1وكان يسوع يتردد بعد هذا في الجليل. لانه لم يرد ان يتردد في اليهودية لان اليهود كانوا يطلبون ان يقتلوه
1ထိုနောက်မှယေရှုသည် ဂါလိလဲပြည်၌ လှည့်လည်တော်မူ၏။ ယုဒလူတို့သည် ကိုယ်တော်ကို သတ်အံ့ သောငှါ ရှာကြံသောကြောင့်၊ ယုဒပြည်၌ လှည့်လည်ခြင်းငှါ အလိုတော်မရှိ။
2وكان عيد اليهود عيد المظال قريبا.
2ယုဒလူတို့၏ သကေနေပွဲခံခါနီးတွင်၊
3فقال له اخوته انتقل من هنا واذهب الى اليهودية لكي يرى تلاميذك ايضا اعمالك التي تعمل.
3ညီတော်တို့က၊ သင်ပြုသောအမှုတို့ကို တပည့်များတို့သည်မြင်စေခြင်းငှါ ဤအရပ်မှထွက်၍ ယုဒပြည် သို့ကြွပါ။
4لانه ليس احد يعمل شيئا في الخفاء وهو يريد ان يكون علانية. ان كنت تعمل هذه الاشياء فاظهر نفسك للعالم.
4ကျော်စောကိတ္တိကို အလိုရှိသောသူမည်သည်ကား မထင်ရှားသောအားဖြင့် အဘယ်အမှုကိုမျှ မပြု တတ်။ ဤအမှုတို့ကို သင်သည်ပြုလျှင်။ ဤလောက၌ ကိုယ်ကိုထင်ရှားစွာ ပြပါဟု၊
5لان اخوته ايضا لم يكونوا يؤمنون به.
5မယုံကြည်သောကြောင့် ယေရှုအားဆိုကြ၏။
6فقال لهم يسوع ان وقتي لم يحضر بعد. واما وقتكم ففي كل حين حاضر.
6ယေရှုကလည်း၊ ငါ့အချိန်မရောက်သေး။ သင်တို့ကို ခပ်သိမ်းသောအချိန်သင့်လျက်ရှိ၏။
7لا يقدر العالم ان يبغضكم ولكنه يبغضني انا لاني اشهد عليه ان اعماله شريرة.
7လောကီသားတို့သည် သင်တို့ကိုမုန်းနိုင်။ ငါ့ကိုမုန်းကြ၏။ အကြောင်းမူကား၊ ငါသည်သူတို့၏အကျင့် ဆိုးညစ်ကြောင်းကို သက်သေခံ၏။
8اصعدوا انتم الى هذا العيد. انا لست اصعد بعد الى هذا العيد لان وقتي لم يكمل بعد.
8ထိုပွဲသို့သင်တို့သွားကြလော့။
9قال لهم هذا ومكث في الجليل
9ငါမသွားသေး။ ငါ့အချိန်မပြည်စုံသေးဟု မိန့်တော်မူပြီးလျှင်၊ ဂါလိလဲပြည်မှာနေတော်မူ၏။
10ولما كان اخوته قد صعدوا حينئذ صعد هو ايضا الى العيد لا ظاهرا بل كانه في الخفاء.
10ညီတော်တို့သွားပြီးမှ ကိုယ်တော်သည် ထိုပွဲသို့ မထင်မရှားကြွတော်မူ၏။
11فكان اليهود يطلبونه في العيد ويقولون اين ذاك.
11ထိုပွဲ၌ယုဒလူတို့က၊ ယေရှုသည်အဘယ်မှာ ရှိသနည်းဟု မေးမြန်းရှာဖွေကြ၏။
12وكان في الجمع مناجاة كثيرة من نحوه. بعضهم يقولون انه صالح. وآخرون يقولون لا بل يضل الشعب.
12လူအစုအဝေးတို့သည် ကိုယ်တော်ကိုအကြောင်းပြု၍ အုတ်အုတ်သဲသဲဖြစ်ကြ၏။ အချို့တို့က၊ သူ သည်သူတော်ကောင်းဖြစ်သည်ဟူ၍၎င်း၊ အချို့တို့က၊ သူတော်ကောင်းမဟုတ်၊ လူများကိုလှည့်ဖျားသည်ဟူ၍ ၎င်း ဆိုကြ၏။
13ولكن لم يكن احد يتكلم عنه جهارا لسبب الخوف من اليهود
13သို့သော်လည်း ယုဒလူတို့ကို ကြောက်သောကြောင့် အဘယ်သူမျှ အတည့်အလင်းမပြောဝံ့ကြ။
14ولما كان العيد قد انتصف صعد يسوع الى الهيكل وكان يعلّم.
14ထိုပွဲကို ခံစဉ်တွင်၊ ယေရှုသည် ဗိမာန်တော်သို့တက်၍ ဆုံးမဩဝါဒပေးတော်မူ၏၊
15فتعجب اليهود قائلين كيف هذا يعرف الكتب وهو لم يتعلّم.
15ယုဒလူတို့သည် အံ့ဩ၍၊ ဤသူသည် စာမသင်ဘဲလျက် အဘယ်သို့ တတ်ဘိသနည်းဟုဆိုကြ၏။
16اجابهم يسوع وقال تعليمي ليس لي بل للذي ارسلني.
16ယေရှုကလည်း၊ ငါဟောသောဒေသနာသည် ငါ၏ဒေသနာမဟုတ်။ ငါ့ကိုစေလွှတ်တော်မူသော သူ၏ ဒေသနာဖြစ်၏။
17ان شاء احد ان يعمل مشيئته يعرف التعليم هل هو من الله ام اتكلم انا من نفسي.
17ထိုသူ၏အလိုတော်သို့ လိုက်ချင်သောသူမည်သည်ကား၊ ဤဒေသနာသည်ဘုရားသခင်၏ ဒေသနာ တော်ဖြစ်သလော၊ ငါသည် ကိုယ်အလိုအလျောက် ဟောပြောသလောဟု ပိုင်းခြား၍သိလိမ့်မည်။
18من يتكلم من نفسه يطلب مجد نفسه. واما من يطلب مجد الذي ارسله فهو صادق وليس فيه ظلم.
18ကိုယ်အလိုအလျောက်ဟောပြောသောသူသည် မိမိဘုန်းအသရေကိုရှာတတ်၏။ မိမိကို စေလွှတ်တော် မူသောသူ၏ ဘုန်းအသရေကိုရှာသော သူမူကား၊ ယုံလောက်သောသူဖြစ်၏။ ထိုသူ၌မုသားမရှိ။
19أليس موسى قد اعطاكم الناموس وليس احد منكم يعمل الناموس. لماذا تطلبون ان تقتلوني
19မောရှသည်ပညတ်တရားကို သင်တို့အား ပေးသည်မဟုတ်လော။ ထိုတရားကို သင်တို့တွင် တစုံ တယောက်မျှမကျင့်။ ငါ့ကိုသတ်အံ့သောငှါ အဘယ်ကြောင့် ရှာကြံကြသနည်းဟု မိန့်တော်မူ၏။
20اجاب الجمع وقالوا بك شيطان. من يطلب ان يقتلك.
20လူအစုအဝေးကလည်း၊ သင်သည် နတ်ဆိုးစွဲသောသူဖြစ်၏။ သင့်ကို သတ်အံ့သောငှါ အဘယ်သူ ရှာကြံသနည်းဟု ဆိုကြ၏။
21اجاب يسوع وقال لهم عملا واحدا عملت فتتعجبون جميعا.
21ယေရှုကလည်း၊ ငါပြုသောအမှုတခုကို သင်တို့ရှိသမျှသည် အံ့ဩခြင်းရှိကြ၏။
22لهذا اعطاكم موسى الختان. ليس انه من موسى بل من الآباء. ففي السبت تختنون الانسان.
22မောရှသည် အရေဖျားလှီးခြင်းတရားကို သင်တို့အား ပေး၏။ ထိုသို့ဆိုသော် မောရှေမှ အစစွာခံရ သည်ဟု မဆိုလို။ ဘိုးဘေးများမှဆက်ခံရသတည်း၊ ထိုကြောင့် ဥပုသ်နေ့၌ သင်တို့သည်အရေဖျားလှီးခြင်းကို ပေးကြ၏။
23فان كان الانسان يقبل الختان في السبت لئلا ينقض ناموس موسى أفتسخطون عليّ لاني شفيت انسانا كله في السبت.
23မောရှေ၏တရားမပျက်စေခြင်းငှါ လူသည်ဥပုသ်နေ့၌ အရေဖျားလှီးခြင်းကိုခံရလျှင်၊ ငါသည် ဥပုသ် နေ့၌ လူတကိုယ်လုံးကို ကျန်းမာစေသောကြောင့်၊ သင်တို့သည် ငါ့ကိုအမျက်ထွက်ရာသလော။
24لا تحكموا حسب الظاهر بل احكموا حكما عادلا
24မျက်နှာကို သာကြည်၍မစီရင်ကြနှင့်။ တရားသဖြင့် စီရင်ကြလော့ဟု မိန့်တော်မူ၏။
25فقال قوم من اهل اورشليم أليس هذا هو الذي يطلبون ان يقتلوه.
25ထိုအခါ ယေရုရှလင်မြို့သားအချို့ကလည်း၊ ဤသူကိုသတ်အံ့သောငှါ ရှာကြသည်မဟုတ်လော။
26وها هو يتكلم جهارا ولا يقولون له شيئا. ألعل الرؤساء عرفوا يقينا ان هذا هو المسيح حقا.
26ကြည့်ပါ။ သူသည်ထင်ရှားစွာဟောပြော၍ အဘယ်မြစ်တားခြင်းကိုမျှ မပြုကြပါတကား၊ ဤသူသည် ခရစ်တော်ဖြစ်ကြောင်းကို မင်းများတို့သည် အမှန်သိကြသလော။
27ولكن هذا نعلم من اين هو. واما المسيح فمتى جاء لا يعرف احد من اين هو
27သို့သော်လည်း ဤသူသည် အဘယ်ကဖြစ်သည်ကိုငါတို့သိကြ၏။ ခရစ်တော်သည် ကြွလာတော်မူ သောအခါ အဘယ်ကဖြစ်တော်မူသည်ကို အဘယ်သူမျှမသိရဟု ဆိုကြ၏။
28فنادى يسوع وهو يعلّم في الهيكل قائلا تعرفونني وتعرفون من اين انا ومن نفسي لم آت بل الذي ارسلني هو حق الذي انتم لستم تعرفونه.
28ယေရှုကလည်း၊ သင်တို့သည်ငါ့ကိုသိကြ၏။ ငါအဘယ်က ဖြစ်သည်ကိုလည်း သိကြ၏။ သို့သော်လည်း ငါသည် ကိုယ်အလိုအလျောက်လာသည်မဟုတ်။ ငါ့ကို စေလွှတ်တော်မူသောသူသည် သစ္စာနှင့်ပြည့်စုံတော်မူ ၏။ ထိုသူကို သင်တို့မသိကြ။
29انا اعرفه لاني منه وهو ارسلني.
29ငါမူကားသိ၏။ အကြောင်းမူကား၊ ထိုသူ၏ အထံတော်မှ ငါလာ၏။ သူသည်လည်း ငါ့ကိုစေလွှတ် တော်မူ၏ဟု ဗိမာန်တော်၌ ဆုံးမဩဝါဒပေးတော်မူစဉ်တွင် ကြွေးကြော်၍မိန့်တော်မူလျှင်၊
30فطلبوا ان يمسكوه. ولم يلق احد يدا عليه لان ساعته لم تكن قد جاءت بعد.
30ကိုယ်တော်ကို ဘမ်းဆီးခြင်းအခွင့်ကိုရှာကြ၏။ သို့သော်လည်း ကိုယ်တော်၏အချိန်မစေ့ မရောက်သေး သောကြောင့် အဘယ်သူမျှ မဘမ်းဆီးကြ။
31فآمن به كثيرون من الجمع وقالوا ألعل المسيح متى جاء يعمل آيات اكثر من هذه التي عملها هذا
31လူအစုအဝေးထဲ၌ ပါသောလူများတို့သည် ယုံကြည်သည်ဖြစ်၍၊ ခရစ်တော်သည် ကြွလာတော်မူ သောအခါ၊ ဤသူပြသော နိမိတ်လက္ခဏာထက်သာ၍ များသောနိမိတ်လက္ခဏာတို့ကို ပြတော်မူမည်လောဟု ဆိုကြ၏။
32سمع الفريسيون الجمع يتناجون بهذا من نحوه فارسل الفريسيون ورؤساء الكهنة خداما ليمسكوه.
32ထိုသို့လူများ အုတ်အုတ်သဲသဲဖြစ်ကြသည်ကို ဖာရိရှဲတို့သည်ကြားလျှင်၊ ယဇ်ပုရောဟိတ်အကြီးတို့ နှင့်တိုင်ပင်ပြီးမှ ကိုယ်တော်ကို ဘမ်းဆီးစေခြင်းငှါ မင်းလုလင်တို့ကို စေလွှတ်ကြ၏။
33فقال لهم يسوع انا معكم زمانا يسيرا بعد ثم امضي الى الذي ارسلني.
33ယေရှုကလည်း၊ ငါသည် သင်တို့နှင်အတူ ခဏသာနေပြီးလျှင်၊ ငါ့ကိုစေလွှတ်တော်မူသော သူထံသို့ သွားရမည်။ သင်တို့သည် ငါ့ကိုရှာကြလိမ့်မည်။
34ستطلبونني ولا تجدونني وحيث اكون انا لا تقدرون انتم ان تأتوا.
34ရှာသော်လည်းမတွေ့ရကြ။ ငါရှိရာအရပ်သို့ သင်တို့မရောက်နိုင်ကြဟု မိန့်တော်မူလျှင်၊
35فقال اليهود فيما بينهم الى اين هذا مزمع ان يذهب حتى لا نجده نحن. ألعله مزمع ان يذهب الى شتات اليونانيين ويعلّم اليونانيين.
35ယုဒလူတို့က၊ ငါတို့ကိုမတွေ့စေခြင်းငှာ သူသည် အဘယ်အရပ်သို့သွားလိမ့်မည်နည်း။ ဟေလသလူ တို့တွင်အရပ်ရပ်သို့ ကွဲပြားလျက်နေသော သူတို့ရှိရာသို့သွား၍ ဟေလသလူတို့အား တရားဟောလိမ့်မည် လော။
36ما هذا القول الذي قال ستطلبونني ولا تجدونني وحيث اكون انا لا تقدرون انتم ان تأتوا
36သင်တို့သည် ငါ့ကို ရှာကြလိမ့်မည်။ ရှာသော်လည်း မတွေ့ရကြ။ ငါရှိရာအရပ်သို့ သင်တို့မရောက် နိုင်ကြဟူသောစကားသည် အဘယ်သို့ဆိုလိုသနည်းဟု အချင်းချင်းဆိုကြ၏။
37وفي اليوم الاخير العظيم من العيد وقف يسوع ونادى قائلا ان عطش احد فليقبل اليّ ويشرب.
37ထိုပွဲကိုခံ၍ နောက်ဆုံးဖြစ်သောနေ့မြတ်၌ ယေရှုသည်ရပ်၍ ကြွေးကြော်တော်မူသည်ကား၊ ရေငတ် သောသူရှိလျှင် ငါ့ထံသို့လာ၍ သောက်လော့။
38من آمن بي كما قال الكتاب تجري من بطنه انهار ماء حيّ.
38ငါ့ကိုယုံကြည်သောသူသည် ကျမ်းစာလာသည်အတိုင်း အသက်ရေတွက်ရာ စမ်းရေတွင်းဖြစ်လိမ့်မည် ဟု မိန့်တော်မူ၏။
39قال هذا عن الروح الذي كان المؤمنون به مزمعين ان يقبلوه. لان الروح القدس لم يكن قد أعطي بعد. لان يسوع لم يكن قد مجّد بعد.
39ထိုသို့မိန့်တော်မူသော်၊ ယုံကြည်သောသူတို့သည် ခံရလတံ့သောဝိညာဉ်တော်ကို ရည်မှတ်၍ မိန့် တော်မူ၏။ ယေရှုသည် ဘုန်းပွင့်တော်မမူသေးသောကြောင့် သန့်ရှင်းသောဝိညာဉ်တော်ကို ပေးတော်မမူသေး။
40فكثيرون من الجمع لما سمعوا هذا الكلام قالوا هذا بالحقيقة هو النبي.
40စကားတော်ကို ကြားသောလူအများတို့က၊ ဤသူသည်လာလတံ့သော ပရောဖက်အမှန်ဖြစ်သည်ဟု ဆိုကြ၏။
41آخرون قالوا هذا هو المسيح. وآخرون قالوا ألعل المسيح من الجليل يأتي.
41အချို့ကလည်း၊ ဤသူသည်ခရစ်တော်ဖြစ်သည်ဟု ဆိုကြ၏။ အချို့ကလည်း၊ ခရစ်တော်သည် ဂါလိလဲ ပြည်သားဖြစ်ရသလော။
42ألم يقل الكتاب انه من نسل داود ومن بيت لحم القرية التي كان داود فيها يأتي المسيح.
42ခရစ်တော်သည် ဒါဝိဒ်အမျိုး၊ဒါဝိဒ်နေရာဌာန၊ ဗက်လင်ရွာသားဖြစ်ရမည်ဟု ကျမ်းစာလာသည် မဟုတ် လောဟု ဆိုကြ၏။
43فحدث انشقاق في الجمع لسببه.
43ထိုသို့လူများတို့သည် ကွဲပြားကြသည်ဖြစ်၍၊ အချို့တို့သည် ကိုယ်တော်ကိုဘမ်းဆီးခြင်းငှါ အလို ရှိကြ၏။
44وكان قوم منهم يريدون ان يمسكوه ولكن لم يلق احد عليه الايادي
44သို့သော်လည်း အဘယ်သူမျှမဘမ်းမဆီးကြ။
45فجاء الخدام الى رؤساء الكهنة والفريسيين. فقال هؤلاء لهم لماذا لم تأتوا به.
45ထိုအခါ မင်းလုလင်တို့သည် ယဇ်ပုရောဟိတ်အကြီး၊ ဖာရိရှဲထံသို့ပြန်၍၊ ထိုမင်းတို့က၊ အဘယ်ကြောင့် သူ့ကိုမဆောင်ခဲ့ကြသနည်းဟု မေးမြန်းလျှင်၊
46اجاب الخدام لم يتكلم قط انسان هكذا مثل هذا الانسان.
46မင်းလုလင်တို့က၊ ထိုသူဟောပြောသကဲ့သို့ အဘယ်သူမျှမဟောစဖူးပါဟု လျှောက်ကြ၏။
47فاجابهم الفريسيون ألعلكم انتم ايضا قد ضللتم.
47ဖာရိရှဲတို့ကလည်း၊ သင်တို့ကိုပင် လှည့်ဖြားပြီလော။
48ألعل احدا من الرؤساء او من الفريسيين آمن به.
48မင်းများ၊ ဖာရိရှဲများတို့တွင် သူ့ကိုယုံကြည်သောသူတစုံတယောက်မျှရှိသလော။
49ولكن هذا الشعب الذي لا يفهم الناموس هو ملعون.
49တရားကိုမသိသော ဤလူများတို့သည် ကျိန်ခြင်းကို ခံရသောသူဖြစ်သည်ဟုဆိုကြ၏။
50قال لهم نيقوديموس الذي جاء اليه ليلا وهو واحد منهم.
50အထက်ကညဉ့်အခါ၌ အထံတော်သို့လာသော သူတည်းဟူသော ထိုမင်းများအဝင်ဖြစ်သော နိကောဒင် ကလည်း၊
51ألعل ناموسنا يدين انسانا لم يسمع منه اولا ويعرف ماذا فعل.
51ငါတို့တရားသည် လူကိုမစစ်၊ သူ့အမှုကို မသိမှီကပင် ရှေ့မဆွက ဆုံးဖြတ်တတ်သလောဟုဆိုလျှင်၊
52اجابوا وقالوا له ألعلك انت ايضا من الجليل. فتّش وانظر. انه لم يقم نبي من الجليل.
52သူတို့က၊ သင်သည်လည်း ဂါလိလဲပြည်သားဖြစ်သလော။ စစ်ဦးလော့၊ ဂါလိလဲပြည်၌ အဘယ် ပရောဖက်မျှမပေါ်ထွန်းသည်ကိုမှတ်လော့ဟု ဆိုကြပြီးမှ၊
53فمضى كل واحد الى بيته
53ထိုသူအပေါင်းတို့သည် မိမိတို့အိမ်သို့သွားကြ၏။