1أتعرف وقت ولادة وعول الصخور او تلاحظ مخاض الايائل.
1သင်သည် တောဆိတ်မွေးရသောကာလကို သိသလော။ သမင်ဒရယ်မ သားဘွားခြင်းဝေဒနာခံရ သောအချိန်ကို မှတ်နိုင်သလော။
2أتحسب الشهور التي تكملها او تعلم ميقات ولادتهنّ.
2ကိုယ်ဝန်ဆောင်ရသောနေ့လတို့ကို ရေတွက်၍၊ ဘွားရသော အချိန်ကာလကို သိသလော။
3يبركن ويضعن اولادهنّ. يدفعن اوجاعهنّ.
3သူတို့သည် ကျောကိုင်း၍သားငယ်ကို မွေးဘွား သဖြင့် ဝေဒနာငြိမ်းကြ၏။
4تبلغ اولادهنّ. تربو في البرية. تخرج ولا تعود اليهنّ
4သားငယ်တို့သည် ကျန်းမာ၍၊ လွင်ပြင်၌ ကြီးပွါး တတ်ကြ၏။ အခြားသို့သွား၍ အမိထံသို့ပြန်မလာဘဲ နေတတ်ကြ၏။
5من سرّح الفراء حرّا ومن فكّ ربط حمار الوحش.
5တောမြည်းကိုအဆီးအတားမရှိစေခြင်းငှါ အဘယ်သူလွှတ်သနည်း။ တောမြင်း၌ချည်နှောင်ခြင်းကို အဘယ်သူဖြေသနည်း။
6الذي جعلت البرية بيته والسباخ مسكنه.
6တောကို သူ့အိမ်ဘို့၎င်း၊ လွင်ပြင်ကိုသူ့နေရာဘို့ ၎င်း ငါခန့်ထားပြီ။
7يضحك على جمهور القرية. لا يسمع زجر السائق.
7မြို့၌ဖြစ်သောလူတို့၏ အသံဗလံကို သူသည် မထီမဲ့မြင်ပြုတတ်၏။ နှင်သောသူအော်ဟစ်နှိုးဆော်သံကို မမှတ်တတ်။
8دائرة الجبال مرعاه وعلى كل خضرة يفتش
8တောင်ရိုး၌ ကျက်စား၍၊ စိမ်းသော အပင် အမျိုးမျိုးကို ရှာတတ်၏။
9أيرضى الثور الوحشي ان يخدمك ام يبيت عند معلفك.
9ကြံ့သည် သင်၏အမှုကိုဆောင်ရွက်၍၊ သင်၏ တင်းကုပ်၌ နေခြင်းငှါ အလိုရှိလိမ့်မည်လော။
10أتربط الثور الوحشي برباطه في التلم ام يمهد الاودية وراءك.
10ကြံကိုထွန်ကြောင်းသို့ လိုက်စေခြင်းငှါ ကြိုးနှင့် ချည်နိုင်သလော။ သို့မဟုတ်သင့်နောက်သို့ လိုက်၍ချိုင့်၌ လယ်ထွန်လိမ့်မည်လော။
11أتثق به لان قوته عظيمة او تترك له تعبك.
11ကြံ့သည် အားကြီးသောကြောင့် သူ့ကိုယုံမည် လော။ သင်လုပ်ရသော အလုပ်ကိုသူ၌ အပ်မည်လော။
12أتأتمنه انه يأتي بزرعك ويجمع الى بيدرك
12သင်၏စပါးကို ဆောင်ခဲ့၍ စပါးကျီ၌ စုသိမ်းလိမ့်မည်ဟု ယုံသလော။
13جناح النعامة يرفرف. أفهو منكب رأوف ام ريش.
13ကုလားအုပ်ငှက်သည် အတောင်ခတ်လျက် နေတတ်၏။ တောငန်းသည် အမွေးအတောင်နှင့် ပြည့်စုံ၏။
14لانها تترك بيضها وتحميه في التراب
14သို့သော်လည်း မြေ၌ဥ၍ အဥတို့ကို မြေမှုန့်၌ နွေးစေတတ်၏။
15وتنسى ان الرّجل تضغطه او حيوان البر يدوسه.
15သူ့ခြေသည်အဥတို့ကို နင်းမိမည်၊ သားရဲခွဲလိမ့် မည်ဟု မစိုးရိမ်။
16تقسو على اولادها كانها ليست لها. باطل تعبها بلا اسف.
16သားငယ်တို့ကို ကိုယ်သားကဲ့သို့မမှတ် ကြမ်းတမ်းစွာ ပြုတတ်၏။ စိုးရိမ်ခြင်းမရှိ။ သားဘွားခြင်း ဝေဒနာကို အချည်းနှီးခံတတ်၏။
17لان الله قد انساها الحكمة ولم يقسم لها فهما.
17အကြောင်းမူကား၊ ဘုရားသခင်သည် ပညာမဲ့ စေခြင်းငှါ ဖန်ဆင်းတော်မူ၏။ ဥာဏ်ကိုပေးတော်မမူ။
18عندما تحوذ نفسها الى العلاء تضحك على الفرس وعلى راكبه
18သို့သော်လည်း ကိုယ်ကို ချီကြွသောအခါ၊ မြင်းနှင့်မြင်းစီးသော သူကိုပင် ရယ်တတ်၏။
19هل انت تعطي الفرس قوته وتكسو عنقه عرفا
19သင်သည် မြင်းကိုခွန်အားနှင့် ပြည့်စုံစေသလော။ သူ၏လည်ပင်း၌ မိုဃ်းကြိုးလက္ခဏာကို သွင်းသလော။
20أتوثبه كجرادة. نفخ منخره مرعب.
20ကျိုင်းကောင် ခုန်သကဲ့သို့ ခုန်တတ်စေသလော။ သူ၏နှာခေါင်းမြည်သံသည် ကြောက်မက်ဘွယ်ဖြစ်၏။
21يبحث في الوادي وينفز ببأس. يخرج للقاء الاسلحة.
21လွင်ပြင်ကိုယက်၍၊ မိမိခွန်အား၌ ဝါကြွားလျက်၊ သူရဲများကို တွေ့အံ့သောငှါ သွားတတ်၏။
22يضحك على الخوف ولا يرتاع ولا يرجع عن السيف.
22ကြောက်စရာအကြောင်းကို ကဲ့ရဲ့၍၊ ကြောက် လန့်သောသဘောနှင့် ကင်းလွတ်သဖြင့်၊ ထားဘေးကို မရှောင်တတ်။
23عليه تصل السهام وسنان الرمح والمزراق.
23သူ့တဘက်၌ မြှားတောင့်လှုပ်သံမြည်၍၊ လှံနှင့် ဒိုင်းလွှားသည် ပြောင်လက်လျက်ရှိ၏။
24في وثبه ورجزه يلتهم الارض ولا يؤمن انه صوت البوق.
24မာနကြီး၍ပြင်းထန်သော စိတ်နှင့် မြေကို မျိုတတ်၏။ တံပိုးသံကို ကြားသောအခါ၊ ငြိမ်ဝပ်စွာ မနေနိုင်။
25عند نفخ البوق يقول هه ومن بعيد يستروح القتال صياح القواد والهتاف
25တံပိုးများ အလယ်သို့ရောက်၍ အေ့ဟေ၊ အေ့ဟေဟုဆိုတတ်၏။ ဗိုလ်မြေအော်ဟစ်၍ အသံဗလံ ပြုခြင်းနှင့်တကွ၊ စစ်တိုက်ပွဲကို အဝေးက အနံ့ခံတတ်၏။
26أمن فهمك يستقل العقاب وينشر جناحيه نحو الجنوب.
26သင်ပေးသော ဥာဏ်အားဖြင့် သိမ်းငှက်သည် အတောင်ကို ဖြန့်၍ တောင်မျက်နှာသို့ ပျံသွားတတ် သလော။
27او بأمرك يحلّق النسر ويعلّي وكره.
27သင်စီရင်သောကြောင့် ရွှေလင်းတသည် အထက်သို့တက်၍၊ မြင့်သောအရပ်၌ အသိုက်ကို လုပ်တတ်သလော။
28يسكن الصخر ويبيت على سن الصخر والمعقل.
28သူသည် ကျောက်ပေါ်မှာနေ၍ တောင်ထိပ်နှင့် ကျောက်ငူပေါ်မှာ နေရာကျတတ်၏။
29من هناك يتحسس قوته. تبصره عيناه من بعيد.
29ထိုအရပ်ကကြည့်၍ ကိုက်စားစရာအကောင်ကို အဝေးကပင် မြင်တတ်၏။
30فراخه تحسو الدم وحيثما تكن القتلى فهناك هو
30သူ၏သားငယ်တို့သည် အသွေးကို သောက်တတ်၏။ အသေကောင်ရှိရာအရပ်၌ ထိုငှက်ရှိသည်ဟု မိန့်တော်မူ၏။