الكتاب المقدس (Van Dyke)

Myanmar

Jeremiah

36

1وكان في السنة الرابعة ليهوياقيم بن يوشيا ملك يهوذا ان هذه الكلمة صارت الى ارميا من قبل الرب قائلة.
1ယုဒရှင်ဘုရာင် ယောရှိသား ယောယကိမ်မင်း နန်းစံလေးနှစ်တွင်၊ ထာဝရဘုရား၏နှုတ်ကပတ်တော် သည် ယေရမိသို့ ရောက်လာသည်ကား၊
2خذ لنفسك درج سفر واكتب فيه كل الكلام الذي كلمتك به على اسرائيل وعلى يهوذا وعلى كل الشعوب من اليوم الذي كلمتك فيه من ايام يوشيا الى هذا اليوم.
2သင်သည် စာလိပ်ကိုယူပြီးလျှင်၊ ယောရှိမင်း လက်ထက်၌ သင့်အား ငါပြောသော နေ့မှစ၍ ယနေ့ တိုင်အောင် ဣသရေလပြည်၊ ယုဒပြည်အစရှိသော ခပ်သိမ်းသော တိုင်းပြည်တို့ကို ငါခြိမ်းသမျှသေ၌ စကား အတိုင်း ရေးထားလော့။
3لعل بيت يهوذا يسمعون كل الشر الذي انا مفكر ان اصنعه بهم فيرجعوا كل واحد عن طريقه الرديء فاغفر ذنبهم وخطيتهم.
3ယုဒအမျိုးတို့၌ ပြုမည်ဟု ငါကြံစည်သမျှသော ဘေးဥပဒ်တို့ကို သူတို့သည် ကြားသောအခါ၊ သူတို့ ဒုစရိုက်အပြစ်ကို ငါလွှတ်မည်အကြောင်း၊ အသီးအသီး လိုက်ဘူးသော အဓမ္မလမ်းတို့ကို ရှောင်ကောင်း ရှောင်ကြ လိမ့်မည်ဟု မိန့်တော်မူ၏။
4فدعا ارميا باروخ بن نيريا فكتب باروخ عن فم ارميا كل كلام الرب الذي كلمه به في درج السفر.
4ထိုအခါယေရမိသည် နေရိသား ဗာရုတ်ကို ခေါ်ပြီးလျှင် ထာဝရဘုရားမိန့်တော်မူသမျှသော စကား တော်တို့ကို ပြန်ပြောသည်အတိုင်း၊ ဗာရုတ်သည် စာလိပ် ၌ ရေးထားလေ၏။
5واوصى ارميا باروخ قائلا. انا محبوس لا اقدر ان ادخل بيت الرب
5ယေရမိကလည်း၊ ငါသည် အချုပ်ခံလျက် နေရ သောကြောင့်၊ ဗိမာန်တော်သို့ မသွားနိုင်။
6فادخل انت واقرأ في الدرج الذي كتبت عن فمي كل كلام الرب في آذان الشعب في بيت الرب في يوم الصوم واقرأه ايضا في آذان كل يهوذا القادمين من مدنهم.
6သင်သွားလော့။ ငါပြန်ပြောသည်အတိုင်း၊ သင်သည် စာလိပ်၌ ရေးထားသော ထာဝရဘုရား၏ စကားတော်တို့ကို၊ အစာရှောင်သောနေ့တွင်၊ ဗိမာန် တော်၌ရှိသော သူတို့အားဘတ်လော့။ အမြို့မြို့အရွာရွာ ကလာသော ယုဒလူတို့အားလည်း ဘတ်လော့။
7لعل تضرعهم يقع امام الرب فيرجعوا كل واحد عن طريقه الرديء لانه عظيم الغضب والغيظ اللذان تكلم بهما الرب على هذا الشعب.
7သူတို့သည် အသီးအသီးလိုက်ဘူးသော အဓမ္မလမ်း ကို ရှောင်လျက်၊ ထာဝရဘုရားအားပြပ်ဝပ်၍ ဆုတောင်း ကောင်းဆုတောင်းကြလိမ့်မည်။ ဤလူမျိုး၌ ထာဝရဘုရား ခြိမ်းတော်မူသော အမျက်ဒေါသသည် အလွန်ပြင်းထန် ပေ၏ဟု ဗာရုတ်အားမှာထားလေ၏။
8ففعل باروخ بن نيريا حسب كل ما اوصاه به ارميا النبي بقراءته في السفر كلام الرب في بيت الرب
8ထိုသို့ပရောဖက်ယေရမိ မှာထားသမျှအတိုင်း၊ နေရိသားဗာရုတ်သည်ပြု၍၊ ထာဝရဘုရား၏ စကား တော်ပါသော စာကိုဗိမာန်တော်၌ ဘတ်လေ၏။
9وكان في السنة الخامسة ليهوياقيم بن يوشيا ملك يهوذا في الشهر التاسع انهم نادوا لصوم امام الرب كل الشعب في اورشليم وكل الشعب القادمين من مدن يهوذا الى اورشليم.
9ယုဒရှင်ဘုရင်ယောရှိသားယောယကိမ်မင်း နန်းစံငါးနှစ်၊ နဝမလတွင် ယေရုရှလင်မြို့သားအပေါင်း တို့နှင့်၊ ယုဒမြို့ရွာမှ ယေရုရှလင်မြို့သို့ ရောက်လာသော သူအပေါင်းတို့သည် ထာဝရဘုရားရှေ့တော်၌ အစာ ရှောင်ရာအချိန်ကို ကြော်ငြာကြ၏။
10فقرأ باروخ في السفر كلام ارميا في بيت الرب في مخدع جمريا بن شافان الكاتب في الدار العليا في مدخل باب بيت الرب الجديد في آذان كل الشعب
10ထိုအခါဗာရုတ်သည် ဗိမာန်တော်တံခါးသစ်နား မှာ၊ အထက်တန်တိုင်းအတွင်း၊ စာရေးတော်ရှာဖန်သား ဂေမရိ၏အခန်း၌၊ ယေရမိစီရင်သော စာကို လူအပေါင်း တို့ ရှေ့မှာဘတ်လေ၏။
11فلما سمع ميخايا بن جمريا بن شافان كل كلام الرب من السفر
11ထိုစာ၌ပါသမျှသော ထာဝရဘုရား၏ စကား တော်တို့ကို ရှာဖန်သားဖြစ်သော ဂေမရိ၏သားမိက္ခာယ သည်ကြားလျှင်၊
12نزل الى بيت الملك الى مخدع الكاتب واذا كل الرؤساء جلوس هناك. اليشاماع الكاتب ودلايا بن شمعيا والناثان بن عكبور وجمريا بن شافان وصدقيا بن حننيا وكل الرؤساء.
12နန်းတော်အတွင်း၊ စာရေးတော်အခန်းသို့ သွား၍၊ စာရေးတော် ဧလိရှမာ၊ ရှေမာယသားဒေလာယ၊ အာခဗော်သားဧလနာသန်၊ ရှာဖန်သား ဂေမရိ၊ ဟာန နိသားဇေဒကိအစရှိသော မှူးတော်မတ်တော် အပေါင်း တို့သည် ထိုင်လျက်ရှိကြ၏။
13واخبرهم ميخايا بكل الكلام الذي سمعه عندما قرأ باروخ السفر في آذان الشعب.
13ထိုအခါဗာရုတ်သည် လူများတို့အား ဘတ် သော စာထဲက မိက္ခာယကြားသမျှသော စကားတို့ကို ပြန်ပြောလေ၏။
14فارسل كل الرؤساء الى باروخ يهودي بن نثنيا بن شلميا بن كوشي قائلين. الدرج الذي قرأت فيه في آذان الشعب خذه بيدك وتعال. فاخذ باروخ بن نيريا الدرج بيده واتى اليهم.
14ထိုမင်းအပေါင်းတို့သည်လည်း၊ ကုရှိ၊ ရှေလမိ၊ နာသနိတို့မှ ဆင်းသက်သောယေဟုဒိကို ဗာရုတ်ထံသို့ စေလွှတ်လျက်၊ သင်သည် လူများတို့အား ဘတ်သော စာလိပ်ကို သင့်လက်နှင့်ကိုင်၍ လာခဲ့ဟုခေါ်ကြ၏။ နေရိသားဗာရုတ်သည်လည်း၊ စာလိပ်ကိုကိုင်၍လာ၏။
15فقالوا له اجلس واقرأه في آذاننا. فقرأ باروخ في آذانهم.
15သူတို့ကလည်း ထိုင်လော့။ငါတို့အား ဘတ်လော့ ဟုဆိုသည်အတိုင်း၊ ဗာရုတ်သည် သူတို့ရှေ့မှာ ဘတ်လေ ၏။
16فكان لما سمعوا كل الكلام انهم خافوا ناظرين بعضهم الى بعض وقالوا لباروخ إخبارا نخبر الملك بكل هذا الكلام.
16ထိုစကားအလုံးစုံတို့ကို မင်းများတို့သည် ကြား လျှင်၊ အချင်းချင်း ကြောက်ရွံ့သော စိတ်ရှိ၍၊ ငါတို့သည် ဤစကားအလုံးစုံတို့ကို ရှင်ဘုရင်အား ဆက်ဆက်ကြားလျှောက်ရမည်ဟု ဗာရုတ်ကို ဆိုကြ၏။
17ثم سألوا باروخ قائلين اخبرنا كيف كتبت كل هذا الكلام عن فمه.
17တဖန်သင်သည် ဤစကားအလုံးစုံတို့ကို သူ့နှုတ်မြွက်သည်အတိုင်း အဘယ်သို့ရေးထားသနည်းဟု မေးမြန်းလျှင်၊
18فقال لهم باروخ بفمه كان يقرأ لي كل هذا الكلام وانا كنت اكتب في السفر بالحبر.
18ဗာရုတ်က၊ သူသည်ဤစကားအလုံးစုံတို့ကို နှုတ်မြွက်၍၊ အကျွန်ုပ်သည် မှင်နှင့်ရေးထားပါ၏ဟု ပြန်ပြောသော်၊
19فقال الرؤساء لباروخ اذهب واختبئ انت وارميا ولا يعلم انسان اين انتما
19မင်းများတို့က၊ သင်သွားလော့။ ယေရမိနှင့် အတူ ပုန်းရှောင်၍နေလော့။ အဘယ်မှာနေသည်ကို တစုံတယောက်မျှ မသိစေနှင့်ဟုဗာရုတ် အားမှာခဲ့၍၊
20ثم دخلوا الى الملك الى الدار واودعوا الدرج في مخدع اليشاماع الكاتب واخبروا في اذني الملك بكل الكلام.
20စာလိပ်ကိုစာရေးတော်ဧလိရှမာ၏ အခန်း၌ ထားပြီးမှနန်းတော်အတွင်း၊ ရှင်ဘုရင်ထံသို့ဝင်၍၊ ထိုအမှု ကို အကုန်အစင်လျှောက်ကြ၍။
21فارسل الملك يهودي لياخذ الدرج فاخذه من مخدع اليشاماع الكاتب وقرأه يهودي في اذني الملك وفي آذان كل الرؤساء الواقفين لدى الملك.
21ရှင်ဘုရင်သည် ထိုစာလိပ်ကိုယူချေဟု၊ ယေဟုဒိ ကိုစေလွှတ်သဖြင့်၊ ယေဟုဒိသည် စာရေးတော်ဧလိရှမာ ၏ အခန်းထဲကယူ၍၊ ရှင်ဘုရင်အစရှိသော အထံတော်၌ ရပ်နေသော မှူးမတ်အပေါင်းတို့ရှေ့မှာ ဘတ်လေ၏။
22وكان الملك جالسا في بيت الشتاء في الشهر التاسع. والكانون قدامه متقد.
22ထိုအခါနဝမလဖြစ်၍၊ ရှင်ဘုရင်သည် ဆောင်း ကာလ၌ စံပျော်ရာနန်းအခန်းတွင်ထိုင်၍၊ ရှေ့တော်၌ မီးမယ်ဖျူးပေါ်မှာ မီးခဲပုံရှိ၏။
23وكان لما قرأ يهودي ثلاثة شطور او اربعة انه شقه بمبراة الكاتب والقاه الى النار التي في الكانون حتى فني كل الدرج في النار التي في الكانون.
23ယေဟုဒိသည် သုံးလေးခဏ်းလောက် ဘတ်မိ လျှင်၊ ရှင်ဘုရင်သည် စာရေး၏ထားနှင့်လှီး၍ မီးမယ်ဖျူး ပေါ်မှာရှိသော မီးထဲသို့ စာလိပ်ကို ချပစ်လျှင်၊ အကုန် အစင်ကျွမ်းလောင်လေ၏။
24ولم يخف الملك ولا كل عبيده السامعين كل هذا الكلام ولا شققوا ثيابهم.
24ရှင်ဘုရင်မှစ၍၊ ထိုစကားအလုံးစုံတို့ကို ကြား သော ရှင်ဘုရင်၏ ကျွန်တယောက်မျှမကြောက်၊ မိမိ အဝတ်ကိုလည်း မဆုတ်ကြ။
25ولكن الناثان ودلايا وجمريا ترجوا الملك ان لا يحرق الدرج فلم يسمع لهم.
25ရှင်ဘုရင်သည် စာလိပ်ကိုမီးမရှို့စေခြင်းငှါ၊ ဧလနာသန်၊ ဒေလာယ၊ ဂေမရိတို့သည် တောင်းပန်သော် လည်း၊ ရှင်ဘုရင်သည် သူတို့စကားကို နားမထောင်။
26بل أمر الملك يرحمئيل ابن الملك وسرايا بن عزرئيل وشلميا بن عبدئيل ان يقبضوا على باروخ الكاتب وارميا النبي ولكن الرب خبأهما
26တဖန်ရှင်ဘုရင်သည် စာရေးဗာရုတ်နှင့် ပရော ဖက်ယေရမိကို ဘမ်းဆီးစေခြင်းငှါ၊ သားတော်ယေရ မေလ၊ အာဇရေလသားစရာယ၊ အာဗဒေလသားရှေလမိ တို့ကို စေလွှတ်လေ၏။ သို့ရာတွင်၊ ထာဝရဘုရားသည် ထိုသူနှစ်ယောက်တို့ကို ဝှက်ထားတော်မူ၏။
27ثم صارت كلمة الرب الى ارميا بعد احراق الملك الدرج والكلام الذي كتبه باروخ عن فم ارميا قائلة
27ယေရမိနှုတ်မြွတ်သည်အတိုင်း ဗာရုတ်ရေးထား သော ထိုစာလိပ်ကို ရှင်ဘုရင်မီးရှို့သောနောက်၊ ထာဝရ ဘုရား၏နှုတ်ကပတ်တော်သည် ယေရမိသို့ရောက်လာ သည်ကား၊
28عد فخذ لنفسك درجا آخر واكتب فيه كل الكلام الاول الذي كان في الدرج الاول الذي احرقه يهوياقيم ملك يهوذا.
28သင်သည်အခြားသော စာလိပ်ကိုယူ၍၊ ယုဒ ရှင်ဘုရင်ယောယကိမ်မီးရှို့သော အရင်စာလိပ်၌ ပါသမျှ သော စကားရင်းအတိုင်း ရေးထားလော့။
29وقل ليهوياقيم ملك يهوذا. هكذا قال الرب. انت قد احرقت ذلك الدرج قائلا لماذا كتبت فيه قائلا مجيئا يجيء ملك بابل ويهلك هذه الارض ويلاشي منها الانسان والحيوان.
29သင်သည် ယုဒရှင်ဘုရင် ယောယကိမ်အား ပြောဆိုရမည်မှာ၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဗာဗုလုန် ရှင်ဘုရင်သည် ဆက်ဆက်လာ၍ ဤပြည်ကို ဖျက်ဆီးလိမ့်မည်။ လူနှင့်တိရစ္ဆာန်အပေါင်းတို့ကို သုတ် သင်ပယ်ရှင်းလိမ့်မည်ဟူသော စကားကို အဘယ်ကြောင့် ရေးထားသနည်းဟု သင်သည်ဆို၍ စာလိပ်ကိုမီးရှို့ပြီ။
30لذلك هكذا قال الرب عن يهوياقيم ملك يهوذا. لا يكون له جالس على كرسي داود وتكون جثته مطروحة للحر نهارا وللبرد ليلا.
30ထိုကြောင့်၊ ထာဝရဘုရားသည် ယုဒရှင်ဘုရင် ယောယကိမ်ကို ရည်မှတ်၍ မိန့်တော်မူသည်ကား၊ သူ၏အမျိုးအနွယ်သည် ဒါဝိဒ်၏ရာဇပလ္လင်ပေါ်မှာ မထိုင်ရ။ သူ၏အသေကောင်ကို နေ့အချိန်၌နေပူထဲသို့ ၎င်း၊ ညဉ့်အချိန်၌နှင်းခဲထဲသို့၎င်း ပစ်လိုက်ကြလိမ့်မည်။
31واعاقبه ونسله وعبيده على اثمهم واجلب عليهم وعلى سكان اورشليم وعلى رجال يهوذا كل الشر الذي كلمتهم عنه ولم يسمعوا
31သူမှစ၍ သူ၏သားမြေးတို့ကို၎င်း၊ သူ၏ ကျွန်တို့ကို၎င်း၊ အပြစ်နှင့်အလျောက် ငါစီရင်မည်။ သူတို့နှင့်ယေရှုရှလင်မြို့သူ ယုဒပြည်သားတို့သည် နား မထောင်၊ သူတို့အပေါ်သို့ ငါခြိမ်းသမျှသော ဘေးဥပဒ် တို့ကို ရောက်စေမည်ဟုမိန့်တော်မူ၏။
32فاخذ ارميا درجا آخر ودفعه لباروخ بن نيريا الكاتب فكتب فيه عن فم ارميا كل كلام السفر الذي احرقه يهوياقيم ملك يهوذا بالنار وزيد عليه ايضا كلام كثير مثله
32ထိုအခါယေရမိသည်အခြားသော စာလိပ်ကို ယူ၍၊ နေရိသားစာ ရေးဗာရုတ်အားပေးသဖြင့်၊ ယုဒ ရှင်ဘုရင်ယောယကိမ်မီးရှို့သောစာ၌ ပါသမျှသော စကားတို့ကို ယေရမိသည်နှုတ်မြွတ်၍၊ ဗာရုတ်သည်ရေး ထား၏။ အလားတူသော စကားအများကိုလည်းထပ်၍ သွင်းရ၏။