الكتاب المقدس (Van Dyke)

Myanmar

Joshua

6

1وكانت اريحا مغلقة مقفّلة بسبب بني اسرائيل. لا احد يخرج ولا احد يدخل.
1ထိုအခါ ဣသရေလအမျိုးသားတို့ကြောင့်၊ ယေ ရိခေါမြို့သည် ကျပ်တည်းစွာ ပိတ်ထားလျက် ရှိ၍၊ ထွက် သောသူ၊ ဝင်သောသူ တစုံတယောက်မျှမရှိသည်နှင့်အညီ၊
2فقال الرب ليشوع. انظر. قد دفعت بيدك اريحا وملكها جبابرة البأس.
2ထာဝရဘုရားက၊ ကြည့်ရှုလော့။ ယေရိခေါမြို့၊ ယေရိခေါမင်းကြီးနှင့်တကွ ခွန်အားကြီးသော စစ်သူရဲတို့ ကို သင့်လက်၌ ငါအပ်လေပြီ။
3تدورون دائرة المدينة جميع رجال الحرب. حول المدينة مرة واحدة. هكذا تفعلون ستة ايام.
3သို့ဖြစ်၍ မြို့ကိုလှည့်ပတ်ရကြမည်။ ဣသရေလ စစ်သူရဲအပေါင်းတို့သည် ခြောက်ရက်ပတ်လုံးလှည့်ပတ် ခြင်းအမှုကို ပြုရကြမည်။
4وسبعة كهنة يحملون ابواق الهتاف السبعة امام التابوت. وفي اليوم السابع تدورون دائرة المدينة سبع مرّات والكهنة يضربون بالابواق.
4ယဇ်ပုရောဟိတ်ခုနစ်ယောက်တို့သည် သေတ္တာ တော်ရှေ့မှာ ယုဘိလတံပိုးခုနစ်လုံးကို ဆောင်ရကြမည်။ သတ္တမနေ့ရက်၌ ခုနစ်ကြိမ်တိုင်အောင် မြို့ကိုလှည့်ပတ် ၍ ယဇ်ပုရောဟိတ်တို့သည် တံပိုးကိုမှုတ်ရကြမည်။
5ويكون عند امتداد صوت قرن الهتاف عند استماعكم صوت البوق ان جميع الشعب يهتف هتافا عظيما فيسقط سور المدينة في مكانه ويصعد الشعب كل رجل مع وجهه.
5ယုဘိလတံပိုးတို့ကို ရှည်သောအသံနှင့် မှုတ်၍၊ တံပိုးသံကိုကြားလျှင် လူအပေါင်းတို့သည် ကျယ်သောအ သံနှင့် ကြွေးကြော်၍၊ မြို့ရိုးသည် အကုန်အစင် ပြိုလဲရလိမ့် မည်။ ထိုအခါ လူများတို့သည် တည့်တည့်တက်ရကြမည် ဟု ယောရှုအား မိန့်တော်မူ၏။
6فدعا يشوع بن نون الكهنة وقال لهم. احملوا تابوت العهد. وليحمل سبعة كهنة سبعة ابواق هتاف امام تابوت الرب.
6နုန်၏သား ယောရှုသည် ယဇ်ပုရောဟိတ်တို့ကို ခေါ်၍၊ သင်တို့သည် ပဋိညာဉ် သေတ္တာတော်ကို ထမ်း သွားသဖြင့်၊ ထာဝရဘုရား၏ သေတ္တာတော်ရှေ့မှာ ခုနစ် ယောက်တို့သည် ယုဘိလတံပိုးခုနစ်လုံးကို ဆောင်သွား ကြလော့ဟူ၍၎င်း၊
7وقالوا للشعب اجتازوا ودوروا دائرة المدينة وليجتز المتجرد امام تابوت الرب.
7လူများတို့အားလည်း၊ သင်တို့သွား၍ မြို့ကိုလှည့် ပတ်ကြလော့။ လက်နက်ကိုင်တို့သည် ထာဝရဘုရား၏ သေတ္တာတော်ရှေ့မှာ သွားကြလော့ဟူ၍၎င်းမှာထားလေ ၏။
8وكان كما قال يشوع للشعب. اجتاز السبعة الكهنة حاملين ابواق الهتاف السبعة امام الرب وضربوا بالابواق. وتابوت عهد الرب سائر وراءهم
8ယောရှုသည် လူများတို့အား မှာထားပြီးမှ၊ ယု ဘိလတံပိုး ခုနစ်လုံးကို ဆောင်သော ယဇ်ပုရောဟိတ်ခု နစ်ယောက်တို့သည် ထာဝရဘုရားရှေ့တော်၌ တံပိုးမှုတ် လျက်သွားကြ၏။ ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာ တော်သည် သူတို့နောက်သို့ လိုက်လေ၏။
9وكل متجرد سائر امام الكهنة الضاربين بالابواق. والساقة سائرة وراء التابوت. كانوا يسيرون ويضربون بالابواق.
9တံပိုးမှုတ်သော ယဇ်ပုရောဟိတ်တို့ရှေ့မှာ လက် နက်ကိုင်တို့သည် သွား၍၊ ယဇ်ပုရောဟိတ်များ တံပိုးမှုတ် လျက်သွားကြစဉ်၊ နောက်တပ်သားတို့သည် သေတ္တာ တော်နောက်သို့ လိုက်ကြ၏။
10وأمر يشوع الشعب قائلا لا تهتفوا ولا تسمعوا صوتكم ولا تخرج من افواهكم كلمة حتى يوم اقول لكم اهتفوا. فتهتفون.
10ယောရှုကလည်း၊ သင်တို့သည် ကြွေးကြော်စေ ခြင်းငှါ ငါမှာထားသောနေ့မရောက်မှီတွင် မကြွေးကြော် ရ၊ အသံတစုံတခုကိုမျှ မပြုရ၊ စကားတခွန်းကိုမျှ မပြော ရ။ ထိုနေ့ရောက်မှ ကြွေးကြော်ရကြမည်ဟု လူများတို့အား မှာနှင့်လေပြီ။
11فدار تابوت الرب حول المدينة مرّة واحدة. ثم دخلوا المحلّة وباتوا في المحلّة
11ထိုသို့ ထာဝရဘုရား၏ သေတ္တာတော်သည် မြို့ ကိုတကြိမ်လှည့်ပတ်ဝိုင်းသွားပြီးလျှင်၊ တပ်ထဲသို့ ဝင်ပြန်၍ ညဉ့်ကိုလွန်စေကြ၏။
12فبكر يشوع في الغد وحمل الكهنة تابوت الرب
12နံနက်စောစော ယောရှုသည်ထ၍ ယဇ်ပုရော ဟိတ်တို့သည် ထာဝရဘုရား၏ သေတ္တာတော်ကို ထမ်းယူ ကြ၏။
13والسبعة الكهنة الحاملون ابواق الهتاف السبعة امام تابوت الرب سائرون سيرا وضاربون بالابواق والمتجرّدون سائرون امامهم والساقة سائرة وراء تابوت الرب. كانوا يسيرون ويضربون بالابواق.
13ထာဝရဘုရား၏ သေတ္တာတော်ရှေ့မှာ ယုဘိလ တံပိုးခုနစ်လုံးကို ဆောင်သော ယဇ်ပုရောဟိတ် ခုနှစ် ယောက်တို့သည် သွားမြဲသွား၍ တံပိုးမှုတ်ကြ၏။ လက် နက်ကိုင်တို့သည် သူတို့ရှေ့မှာသွား၍ ယဇ်ပုရောဟိတ် များ တံပိုးမှုတ်လျက် သွားကြစဉ်၊ နောက်တပ်သားတို့ သည် ထာဝရဘုရား၏ သေတ္တာတော်နောက်သို့ လိုက်ကြ ၏။
14وداروا بالمدينة في اليوم الثاني مرّة واحدة ثم رجعوا الى المحلّة. هكذا فعلوا ستة ايام.
14ဒုတိယနေ့၌ မြို့ကိုတကြိမ်လှည့်ပတ်ပြီးမှ တပ် ထဲသို့ ပြန်လာကြ၏။ ထိုသို့ ခြောက်ရက်ပတ်လုံး ပြုကြ၏။
15وكان في اليوم السابع انهم بكروا عند طلوع الفجر وداروا دائرة المدينة على هذا المنوال سبع مرّات. في ذلك اليوم فقط داروا دائرة المدينة سبع مرّات.
15သတ္တမနေ့ နံနက်စောစော မိုဃ်းလင်းစက ထ၍ အရင်နည်းတူ၊ ခုနစ်ကြိမ်တိုင်အောင် မြို့ကို လှည့်ပတ်ကြ ၏။ ထိုနေ့၌သာ ခုနစ်ကြိမ်တိုင်အောင် မြို့ကို လှည့်ပတ်ရ ကြ၏။
16وكان في المرّة السابعة عندما ضرب الكهنة بالابواق ان يشوع قال للشعب اهتفوا لان الرب قد اعطاكم المدينة.
16သတ္တမအကြိမ်တွင် ယဇ်ပုရောဟိတ်တို့သည် တံပိုးမှုတ်သောအခါ၊ ယောရှုက၊ ကြွေးကြော်ကြလော့။ ထာဝရဘုရားသည် သင်တို့အား မြို့ကို ပေးတော်မူမည်။
17فتكون المدينة وكل ما فيها محرّما للرب. راحاب الزانية فقط تحيا هي وكل من معها في البيت لانها قد خبأت المرسلين اللذين ارسلناهما.
17မြို့နှင့်တကွ မြို့၌ရှိသမျှတို့ကို ကျိန်၍ ထာဝရ ဘုရား၌ အပ်ရမည်။ သို့ရာတွင် ပြည်တန်ဆာရာခပ်သည် ငါတို့စေလွှတ်သော တမန်တို့ကို ဝှက်ထားသောကြောင့်၊ သူနှင့်တကွ သူ၏အိမ်၌ ရှိသမျှတို့အား အသက်ချမ်းသာ ပေးရမည်။
18واما انتم فاحترزوا من الحرام لئلا تحرّموا وتأخذوا من الحرام وتجعلوا محلّة اسرائيل محرّمة وتكدّروها.
18သင်တို့သည် ကျိန်အပ်သောအရာကို သတိနှင့် ရှောင်ကြလော့။ သို့မဟုတ် ထိုအရာကို သိမ်းယူလျှင် မိမိ တို့ကို၎င်း၊ ဣသရေလတပ်ကို၎င်း အကျိန်ခံစေ၍၊ နှောင့် ရှက်မည်ကို စိုးရိမ်စရာရှိ၏။
19وكل الفضة والذهب وآنية النحاس والحديد تكون قدسا للرب وتدخل في خزانة الرب.
19ရွှေငွေကို၎င်း၊ ကြေးဝါတန်ဆာ၊ သံတန်ဆာရှိ သမျှတို့ကို၎င်း၊ ထာဝရဘုရားအဘို့ သန့်ရှင်းစေ၍၊ ဘဏ္ဍာတော်ထဲသို့ သွင်းထားရကြမည်ဟု လူများတို့အား ယောရှုသည် မှာထားလေ၏။
20فهتف الشعب وضربوا بالابواق. وكان حين سمع الشعب صوت البوق ان الشعب هتف هتافا عظيما فسقط السور في مكانه وصعد الشعب الى المدينة كل رجل مع وجهه واخذوا المدينة.
20ထိုသို့နှင့်အညီ တံပိုးကိုမှုတ်၍၊ လူများတို့သည် ကြွေးကြော်ကြ၏။ တံပိုးသံကို ကြား၍ ကျယ်သောအသံ နှင့် ကြွေးကြော်ကြသောအခါ၊ မြို့ရိုးသည် အကုန်အစင် ပြိုလဲ၍၊ လူများအပေါင်းတို့သည် မြို့ထဲသို့ တည့်တည့်ဝင် ပြီးလျှင် သိမ်းယူကြ၏။
21وحرّموا كل ما في المدينة من رجل وامرأة من طفل وشيخ حتى البقر والغنم والحمير بحد السيف.
21မြို့ထဲ၌ ရှိသမျှသော ယောက်ျား၊ မိန်းမ၊ အကြီး အငယ်၊ သိုး၊ နွား၊ မြည်းရှိသမျှတို့ကို ထားနှင့် ရှင်းရှင်းဖျက် ဆီးကြ၏။
22وقال يشوع للرجلين اللذين تجسّسا الارض ادخلا بيت المرأة الزانية واخرجا من هناك المرأة وكل ما لها كما حلفتما لها.
22ထိုပြည်ကို စူးစမ်းသော လူနှစ်ယောက်တို့အား ယောရှုက၊ သင်တို့သည် ကျိန်ဆိုသည်အတိုင်း၊ ပြည်တန် ဆာမိန်းမအိမ်သို့ သွား၍၊ သူနှင့်တကွ သူ၌ရှိသမျှတို့ကို ဆောင်ခဲ့ကြလော့ဟု မှာလိုက်သည်အတိုင်း၊
23فدخل الغلامان الجاسوسان واخرجا راحاب واباها وامها واخوتها وكل ما لها واخرجا كل عشائرها وتركاهم خارج محلّة اسرائيل.
23တံလျှိုလုပ်သောလုလင်တို့သည် ဝင်၍၊ ရာခပ် နှင့်သူ့မိဘ၊ သူ့မောင်များ၊ သူ၌ရှိသမျှတို့ကို၎င်း၊ သူ့ပေါက် ဘော်အပေါင်းတို့ကို၎င်း ထုတ်ဆောင်ခဲ့၍၊ ဣသရေလတပ် ပြင်မှာ ထားပြီးလျှင်၊
24واحرقوا المدينة بالنار مع كل ما بها. انما الفضة والذهب وآنية النحاس والحديد جعلوها في خزانة بيت الرب.
24မြို့နှင့်တကွ မြို့၌ရှိသမျှတို့ကို မီးရှို့ကြ၏။ သို့ရာ တွင် ရွှေငွေကို၎င်း၊ ကြေးဝါတန်ဆာ၊ သံတန်ဆာတို့ကို၎င်း၊ ထာဝရဘုရား၏ ဘဏ္ဍာတော်ထဲသို့ သွင်းထားကြ၏။
25واستحيا يشوع راحاب الزانية وبيت ابيها وكل ما لها. وسكنت في وسط اسرائيل الى هذا اليوم. لانها خبأت المرسلين اللذين ارسلهما يشوع لكي يتجسّسا اريحا
25ယောရှုသည်လည်း၊ ပြည်တန်ဆာ ရာခပ်နှင့် သူ့ပေါက်ဘော်၊ သူ၌ရှိသမျှတို့ကို အသက်ချမ်းသာပေး၍၊ သူသည် ဣသရေလအမျိုးသားတို့တွင် ယနေ့တိုင်အောင် နေရလေ၏။ အကြောင်းမူကား၊ ယေရိခေါမြို့ကို စူးစမ်း စေခြင်းငှါ၊ ယောရှုစေလွှတ်သော တမန်တို့ကို သူသည် ဝှက်ထားသောကြောင့်တည်း။
26وحلف يشوع في ذلك الوقت قائلا ملعون قدام الرب الرجل الذي يقوم ويبني هذه المدينة اريحا. ببكره يؤسسها وبصغيره ينصب ابوابها.
26ထိုအခါ ယောရှုက၊ အကြင်သူသည် ထ၍ ယေရိခေါမြို့ကို တည်ပြန်၏။ ထိုသူသည် ထာဝရဘုရား ရှေ့တော်၌ ကျိန်အပ်သောသူဖြစ်ပါစေ။ သူသည် သားဦး လက်ထက်၌ မြို့ရိုးအမြစ်ကိုတည်၍ သားထွေးလက်ထက် ၌ မြို့တံခါးတို့ကို ထောင်ပါစေဟု ကျိန်ဆို၏။
27وكان الرب مع يشوع وكان خبره في جميع الارض
27ထိုသို့ ထာဝရဘုရားသည် ယောရှုနှင့်အတူ ရှိတော်မူ၍၊ သူ၏ သိတင်းသည် တပြည်လုံး၌ နှံ့ပြားကျော် စောလေ၏။