1وكان غبّ ايام كثيرة بعدما اراح الرب اسرائيل من اعدائهم حواليهم ان يشوع شاخ. تقدم في الايام.
1ထာဝရဘုရားသည် ပတ်ဝန်းကျင်နေသော ရန်သူအပေါင်းတို့လက်မှ ဣသရေလအမျိုးကို ကယ်လွှတ် ၍၊ ငြိမ်သက်ခြင်းအခွင့်ကို ကြာမြင့်စွာသော ကာလပတ် လုံး ပေးတော်မူပြီးမှ၊ ယောရှုသည် အသက်ကြီး၍ အိုမင်း သောအခါ၊
2فدعا يشوع جميع اسرائيل وشيوخه ورؤساءه وقضاته وعرفاءه وقال لهم. انا قد شخت. تقدمت في الايام.
2ဣသရေလအမျိုး အသက်ကြီးသူ၊ အကဲအမှူး၊ တရားသူကြီး၊ အရာရှိသောသူများနှင့်တကွ အမျိုးသား အပေါင်းတို့ကို ခေါ်ပြီးလျှင်၊ ငါသည် အသက်ကြီးရင့်၍ အိုမင်းပြီ။
3وانتم قد رأيتم كل ما عمل الرب الهكم بجميع اولئك الشعوب من اجلكم. لان الرب الهكم هو المحارب عنكم.
3သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သင် တို့အတွက် ဤလူမျိုးအပေါင်းတို့၌ ပြုတော်မူသမျှကို သင် တို့သည် သိမြင်ကြပြီ။ သင်တို့၏ဘုရားသခင် ထာဝရ ဘုရားသည် သင်တို့ဘက်၌ စစ်တိုက်တော်မူပြီ။
4انظروا. قد قسمت لكم بالقرعة هؤلاء الشعوب الباقين ملكا حسب اسباطكم من الاردن وجميع الشعوب التي قرضتها والبحر العظيم نحو غروب الشمس.
4ယော်ဒန်မြစ်မှစ၍ အနောက်ပင်လယ်ကြီးတိုင် အောင်၊ ငါပယ်ရှင်းသမျှသော လူမျိုးတို့နှင့်တကွ ကြွင်း သေးသော ဤလူမျိုးနေသောပြည်ကို သင်တို့အမျိုးများ အမွေခံစရာဘို့ စာရေးတံချ၍ ငါဝေဖန်ပြီ။
5والرب الهكم هو ينفيهم من امامكم ويطردهم من قدامكم فتملكون ارضهم كما كلمكم الرب الهكم.
5သင်တို့၏ ဘုရားသခင် ထာဝရဘုရား ဂတိ တော်ရှိသည်အတိုင်း၊ ဤလူမျိုးတို့ကို နှင်ထုတ်၍ သင်တို့ မမြင်ရအောင် သုတ်သင်ပယ်ရှင်းတော်မူသဖြင့်၊ သူတို့၏ မြေကို သင်တို့သည် အပိုင်ရကြလိမ့်မည်။
6فتشددوا جدا لتحفظوا وتعملوا كل المكتوب في سفر شريعة موسى حتى لا تحيدوا عنها يمينا او شمالا.
6သို့ဖြစ်၍ သင်တို့သည် မောရှေ၏ပညတ္တိကျမ်း စာလမ်းမှ လက်ျာဘက် ဘက်ဝဲဘက်သို့ မလွှဲဘဲ၊ ပါသမျှ အတိုင်း ကျင့်စောင့်ခြင်းငှါ၎င်း၊
7حتى لا تدخلوا الى هؤلاء الشعوب اولئك الباقين معكم ولا تذكروا اسم آلهتهم ولا تحلفوا بها ولا تعبدوها ولا تسجدوا لها.
7သင်တို့တွင် ကြွင်းသေးသော ဤလူမျိုးနှင့် မပေါင်းဘော်၊ သူတို့ဘုရား၏နာမကို မြွက်၍ မကျိန်ဆို၊ ဝတ်မပြု ဦးမညွှတ်ဘဲ၊
8ولكن الصقوا بالرب الهكم كما فعلتم الى هذا اليوم.
8ယနေ့တိုင်အောင် ကျင့်သကဲ့သို့၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရား၌ ဆည်းကပ်မှီဝဲခြင်းငှါ၎င်း၊ အလွန်ရဲရင့်သောစိတ် ရှိကြလော့။
9قد طرد الرب من امامكم شعوبا عظيمة وقوية واما انتم فلم يقف احد قدامكم الى هذا اليوم.
9အကြောင်းမူကား၊ ကြီးမား၍ ခွန်အားနှင့်ပြည့်စုံ သော လူမျိုးတို့ကို ထာဝရဘုရားသည် သင်တို့ရှေ့မှ နှင်ထုတ်တော်မူသဖြင့်၊ ယနေ့တိုင်အောင် သင်တို့ရှေ့၌ အဘယ်သူမျှ မရပ်နိုင်။
10رجل واحد منكم يطرد الفا لان الرب الهكم هو المحارب عنكم كما كلمكم.
10သင်တို့တယောက်သော်လည်း အခြားသော သူ တထောင်ကို ပြေးစေလိမ့်မည်။ အကြောင်းမူကား၊ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားသည် ဂတိတော်ရှိသည် အတိုင်း သင်တို့ဘက်၌ စစ်တိုက်တော်မူ၏။
11فاحتفظوا جدا لانفسكم ان تحبوا الرب الهكم
11သို့ဖြစ်၍ သင်တို့၏ဘုရားသခင် ထာဝရဘုရား ကို ချစ်ခြင်းငှါ ကိုယ်စိတ်နှလုံးကို သတိပြုကြလော့။
12ولكن اذا رجعتم ولصقتم ببقية هؤلاء الشعوب اولئك الباقين معكم وصاهرتموهم ودخلتم اليهم وهم اليكم
12သို့မဟုတ် သင်တို့သည် ရွေ့လျော့၍၊ သင်တို့တွင် ကျန်ကြွင်းသေးသော ဤလူမျိုးတို့၌ မှီဝဲလျက်၊ ထိမ်းမြား ပေးစား၍ ပေါင်းဘော်ဆက်ဆံခြင်းရှိလျှင်၊
13فاعلموا يقينا ان الرب الهكم لا يعود يطرد اولئك الشعوب من امامكم فيكونوا لكم فخا وشركا وسوطا على جوانبكم وشوكا في اعينكم حتى تبيدوا عن تلك الارض الصالحة التي اعطاكم اياها الرب الهكم.
13သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် နောက်တဖန် ဤလူမျိုးတို့ကို သင်တို့ရှေ့မှ နှင်ထုတ်တော် မမူ။ သင်တို့၏ဘုရားသခင် ထာဝရဘုရား ပေးတော်မူ၍ ကောင်းမွန်သော ဤပြည်၌ သင်တို့သည် မပျောက်မပျက် မှီတိုင်အောင် သူတို့သည် သင်တို့၌ ကျော့ကွင်း၊ ထောင် ချောက်၊ သင်တို့ နံစောင်၌ နှင်တံ၊ သင်တို့မျက်စိ၌ ဆူး ဖြစ်ကြလိမ့်မည် အကြောင်းကို ဧကန်အမှန် သိမှတ်ကြ လော့။
14وها انا اليوم ذاهب في طريق الارض كلها. وتعلمون بكل قلوبكم وكل انفسكم انه لم تسقط كلمة واحدة من جميع الكلام الصالح الذي تكلم به الرب عنكم. الكل صار لكم. لم تسقط منه كلمة واحدة.
14ငါသော်ကား၊ မြေသားအပေါင်းတို့သွားရာလမ်း သို့ ယနေ့သွားလုပြီ။ သင်တို့၏ဘုရားသခင် ထာဝရ ဘုရားသည် သင်တို့အဘို့ မိန့်တော်မူသော ကောင်းကျိုး တစုံတပါးမျှ မယုတ်မလျော့၊ အကုန်အစင်ပြည့်စုံကြောင်း ကို သင်တို့သည် စိတ်နှလုံးထဲမှာ သိကြ၏။
15ويكون كما انه اتى عليكم كل الكلام الصالح الذي تكلم به الرب الهكم عنكم كذلك يجلب عليكم الرب كل الكلام الرديء حتى يبيدكم عن هذه الارض الصالحة التي اعطاكم الرب الهكم
15သင်တို့၏ ဘုရားသခင် ထာဝရဘုရား ဂတိ တော်ရှိသည်အတိုင်း၊ ကောင်းကျိုးအပေါင်းတို့သည် သင်တို့အပေါ်၌ ရောက်သကဲ့သို့၊ ထိုအတူ သင်တို့၏ ဘုရားသခင် ထာဝရဘုရားပေးတော်မူသော ဤကောင်း မွန်သောပြည်မှ သင်တို့ကို သုတ်သင်ပယ်ရှင်းတော်မမူမှီ တိုင်အောင်၊ ထာဝရဘုရားသည် သင်တို့အပေါ်၌ ဘေး ဥပဒ်အပေါင်းတို့ကို ရောက်စေတော်မူမည်။
16حينما تتعدون عهد الرب الهكم الذي امركم به وتسيرون وتعبدون آلهة اخرى وتسجدون لها يحمى غضب الرب عليكم فتبيدون سريعا عن الارض الصالحة التي اعطاكم
16သင်တို့သည် သင်တို့၏ဘုရားသခင် ထာဝရ ဘုရားထားတော်မူသော ပဋိညာဉ်တရားကို ပြစ်မှားလျက်၊ အခြားတပါးသော ဘုရားတို့ထံသို့သွား၍ ဦးညွှတ်ဝတ်ပြု လျှင်၊ ထာဝရဘုရားသည် အမျက်ထွက်၍၊ အရင်ပေး တော်မူသော ဤကောင်းမွန်သောပြည်၌ သင်တို့သည် အလျင်အမြန်ပျောက်ပျက်ကြလိမ့်မည်ဟု ဟောပြော၏။