1فاجاب ايوب وقال
1တဖန်ယောဘမြွက်ဆိုသည်ကား၊
2ليت كربي وزن ومصيبتي رفعت في الموازين جميعها.
2ငါဝမ်းနည်းခြင်းအကြောင်းကို သေချာစွာ ချိန်တွယ်ပါစေ။ ငါခံရသောဒုက္ခများကိုလည်း ချိန်ခွင်၌ စုထားပါစေ။
3لانها الآن اثقل من رمل البحر. من اجل ذلك لغا كلامي.
3သို့ဖြစ်လျှင် သမုဒ္ဒရာသဲထက်သာ၍ လေးလိမ့်မည်။ ထိုကြောင့် ငါ့စကားလွန်မိပြီ။
4لان سهام القدير فيّ وحمتها شاربة روحي. اهوال الله مصطفة ضدي.
4အနန္တတန်ခိုးရှင်ပစ်တော်မူသော မြှားတို့သည် ငါ၌စွဲ၍၊ အဆိပ်အတောက်ဖြင့် ငါ့ဝိညာဉ်ကိုမွန်းစေ၏။ ဘုရားသခင်ပြတော်မူသော ကြောက်မက်ဘွယ်အရာတို့သည် ငါ့ရှေ့မှာ စီလျက်ရှိကြ၏။
5هل ينهق الفراء على العشب او يخور الثور على علفه.
5တောမြည်းသည် မြက်ပင်ပေါသောအခါ မြည်တတ်သလော။ နွားသည်စားစရာရှိသောအခါ အော် တတ်သလော။
6هل يؤكل المسيخ بلا ملح او يوجد طعم في مرق البقلة.
6မမြိန်သောအရာကို ဆားမပါဘဲ စားနိုင် သလော။ ကြက်ဥအကာသည် ဆိမ့်သောအရသာ ရှိသလော။
7ما عافت نفسي ان تمسّها هذه صارت مثل خبزي الكريه
7လက်နှင့်မျှမတို့နိုင်၊ ငါမနှစ်သက်နိုင်သောအရာကို ရွံလျက်နှင့် ငါစားရ၏။
8يا ليت طلبتي تاتي ويعطيني الله رجائي.
8ငါတောင်းသောအရာကို ရပါစေ။ ငါတောင့်တသောအရာကို ဘုရားသခင်ပေးသနားတော်မူပါစေ။
9ان يرضى الله بان يسحقني ويطلق يده فيقطعني.
9တောင့်တသောအရာဟူမူကား၊ ဘုရားသခင်သည် ငါ့ကိုဖျက်ဆီးတော်မူပါစေ။ လက်တော်ကိုဆန့်၍ ငါ့ကိုဆုံးစေတော်မူပါစေ။
10فلا تزال تعزيتي وابتهاجي في عذاب لا يشفق اني لم اجحد كلام القدوس.
10ထိုသို့ဖြစ်လျှင်ငါသည် သက်သာရ၏။ ငြိုငြင်သော်လည်း သည်းခံမည်။ ငါ့ကိုနှမြောတော်မမူပါစေနှင့်။ သန့်ရှင်တော်မူသောသူ၏စကားကို ငါမငြင်းမဆန်ပြီ။
11ما هي قوتي حتى انتظر وما هي نهايتي حتى اصبّر نفسي.
11ငါမြော်လင့်စရာအခွင့်ရှိရမည်အကြောင်း၊ ငါ့ခွန်အားကားအဘယ်သို့နည်း။ ငါသည်ကိုယ်အသက်ကို စောင့်ရမည်အကြောင်း၊ နောက်ဆုံးခံရသော အကျိုးကား အဘယ်သို့နည်း။
12هل قوتي قوة الحجارة. هل لحمي نحاس.
12ငါ့ခွန်အားသည် ကျောက်ခွန်အားဖြစ်သလော။ ငါ့အသားသည် ကြေးဝါဖြစ်သလော။
13ألا انه ليست فيّ معونتي والمساعدة مطرودة عني
13ငါသည်ကိုယ်ကိုမမစနိုင်။ ငါ့ဥာဏ်လည်းကုန်ပြီ။
14حق المحزون معروف من صاحبه وان ترك خشية القدير.
14ဆင်းရဲခြင်းသို့ရောက်သောသူ၏ အဆွေခင်ပွန်းသည် သနားအပ်၏။ မသနားလျှင် အနန္တတန်ခိုးရှင်ကို ကြောက်ရွံ့သောသဘောနှင့် ကင်းလွတ်၏။
15اما اخواني فقد غدروا مثل الغدير. مثل ساقية الوديان يعبرون.
15ငါ့ညီအစ်ကိုတို့သည် ချောင်းရေကဲ့သို့ လှည့်စား၍၊ ချိုင့်၌စီးသောရေကဲ့သို့ရွေ့သွား ကွယ်ပျောက် တတ်ကြ၏။
16التي هي عكرة من البرد ويختفي فيها الجليد.
16ထိုချောင်းရေသည် ရေခဲကြောင့်၎င်း၊ မထင်ရှားသော မိုဃ်းပွင့်ကြောင့်၎င်း၊
17اذا جرت انقطعت. اذا حميت جفت من مكانها.
17အလွန်စီးတတ်သော်လည်း၊ နွေးသောအခါ ကွယ်ပျောက်တတ်၏။ နေပူသောအခါ မိမိနေရာ၌ ခန်း ခြောက်တတ်၏။
18يعرّج السّفر عن طريقهم يدخلون التيه فيهلكون.
18ထိုရေစီးသောချောင်းတို့သည် လွဲသွား၍ တရွေ့တရွေ့ ကွယ်ပျောက်တတ်ကြ၏။
19نظرت قوافل تيماء. سيارة سبأ رجوها.
19တေမန်အမျိုးသားအစုအဝေးတို့သည် ရှာကြ၏။ ရှေဘပြည်မှ ခရီးသွားသောသူအစုအဝေးတို့သည် မြော်လင့်လျက် လာကြ၏။
20خزوا في ما كانوا مطمئنين. جاءوا اليها فخجلوا.
20မြော်လင့်၍စိတ်ပျက်ကြ၏။ ထိုအရပ်သို့ ရောက်သောအခါ ရှက်ကြောက်လျက် နေကြ၏။
21فالآن قد صرتم مثلها. رايتم ضربة ففزعتم.
21ထိုအတူ သင်တို့သည်အချည်းနှီးသက်သက် ဖြစ်ကြ၏။ ငါနှိမ့်ချခြင်းကိုမြင်လျှင် ဆုတ်၍နေကြ၏။
22هل قلت اعطوني شيئا او من مالكم ارشوا من اجلي.
22ငါ့ထံသို့လက်ဆောင်ကို ယူခဲ့ကြပါ။ သင်တို့ ပစ္စည်းဥစ္စာထဲကထုတ်၍ ငါ့ကိုပေးကြပါ။
23او نجوني من يد الخصم او من يد العتاة افدوني.
23ရန်သူလက်မှငါ့ကိုကယ်ယူကြပါ။ သူရဲလက်မှ ရွေးနှုတ်ကြပါဟု ငါပြောသလော။
24علموني فانا اسكت. وفهموني في اي شيء ضللت.
24ငါ့ကိုဆုံးမကြပါ။ တိတ်ဆိတ်လျက်နေပါမည်။ ငါမှားသောအရာကို ငါ့အားဘော်ပြကြပါ။
25ما اشد الكلام المستقيم واما التوبيخ منكم فعلى ماذا يبرهن.
25မှန်သောစကားသည် တန်ခိုးကြီး၏။ သင်တို့ ကဲ့ရဲ့သောစကားသည် အဘယ်မှာနေရာကျသနည်း။
26هل تحسبون ان توبخوا كلمات. وكلام اليائس للريح.
26ငါစကားပြောရုံကာမျှကို အပြစ်တင်မည်ကြံစည်ကြသလော။ မြော်လင့်စရာမရှိသောသူ ပြောသော စကားသည် လေသက်သက်ဖြစ်၏။
27بل تلقون على اليتيم وتحفرون حفرة لصاحبكم.
27အကယ်၍သင်တို့သည် မိဘမရှိသောသူငယ်ကို နှိပ်စက်ကြ၏။ အဆွေခင်ပွန်းဘို့ တွင်းကိုတူးကြ၏။
28والآن تفرسوا فيّ. فاني على وجوهكم لا اكذب.
28ငါ့ကိုစိတ်မရှိဘဲကြည့်ရှုကြပါလော့။ သင်တို့ရှေ့ မှာ ငါလှည့်စားသလော။
29ارجعوا. لا يكوننّ ظلم. ارجعوا ايضا. فيه حقي.
29ပြန်၍ဆင်ခြင်ကြပါ။ မတရားသဖြင့်မပြုကြပါ နှင့်။ ပြန်၍ဆင်ခြင်ကြပါ။ ဤအမှု၌ ငါသည် ဖြောင့်မတ် ပါ၏။
30هل في لساني ظلم ام حنكي لا يميّز فسادا
30ငါ့လျှာ၌ ကောက်သောသဘောရှိသလော။ ငါသည် မြည်းစမ်း၍ အပြစ်ပါသောအရာကို ပိုင်းခြား မသိနိုင်သလော။