1وهؤلاء هم ملوك الارض الذين ضربهم بنو اسرائيل وامتلكوا ارضهم في عبر الاردن نحو شروق الشمس من وادي ارنون الى جبل حرمون وكل العربة نحو الشروق.
1ယော်ဒန်မြစ်အရှေ့ နေထွက်ရာဘက်၌၊ အာနုန် မြစ်မှစ၍ ဟေရမုန်တောင်တိုင်အောင်၊ အရှေ့လွင်ပြင်ရှိ သမျှပါလျက်၊ ဣသရေလအမျိုးသားတို့သည် လုပ်ကြံ၍ သိမ်းယူသောပြည်ကို အစိုးရသောမင်းကြီးများ ဟူမူကား၊
2سيحون ملك الاموريين الساكن في حشبون المتسلط من عروعير التي على حافة وادي ارنون ووسط الوادي ونصف جلعاد الى وادي يبّوق تخوم بني عمون
2အာနုန်မြို့အနားမှာ အာရော်မြို့၊ မြစ်တဝက်၊ ဂိလဒ်ပြည်တဝက်မှစ၍ အမ္မုန်ပြည်စွန်း အပိုင်းအခြား ယဗ္ဗုတ်မြစ်တိုင်အောင်၎င်း၊
3والعربة الى بحر كنّروت نحو الشروق والى بحر العربة بحر الملح نحو الشروق طريق بيت يشيموت ومن التيمن تحت سفوح الفسجة.
3အရှေ့မျက်နှာ၌ လွင်ပြင်မှစ၍ ဂင်္နေသရက် အိုင်နှင့် လွင်ပြင်အိုင်တည်းဟူသော သောဒုံအိုင်အရှေ့ ဘက် ဗက်ယေရှိမုတ်မြို့သို့ သွားရာလမ်း၊ အာဇုတ်ပိသဂါ မြို့အနား၊ တောင်မျက်နှာမှ လာရာလမ်းတိုင်အောင်၎င်း အစိုးရ၍၊ ဟေရှဘုန်မြို့၌နေသော အာမောရိရှင်ဘုရင် ရှိဟုန်တပါး၊
4وتخوم عوج ملك باشان من بقية الرفائيين الساكن في عشتاروث وفي اذرعي
4ဟေရမုန်တောင်နှင့် သာလကပြည်ကို၎င်း၊
5والمتسلط على جبل حرمون وسلخة وعلى كل باشان الى تخم الجشوريين والمعكيين ونصف جلعاد تخوم سيحون ملك حشبون.
5ဂေရှုရိလူ၊ မာခါသိလူနေသော ပြည်စွန်းတိုင် အောင် ဗာရှန်ပြည်တရှောက်လုံးကို၎င်း၊ ဟေရှဘုန် ရှင်ဘုရင် ရှိဟုန်ပိုင်သော နိုင်ငံစွန်းတိုင်အောင် ဂိလဒ် ပြည်တဝက်ကို၎င်း အစိုးရ၍၊ အာရှတရုတ်မြို့၊ ဧဒြိမြို့၌ နေသော အလွန်ကြီးမားသော လူမျိုးထဲက ကျန်ကြွင်း သောသူ ဗာရှန်ရှင်ဘုရင်ဩဃတပါး၊
6موسى عبد الرب وبنو اسرائيل ضربوها واعطاها موسى عبد الرب ميراثا للرأوبينيين والجاديين ولنصف سبط منسّى
6ထိုရှင်ဘုရင်နှစ်ပါးကို ထာဝရဘုရား၏ကျွန် မောရှေနှင့် ဣသရေလအမျိုးသားတို့သည် လုပ်ကြံ၍၊ ထာဝရဘုရား၏ကျွန်မောရှေသည် သူတို့ပြည်ကို ရုဗင် အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတဝက်တို့အား အပိုင်ပေး လေ၏။
7وهؤلاء هم ملوك الارض الذين ضربهم يشوع وبنو اسرائيل في عبر الاردن غربا من بعل جاد في بقعة لبنان الى الجبل الاقرع الصاعد الى سعير. واعطاها يشوع لاسباط اسرائيل ميراثا حسب فرقهم.
7ယော်ဒန်မြစ်အနောက်ဘက်မှာ လေဗနုန်ချိုင့်၌ ရှိသော ဗာလဂဒ်မြို့မှစ၍၊
8في الجبل والسهل والعربة والسفوح والبرية والجنوب الحثّيون والاموريون والكنعانيون والفرزّيون والحوّيون واليبوسيون.
8စိရလမ်းတွင်ရှိသော ဟာလက်တောင်တိုင် အောင် တောင်ပေါ်အရပ်၊ ချိုင့်ထဲအရပ်၊ လွင်ပြင်အရပ်၊ စမ်းရေတွင်းအရပ်၊ တောအရပ်၊ တောင်မျက်နှာအရပ်၊ ဟိတ္တိလူ၊ အာမောရိလူ၊ ခါနနိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိလူနေရာ၊ ယောရှုနှင့်ဣသရေလအမျိုးသား လုပ် ကြံ၍၊ ယောရှုသည် ဣသရေလအမျိုးအနွယ် အသီးသီး တို့အား အပိုင်ပေးသောပြည်ကို အစိုးရသောမင်းကြီးများ ဟူမူကား၊
9ملك اريحا واحد. ملك عاي التي بجانب بيت ايل واحد.
9ယေရိခေါမင်းကြီးတပါး၊ ဗေသလမြို့အနားမှာ၊ အာဣမင်းကြီးတပါး၊
10ملك اورشليم واحد. ملك حبرون واحد.
10ယေရုရှလင်မင်းကြီးတပါး၊ ဟေဗြုန်မင်းကြီး တပါး၊
11ملك يرموت واحد. ملك لخيش واحد.
11ယာမုတ်မင်းကြီးတပါး၊ လာခိရှမင်းကြီးတပါး၊
12ملك عجلون واحد. ملك جازر واحد.
12ဧဂလုန်မင်းကြီးတပါး၊ ဂေဇာမင်းကြီးတပါး၊
13ملك دبير واحد. ملك جادر واحد.
13ဒေဗိရမင်းကြီးတပါး၊ ဂေဒါမင်းကြီးတပါး၊
14ملك حرمة واحد. ملك عراد واحد.
14ဟောမာမင်းကြီးတပါး၊ အာရဒ်မင်းကြီးတပါး၊
15ملك لبنة واحد. ملك عدلام واحد.
15လိဗနမင်းကြီးတပါး၊ အဒုလံမင်းကြီးတပါး၊
16ملك مقيدة واحد. ملك بيت ايل واحد.
16မက္ကဒါမင်းကြီးတပါး၊ ဗေသလမင်းကြီးတပါး၊
17ملك تفوح واحد. ملك حافر واحد.
17တာပွါမင်းကြီးတပါး၊ ဟေဖါမင်းကြီးတပါး၊
18ملك افيق واحد ملك لشّارون واحد.
18အာဖက်မင်းကြီးတပါး၊ လာရှရုန်မင်းကြီးတပါး၊
19ملك مادون واحد. ملك حاصور واحد.
19မာဒုန်မင်းကြီးတပါး၊ ဟာဇော်မင်းကြီးတပါး၊
20ملك شمرون مرأون واحد. ملك اكشاف واحد.
20ရှိမရုန်မင်းကြီးတပါး၊ အာခရှပ်မင်းကြီးတပါး၊
21ملك تعنك واحد. ملك مجدو واحد.
21တာနက်မင်းကြီးတပါး၊ မေဂိဒ္ဒေါမင်းကြီးတပါး၊
22ملك قادش واحد. ملك يقنعام في كرمل واحد.
22ကေဒေရှမင်းကြီးတပါး၊ ကရမေလတောင်ပေါ် မှာ ယောကနမ်မင်းကြီးတပါး၊
23ملك دور في مرتفعات دور واحد. ملك جوييم في الجلجال واحد.
23ဒေါရပြည်နယ်မှာ ဒေါရမင်းကြီးတပါး၊ ဂိလဂါ လပြည်မှာ ဂေါအိမ်မင်းကြီးတပါး၊
24ملك ترصة واحد. جميع الملوك واحد وثلاثون
24တိရဇမင်းကြီးတပါး၊ မင်းကြီးပေါင်း သုံးဆယ် တပါးတည်း။