သည် အဘယ်ကြောင့် ပရောဖက်ပြု၍ ဟောသနည်းဟု ဆို၍ ထောင်ထဲမှာ လှောင်ထားသတည်း။
6فقال ارميا. كلمة الرب صارت اليّ قائلة.
6ထိုအခါယေရမိက၊ ငါ့ဆီသို့ရောက်လာသော ထာဝရဘုရား၏ နှုတ်ကပတ်တော်ဟူမူကား၊
7هوذا حنمئيل بن شلوم عمك يأتي اليك قائلا اشتر لنفسك حقلي الذي في عناثوث لان لك حق الفكاك للشراء.
7သင်၏ဘထွေး ရှလ္လုံသား ဟာနမေလသည် သင့်ထံသို့လာ၍၊ အာနသုတ်မြို့မှာရှိသော ကျွန်ုပ်လယ်ကို သင်သည် ရွေးပိုင်သောကြောင့်၊ ဝယ်ပါဟု ပြောဆို လိမ့်မည်အကြောင်းကို ထာဝရဘုရား မိန့်တော်မူသည်နှင့် အညီ၊
8فجاء اليّ حنمئيل ابن عمي حسب كلمة الرب الى دار السجن وقال لي اشتر حقلي الذي في عناثوث الذي في ارض بنيامين لان لك حق الارث ولك الفكاك. اشتره لنفسك. فعرفت انها كلمة الرب.
8ငါ့ဘထွေး သားဟာနမေလသည် ငါရှိရာ ထောင်ဝင်းထဲသို့ လာ၍၊ ဗင်္ယာမိန်ခရိုင်၊ အာနသုတ်မြို့၌ ရှိသော ကျွန်ုပ်လယ်ကို ဝယ်ပါလော့။ သင်သည် အမွေခံပိုင်သော အခွင့်နှင့် ရွေးပိုင်သော အခွင့်ရှိသည် ဖြစ်၍၊ ကိုယ်အဘို့ ဝယ်ပါဟု ငါ့အားပြောဆို၏။ ထိုအခါ ထာဝရဘုရား စီရင်တော်မူသော အမှုဖြစ်ကြောင်းကို ငါသိသောကြောင့်၊
9فاشتريت من حنمئيل ابن عمي الحقل الذي في عناثوث ووزنت له الفضة سبعة عشر شاقلا من الفضة.
9အာနသုတ်မြို့၌ရှိသော ငါ့ဘထွေးသား ဟာနမေလ၏လယ်ကို ငါဝယ်၍ လယ်ဘိုးငွေ တဆယ် ခုနစ်ကျပ်ကို ချိန်ပေးလေ၏။
10وكتبته في صك وختمت واشهدت شهودا ووزنت الفضة بموازين.
10စာချုပ်ကိုလည်း စီရင်၍ တံဆိပ်ခတ်ပြီးမှ၊ သက်သေတို့ကိုခေါ်၍ ငွေကို ချိန်ခွင်နှင့်ချိန်ပေး၏။
11واخذت صك الشراء المختوم حسب الوصية والفريضة والمفتوح
11ဓမ္မသတ်ထုံးစံအတိုင်း တံဆိပ်ခတ်သော စာချုပ် တစောင်နှင့် ဖွင့်ထားသောလက်ခံတစောင်ကို ယူ၍၊
12وسلّمت صك الشراء لباروخ بن نيريا بن محسيا امام حنمئيل ابن عمي وامام الشهود الذين امضوا صك الشراء امام كل اليهود الجالسين في دار السجن.
12ဘထွေးသား ဟာနမေလ အစရှိသော၊ စာချုပ်၌ အမည်ပါသော သက်သေများ၊ ထောင်ဝင်းထဲမှာ ထိုင်နေ သော ယုဒလူများအပေါင်းတို့ရှေ့တွင်၊ မာသေယသား ဖြစ်သော နေရိ၏သားဗာရုတ်၌ အပ်လျက်၊
13واوصيت باروخ امامهم قائلا
13ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊
14هكذا قال رب الجنود اله اسرائيل. خذ هذين الصكين صك الشراء هذا المختوم والصك المفتوح هذا واجعلهما في اناء من خزف لكي يبقيا اياما كثيرة.
14တံဆိပ်ခတ်သော ဤစာချုပ်တစောင်နှင့် ဖွင့်ထားသော ဤလက်ခံတစောင်ကို ယူ၍၊ ကာလ ကြာမြင့်စွာ တည်နေစေခြင်းငှါ မြေအိုး၌ထားလော့။
15لانه هكذا قال رب الجنود اله اسرائيل سيشترون بعد بيوتا وحقولا وكروما في هذه الارض
15ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဤပြည်၌အိမ်၊ လယ်ယာ၊ စပျစ်ဥယျာဉ်တို့ကို ပိုင်ရကြ လေဦးမည်ဟု မိန့်တော်မူကြောင်းကို ပြန်ပြောသဖြင့်၊ ထိုသူတို့ရှေ့မှာ ဗာရုတ်ကိုမှာထားလေ၏။
16ثم صليت الى الرب بعد تسليم صك الشراء لباروخ بن نيريا قائلا.
16ထိုသို့နေရိသား ဗာရုတ်၌ စာချုပ်ကို အပ်ပြီးမှ၊ ထာဝရဘုရားအား ငါဆုတောင်းသော ပဌနာစကား ဟူမူကား၊
17آه ايها السيد الرب ها انك قد صنعت السموات والارض بقوتك العظيمة وبذراعك الممدودة. لا يعسر عليك شيء.
17အိုအရှင်ထာဝရဘုရား၊ ကိုယ်တော်သည် မဟာ တန်ခိုးနှင့် လက်ရုံးတော်ကိုဆန့်၍၊ ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူပြီ။ ကိုယ်တော်မတတ်နိုင် သော အရာတစုံတစခုမျှ မရှိပါ။
18صانع الاحسان لالوف ومجازي ذنب الآباء في حضن بنيهم بعدهم الاله العظيم الجبار رب الجنود اسمه
18ကိုယ်တော်သည် လူအထောင်အသောင်းတို့အား ကရုဏာကျေးဇူးပြုလျက်၊ အဘတို့၏အပြစ်ကို နောက် ဖြစ်သောသားတို့၏ ခေါင်းပေါ်သို့ သက်ရောက်စေတော် မူ၏။ အလွန်ကြီးမြတ်သောဘုရား၊ မဟာတန်ခိုးတော်နှင့် ပြည့်စုံသော ဘုရားဖြစ်၍၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားဟူသော ဘွဲ့နာမရှိတော်မူ၏။
19عظيم في المشورة وقادر في العمل الذي عيناك مفتوحتان على كل طرق بني آدم لتعطي كل واحد حسب طرقه وحسب ثمر اعماله.
19ထူးဆန်းသော အကြံကိုကြံ၍၊ ထူးဆန်းသော အမှုကို စီရင်တော်မူလျက်၊ လူအသီးအသီးတို့ ကျင့်ကြံ ပြုမူသည် အတိုင်းအကျိုးအပြစ်ကို ပေးခြင်းငှါ၊ လူသား များ သွားလာသော လမ်းအလုံးစုံတို့ကို အစဉ်ကြည့်ရှု လျက်နေတော်မူ၏။
20الذي جعلت آيات وعجائب في ارض مصر الى هذا اليوم وفي اسرائيل وفي الناس وجعلت لنفسك اسما كهذا اليوم
20အဲဂုတ္တုပြည်၊ ဣသရေလပြည်အစရှိသော လူအမျိုးမျိုးတို့၌ နိမိတ်လက္ခဏာအံ့ဘွယ်သော အမှုတို့ကို ယနေ့တိုင်အောင် ပြတော်မူသဖြင့်၊ ယခုကဲ့သို့ အစဉ် ကျော်စောသော သိတင်းရှိတော်မူ၏။
21واخرجت شعبك اسرائيل من ارض مصر بآيات وعجائب وبيد شديدة وذراع ممدودة ومخافة عظيمة
21နိမိတ်လက္ခဏာ အံ့ဘွယ်သောအမှုတို့ကို ပြလျက်၊ အားကြီးသော လက်၊ ဆန့်တော်မူသော လက်ရုံး၊ အလွန်ကြောက်မက်ဘွယ်သော အခြင်းအရာနှင့်တကွ၊ ကိုယ်တော်၏ ဣသရေလလူတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော်မူ၍၊
22واعطيتهم هذه الارض التي حلفت لآبائهم ان تعطيهم اياها ارضا تفيض لبنا وعسلا.
22ငါပေးမည်ဟု ဘိုးဘေးတို့အား ကျိန်ဆိုတော်မူ သောပြည်တည်းဟူသော၊ နို့နှင့်ပျားရည်စီးသော ဤပြည် ကို ပေးသနားတော်မူသဖြင့်၊
23فأتوا وامتلكوها ولم يسمعوا لصوتك ولا ساروا في شريعتك. كل ما اوصيتهم ان يعملوه لم يعملوه فاوقعت بهم كل هذا الشر.
23သူတို့သည် ဝင်၍သိမ်းယူကြသော်လည်း၊ အမိန့် တော်ကို နားမထောင်၊ တရားတော်လမ်းသို့မလိုက်၊ မှာထားတော်မူသော အကျင့်တစုံတခုကိုမျှ မကျင့်ဘဲ နေသောကြောင့်၊ ယခုခံရသမျှသော ဘေးဥပဒ်တို့ကို သူတို့အပေါ်သို့ ရောက်စေတော်မူပြီ။
24ها المتارس. قد أتوا الى المدينة ليأخذوها وقد دفعت المدينة ليد الكلدانيين الذين يحاربونها بسبب السيف والجوع والوبإ وما تكلمت به فقد حدث وها انت ناظر.
24ပြအိုးမြေရိုးတို့ကိုကြည့်ရှုတော်မူပါ။ မြို့တော်ကို တိုက်ယူခြင်းငှါ ရောက်ကြပါပြီ။ ထားဘေး၊ မွတ်သိပ်ခြင်း ဘေး၊ ကာလနာဘေးတို့ဖြင့် တိုက်သော ခါလဒဲလူတို့ လက်သို့ မြို့တော်ကို အပ်တော်မူပြီ။ မိန့်တော်မူသော စကားပြည့်စုံကြောင်းကိုလည်း ကိုယ်တော်တိုင် မြင်တော်မူ၏။
25وقد قلت انت لي ايها السيد الرب اشتر لنفسك الحقل بفضة واشهد شهودا وقد دفعت المدينة ليد الكلدانيين
25ထိုမြို့တော်သည် ခါလဒဲလူတို့လက်သို့ ရောက်သော်လည်း၊ အိုအရှင် ထာဝရဘုရား၊ ထိုလယ်ကို ငွေနှင့်ဝယ်၍၊ သက်သေတို့ကို ခေါ်ထား ရမည်အကြောင်း မိန့်တော်မူပါပြီတကားဟု လျှောက်လေ ၏။
26ثم صارت كلمة الرب الى ارميا قائلة
26ထိုအခါ ထာဝရဘုရား၏ နှုတ်ကပတ်တော် သည် ယေရမိသို့ ရောက်လာသည်ကား၊
27هانذا الرب اله كل ذي جسد. هل يعسر عليّ أمر ما.
27ငါ ထာဝရဘုရားသည် ခပ်သိမ်းသော သတ္တဝါ တို့ကို အစိုးရသော ဘုရားသခင်ဖြစ်၏။ ငါမတတ်နိုင် သော အရာတစုံတခုရှိလိမ့်မည်လော။
28لذلك هكذا قال الرب. هانذا ادفع هذه المدينة ليد الكلدانيين وليد نبوخذراصر ملك بابل فياخذها.
28သို့ဖြစ်၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤမြို့ကို ခါလဒဲလူတို့ လက်သို့၎င်း၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာလက်သို့၎င်း ငါအပ်၍၊ သူသည် သိမ်းယူ လိမ့်မည်။
29فيأتي الكلدانيون الذين يحاربون هذه المدينة فيشعلون هذه المدينة بالنار ويحرقونها والبيوت التي بخروا على سطوحها للبعل وسكبوا سكائب لآلهة اخرى ليغيظوني.
29ဤမြို့ကို တိုက်သော ခါလဒဲလူတို့သည်ဝင်၍ မီးရှို့ကြလိမ့်မည်။ ငါ့အမျက်ကိုနှိုးဆော်ခြင်းငှါ ဗာလ ဘုရားအဘို့ အိမ်မိုးပေါ်မှာ နံ့သာပေါင်းကိုမီးရှို၍၊ အခြား တပါးသော ဘုရားတို့အဘို့ သွန်းလောင်းရာပူဇော် သက္ကာ ကိုပြုရာ အိမ်များနှင့်တကွ၊ တမြို့လုံးကို မီးလောင်စေကြ လိမ့်မည်။
30لان بني اسرائيل وبني يهوذا انما صنعوا الشر في عينيّ منذ صباهم. لان بني اسرائيل انما اغاظوني بعمل ايديهم يقول الرب.
30အကြောင်းမူကား၊ ဣသရေလအမျိုးသားတို့နှင့် ယုဒအမျိုးသားတို့သည်၊ ငယ်သော အရွယ်မှစ၍ ငါ့ရှေ့ မှာ ဒုစရိုက်ကိုသာ ပြုကြပြီ။ မိမိတို့ ပြုလေရာရာ၌ ငါ့အမျက်ကို နှိုးဆော်ခြင်းငှါသာ ပြုကြပြီ။
31لان هذه المدينة قد صارت لي لغضبي ولغيظي من اليوم الذي فيه بنوها الى هذا اليوم لأنزعها من امام وجهي
31ဣသရေလအမျိုးနှင့် ယုဒအမျိုး၏
32من اجل كل شر بني اسرائيل وبني يهوذا الذي عملوه ليغيظوني به هم وملوكهم رؤساؤهم وكهنتهم وانبياؤهم ورجال يهوذا وسكان اورشليم.
32ရှင်ဘုရင်၊ မှူးမတ်၊ ယဇ်ပုရောဟိတ်၊ ပရောဖက်၊ ယုဒပြည်သူ ယေရုရှလင်မြို့သားတို့သည် ငါ့အမျက်ကို နှိုးဆော်ခြင်းငှါ ပြုလေသမျှသော ဒုစရိုက်ကြောင့်၊ ဤမြို့ ကို ငါ့ထံမှ ငါပယ်ရှားမည်အကြောင်း၊ မြို့တည်သော နေ့မှစ၍ ယနေ့တိုင်အောင်၊ ငါ့အမျက်ထွက်၍၊ အမျက် အရှိန်အားကြီးစေသော မြို့ဖြစ်၏။
33وقد حولوا لي القفا لا الوجه وقد علّمتهم مبكرا ومعلّما ولكنهم لم يسمعوا ليقبلوا ادبا.
33သူတို့သည် ငါ့ကိုမျက်နှာမပြုဘဲ ကျောခိုင်းကြပြီ။ ငါသည် စောစောထ၍ အထပ်ထပ်ဆုံးမ သွန်သင်သော် လည်း၊ ငါ၏ဩဝါဒကို ခံလိုသောငှါ နားမထောင်ကြ။
34بل وضعوا مكرهاتهم في البيت الذي دعي باسمي لينجسوه.
34ငါ၏နာမဖြင့် သမုတ်သော ဗိမာန်ကို ညစ်ညှုး စေခြင်းငှါ၊ စက်ဆုပ်ရွံရှာဘွယ်သော အရာတို့ကို သွင်း ထားကြပြီတကား၊
35وبنوا المرتفعات للبعل التي في وادي ابن هنوم ليجيزوا بنيهم وبناتهم في النار لمولك الأمر الذي لم اوصهم به ولا صعد على قلبي ليعملوا هذا الرجس ليجعلوا يهوذا يخطئ
35သူတို့သားသမီးတို့ကို မောလုပ်ဘုရားအား ပူဇော်ခြင်းငှါ၊ ဟိန္နုံ သား၏ချိုင့်၌ရှိသော ဗာလဘုရား၏ ကုန်းတို့ကို တည်လုပ်ကြပြီ။ ယုဒအမျိုးအပေါ်သို့ အပြစ် ရောက်စေခြင်းငှါ၊ ထိုမျှလောက် စက်ဆုပ်ရွံရှာဘွယ် သောအမှုကို ငါမမှာထား၊ ငါအလျှင်အလိုမရှိဘဲ ပြုကြပြီ ဟု ထာဝရဘုရား မိန့်တော်မူ၏။
36والآن لذلك هكذا قال الرب اله اسرائيل عن هذه المدينة التي تقولون انها قد دفعت ليد ملك بابل بالسيف والجوع والوبإ.
36သို့ရာတွင်၊ ထားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးအားဖြင့် ဗာဗုလုန်ရှင်ဘုရင် လက်သို့ ရောက်မည်ဟု သင်တို့ဆိုတတ်သော ဤမြို့ကို ရည်မှတ် ၍၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊
37هانذا اجمعهم من كل الاراضي التي طردتهم اليها بغضبي وغيظي وبسخط عظيم واردهم الى هذا الموضع واسكنهم آمنين.
37ငါသည် အမျက်ဟုန်းဟုန်းထွက်၍၊ အမျက် အရှိန်အားကြီးသည်နှင့်၊ သူတို့ကိုနှင်ထုတ်ရာ တိုင်းပြည် ရှိသမျှတို့မှ၊ တဖန်စုသိမ်း၍ ဤအရပ်သို့ဆောင်ခဲ့ပြီး လျှင်၊ ငြိမ်ဝပ်စွာနေစေမည်။
38ويكونون لي شعبا وانا اكون لهم الها.
38သူတို့သည် ငါ၏လူဖြစ်ကြလိမ့်မည်။ ငါသည် လည်း သူတို့၏ ဘုရားသခင်ဖြစ်မည်။
39واعطيهم قلبا واحدا وطريقا واحدا ليخافوني كل الايام لخيرهم وخير اولادهم بعدهم.
39ကိုယ်အကျိုးအလိုငှါ၎င်း၊ နောက်ဖြစ်လတံ့သော သားသမီးတို့၏ အကျိုးအလိုငှါ၎င်း၊ ငါ့ကိုအစဉ် ကြောက်ရွံ့ စေခြင်းငှါ တညီတညွတ်တည်း ကျင့်ကြံနိုင်သော သဘော ကို ငါပေးမည်။
40واقطع لهم عهدا ابديا اني لا ارجع عنهم لاحسن اليهم واجعل مخافتي في قلوبهم فلا يحيدون عني.
40သူတို့ကို မစွန့်ပစ်ဘဲ အစဉ်ကျေးဇူးပြုခြင်းငှါ၊ သူတို့၌ ထာဝရပဋိညာဉ်ကို ငါထားမည်။ သူတို့သည်လည် ငါ့ထံမှ မထွက်မသွားမည်အကြောင်း၊ ငါ့ကိုကြောက်ရွံ့ သော သဘောနှင့် ပြည့်စုံစေမည်။
41وافرح بهم لاحسن اليهم واغرسهم في هذه الارض بالامانة بكل قلبي وبكل نفسي.
41သူတို့အား ကျေးဇူးပြုခြင်း အမှု၌ငါသည် အားရ ဝမ်းမြောက်၍၊ ငါ့စိတ်နှလုံးနှင့် နံဝိညာဉ်အကြွင်းမဲ့ ပါလျက်၊ သူတို့ကို ဤပြည်၌ ဆက်ဆက်နေရာချမည်။
42لانه هكذا قال الرب. كما جلبت على هذا الشعب كل هذا الشر العظيم هكذا اجلب انا عليهم كل الخير الذي تكلمت به اليهم.
42ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤလူမျိုး အပေါ်မှာ ကြီးစွာသော ဤဘေးဥပဒ်အပေါင်းကို ရောက်စေသည် နည်းတူ၊ ငါဂတိထားသော ကောင်းကျိုး အပေါင်းကိုလည်း ငါရောက်စေမည်။
43فتشترى الحقول في هذه الارض التي تقولون انها خربة بلا انسان وبلا حيوان وقد دفعت ليد الكلدانيين.
43လူမရှိ၊ တိရစ္ဆာန်မရှိ ဆိတ်ညံပြီ၊ ခါလဒဲ လူတို့ လက်သို့ ရောက်လေပြီဟု သင်တို့ဆိုတတ်သော ဤပြည်၌၊ နောက်တဖန် လယ်ယာတို့ကို ရောင်းဝယ်ကြလိမ့်မည်။
44يشترون الحقول بفضة ويكتبون ذلك في صكوك ويختمون ويشهدون شهودا في ارض بنيامين وحوالي اورشليم وفي مدن يهوذا ومدن الجبل ومدن السهل ومدن الجنوب لاني ارد سبيهم يقول الرب
44ဗင်္ယာမိန်ပြည်၌၎င်း၊ ယေရုရှလင်မြို့ ပတ်ဝန်း ကျင်အရပ်တို့၌၎င်း၊ ယုဒပြည်တွင်ရှိသော မြို့တို့၌၎င်း၊ တောင်ပေါ်မြို့၊ ချိုင့်ထဲမြို့၊ တောင်ဘက်မြို့တို့၌၎င်း၊ လူတို့သည် လယ်ယာတို့ကို ငွေနှင့်ဝယ်ခြင်း၊ စာချုပ်ကို စီရင်ခြင်း၊ တံဆိပ်ခတ်ခြင်း၊ သက်သေတို့ကိုခေါ်ထားခြင်း အမှုများကို ပြုမြဲပြုကြလိမ့်မည်။ အကြောင်းမူကား၊ သိမ်း သွားခြင်းကို ခံရသောသူတို့ကို တဖန် ငါဆောင်ခဲ့ဦး မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။