1لانه يوجد للفضة معدن وموضع للذهب حيث يمحصونه.
1ငွေလိုက်သောငွေကြောင်းသည် စင်စစ်ရှိ၏။ လူစစ်တတ်သော ရွှေနေရာလည်းရှိ၏။
2الحديد يستخرج من التراب والحجر يسكب نحاسا.
2သံကိုမြေကြီးထဲက တူးယူတတ်၏။ ကျောက်ကို ချက်၍ ကြေးနီ ကိုရတတ်၏။
3قد جعل للظلمة نهاية والى كل طرف هو يفحص. حجر الظلمة وظل الموت.
3လူသည် မှောင်မိုက်ကို ပျောက်စေတတ်၏။ အဆုံးတိုင်အောင်၎င်း မှောင်မိုက်ကျောက်၊ သေမင်း အရိပ်တိုင်အောင်၎င်း လိုက်၍ စစ်တတ်၏။
4حفر منجما بعيدا عن السكان. بلا موطئ للقدم متدلّين بعيدين من الناس يتدلدلون.
4တောင်ခြေရင်း၌တွင်းတူး၍၊ ခြေဖြင့် ကိုယ်ကို မထောက်ဘဲ ဆင်း၍၊ လူနေရာကို စွန့်သွားတတ်၏။
5ارض يخرج منها الخبز اسفلها ينقلب كما بالنار.
5မြေသည်စားစရာကို ပေးတတ်သော်လည်း၊ အောက်အရပ်၌ မီးဖြင့်ပျက်သကဲ့သို့ အပျက်ခံရ၏။
6حجارتها هي موضع الياقوت الازرق وفيها تراب الذهب.
6သူ၏ကျောက်တို့သည် ကျောက်နီနေရာဖြစ်၏။ မြေမှုန့်လည်း ရွှေဖြစ်၏။
7سبيل لم يعرفه كاسر ولم تبصره عين باشق.
7အဘယ်ငှက်မျှမသိ၊ လင်းတမျက်စိလည်း မမြင် သေးသော လမ်းရှိ၏။
8ولم تدسه اجراء السبع ولم يعده الزائر.
8ထိုလမ်းကိုသားရဲမနင်း၊ ခြင်္သေ့မရှောက်သေး။
9الى الصوان يمد يده. يقلب الجبال من اصولها.
9လူသည်ကျောက်ပေါ်မှာလက်တင်၍၊ တောင်တို့ ကို ခြေရင်းတိုင်အောင် မှောက်တတ်၏။
10ينقر في الصخر سربا وعينه ترى كل ثمين.
10ကျောက်တို့တွင် ရေစီးစေတတ်၏။ သူ၏မျက်စိသည် ထူးဆန်းသောအရာရှိသမျှတို့ကို ကြည့်မြင် တတ်၏။
11يمنع رشح الانهار وابرز الخفيات الى النور
11စီးသောရေကို တဖန်ဖြတ်၍၊ ဝှက်ထားသော အရာတို့ကို ထုတ်ဘော်တတ်၏။
12اما الحكمة فمن اين توجد واين هو مكان الفهم.
12သို့ရာတွင်၊ ပညာကိုအဘယ်မှာ တွေ့ရလိမ့်မည် နည်း။ ဥာဏ်သည်လည်း အဘယ်အရပ်၌ နေသနည်း။
13لا يعرف الانسان قيمتها ولا توجد في ارض الاحياء.
13ဥာဏ်ပညာအဘိုးကို လူမသိနိုင်။ အသက်ရှင် သော သူတို့၏ နေရာ၌ရှာ၍မတွေ့နိုင်။
14الغمر يقول ليست هي فيّ والبحر يقول ليست هي عندي.
14နက်နဲသော အရပ်ကငါ၌မရှိ။ ပင်လယ်က လည်း၊ ငါ၌မရှိဟုဆို တတ်၏။
15لا يعطى ذهب خالص بدلها ولا توزن فضة ثمنا لها.
15ရွှေစင်ကို ပေး၍ပညာကိုမရ။ ငွေကိုချိန်၍ ပညာအဘိုးကို မမှီနိုင်။
16لا توزن بذهب اوفير او بالجزع الكريم او الياقوت الازرق.
16ဩဖိရရွှေ၊ မြတ်သောရှဟံကျောက်၊ နီလာ ကျောက်နှင့် ဝယ်သော်လည်း မရနိုင်။
17لا يعادلها الذهب ولا الزجاج ولا تبدل باناء ذهب ابريز.
17ရွှေဖြစ်စေ၊ ကျောက်သလင်းဖြစ်စေမမှီနိုင်။ ရွှေစင်တန်ဆာများနှင့်ဖယ်လှည်၍မရနိုင်။
18لا يذكر المرجان او البلور وتحصيل الحكمة خير من اللآلئ.
18သန္တာနှင့်ပုလဲကိုပြောစရာမရှိ။ ပညာသည် ပတ္တမြားထက်သာ၍ အဘိုးကြီး၏။
19لا يعادلها ياقوت كوش الاصفر ولا توزن بالذهب الخالص
19ကုရှဥဿဘယားသည် မမှီနိုင်။ အမြတ်ဆုံးသော ရွှေနှင့်ဝယ်၍ မရနိုင်။
20فمن اين تأتي الحكمة واين هو مكان الفهم.
20သို့ဖြစ်၍၊ ပညာသည် အဘယ်က လာသနည်း။ ဥာဏ်သည် အဘယ်ဆီမှာ နေရာကျသနည်း။
21اذ أخفيت عن عيون كل حيّ وسترت عن طير السماء.
21အသက်ရှင်သော သတ္တဝါတစုံတယောက်မျှ ကြည့်၍မမြင်နိုင်။ မိုဃ်းကောင်းကင်ငှက်တို့သည် ရှာ၍ မတွေ့နိုင်။
22الهلاك والموت يقولان بآذاننا قد سمعنا خبرها.
22အဗဒ္ဒုန်မင်းနှင့်သေမင်းတို့က၊ ပညာ၏သိတင်းကို နားနှင့် ကြားရုံမျှသာရှိသည်ဟု ဆိုတတ်ကြ၏။
23الله يفهم طريقها وهو عالم بمكانها.
23ဘုရားသခင်သာလျှင် ပညာလမ်းကို နားလည်တော်မူ၏။
24لانه هو ينظر الى اقاصي الارض. تحت كل السموات يرى.
24ပညာနေရာအရပ်ကို သိတော်မူ၏။
25ليجعل للريح وزنا ويعاير المياه بمقياس.
25လေကိုချိန်လျက်၊ ရေကိုလည်းခြင်လျက်၊ မြေကြီး စွန်းတိုင်အောင် ကြည့်ရှု၍၊ ကောင်းကင်အောက်၌ ရှိသမျှ တို့ကို မြင်တော်မူ၏။
26لما جعل للمطر فريضة ومذهبا للصواعق
26မိုဃ်းရွာမှုကိုစီရင်၍၊ မိုဃ်းကြိုးလျှပ်စစ်ပြက်ရာ လမ်းကို ဖန်ဆင်းသောအခါ၊
27حينئذ رآها واخبر بها هيأها وايضا بحث عنها
27ပညာကိုမြင်၍ဘော်ပြတော်မူ၏။ ပညာတရားကို ထား၍စုံစမ်းတော်မူ၏။
28وقال للانسان هوذا مخافة الرب هي الحكمة والحيدان عن الشر هو الفهم
28လူတို့အားလည်း ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသည် ပညာဖြစ်ကြောင်းနှင့်၊ ဒုစရိုက်ကို ရှောင်ခြင်း သည် ဥာဏ်ဖြစ်ကြောင်းကို မိန့်တော်မူပြီဟုမြွက်ဆို၏။