الكتاب المقدس (Van Dyke)

Myanmar

Judges

20

1فخرج جميع بني اسرائيل واجتمعت الجماعة كرجل واحد من دان الى بئر سبع مع ارض جلعاد الى الرب في المصفاة.
1ထိုအခါ ဣသရေလအမျိုးသားအပေါင်းတို့သည်၊ ဂိလဒ်ပြည်သားတို့နှင့်တကွ ထလျက်၊ ဒန်မြို့မှစ၍ ဗေရရှေဘမြို့တိုင်အောင် ပရိသတ်အပေါင်းတို့သည် တယောက်သောသူကဲ့သို့ မိဇပါမြို့၊ ထာဝရဘုရား ထံတော်၌ စည်းဝေးကြ၏။
2ووقف وجوه جميع الشعب جميع اسباط اسرائيل في مجمع شعب الله اربع مئة الف راجل مخترطي السيف.
2ဣသရေလ အမျိုးအနွယ်အပေါင်း၊ ပြည်သားအပေါင်းတို့၏ အကြီးအကဲတို့သည် စည်းဝေးကြသော်၊ ဘုရားသခင်၏လူ၊ ထားလက်နက်စွဲကိုင်သော ခြေသည်သူရဲ လေးသိန်းနှင့်တကွ ချဉ်းကပ်ကြ၏။
3فسمع بنو بنيامين ان بني اسرائيل قد صعدوا الى المصفاة. وقال بنو اسرائيل تكلموا. كيف كانت هذه القباحة.
3ဣသရေလအမျိုးသားတို့သည် မိဇပါမြို့သို့ သွားကြောင်းကို ဗင်္ယာမိန်အမျိုးသားတို့သည် ကြားသိကြ၏။ ဣသရေလအမျိုးသားတို့က၊ ထိုအဓမ္မအမှုကား အဘယ်သို့နည်းဟု မေးမြန်းလျှင်၊-
4فاجاب الرجل اللاوي بعل المرأة المقتولة وقال دخلت انا وسريتي الى جبعة التي لبنيامين لنبيت.
4အသေခံရသော မိန်းမ၏လင် လေဝိလူက၊ အကျွန်ုပ်သည် မယားငယ်နှင့်အတူလာ၍ ဗင်္ယာမိန် ခရိုင်၊ ဂိဗာမြို့မှာ ညဉ့်ကို လွန်စေပါ၏။
5فقام عليّ اصحاب جبعة واحاطوا عليّ بالبيت ليلا وهموا بقتلي واذلّوا سريتي حتى ماتت.
5ညဉ့်အခါ ဂိဗာမြို့သားတို့သည် ထ၍ အကျွန်ုပ်တည်းခိုသောအိမ်ကို ဝိုင်းလျက်၊ အကျွန်ုပ်ကို တိုက် သတ်မည် အားထုတ်ကြပါ၏။ မယားငယ် သေသည်တိုင်အောင် ရှုတ်ချကြပါ၏။ -
6فامسكت سريتي وقطعتها وارسلتها الى جميع حقول ملك اسرائيل. لانهم فعلوا رذالة وقباحة في اسرائيل.
6အကျွန်ုပ်သည်လည်း မယားငယ်အကောင်ကိုယူ၍ အပိုင်းပိုင်းဖြတ်ပြီးမှ၊ ဣသရေလအမျိုး အမွေခံ ရာ ပြည်တရှောက်လုံးသို့ ပေးလိုက်ပါ၏။ အကြောင်းမူကား၊ သူတို့သည် ဣသရေလအမျိုး၌ ဆိုးညစ် သောအမှု၊ အဓမ္မအမှုကို ပြုကြပါပြီ။-
7هوذا كلكم بنو اسرائيل هاتوا حكمكم ورايكم ههنا.
7သင်တို့ရှိသမျှသည် ဣသရေလအမျိုး ဖြစ်ကြပါ၏။ ဤအရပ်၌ တိုင်ပင်စီရင်ကြပါလော့ဟု ပြောဆို လေ၏။-
8فقام جميع الشعب كرجل واحد وقالوا لا يذهب احد منا الى خيمته ولا يميل احد الى بيته.
8လူအပေါင်းတို့သည် တယောက်သောသူကဲ့သို့ ထ၍ ငါတို့သည် တယောက်မျှ မိမိတဲသို့မသွား၊ မိမိ အိမ်သို့မပြန်။-
9والآن هذا هو الامر الذي نعمله بجبعة. عليها بالقرعة.
9ဂိဗာမြို့၌ အဘယ်သို့ ပြုမည်နည်း ဟူမူကား၊ စာရေးတံချ၍ အတိုက်သွားမည်။
10فنأخذ عشرة رجال من المئة من جميع اسباط اسرائيل ومئة من الالف والفا من الربوة لاجل اخذ زاد للشعب ليفعلوا عند دخولهم جبعة بنيامين حسب كل القباحة التي فعلت باسرائيل.
10ဗင်္ယာမိန်ခရိုင် ဂိဗာမြို့သားတို့သည်၊ ဣသရေလအမျိုးတို့၌ ပြုသမျှသော အဓမ္မအမှုနှင့် ညီလျော်စွာ လူများတို့သည် ထိုမြို့သို့ရောက်၍ အပြစ်ဒဏ်ပေးမည်အကြောင်း၊ သူတို့စားစရိတ်ကို ပို့စေခြင်းငှါ ဣသရေလအမျိုးအနွယ်အပေါင်းတို့၌ လူတရာတွင် တဆယ်၊ တထောင်တွင်တရာ၊ တသောင်းတွင် တထောင်တို့ကို ရွေးကောက်ကြကုန်အံ့ဟု ဆိုလျက်၊
11فاجتمع جميع رجال اسرائيل على المدينة متّحدين كرجل واحد.
11ဣသရေလအမျိုးသားအပေါင်းတို့သည် ဂိဗာမြို့တဘက်၌ စည်းဝေး၍ တယောက်သောသူကဲ့သို့ သင်းဖွဲ့လျက်နေကြ၏။
12وارسل اسباط اسرائيل رجالا الى جميع اسباط بنيامين قائلين ما هذا الشر الذي صار فيكم.
12ဣသရေလအမျိုးသားတို့သည်၊ ဗင်္ယာမိန်ခရိုင်တရှောက်လုံးသို့ စေလွှတ်၍၊ သင်တို့တွင် ပြုသော ဤအဓမ္မအမှုကား အဘယ်သို့နည်း။
13فالآن سلموا القوم بني بليعال الذين في جبعة لكي نقتلهم وننزع الشر من اسرائيل. فلم يرد بنو بنيامين ان يسمعوا لصوت اخوتهم بني اسرائيل
13ယခုမှာ ဂီဗာမြို့၌ရှိသော ထိုအဓမ္မလူတို့ကို ငါတို့ယူ၍ သတ်သဖြင့် ဣသရေလအမျိုးထဲက ဒုစရိုက် အပြစ်ကို ပယ်ရှားမည်အကြောင်း ထိုလူတို့ကိုအပ်ကြပါဟု မှာလိုက်ကြ၏။ သို့ရာတွင် ဗင်္ယာမိန် အမျိုးသားတို့သည်၊ ညီအစ်ကို ဣသရေလအမျိုးသားတို့စကားကို နားမထောင်ဘဲ၊
14فاجتمع بنو بنيامين من المدن الى جبعة لكي يخرجوا لمحاربة بني اسرائيل.
14ထိုအမျိုးသားတို့ကို စစ်တိုက်ခြင်းငှါ၊ အမြို့မြို့အရွာရွာက ထွက်၍ ဂိဗာမြို့၌ စည်းဝေးကြ၏။-
15وعدّ بنو بنيامين في ذلك اليوم من المدن ستة وعشرين الف رجل مخترطي السيف ما عدا سكان جبعة الذين عدّوا سبع مئة رجل منتخبين.
15ထိုအခါ ဂိဗာမြို့သား ယောက်ျားကောင်း ခုနစ်ရာမှတပါး အမြို့မြို့အရွာရွာက လာသော ဗင်္ယာ မိန် အမျိုးသား အရေအတွက်ကား၊ ထားလက်နက်စွဲကိုင်သောသူ နှစ်သောင်းခြောက်ထောင်တည်း။
16من جميع هذا الشعب سبع مئة رجل منتخبين عسر. كل هؤلاء يرمون الحجر بالمقلاع على الشعرة ولا يخطئون
16ထိုလူအပေါင်းတို့တွင် လက်ဝဲလက်ကို သုံးတတ်သဖြင့်၊ ဆံခြည်တပင်ကို လောက်လွှဲနှင့်မှန်အောင် ပစ်နိုင်သော ယောက်ျားကောင်း ခုနှစ်ရာပါသတည်း။
17وعدّ رجال اسرائيل ما عدا بنيامين اربع مئة الف رجل مخترطي السيف. كل هؤلاء رجال حرب.
17ဗင်္ယာမိန်အမျိုးသားမှတပါး ထားလက်နက်စွဲကိုင်၍ စစ်သူရဲဖြစ်သော ဣသရေလအမျိုးသား အရေ အတွက်ကား လေးသိန်းတည်း။
18فقاموا وصعدوا الى بيت ايل وسألوا الله وقال بنو اسرائيل من يصعد منا اولا لمحاربة بني بنيامين. فقال الرب يهوذا اولا.
18ဣသရေလ အမျိုးသားတို့သည် ဘုရားသခင်၏ အိမ်တော်သို့ ထ၍ သွားပြီးလျှင်၊ အကျွန်ုပ်တို့တွင် အဘယ်သူသည် ဗင်္ယာမိန် အမျိုးကို အဦး ချီသွားရပါမည်နည်းဟု ဘုရားသခင်ထံတော်၌ မေးလျှောက် ကြသော်၊ ထာဝရဘုရားက၊ ယုဒသည် အဦးချီသွားရမည်ဟု မိန့်တော်မူ၏။
19فقام بنو اسرائيل في الصباح ونزلوا على جبعة.
19နံနက်စောစော ဣသရေလအမျိုးသားတို့သည် ထ၍ ဂိဗာမြို့အနား၌ တပ်ချပြီးမှ၊
20وخرج رجال اسرائيل لمحاربة بنيامين وصف رجال اسرائيل انفسهم للحرب عند جبعة.
20ဗင်္ယာမိန်အမျိုးသားတို့ကို တိုက်ခြင်းငှါ ချီသွား၍ ဂိဗာမြို့ရှေ့မှာ စစ်ခင်းကျင်းလျက် နေကြ၏။
21فخرج بنو بنيامين من جبعة واهلكوا من اسرائيل في ذلك اليوم اثنين وعشرين الف رجل الى الارض.
21ဗင်္ယာမိန်အမျိုးသားတို့သည် ဂိဗာမြို့ထဲက ထွက်ပြီးလျှင်၊ ထိုနေ့တွင် ဣသရေလ လူတသောင်း နှစ်ထောင်တို့ကို မြေပေါ်မှာ လှဲ၍ သတ်ကြ၏။
22وتشدد الشعب رجال اسرائيل وعادوا فاصطفوا للحرب في المكان الذي اصطفوا فيه في اليوم الاول.
22သို့ရာတွင် ဣသရေလအမျိုးသားတို့သည် ရဲရင့်သောစိတ်ကိုယူ၍ ပဌမနေ့တွင် စစ်ခင်းကျင်းသော အရပ်၌ တဖန်ခင်းကျင်းကြ၏။
23ثم صعد بنو اسرائيل وبكوا امام الرب الى المساء وسألوا الرب قائلين هل اعود اتقدم لمحاربة بني بنيامين اخي. فقال الرب اصعدوا اليه.
23ထာဝရဘုရားထံတော်သို့ သွား၍ ညဦးယံတိုင်အောင် ငိုကြွေးလျက်၊ အကျွန်ုပ်တို့ညီ ဗင်္ယာမိန်အမျိုး သားတို့ကို တဖန်စစ်တိုက်ရပါမည်လောဟု ထာဝရဘုရားအား မေးလျှောက်သော်၊ ထာဝရဘုရားက ချီသွားကြလော့ဟု မိန့်တော်မူ၏။
24فتقدم بنو اسرائيل الى بني بنيامين في اليوم الثاني.
24ဒုတိယနေ့တွင် ဣသရေလအမျိုးသားတို့သည် ဗင်္ယာမိန်အမျိုးတို့အနီးသို့ ချဉ်းကြသောအခါ၊
25فخرج بنيامين للقائهم من جبعة في اليوم الثاني واهلك من بني اسرائيل ايضا ثمانية عشر الف رجل الى الارض. كل هؤلاء مخترطوا السيف.
25ဗင်္ယာမိန် အမျိုးသားတို့သည် ဂိဗာမြို့ထဲက ထွက်ပြီးလျှင်၊ ထားလက်နက်စွဲကိုင်သော ဣသရေလ လူတသောင်းရှစ်ထောင်တို့ကို မြေပေါ်၌ လှဲ၍ သတ်ကြ၏။
26فصعد جميع بني اسرائيل وكل الشعب وجاءوا الى بيت ايل وبكوا وجلسوا هناك امام الرب وصاموا ذلك اليوم الى المساء واصعدوا محرقات وذبائح سلامة امام الرب.
26ထိုအခါ ဣသရေလအမျိုးသား အပေါင်းတို့သည် ဘုရားသခင်အိမ်တော်သို့သွား၍ ငိုကြွေးလျက်၊ ထာဝရဘုရားထံတော်၌ ဝပ်လျက်၊ တနေ့လုံး ညဦးယံတိုင်အောင် အစာကို ရှောင်၍ ထာဝရဘုရားအား မီးရှို့ရာယဇ်၊ မိဿဟာယယဇ်တို့ကို ပူဇော်ကြ၏။
27وسأل بنو اسرائيل الرب. وهناك تابوت عهد الله في تلك الايام.
27ထိုကာလ၌ ဘုရားသခင်၏ ပဋိညာဉ် သေတ္တာတော်ပါလျက်၊ အာရုန်၏သားဖြစ်သော ဧလာဇာ၏ သား ဖိနဟတ်သည်၊ သေတ္တာတော်ရှေ့မှာ အမှုစောင့်သည် ဖြစ်၍၊-
28وفينحاس بن العازار بن هرون واقف امامه في تلك الايام. قائلين أأعود ايضا للخروج لمحاربة بني بنيامين اخي ام اكفّ. فقال الرب اصعدوا لاني غدا ادفعهم ليدك
28ဣသရေလအမျိုးသားတို့က၊ အကျွန်ုပ်တို့ ညီဗင်္ယာမိန်အမျိုးသားတို့ကို တဖန်သွား၍ တိုက်ရပါမည်လော၊ မသွားဘဲနေရပါမည်လောဟု ထာဝရဘုရားအား မေးလျှောက်သော်၊ ထာဝရ ဘုရားက သွားကြလော့။ နက်ဖြန်နေ့တွင် သူတို့ကို သင်တို့လက်၌ ငါအပ်မည်ဟု မိန့်တော်မူ၏။
29ووضع اسرائيل كمينا على جبعة محيطا.
29ဣသရေလအမျိုးသားတို့သည် ဂိဗာမြို့ပတ်လည်၌ ကင်းစောင့်လူတို့ကို ထားပြီးမှ၊
30وصعد بنو اسرائيل على بني بنيامين في اليوم الثالث واصطفوا عند جبعة كالمرة الاولى والثانية.
30တတိယနေ့တွင် ဗင်္ယာမိန် အမျိုးသားတို့ရှိရာသို့ ချီသွား၍၊ ယမန်ကဲ့သို့ ဂိဗာမြို့အနား၌ စစ်ခင်းကျင်း လျက် နေကြ၏။
31فخرج بنو بنيامين للقاء الشعب وانجذبوا عن المدينة واخذوا يضربون من الشعب قتلى كالمرة الاولى والثانية في السكك التي احداها تصعد الى بيت ايل والاخرى الى جبعة في الحقل نحو ثلاثين رجلا من اسرائيل.
31ဗင်္ယာမိန် အမျိုးသားတို့သည် အတိုက်ထွက်၍ မြို့နှင့်ကွာသွားကြ၏။ ဗေသလမြို့သို့ သွားသောလမ်း၊ ဂိဗာတောရွာသို့ သွားသောလမ်းတွင် ယမန်ကဲ့သို့ ဣသရေအလအမျိုးသူရဲတို့ကို လုပ်ကြံစပြု၍ လူသုံးဆယ်ခန့်မျှ သေကြ၏။
32وقال بنو بنيامين انهم منهزمون امامنا كما في الاول. واما بنو اسرائيل فقالوا لنهرب ونجذبهم عن المدينة الى السكك.
32ဗင်္ယာမိန်အမျိုးသားတို့က၊ သူတို့သည် ယမန်ကဲ့သို့ ငါတို့ရှေ့မှာ ရှုံးကြပြီဟု ဆိုသော်လည်း၊ ဣသရေလ အမျိုးသားတို့က ပြေးကြကုန်အံ့၊ သူတို့ကို မြို့နှင့်ဝေးသော လမ်းတို့သို့ သွေးဆောင်ကြကုန်အံ့ဟု ဆိုလျက်၊
33وقام جميع رجال اسرائيل من اماكنهم واصطفوا في بعل تامار وثار كمين اسرائيل من مكانه من عراء جبعة.
33ဣသရေလလူအပေါင်းတို့သည် မိမိတို့ နေရာအရပ်မှထ၍ ဗာလတာမာမြို့၌ စစ်ခင်းကြ၏။ ကင်း စောင့်လျက်နေသော ဣသရေလလူတို့သည်လည်း မိမိတို့နေရာ ဂိဗာလွင်ပြင်မှ ထကြသဖြင့်၊
34وجاء من مقابل جبعة عشرة آلاف رجل منتخبون من كل اسرائيل وكانت الحرب شديدة وهم لم يعلموا ان الشر قد مسّهم
34ဣသရေလအမျိုးသား ယောက်ျားကောင်း တသောင်းတို့သည် ဂိဗာမြို့သို့ ချီလာ၍၊ ဗင်္ယာမိန် အမျိုး သားတို့သည် ဘေးရောက်လုနီးသည်ကို မရိပ်မိသောကြောင့်၊ ကျပ်တည်းစွာ ဆီး၍ တိုက်ကြ၏။
35فضرب الرب بنيامين امام اسرائيل واهلك بنو اسرائيل من بنيامين في ذلك اليوم خمسة وعشرين الف رجل ومئة رجل. كل هؤلاء مخترطو السيف.
35ထိုအခါ ထာဝရဘုရားသည် ဗင်္ယာမိန်လူတို့ကို ဣသရေလလူတို့ရှေ့မှာ ရှုံးစေတော်မူသဖြင့်၊ ထို့နေ့ တွင် ဣသရေလ လူတို့သည် ထားလက်နက်စွဲကိုင်သော ဗင်္ယာမိန်လူနှစ်သောင်းငါးထောင်တရာ တို့ကို ပယ်ရှင်းကြ၏။
36ورأى بنو بنيامين انهم قد انكسروا. واعطى رجال اسرائيل مكانا لبنيامين لانهم اتكلوا على الكمين الذي وضعوه على جبعة.
36ဗင်္ယာမိန်အမျိုးသားတို့သည် မိမိတို့ ရှုံးသည်ကို သိမြင်ကြ၏။ ဣသရေလူတို့သည်၊ ဂိဗာမြို့အနား၌ ထားသော ကင်းတပ်ကို ကိုးစားသောကြောင့်၊ အစက ဗင်္ယာမိန်လူတို့ရှေ့မှာ ဆုတ်ကြ၏
37فاسرع الكمين واقتحموا جبعة وزحف الكمين وضرب المدينة كلها بحد السيف.
37ကင်းတပ်သားတို့သည် ဂိဗာမြို့သို့ တဟုန်တည်းပြေးဝင်၍ အနှံ့အပြား တိုက်သဖြင့် တမြို့လုံးကို ထားနှင့်လုပ်ကြံကြ၏။
38وكان الميعاد بين رجال اسرائيل وبين الكمين اصعادهم بكثرة علامة الدخان من المدينة.
38မြို့ထဲမှာ ကြီးစွာသော မီးခိုးတက်စေရမည်အကြောင်း ဣသရေလလူတို့သည် ကင်းစောင့်လူတို့အား အကြံပေးနှင့်ကြပြီဖြစ်၍၊
39ولما انقلب رجال اسرائيل في الحرب ابتدأ بنيامين يضربون قتلى من رجال اسرائيل نحو ثلاثين رجلا لانهم قالوا انما هم منهزمون من امامنا كالحرب الاولى.
39ဣသရေလလူတို့သည် စစ်တိုက်ရာတွင် ဆုတ်သောအခါ၊ ဗင်္ယာမိန်လူတို့က၊ အကယ်၍ သူတို့သည် ယမန်စစ်ရှုံးသကဲ့သို့ ငါတို့ရှေ့မှာ ရှုံးကြပြီဟု ဆိုလျက် သူရဲတို့ကို လုပ်ကြံစပြု၍ လူသုံးဆယ်ခန့်မျှ သေကြ၏။
40ولما ابتدأت العلامة تصعد من المدينة عمود دخان التفت بنيامين الى ورائه واذا بالمدينة كلها تصعد نحو السماء.
40တဖန် မီးလောင်၍ ထူထပ်သော မီးခိုးသည် မြို့ထဲမှာ တက်စရှိသောအခါ၊ ဗင်္ယာမိန်လူတို့သည် ပြန်ကြည့်၍ မြို့ကိုလောင်သော မီးလျှံသည် မိုဃ်းကောင်းကင်သို့ တက်သည်ကို မြင်ကြ၍၊
41ورجع رجال اسرائيل وهرب رجال بنيامين برعدة لانهم رأوا ان الشر قد مسّهم.
41ဣသရေလလူတို့သည် လှည့်၍ ပြန်သောအခါ၊ ဗင်္ယာမိန်လူတို့သည် ဘေးရောက်ကြောင်းကို သိမြင်လျှင်၊-
42ورجعوا امام بني اسرائيل في طريق البرية ولكن القتال ادركهم والذين من المدن اهلكوهم في وسطهم.
42မိန်းမောတွေဝေ၍ ဣသရေလလူတို့ရှေ့မှာ တောလမ်းသို့ ပြေးသော်လည်း၊ စစ်တိုက်လိုက်လာ သော သူတို့သည် မှီသဖြင့် ပြေးသော သူတို့ကို၎င်း၊ မြို့ရွာများထဲက ထွက်လာသောသူတို့ကို၎င်း၊ တပြိုင်နက်ဖျက်ဆီးကြ၏။
43فحاوطوا بنيامين وطاردوهم بسهولة وادركوهم مقابل جبعة لجهة شروق الشمس.
43ဗင်္ယာမိန်လူတို့ကို ဝိုင်းလျက်လိုက်လျက်၊ နုခါရွာမှစ၍ နေထွက်ရာဘက်၊ ဂိဗာမြို့အနားတိုင်အောင် နှိပ်နင်းကြ၏။
44فسقط من بنيامين ثمانية عشر الف رجل جميع هؤلاء ذوو بأس.
44ထိုအခါ ဗင်္ယာမိန်သူရဲ တသောင်းရှစ်ထောင်တို့သည် လဲ၍ သေကြ၏။
45فداروا وهربوا الى البرية الى صخرة رمّون. فالتقطوا منهم في السكك خمسة آلاف رجل وشدوا وراءهم الى جدعوم وقتلوا منهم الفي رجل.
45ကြွင်းသော သူတို့သည် လှည့်၍ တောအရပ် ရိမ္မုန်ကျောက်သို့ ပြေးကြစဉ်တွင်၊ လိုက်သော သူတို့သည် လူငါးထောင်တို့ကို လမ်းမှာဖမ်းမိကြ၏။ ဂိဒုံမြို့တိုင်အောင် အပြင်းလိုက်၍ လူနှစ်ထောင်တို့ကိုလည်း သတ်ကြ၏။
46وكان جميع الساقطين من بنيامين خمسة وعشرين الف رجل مخترطي السيف في ذلك اليوم. جميع هؤلاء ذوو بأس.
46ထိုနေ့တွင် လဲ၍ သေသော ဗင်္ယာမိန် ထားစွဲသူရဲတို့ အရေအတွက်ကား၊ နှစ်သောင်းငါးထောင်တည်း။
47ودار وهرب الى البرية الى صخرة رمون ست مئة رجل واقاموا في صخرة رمون اربعة اشهر.
47လူခြောက်ရာတို့သည် လှည့်၍ တောအရပ်ရိမ္မုန်ကျောက်ကို မှီအောင်ပြေးသဖြင့်၊ ထိုကျောက် အောက်မှာ လေးလနေကြ၏။
48ورجع رجال بني اسرائيل الى بني بنيامين وضربوهم بحد السيف من المدينة باسرها حتى البهائم حتى كل ما وجد وايضا جميع المدن التي وجدت احرقوها بالنار
48ဣသရေလလူတို့သည် တဖန် လှည့်၍၊ ဗင်္ယာမိန်အမျိုးသားတို့ကို တိုက်လျက် မြို့ရွာ၌ ရှိသောလူ၊ တိရစ္ဆာန်တွေ့သမျှတို့ကို ထားနှင့်လုပ်ကြံ၍၊ တွေ့သမျှသော မြို့ရွာတို့ကို မီးရှို့ကြ၏။