الكتاب المقدس (Van Dyke)

Myanmar

Joshua

21

1ثم تقدم رؤساء آباء اللاويين الى العازار الكاهن والى يشوع بن نون والى رؤساء آباء اسباط بني اسرائيل
1လေဝိသား အဆွေအမျိုးသူကြီးတို့သည်၊ ယဇ်ပု ရောဟိတ်ဧလာဇာ၊ နုန်၏သားယောရှု၊ ဣသရေလအမျိုး တို့တွင် အဆွေအမျိုးသူကြီးတို့ထံသို့ ချဉ်းကပ်၍၊
2وكلموهم في شيلوه في ارض كنعان قائلين. قد أمر الرب على يد موسى ان نعطى مدنا للسكن مع مسارحها لبهائمنا.
2အကျွန်ုပ်တို့ နေစရာဘို့ မြို့တို့ကို၎င်း၊ တိရစ္ဆာန် များတို့မြို့နယ်တို့ကို၎င်း ပေးစေခြင်းငှါ ထာဝရဘုရား သည် မောရှေအားဖြင့် မှာထားတော်မူပြီဟု ခါနာန်ပြည်၊ ရှိလောမြို့၌ ပြောဆိုကြလျှင်၊
3فاعطى بنو اسرائيل اللاويين من نصيبهم حسب قول الرب هذه المدن مع مسارحها
3ဣသရေလအမျိုးသားတို့သည် ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ မိမိတို့အမွေခံရသော မြေထဲ က၊ မြို့နှင့် မြို့နယ်တို့ကို ပေးကြ၏။
4فخرجت القرعة لعشائر القهاتيين. فكان لبني هرون الكاهن من اللاويين بالقرعة ثلاث عشرة مدينة من سبط يهوذا ومن سبط شمعون ومن سبط بنيامين.
4စာရေးတံပြု၍ ကောဟတ်အဆွေအမျိုးတို့သည် အမွေခံရာတွင်၊ လေဝိသား ယဇ်ပုရောဟိတ် အာရုန်၏ သားမြေးတို့သည် စာရေးတံပြုသောအားဖြင့်၊ ယုဒခရိုင်၊ ရှိမောင်ခရိုင်၊ ဗင်္ယာမိန်ခရိုင်ထဲက ဆယ်သုံးမြို့ကို ရကြ၏။
5ولبني قهات الباقين عشر مدن بالقرعة من عشائر سبط افرايم ومن سبط دان ومن نصف سبط منسّى.
5ကြွင်းသော ကောဟတ်သားတို့သည် ဧဖရိမ် ခရိုင်၊ ဒန်ခရိုင်၊ မနာရှေခရိုင် ဝက်ထဲက ဆယ်မြို့ကို ရကြ၏။
6ولبني جرشون ثلاث عشرة مدينة بالقرعة من عشائر سبط يساكر ومن سبط اشير ومن سبط نفتالي ومن نصف سبط منسّى في باشان.
6ဂေရရှုံသားတို့သည် စာရေးတံပြုသောအားဖြင့်၊ ဣသခါခရိုင်၊ အာရှာခရိုင်၊ နဿလိခရိုင်၊ ဗာရှန်ပြည်၌ မနာရှေခရိုင်ဝက်ထဲက၊ ဆယ်သုံးမြို့ကို ရကြ၏။
7ولبني مراري حسب عشائرهم اثنتا عشرة مدينة من سبط رأوبين ومن سبط جاد ومن سبط زبولون.
7မေရာရိသားတို့သည် အဆွေအမျိုးအလိုက် ရုဗင်ခရိုင်၊ ဂဒ်ခရိုင်၊ ဇာဗုလုန်ခရိုင်ထဲက၊ ဆယ်နှစ်မြို့ကို ရကြ၏။
8فاعطى بنو اسرائيل اللاويين هذه المدن ومسارحها بالقرعة كما أمر الرب على يد موسى.
8ထာဝရဘုရားသည် မောရှေအားဖြင့် မှာထား တော်မူသည်အတိုင်း၊ ဣသရေလအမျိုးသားတို့သည် စာရေးတံပြု၍ ထိုမြို့တို့ကို မြို့နယ်နှင့်တကွ လေဝိသား တို့အား ပေးကြ၏။
9واعطوا من سبط بني يهوذا ومن سبط بني شمعون هذه المدن المسماة باسمائها
9ယုဒအမျိုးသားခရိုင်၊ ရှိမောင်အမျိုးသားခရိုင်ထဲ က ပေး၍ လေဝိသားဖြစ်သော ကောဟတ်အဆွေအမျိုး၊
10فكانت لبني هرون من عشائر القهاتيين من بني لاوي لان القرعة الاولى كانت لهم.
10အာရုန်၏သားမြေးတို့သည် ပဌမစာရေးတံ အားဖြင့်ရသော မြို့တို့၏ အမည်များဟူမူကား၊
11واعطوهم قرية اربع ابي عناق. هي حبرون. في جبل يهوذا مع مسرحها حواليها.
11ယုဒခရိုင်တောင်ကြား၌ ဟေဗြုန်မြို့တည်းဟူ သော အာနကအဘ အာဘနေသောမြို့ကို မြို့နယ်နှင့် တကွ ပေးကြ၏။
12واما حقل المدينة وضياعها فاعطوها لكالب بن يفنة ملكا له
12သို့ရာတွင် မြို့နှင့်ဆိုင်သော လယ်များ၊ ရွာများ တို့ကို ယေဖုန္နာ၏သား ကာလက်အား အပိုင်ပေးကြ၏။
13واعطوا لبني هرون الكاهن مدينة ملجإ القاتل حبرون مع مسارحها ولبنة ومسارحها
13လူအသက်ကို သတ်မိသောသူ မှီခိုရာမြို့ဖြစ်စေ ခြင်းငှါ၊ ဟေဗြုန်မြို့ကို မြို့နယ်နှင့်တကွ ယဇ်ပုရောဟိတ် အာရုန်၏သားမြေးတို့အား ပေးကြ၏။
14ويتّير ومسرحها واشتموع ومسرحها
14ထိုမှတပါး၊ လိဗနမြို့နှင့်မြို့နယ်၊ ယတ္တိရမြို့နှင့် မြို့နယ်၊ ဧရှတေမောမြို့နှင့် မြို့နယ်၊
15وحولون ومسرحها ودبير ومسرحها
15ဟောလုန်မြို့နှင့် မြို့နယ်၊ ဒေဗိရမြို့နှင့် မြို့နယ်၊
16وعين ومسرحها ويطّة ومسرحها وبيت شمس ومسرحها. تسع مدن من هذين السبطين.
16အဣနမြို့နှင့် မြို့နယ်၊ ယုတ္တမြို့နှင့် မြို့နယ်၊ ဗက်ရှေမက်မြို့နှင့် မြို့နယ်တည်းဟူသော ထိုခရိုင်နှစ်ခရိုင် ထဲက ကိုးမြို့တို့ကို၎င်း၊
17ومن سبط بنيامين جبعون ومسرحها وجبع ومسرحها
17ဗင်္ယာမိန်ခရိုင်ထဲက ဂိဗောင်မြို့နှင့် မြို့နယ်၊ ဂေဗမြို့နှင့် မြို့နယ်၊
18عناثوث ومسرحها وعلمون ومسرحها. اربع مدن.
18အာနသုတ်မြို့နှင့် မြို့နယ်၊ အာလမုန်မြို့နှင့် မြို့နယ်တည်းဟူသော လေးမြို့တို့ကို၎င်း ပေးကြ၏။
19جميع مدن بني هرون الكهنة ثلاث عشرة مدينة مع مسارحها
19အာရုန်၏သားမြေး ယဇ်ပုရောဟိတ်တို့ရသော မြို့ပေါင်းကား၊ မြို့နယ်ပါသောမြို့ ဆယ်သုံးမြို့ရှိသတည်း။
20واما عشائر بني قهات اللاويين الباقين من بني قهات فكانت مدن قرعتهم من سبط افرايم.
20ကြွင်းသောကောဟတ်သား အဆွေအမျိုးဖြစ် သော လေဝိသားတို့သည် စာရေးတံပြု၍ ဧဖရိမ်ခရိုင်ထဲ က ရသည်အတိုင်း၊
21واعطوهم شكيم ومسرحها في جبل افرايم مدينة ملجإ القاتل وجازر ومسرحها
21လူအသက်ကို သတ်မိသောသူမှီခိုရာမြို့ ဖြစ်စေ ခြင်းငှါ၊ ဧဖရိမ်တောင်ပေါ်မှာ ရှေခင်မြို့ကို မြို့နယ်နှင့် တကွ ပေးကြ၏။
22وقبصايم ومسرحها وبيت حورون ومسرحها. اربع مدن.
22ထိုမှတပါး ဂေဇာမြို့နှင့်မြို့နယ်၊ ကိဗဇိမ်မြို့နှင့် မြို့နယ်၊ ဗေသောရုန်မြို့နှင့် မြို့နယ်တည်းဟူသော လေး မြို့တို့ကို၎င်း၊
23ومن سبط دان إلتقى ومسرحها وجبّثون ومسرحها
23ဒန်ခရိုင်ထဲက ဧလတေကမြို့နှင့် မြို့နယ်၊ ဂိဗ္ဗိ သုန်မြို့နှင့် မြို့နယ်၊
24وايّلون ومسرحها وجتّ رمّون ومسرحها. اربع مدن.
24အာဇလုန်မြို့နှင့် မြို့နယ်၊ ဂါသရိမ္မုန်မြို့နှင့် မြို့နယ်တည်းဟူသော လေးမြို့တို့ကို၎င်း၊
25ومن نصف سبط منسّى تعنك ومسرحها وجتّ رمون ومسرحها. مدينتين اثنتين.
25မနာရှေခရိုင်ဝက်ထဲက တာနက်မြို့နှင့် မြို့နယ်၊ ဂါသရိမ္မုန်မြို့နှင့် မြို့နယ်တည်းဟူသော နှစ်မြို့တို့ကို၎င်း ပေးကြ၏။
26كل المدن عشر مع مسارحها لعشائر بني قهات الباقين
26ကြွင်းသော ကောဟတ်သားအဆွေအမျိုးတို့ သည် ရသောမြို့နယ်နှင့်တကွ မြို့ပေါင်းကား ဆယ်မြို့ တည်း။
27ولبني جرشون من عشائر اللاويين مدينة ملجإ القاتل من نصف سبط منسّى جولان في باشان ومسرحها وبعشترة ومسرحها مدينتان اثنتان.
27လေဝိအဆွေအမျိုး၊ ဂေရရှုံသားတို့အားလည်း၊ မနာရှေခရိုင်ဝက်ထဲက လူအသက်ကို သတ်မိသောသူ မှီခိုရာမြို့၊ ဗာရှန်ပြည်၌ ဂေါလန်မြို့နှင့် မြို့နယ်၊ ဗေရှတေ ရမြို့နှင့် မြို့နယ်တည်းဟူသော နှစ်မြို့တို့ကို၎င်း၊
28ومن سبط يساكر قشيون ومسرحها ودبرة ومسرحها
28ဣသခါခရိုင်ထဲက ကိရှုန်မြို့နှင့် မြို့နယ်၊ ဒါဗရေ မြို့နှင့် မြို့နယ်၊
29ويرموت ومسرحها وعين جنّيم ومسرحها. اربع مدن
29ယာမုတ်မြို့နှင့် မြို့နယ်၊ အင်္ဂန္နမ်မြို့နှင့်မြို့နယ် တည်းဟူသော လေးမြို့တို့ကို၎င်း၊
30ومن سبط اشير مشآل ومسرحها وعبدون ومسرحها
30အာရှာခရိုင်ထဲက မိရှလမြို့နှင့်မြို့နယ်၊ အာဗ ဒုန်မြို့နှင့် မြို့နယ်၊
31وحلقة ومسرحها ورحوب ومسرحها. اربع مدن.
31ဟေလကတ်မြို့နှင့် မြို့နယ်၊ ရဟောဘမြို့နှင့် မြို့နယ်တည်းဟူသော လေးမြို့တို့ကို၎င်း၊
32ومن سبط نفتالي مدينة ملجإ القاتل قادش في الجليل ومسرحها وحموت دور ومسرحها وقرتان ومسرحها. ثلاث مدن.
32နဿလိခရိုင်ထဲက၊ လူအသက်ကို သတ်မိသော သူမှီခိုရာမြို့၊ ဂါလိလဲပြည်၌ ကေဒေရှမြို့နှင့် မြို့နယ်၊ ဟမ္မုဒ္ဒေါမြို့နှင့် မြို့နယ်၊ ကာတံမြို့နှင့် မြို့နယ်တည်းဟူ သော သုံးမြို့တို့ကို၎င်း ပေးကြ၏။
33جميع مدن الجرشونيين حسب عشائرهم ثلاث عشرة مدينة مع مسارحها
33ဂေရရှုံသားတို့သည်၊ အဆွေအမျိုးအလိုက်ရ သော မြို့နယ်နှင့်တကွ မြို့ပေါင်းကား ဆယ်သုံးမြို့တည်း။
34ولعشائر بني مراري اللاويين الباقين من سبط زبولون يقنعام ومسرحها وقرتة ومسرحها
34ကြွင်းသော လေဝိသား၊ မေရာရိအဆွေအမျိုးတို့ အား ဇာဗုလုန်ခရိုင်ထဲက ယောကနံမြို့နှင့် မြို့နယ်၊ ကာတမြို့နှင့်မြို့နယ်၊
35ودمنة ومسرحها ونحلال ومسرحها. اربع مدن.
35ဒိမနမြို့နှင့် မြို့နယ်၊ နဟာလာလမြို့နှင့်မြို့နယ် တည်းဟူသော လေးမြို့တို့ကို၎င်း၊
36ومن سبط رأوبين باصر ومسرحها ويهصة ومسرحها
36ရုဗင်ခရိုင်ထဲက လူအသက်ကို သတ်မိသောသူ မှီခိုရာမြို့၊ တော၌ ဗေဇာမြို့နှင့် မြို့နယ်၊ ယဟာဇမြို့နှင့် မြို့နယ်၊
37وقديموت ومسرحها وميفعة ومسرحها. اربع مدن.
37ကေဒမုတ်မြို့နှင့်မြို့နယ်၊ မေဖတ်မြို့နှင့် မြို့နယ် တည်းဟူသော လေးမြို့တို့ကို၎င်း၊
38ومن سبط جاد مدينة ملجإ القاتل راموت في جلعاد ومسرحها ومحنايم ومسرحها
38ဂဒ်ခရိုင်ထဲက၊ လူအသက်ကို သတ်မိသောသူမှီ ခိုရာမြို့၊ ဂိလဒ်ပြည်၌ ရာမုတ်မြို့နှင့် မြို့နယ်၊ မဟာနိမ်မြို့ နှင့် မြို့နယ်၊
39حشبون ومسرحها ويعزير ومسرحها. كل المدن اربع.
39ဟေရှဘုန်မြို့နှင့် မြို့နယ်၊ ယာဇာမြို့နှင့် မြို့နယ် တည်းဟူသော လေးမြို့တို့ကို၎င်း ပေးကြ၏။
40فجميع المدن التي لبني مراري حسب عشائرهم الباقين من عشائر اللاويين. وكانت قرعتهم. اثنتا عشرة مدينة.
40ကြွင်းသောလေဝိအဆွေအမျိုး မေရာရိသားတို့ သည် စာရေးတံပြု၍ အဆွေအမျိုးအလိုက်ရသော မြို့ နယ်နှင့်တကွ မြို့ပေါင်းကား ဆယ်နှစ်မြို့တည်း။
41جميع مدن اللاويين في وسط ملك بني اسرائيل ثمان واربعون مدينة مع مسارحها.
41ဣသရေလအမျိုးသားနေရာ နိုင်ငံအဝင်၊ လေဝိသားနေသော မြို့ပေါင်းကား၊ မြို့နယ်နှင့်တကွ လေးဆယ်ရှစ်မြို့တည်း။
42كانت هذه المدن مدينة مدينة مع مسارحها حواليها. هكذا لكل هذه المدن
42ထိုမြို့ရှိသမျှတို့သည် ပတ်ဝန်းကျင်နယ်နှင့် ပြည့် စုံလျက်ရှိသတည်း။
43فاعطى الرب اسرائيل جميع الارض التي اقسم ان يعطيها لآبائهم فامتلكوها وسكنوا بها.
43ထာဝရဘုရားကလည်း၊ ငါပေးမည်ဟု ဘိုးဘေး တို့အား ကျိန်ဆိုတော်မူသော ပြည်ရှိသမျှကို ဣသရေလ အမျိုးသားတို့အား ပေးတော်မူသဖြင့်၊ သူတို့သည် သိမ်းယူ ၍ နေရာကျကြ၏။
44فاراحهم الرب حواليهم حسب كل ما اقسم لآبائهم ولم يقف قدامهم رجل من جميع اعدائهم بل دفع الرب جميع اعدائهم بايديهم.
44ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသမျှအတိုင်း၊ ပတ်ဝန်းကျင်အရပ်တို့၌ ငြိမ်ဝပ်ရာအခွင့်ကို ပေးတော်မူ သဖြင့်၊ သူတို့ရှေ့မှာ အဘယ်ရန်သူမျှမရပ်နိုင်။ ရန်သူ အပေါင်းတို့ကို သူတို့လက်သို့ အပ်တော်မူ၏။
45لم تسقط كلمة من جميع الكلام الصالح الذي كلم به الرب بيت اسرائيل بل الكل صار
45ထာဝရဘုရားသည် ဣသရေလအမျိုးအဘို့ မိန့်တော်မူသော ကောင်းကျိုးတစုံတပါးမျှမလျော့၊ ရှိသမျှ တို့သည် ပြည့်စုံကြ၏။