الكتاب المقدس (Van Dyke)

Myanmar

Job

26

1فاجاب ايوب وقال
1ယောဘပြန်၍ မြွက်ဆိုသည်ကား၊
2كيف اعنت من لا قوة له وخلصت ذراعا لا عزّ لها.
2သင်သည်အားနည်းသောသူကို အဘယ်သို့မစသနည်း။ လက်ကျသောသူကို အဘယ်သို့ ထောက်ပင့်သနည်း။
3كيف اشرت على من لا حكمة له واظهرت الفهم بكثرة.
3မိုက်သောသူကို အဘယ်သို့ အကြံပေးသနည်း။ ထူးဆန်းသော ပညာကို အဘယ်သို့ပြသနည်း။
4لمن اعلنت اقوالا ونسمة من خرجت منك
4ဤစကားကို အဘယ်သူအားမြွက်ဆိုသနည်း။ အဘယ်သူ၏ ဝိညာဉ်အားဖြင့် ဟောပြောသနည်း။
5الأخيلة ترتعد من تحت المياه وسكانها.
5အောက်အရပ်၌ သင်္ချိုင်းသားတို့နှင့်တကွ ရေ များနှင့်ရေ၌ နေသောသူများတို့သည် တုန်လှုပ်ကြ၏။
6الهاوية عريانة قدامه والهلاك ليس له غطاء.
6မရဏနိုင်ငံသည် ရှေ့တော်၌ လှန်လျက်ရှိ၏။ အဗဒ္ဒုန်နိုင်ငံကို ဖုံးအုပ်ခြင်းမရှိရာ။
7يمد الشمال على الخلاء ويعلّق الارض على لا شيء.
7မိုဃ်းကောင်းကင်ကို လွတ်လပ်လဟာ၌ ကြက် တော်မူ၏။ မြေကြီးကိုအခုအခံမရှိ ဆွဲထားတော်မူ၏။
8يصرّ المياه في سحبه فلا يتمزق الغيم تحتها.
8ထူထပ်သော မိုဃ်းတိမ်တော်နှင့် ရေကို ထုပ်တော်မူ၍၊ မိုဃ်းတိမ်သည် မစုတ်မပြတ်နေ၏။
9يحجب وجه كرسيه باسطا عليه سحابه.
9မိုဃ်းတိမ်တော်ကို ဖြန့်၍ ပလ္လင်တော်မျက်နှာကို ဖုံးအုပ်တော်မူ၏။
10رسم حدّا على وجه المياه عند اتصال النور بالظلمة.
10အလင်းနှင့်အမိုက်ဆုံမိရာ အပိုင်းအခြား၌ စကြဝဠာကို ကန့်ကွက်တော်မူ၏။
11اعمدة السموات ترتعد وترتاع من زجره.
11ဆုံးမတော်မူခြင်းကြောင့်၊ မိုဃ်းကောင်းကင်တိုင် တို့သည် တုန်လှုပ်၍ မိန်းမောတွေဝေလျက်နေကြ၏။
12بقوته يزعج البحر وبفهمه يسحق رهب.
12တန်ခိုးတော်အားဖြင့် သမုဒ္ဒရာကို ဆုံးမတော် မူ၏။ ပညာတော်အားဖြင့်သူ၏ မာနကို ချိုးဖျက်တော် မူ၏။
13بنفخته السموات مسفرة ويداه ابدأتا الحية الهاربة.
13ဝိညာဉ်တော်အားဖြင့် မိုဃ်းကောင်းကင် တန်ဆာများကိုပြင်၍၊ လျင်မြန်သောနဂါးကို ကင်တန် ဆာများကိုပြင်၍၊ လျင်မြန်သော နဂါးကိုလည်း ဖန်ဆင်း တော်မူ၏။
14ها هذه اطراف طرقه وما اخفض الكلام الذي نسمعه منه. واما رعد جبروته فمن يفهم
14ဤရွှေ့ကား၊ အမှုတော်အရိပ်အမြွက်သာဖြစ်၏။ စကားတော် အသံအနည်းငယ်ကိုသာ နားကြားရ၏။ တန်ခိုးတော်မိုဃ်းကြိုးသံကို အဘယ်သူနားလည်နိုင် သနည်းဟု မြွက်ဆို၏။